မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
၅ ။ပျော်ပျော်နေပါ
#Unicode Version#
လောကကြီးမှာ တစ်ချို့လူတွေက ငွေလွယ်လွယ်နဲ့ရှာနိုင်ပြီး တစ်ချို့လူတွေကျတော့ လုံးလည်ချာလည် လိုက်နေကြတယ်လို့ တွေးမိဖူးပါသလား။
မှန်ပါတယ် တစ်ချို့လူတွေက ငွေရှာပိုကောင်းတတ်ကြပါတယ်။ သတင်းကောင်းတစ်ခု ပေးပါမယ်။ငွေရှာတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်အောင်
လေ့ကျင့်ယူနိုင်ပါတယ်။ ငွေလွယ်လွယ်နဲ့ရှာနိုင်မယ့်နည်းလမ်းတစ်ချို့ အောက်မှာ ဖော်ပြပေးပါမယ်။
၁ ။အဆင်မပြေဖြစ်တာကို အသားကျအောင်လေ့ကျင့်ယူပါ။
လူတိုင်း သက်တောင့်သက်သာနေချင်ကြတာချည်းပါပဲ။ သက်တောင့်သက်သာနေရဖို့ဆိုတာအလယ်အလတ်တန်းစားတွေရဲ့အဓိက ရည်ရ ွယ်ချက် ဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက သက်တောင့်သက်သာနေရအောင် ကြိုးစားနေရင် သူဌေးဖြစ်ဖို့ အနှောင့်အယှက်ဖြစ်စေပါတယ်။
ငွေများများရှာချင်ရင်တော့ သက်တောင့်သက်သာမရှိတဲ့ဘဝထဲ အဆင်ပြေပြေနေတတ်ရမယ်။
ပြောစရာရှိတာက သူဌေးတစ်ယောက်ဖြစ်ဖို့မလွယ်ကူပါဘူး။
၂ ။ချမ်းသာဖို့ အမြဲစဉ်းစားပါ
သာမန်လူတွေကတော့ လွမ်းမိုးခံရတာကို မကောငင်းဘူးပဲ ထင်ကြမှာပါ။ အမှန်က ချမ်းသာတဲ့သူတွေဟာ အောင်မြင်မှုရဲ့လွမ်းမိုးမှုကို ဆာလောင်နေသူတွေပါ။ သန်းနဲ့ချီပြီး ချမ်းသာတဲ့သူတွေ ဘာကြောင့် ဆက်ပြီးငွေရှာနေသလဲဆိုတာ အကြောင်းရှိပါတယ်။ သူတို့ဘဝမှာ ငွေဟာ အကြောင်းမဟုတ်တော့ပါဘူး။ သူတို့တွေက အောင်မြင်
မှုကို အမြဲဆာလောင်နေလို့ပါ။ သင်တကယ်ချမ်းသာချင်ရင် ချမ်းသာချင်စိတ် အမြဲမွေးမြူပါ။ မိမိရဲ့နှလုံးသားထဲမှာ အမြဲသူရှိနေပါစေ။
၃ ။ငွေကို မိတ်ဆွေလို့ သဘောထားပါ
လူတော်တော်များများက ငွေကို ရှားပါးထူးဆန်းရဖို့ခက်ခဲပြီး ထိန်းသိမ်းဖို့လည်း အရမ်းခက်ခဲတယ်
လို့ မြင်တတ်ကြပါတယ်။ ငွေများများလာအောင်ဆွဲဆောင်ချင်ရင်တော့ ငွေကို သင့်ရဲ့အကောင်း
ဆုံးမိတ်ဆွေစာရင်းထဲ ထည့်ထားလိုက်ပါ။ ချမ်းသာတဲ့သူတွေက ငွေကို သူတို့ရဲ့အကောင်းဆုံးမိတ်ဆွေလို့ သဘောထားကြတယ်။ သင့်စိတ်က
ငွေကို အကောင်းဆုံးမိတ်ဆွေအဖြစ် အသိအမှတ်ပြုမှသာ သင့်ကို ငွေများများ ဝင်လာအောင်စွမ်းဆောင်ပေးလိမ့်မယ်။
၄ ။ငွေရလမ်း လျှို့ဝှက်ချက်တွေကို အမြဲရှာဖွေပါ
လူအများစုဟာ ငွေရှာရတာ အရမ်းခက်ခဲတယ်လို့မြင်ထားကြတယ်။ အမှန်ကတော့ ငွေဆိုတာစိတ်ကူးစိတ်သန်းအကြံဉာဏ်တွေကနေ ထွက်ပေါ်လာတာပါ။ စိတ်ကူးစိတ်သန်းများများရှိလေချမ်းသာလေပါပဲ။ ဈေးကွက်စီးပွားရေးဆိုတာ ငွေကို အကြံဉာဏ်နဲ့လဲတာပါ။ အချိန်ကို အမြဲတန်ဖိုးထားပြီး ငွေရလမ်း လျှို့ဝှက်ချက်တွေကို အမြဲရှာဖွေဖော်ထုတ်ပါ။
၅ ။ပျော်ပျော်နေပါ
လူတွေမချမ်းသာရတဲ့အကြောင်းတစ်ခုကတော့သူဌေးဆိုတာ အချိန်တိုင်းအလုပ်လုပ်နေရတာဆိုပြီး အထင်မှားကြလို့ပါ။ လူတော်တော်များများ
ဟာ ငွေရဖို့ အချိန်အများကြီးပေးပြီး ရယူလေ့ရှိပါ တယ်။သူဌေးတွေကတော့ အဲလိုမဟုတ်ပါဘူး။သူတို့လုပ်ချင်တာ လုပ်နေရင်းနဲ့ အချိန်ကို ငွေဖြစ်
အောင် လုပ်တဲ့သူတွေပါ။ သူတို့အလုပ်မှာ အမြဲပျော်နေသူပါ။ သင်ဟာ တကယ်အောင်မြင်ချင်တယ်ဆိုရင် သင့်ရဲ့အလုပ်မှာ အမြဲပျော်ပါ။ ပျော်ရွှင်
တဲ့စိတ်ဖြစ်နေရင် သင်အောင်မြင်မှာ သေချာပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Originat Writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top