Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခုိင္ေဒသအတြင္း ဖံြ႕ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ကိုင္ ရန္ ျမန္မာႏုိင္ငံ ဆန္စပါးအသင္း ခ်ဳပ္က ဦးေဆာင္ဖဲြ႕စည္းမည့္ ရခုိင္ျပည္နယ္အေျချပဳ လယ္ယာစီးပြားေရး အမ်ားပိုင္ကုမၸဏီ (RAPC)တြင္ ျမန္မာႏုိင္ငံသား တိုင္း ပါ၀င္ရင္းႏွီးျမႇဳပ္ႏွံႏုိင္ေၾကာင္းျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးရဲမင္းေအာင္က ေျပာသည္။
‘‘အမ်ားပိုင္ကုမၸဏီမွာ ပါ၀င္ ခ်င္တဲ့သူအားလံုး မည္သည့္ ျမန္မာႏုိင္ငံသားမဆုိ ပါ၀င္ႏုိင္ေအာင္ဖိတ္ေခၚသြားမွာပါ’’ဟု ၎က 7DayDaily အားေျပာသည္။
အဆုိပါအမ်ားပိုင္အဖဲြ႕ကို အျမန္ဆံုး ဖဲြ႕စည္းတည္ေထာင္ ကာ ယခုႏွစ္ ႏုိ၀င္ဘာကစတင္၍ အကူအညီမ်ား ေဆာင္ရြက္ေပး မည့္ အစီအစဥ္ကို သံုးႏွစ္စီမံကိန္းအျဖစ္ သတ္မွတ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ထားသည္။
‘‘အစ္ကုိတို႔အေနနဲ႔ ေနာက္ ႏွစ္ (၂၀၁၈) မွာ စတင္ေဆာင္ ရြက္ႏုိင္ဖို႔အတြက္ အခုလက္က်န္ လေတြမွာ ျပင္ဆင္ေရးလုပ္ငန္း ေတြေဆာင္ရြက္သြားမွာပါ’’ဟု ၎က ေျပာသည္။
စီမံကိန္းမ်ား ေဆာင္ရြက္ရာ တြင္ ေရရွည္တည္တံ့ခုိင္မာမႈႏွင့္ ေရရွည္အက်ိဳးအျမတ္ျဖစ္ထြန္းမႈ တို႔ကို အဓိက အေျခခံေဆာင္ရြက္ မည္ဟု ျမန္မာႏုိင္ငံဆန္စပါးအ သင္းခ်ဳပ္၏ ေၾကညာခ်က္၌ ေဖာ္ျပထားသည္။
အဆုိပါ ေၾကညာခ်က္တြင္ ရခိုင္ျပည္နယ္အတြင္း အမ်ားပိုင္ အဖဲြ႕ (RAPC) အဖဲြ႕ကို ဖဲြ႕စည္းၿပီး ပါက ဘူးသီးေတာင္၊ ေမာင္ေတာ ႏွင့္ ရေသ့ေတာင္ၿမိဳ႕ သံုးၿမိဳ႕နယ္ တြင္ ဖံြ႕ၿဖိဳးေရးလုပ္ငန္းစဥ္ ေျခာက္ရပ္ျဖင့္ ေငြက်ပ္ ၅၀ ဘီလီ ယံ ရင္းႏွီးျမႇဳပ္ႏွံကာ လုပ္ကိုင္မည္ျဖစ္သည္။
လယ္ယာသံုးစက္ကိရိယာ မ်ားျဖင့္ ေဒသခံလယ္သမားမ်ား ၏ လုပ္သားရွားပါးမႈျပႆနာကို ကူညီေျဖရွင္းေပးမည့္ အစီအစဥ္ မ်ား၊ ေဒသခံလယ္သမားမ်ားအ တြက္ မ်ိဳး၊ သြင္းအားစုႏွင့္ ေျမ ၾသဇာျဖန္႔ျဖဴးေပးမည့္ အစီအစဥ္ မ်ား၊ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ေျမဧက ၅၀၀ ေဖာ္ထုတ္ၿပီး စိုက္ ပ်ိဳးေရးစားေသာက္ကုန္ ဇုန္တစ္ခု ထူေထာင္မည့္အစီအစဥ္မ်ားႏွင့္ ဆန္စပါးႏွင့္ စိုက္ပ်ိဳးေရးအေျခခံ စားေသာက္ကုန္လုပ္ငန္းမ်ား ထည့္သြင္းရင္းႏွီးျမႇဳပ္ႏွံမည့္ အစီ အစဥ္မ်ား ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း ဦးရဲမင္းေအာင္က ေျပာသည္။
ထို႔အျပင္ ရခုိင္ျပည္နယ္အ တြင္းရွိ ဆန္စက္မ်ားတြင္ အ ေျခာက္ခံစက္မ်ား တပ္ဆင္ေပး ျခင္းႏွင့္ ေခတ္မီဆန္စက္ ယူနစ္ မ်ား ေျပာင္းလဲအသံုးျပဳႏုိင္ေရး ကူညီေဆာင္ရြက္မည့္ အစီအစဥ္ မ်ား၊ စပါးစိုက္ပ်ိဳးမႈႏွင့္ မ်ိဳးေစ့ ထုတ္လုပ္ေရး စံျပစိုက္ဧက ၁,၀၀၀ ကို အဆင့္ျမႇင့္လယ္ယာ အျဖစ္ ေဖာ္ထုတ္ၿပီး သုေတသန ႏွင့္ ေတာင္သူ ပညာေပးစိုက္ကြင္း ေဖာ္ေဆာင္မႈတုိ႔ကိုလည္း ထည့္ သြင္းစီစဥ္ထားေၾကာင္း ၎က ေျပာသည္။
ရခို္ျပည္နယ္၏ စီးပြားေရး ဖံြ႕ၿဖိဳးမႈ ျမင့္တက္ေစရန္ ျမန္မာ ႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က လည္း ၀င္ေငြခြန္ကင္းလြတ္ခြင့္ ႏွစ္သတ္မွတ္ခ်က္ အမ်ားဆံုးခုနစ္ ႏွစ္ေပးထားၿပီး ျပည္တြင္း၊ ျပည္ ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဖိတ္ေခၚေန သည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရခိုင်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင် ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်က ဦးဆောင်ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်အခြေပြု လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ (RAPC)တွင် မြန်မာနိုင်ငံသား တိုင်း ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

‘‘အများပိုင်ကုမ္ပဏီမှာ ပါဝင် ချင်တဲ့သူအားလုံး မည်သည့် မြန်မာနိုင်ငံသားမဆို ပါဝင်နိုင်အောင်ဖိတ်ခေါ်သွားမှာပါ’’ဟု ၎င်းက 7DayDaily အားပြောသည်။

အဆိုပါအများပိုင်အဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းတည်ထောင် ကာ ယခုနှစ် နိုဝင်ဘာကစတင်၍ အကူအညီများ ဆောင်ရွက်ပေး မည့် အစီအစဉ်ကို သုံးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာချက်ထုတ်ပြန်ထားသည်။

‘‘အစ်ကိုတို့အနေနဲ့ နောက် နှစ် (၂၀၁၈) မှာ စတင်ဆောင် ရွက်နိုင်ဖို့အတွက် အခုလက်ကျန် လတွေမှာ ပြင်ဆင်ရေးလုပ်ငန်း တွေဆောင်ရွက်သွားမှာပါ’’ဟု ၎င်းက ပြောသည်။

စီမံကိန်းများ ဆောင်ရွက်ရာ တွင် ရေရှည်တည်တံ့ခိုင်မာမှုနှင့် ရေရှည်အကျိုးအမြတ်ဖြစ်ထွန်းမှု တို့ကို အဓိက အခြေခံဆောင်ရွက် မည်ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်၏ ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း အများပိုင် အဖွဲ့ (RAPC) အဖွဲ့ကို ဖွဲ့စည်းပြီး ပါက ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့တောင်မြို့ သုံးမြို့နယ် တွင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ခြောက်ရပ်ဖြင့် ငွေကျပ် ၅၀ ဘီလီ ယံ ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်မည်ဖြစ်သည်။

လယ်ယာသုံးစက်ကိရိယာ များဖြင့် ဒေသခံလယ်သမားများ ၏ လုပ်သားရှားပါးမှုပြဿနာကို ကူညီဖြေရှင်းပေးမည့် အစီအစဉ် များ၊ ဒေသခံလယ်သမားများအ တွက် မျိုး၊ သွင်းအားစုနှင့် မြေ သြဇာဖြန့်ဖြူးပေးမည့် အစီအစဉ် များ၊ ဘူးသီးတောင်မြို့နယ်တွင် မြေဧက ၅၀၀ ဖော်ထုတ်ပြီး စိုက် ပျိုးရေးစားသောက်ကုန် ဇုန်တစ်ခု ထူထောင်မည့်အစီအစဉ်များနှင့် ဆန်စပါးနှင့် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများ ထည့်သွင်းရင်းနှီးမြှုပ်နှံမည့် အစီ အစဉ်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အ တွင်းရှိ ဆန်စက်များတွင် အ ခြောက်ခံစက်များ တပ်ဆင်ပေး ခြင်းနှင့် ခေတ်မီဆန်စက် ယူနစ် များ ပြောင်းလဲအသုံးပြုနိုင်ရေး ကူညီဆောင်ရွက်မည့် အစီအစဉ် များ၊ စပါးစိုက်ပျိုးမှုနှင့် မျိုးစေ့ ထုတ်လုပ်ရေး စံပြစိုက်ဧက ၁,၀၀၀ ကို အဆင့်မြှင့်လယ်ယာ အဖြစ် ဖော်ထုတ်ပြီး သုတေသန နှင့် တောင်သူ ပညာပေးစိုက်ကွင်း ဖော်ဆောင်မှုတို့ကိုလည်း ထည့် သွင်းစီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ရခိုပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးမှု မြင့်တက်စေရန် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လည်း ဝင်ငွေခွန်ကင်းလွတ်ခွင့် နှစ်သတ်မှတ်ချက် အများဆုံးခုနစ် နှစ်ပေးထားပြီး ပြည်တွင်း၊ ပြည် ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေ သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top