Golden City Promotion
×

လက္ေဗြရာၾကည့္႐ုံနဲ႔ ဆံပင္လိမ္းဖုိ႔ ဘယ္လုိဂ်ယ္အမ်ဳိးအစား သုံးတယ္ ဆုိတာကအစ ကြန္ဒုံးကုိ လက္နဲ႔ကုိင္ခဲ့လား၊ မကုိင္ခဲ့ဘူးလားဆုိတာအထိ သိႏုိင္တဲ့ နည္းပညာတစ္မ်ဳိးကုိ အသုံးျပဳခြင့္ေပးဖုိ႔ ၿဗိတိန္ႏုိင္ငံမွာ မၾကာခင္အခ်ိန္အတြင္း တရား႐ုံးကုိ တင္ျပဖုိ႔ ရွိေနပါတယ္။

Sheffield Hallam တကၠသုိလ္နဲ႔ အေနာက္ေယာ့ခ္႐ႈိင္းယားရဲတပ္ဖြဲ႕တုိ႔ ပူးေပါင္းလုပ္ေဆာင္ေနတဲ့ အဲဒီစနစ္မွာ လက္ေဗြရာတစ္၀ုိက္က အၾကြင္းအက်န္ အပုိင္းအစေတြကုိ ရွာေဖြလုိ႔ အေငြ႕ပ်ံ႕ေအာင္ လုပ္ၿပီး ေလဟာနယ္ထဲက လွ်ပ္စစ္သံလုိက္စက္ကြင္းထဲ ပစ္သြင္းလုိက္တာပါ။ အဲဒီအေျခအေနမွာ ျဒပ္ထုမတူညီတဲ့ အမႈန္ေတြက ပုံစံမ်ဳိးစုံနဲ႔ လႈပ္ရွားေနမွာျဖစ္ၿပီး လက္ေဗြရာထဲက ေတြ႕ရတဲ့ ေမာ္လီက်ဴးေတြကုိ ခြဲျခားႏုိင္မွာပါ။

ဥပမာအားျဖင့္ လက္ေဗြရာက ပ႐ုိတိန္းဓာတ္ကုိၾကည့္တာနဲ႔ သိပၸံပညာရွင္ေတြဟာ လက္ေဗြရာပုိင္ရွင္က ေယာက်္ားလား၊ မိန္းမလားဆုိတာ ခြဲျခားႏုိင္မွာပါ။ ဒါ့အျပင္ လက္ေဗြရာပုိင္ရွင္က မူးယစ္ေဆး၀ါးသုံးစြဲျခင္း ရွိ၊ မရွိ၊ အရက္ေသာက္ျခင္း ရွိ၊ မရွိ ခြဲျခားႏုိင္မွာပါ။ ဒီနည္းပညာဟာ ႏွစ္ ၃၀ သက္တမ္းရွိတဲ့ လက္ေဗြရာက ေသြးကုိစစ္ေဆးႏုိင္တဲ့အတြက္ အမႈေဟာင္းေတြကုိပါ ျပန္လည္ စစ္ေဆးႏုိင္မယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nz(ရုိးရာေလး)

# Unicode Version #

လက်ဗွေရာကြည့်ရုံနဲ့ ဆံပင်လိမ်းဖို့ ဘယ်လိုဂျယ်အမျိုးအစား သုံးတယ် ဆိုတာကအစ ကွန်ဒုံးကို လက်နဲ့ကိုင်ခဲ့လား၊ မကိုင်ခဲ့ဘူးလားဆိုတာအထိ သိနိုင်တဲ့ နည်းပညာတစ်မျိုးကို အသုံးပြုခွင့်ပေးဖို့ ဗြိတိန်နိုင်ငံမှာ မကြာခင်အချိန်အတွင်း တရားရုံးကို တင်ပြဖို့ ရှိနေပါတယ်။

Sheffield Hallam တက္ကသိုလ်နဲ့ အနောက်ယော့ခ်ရှိုင်းယားရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဲဒီစနစ်မှာ လက်ဗွေရာတစ်ဝိုက်က အကြွင်းအကျန် အပိုင်းအစတွေကို ရှာဖွေလို့ အငွေ့ပျံ့အောင် လုပ်ပြီး လေဟာနယ်ထဲက လျှပ်စစ်သံလိုက်စက်ကွင်းထဲ ပစ်သွင်းလိုက်တာပါ။ အဲဒီအခြေအနေမှာ ဒြပ်ထုမတူညီတဲ့ အမှုန်တွေက ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေမှာဖြစ်ပြီး လက်ဗွေရာထဲက တွေ့ရတဲ့ မော်လီကျူးတွေကို ခွဲခြားနိုင်မှာပါ။

ဥပမာအားဖြင့် လက်ဗွေရာက ပရိုတိန်းဓာတ်ကိုကြည့်တာနဲ့ သိပ္ပံပညာရှင်တွေဟာ လက်ဗွေရာပိုင်ရှင်က ယောကျ်ားလား၊ မိန်းမလားဆိုတာ ခွဲခြားနိုင်မှာပါ။ ဒါ့အပြင် လက်ဗွေရာပိုင်ရှင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ၊ အရက်သောက်ခြင်း ရှိ၊ မရှိ ခွဲခြားနိုင်မှာပါ။ ဒီနည်းပညာဟာ နှစ် ၃၀ သက်တမ်းရှိတဲ့ လက်ဗွေရာက သွေးကိုစစ်ဆေးနိုင်တဲ့အတွက် အမှုဟောင်းတွေကိုပါ ပြန်လည် စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nz(ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top