Golden City Promotion
×

http://s.marketwatch.com/public/resources/MWimages/MW-EZ870_gold_b_ZG_20161109130257.jpgေရႊအေရာင္းအဝယ္ျမင့္ တက္ေလ့ရွိသည့္ သီတင္းကြၽတ္ ကာလတြင္ ေရႊေစ်းအျမင့္ႏႈန္းကို လုပ္ငန္းရွင္မ်ားက ျမႇင့္တင္ထား ေသာေၾကာင့္ ယခုကဲ့သို႔ ကမၻာ့ ေရႊေစ်းအထက္၌ ဆက္လက္ တည္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ ေရႊလုပ္ငန္းရွင္မ်ားအသင္း ဒုတိ ယ ဥကၠ႒ဦးေက်ာ္ျမင့္က ေျပာ ၾကားသည္။
‘‘ဒါေၾကာင့္ ျပည္ပေရႊေတြ ဝင္လာေနတယ္။ ေရာင္းအားက ဘယ္လိုရွိလာမလဲ မသိေသးဘူး။ အခု ျမန္မာျပည္မွာက ေရႊရွားေန တယ္။ တြင္းေတြက ေရႊထြက္ နည္းတယ္’’ ဟု ၎က ဆက္လက္ေျပာသည္။
ျပည္တြင္းအေခါက္ေရႊေစ်း သည္ ေအာက္တိုဘာ ၁ ရက္တြင္ အေခါက္ေရႊတစ္က်ပ္သားလွ်င္ ၉၃၂,၀၀၀ ေပါက္ေစ်းရွိသည္။ ၿပီးခဲ့သည့္ စက္တင္ဘာ ၁ ရက္ တြင္ ျပည္တြင္းေရႊေစ်းသည္ အေခါက္ေရႊ တစ္က်ပ္သားလွ်င္ က်ပ္ ၉၅၀,၀၀၀ ေက်ာ္အထိ ျမင့္ တက္ခဲ့သည္။
ကမၻာ့ေရႊေစ်းသည္ ကမၻာ့ စစ္ေရးတင္းမာမႈေၾကာင့္ စက္ တင္ဘာ ၁ ရက္တြင္ တစ္ေအာင္စ လွ်င္ ကန္ ၁,၃၅၇ ေဒၚလာရွိၿပီး ေအာက္တိုဘာ ၁ ရက္တြင္ ကန္ ၁,၂၇၈ ေဒၚလာ ရွိလာသည္။ ထို႔ေၾကာင့္ ကမၻာ့ေရႊေစ်းသည္ တစ္ေအာင္စလွ်င္ တစ္လ အတြင္း ၇၉ ေဒၚလာ က်ဆင္းလာ သည္။
‘‘ပံုမွန္အရ ေတာင္သူေတြ ေငြစေပၚေတာ့ ဒီတစ္ပတ္ထဲမွာ ေရာင္းအားေကာင္းလာတယ္။ ခါတိုင္းလေတြထက္ ပိုၿပီးေရာင္း လာရတယ္’’ဟု ေအာင္သမာဓိ ေရႊဆိုင္ အေထြေထြမန္ေနဂ်ာ ဦးေမာ္က ေျပာသည္။
သီတင္းကြၽတ္ကာလတြင္ အလွဴပြဲမ်ား၊ မဂၤလာေဆာင္မ်ား ေၾကာင့္ ျပည္တြင္းေရႊေစ်းကြက္ ျမင့္တက္မႈ ႏွစ္စဥ္ရွိေနသည္ဟု ၎က ေျပာသည္။
ဝါကြၽတ္ကာလတြင္ ေတာင္ သူမ်ား ေငြေပၚ၍ ေရႊဝယ္ယူ သည့္ကာလျဖစ္၍ ေရႊလုပ္ငန္း ရွင္မ်ားက ေစ်းႏႈန္းျမႇင့္တင္ထား ျခင္းျဖစ္ေၾကာင္း ေရႊေရာင္းဝယ္ သူ ဦးေမာင္ေမာင္က ေျပာၾကားသည္။
သို႔ေသာ္ ျပည္တြင္းေရႊေစ်း ကြက္ ေစ်းျမင့္တက္ေနျခင္း၊ စီး ပြားေရးမေကာင္းျခင္းေၾကာင့္ ေရႊ အေရာင္းအဝယ္ မေကာင္းႏိုင္ ေၾကာင္း တိတ္စိန္ေရႊဆိုင္ပိုင္ရွင္ ဦးေဇာ္ေအာင္က ေျပာသည္။
‘‘ကမၻာ့ေစ်းက ေတာ္ေတာ္ ေလးက်ေပမယ့္ ျပည္တြင္းေရႊ ေစ်းက မက်ေတာ့ အျပင္ကေရႊ ေတြ ဝင္လာႏိုင္တယ္။ ဝယ္သူ လည္း နည္းႏိုင္ေသးတယ္’’ ဟု ၎က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
ရွှေအရောင်းအဝယ်မြင့် တက်လေ့ရှိသည့် သီတင်းကျွတ် ကာလတွင် ရွှေဈေးအမြင့်နှုန်းကို လုပ်ငန်းရှင်များက မြှင့်တင်ထား သောကြောင့် ယခုကဲ့သို့ ကမ္ဘာ့ ရွှေဈေးအထက်၌ ဆက်လက် တည်ရှိနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိ ယ ဥက္ကဋ္ဌဦးကျော်မြင့်က ပြော ကြားသည်။

‘‘ဒါကြောင့် ပြည်ပရွှေတွေ ဝင်လာနေတယ်။ ရောင်းအားက ဘယ်လိုရှိလာမလဲ မသိသေးဘူး။ အခု မြန်မာပြည်မှာက ရွှေရှားနေ တယ်။ တွင်းတွေက ရွှေထွက် နည်းတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် အောက်တိုဘာ ၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၃၂,၀၀၀ ပေါက်ဈေးရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက် တွင် ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၅၀,၀၀၀ ကျော်အထိ မြင့် တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ကမ္ဘာ့ စစ်ရေးတင်းမာမှုကြောင့် စက် တင်ဘာ ၁ ရက်တွင် တစ်အောင်စ လျှင် ကန် ၁,၃၅၇ ဒေါ်လာရှိပြီး အောက်တိုဘာ ၁ ရက်တွင် ကန် ၁,၂၇၈ ဒေါ်လာ ရှိလာသည်။ ထို့ကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် တစ်လ အတွင်း ၇၉ ဒေါ်လာ ကျဆင်းလာ သည်။

‘‘ပုံမှန်အရ တောင်သူတွေ ငွေစပေါ်တော့ ဒီတစ်ပတ်ထဲမှာ ရောင်းအားကောင်းလာတယ်။ ခါတိုင်းလတွေထက် ပိုပြီးရောင်း လာရတယ်’’ဟု အောင်သမာဓိ ရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

သီတင်းကျွတ်ကာလတွင် အလှူပွဲများ၊ မင်္ဂလာဆောင်များ ကြောင့် ပြည်တွင်းရွှေဈေးကွက် မြင့်တက်မှု နှစ်စဉ်ရှိနေသည်ဟု ၎င်းက ပြောသည်။

ဝါကျွတ်ကာလတွင် တောင် သူများ ငွေပေါ်၍ ရွှေဝယ်ယူ သည့်ကာလဖြစ်၍ ရွှေလုပ်ငန်း ရှင်များက ဈေးနှုန်းမြှင့်တင်ထား ခြင်းဖြစ်ကြောင်း ရွှေရောင်းဝယ် သူ ဦးမောင်မောင်က ပြောကြားသည်။

သို့သော် ပြည်တွင်းရွှေဈေး ကွက် ဈေးမြင့်တက်နေခြင်း၊ စီး ပွားရေးမကောင်းခြင်းကြောင့် ရွှေ အရောင်းအဝယ် မကောင်းနိုင် ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

‘‘ကမ္ဘာ့ဈေးက တော်တော် လေးကျပေမယ့် ပြည်တွင်းရွှေ ဈေးက မကျတော့ အပြင်ကရွှေ တွေ ဝင်လာနိုင်တယ်။ ဝယ်သူ လည်း နည်းနိုင်သေးတယ်’’ ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top