Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေငြလည္းမကုန္ဘဲ အိမ္မွာ ကိုယ္တိုင္လုပ္လို႔ရတဲ့ နည္းေလးေတြပါေနာ္။
မ်က္ႏွာမွာရွိတဲ့ ေခၽြးေပါက္ေတြ က်ယ္လာတဲ့အခါ စိတ္ညစ္ရတယ္ေနာ္။ မိတ္ကပ္လိမ္းလို႔လည္းမေကာင္းဘူး။ မိတ္ကပ္လည္းကြက္ကုန္တယ္။ ေခၽြးေပါက္က်ယ္ရတဲ့ အေၾကာင္းရင္းက ဆား၀က္ျခံေတြကို ထုတ္ပစ္ရင္းနဲ႕ ေခၽြးေပါက္ေတြ က်ယ္လာတတ္သလို၊ ေရေႏြးအသံုးျပဳျပီး မ်က္ႏွာသစ္တာမ်ားတဲ့အခါမွာလည္း ျဖစ္လာႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ မၾကာခဏ scrub လုပ္တာ၊ exfoliate လုပ္တာမ်ိဳးကလည္း ေခၽြးေပါက္ေတြကို က်ယ္သြားေစတယ္။ က်ယ္ေနတဲ့ေခၽြးေပါက္ေတြ ျပန္က်ဥ္းေစမယ့္ နည္းလမ္းတစ္ခ်ိဳ႕ကို မွ်ေ၀လိုက္ပါတယ္။
ေရခဲ
ေရခဲဟာ အသားအေရကို တင္းရင္းၾကည္လင္ေစပါတယ္။ ေရေႏြးနဲ႕ေပါင္းတင္တာျဖစ္ေစ မ်က္ႏွာသစ္တာျဖစ္ေစ ျပဳလုပ္ၿပီးတုိင္း (နာရီ၀က္ခန္႕အၾကာမွာ) ေရခဲတံုးေလးနဲ႕ ပြတ္တုိက္ေပးပါ။ ေခၽြးေပါက္က်ယ္တာေတြ တစ္လအတြင္း သိသိသာသာ ေလ်ာ့သြားပါလိမ့္မယ္ေနာ္။
ဒိန္ခ်ဥ္

ဒိန္ခ်ဥ္က အသားအရည္အတြက္ သိပ္ေကာင္းတဲ့အရာပါ။ သန္႕စင္ထားတဲ့မ်က္ႏွာေပၚ ဒိန္ခ်ဥ္ေလး ၁၅ မိနစ္ေလာက္ သုတ္လိမ္းျပီး ျပန္ေဆးလိုက္ရင္ ေခၽြးေပါက္က်ဥ္းျပီး ျဖဴ၀င္းစိုေျပလာႏိုင္ပါတယ္။ မလိုင္မပါတဲ့ဒိန္ခ်ဥ္ျဖစ္ဖုိ႔ေတာ့ လိုမယ္ေနာ္။
ၾကက္ဥအကာ
ၾကက္ဥတစ္လံုးရဲ႕ အကာကိုယူျပီး သံပုရာရည္ ၃ စက္ေလာက္ နဲ႔ ေရာစပ္ကာ မ်က္ႏွာျပင္ေပၚ သုတ္လိမ္းထားပါ။ နာရီ၀က္ၾကာမွ ျပန္လည္ေဆးေၾကာရင္ ေခၽြးေပါက္ေတြ က်ဥ္းေစကာ အသားအရည္ကို တင္းရင္းေစပါတယ္။ ဆားဝက္ျခံေတြလည္း သက္သာသြားတာကို ေတြ႕ရပါလိမ့္မယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ငွေလည်းမကုန်ဘဲ အိမ်မှာ ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလေးတွေပါနော်။

မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေ ကျယ်လာတဲ့အခါ စိတ်ညစ်ရတယ်နော်။ မိတ်ကပ်လိမ်းလို့လည်းမကောင်းဘူး။ မိတ်ကပ်လည်းကွက်ကုန်တယ်။ ချွေးပေါက်ကျယ်ရတဲ့ အကြောင်းရင်းက ဆားဝက်ခြံတွေကို ထုတ်ပစ်ရင်းနဲ့ ချွေးပေါက်တွေ ကျယ်လာတတ်သလို၊ ရေနွေးအသုံးပြုပြီး မျက်နှာသစ်တာများတဲ့အခါမှာလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ မကြာခဏ scrub လုပ်တာ၊ exfoliate လုပ်တာမျိုးကလည်း ချွေးပေါက်တွေကို ကျယ်သွားစေတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေ ပြန်ကျဉ်းစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေလိုက်ပါတယ်။

ရေခဲ

ရေခဲဟာ အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။ ရေနွေးနဲ့ပေါင်းတင်တာဖြစ်စေ မျက်နှာသစ်တာဖြစ်စေ ပြုလုပ်ပြီးတိုင်း (နာရီဝက်ခန့်အကြာမှာ) ရေခဲတုံးလေးနဲ့ ပွတ်တိုက်ပေးပါ။ ချွေးပေါက်ကျယ်တာတွေ တစ်လအတွင်း သိသိသာသာ လျော့သွားပါလိမ့်မယ်နော်။

ဒိန်ချဉ်



ဒိန်ချဉ်က အသားအရည်အတွက် သိပ်ကောင်းတဲ့အရာပါ။ သန့်စင်ထားတဲ့မျက်နှာပေါ် ဒိန်ချဉ်လေး ၁၅ မိနစ်လောက် သုတ်လိမ်းပြီး ပြန်ဆေးလိုက်ရင် ချွေးပေါက်ကျဉ်းပြီး ဖြူဝင်းစိုပြေလာနိုင်ပါတယ်။ မလိုင်မပါတဲ့ဒိန်ချဉ်ဖြစ်ဖို့တော့ လိုမယ်နော်။

ကြက်ဥအကာ

ကြက်ဥတစ်လုံးရဲ့ အကာကိုယူပြီး သံပုရာရည် ၃ စက်လောက် နဲ့ ရောစပ်ကာ မျက်နှာပြင်ပေါ် သုတ်လိမ်းထားပါ။ နာရီဝက်ကြာမှ ပြန်လည်ဆေးကြောရင် ချွေးပေါက်တွေ ကျဉ်းစေကာ အသားအရည်ကို တင်းရင်းစေပါတယ်။ ဆားဝက်ခြံတွေလည်း သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top