Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


ကထိန္ကို အေၾကာင္းျပကာ သတ္မွတ္ထားသည့္ ေဆာင္းေဘာက္စ္ အလံုးေရထက္ပိုဖြင့္သျဖင့္ မြန္ျပည္နယ္ ေပါင္ ၿမိဳ႕နယ္ အလွပ္ေက်းရြာမွ  ေဆာင္းေဘာက္စ္အငွားလိုက္သူ ကိုးဦးကို ရပ္ေက်းဥပေဒျဖင့္ အမႈဖြင့္လုိက္သည္။
ေအာက္တိုဘာ ၃၀ ရက္တြင္ ေပါင္ၿမိဳ႕မရဲစခန္း၌ ၎တို႔ ကိုးဦးကို ရပ္ေက်းဥပေဒပုဒ္မ ၁၈ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း ဦးသိန္းတင္က ေျပာသည္။
‘‘ပစၥည္းေတြေတာ့ မသိမ္း ထားဘူး။ ဒါေပမဲ့ ပထမအႀကိမ္ အေနနဲ႔ေတာ့ ဒဏ္ေငြ႐ိုက္လိုက္ တယ္။ တစ္ေယာက္ကို ငါးေထာင္ႏႈန္းနဲ႔ အခုအမႈဖြင့္ထားေတာ့ ရဲစခန္းမွာ အဲဒီကိုးဦးစလံုးကို စစ္ ေဆးေနတယ္’’ဟု ဦးသိန္းတင္က ေျပာသည္။ ေအာက္တုိဘာ ၂၇ရက္တြင္ က်ဴးလြန္ခဲ့ေသာကိစၥေၾကာင့္ အမႈဖြင့္ခံရသူကိုးဦးသည္ အလွပ္ေက်းရြာတြင္ ေနထုိင္သူေလးဦး၊ က်ဳံကေက်းရြာတြင္ ေနထိုင္သူတစ္ဦး၊ က ဒံုစီရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦး၊ ကဒါၿမိဳ႕သစ္တြင္ ေနထုိင္သူတစ္ဦး၊ မုတၱမၿမိဳ႕တြင္ေနထိုင္သူႏွစ္ဦးတို႔ ျဖစ္သည္။ရပ္ကြက္ (သို႔မဟုတ္) ေက်းရြာအုပ္စုအတြင္း ေနထုိင္သူသည္ အသံခ်ဲ႕စက္မ်ားဖြင့္မည္ဆိုပါက သက္ဆုိင္ရာအုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ ခြင့္ျပဳခ်က္ရယူရမည္ ျဖစ္သည္။ ထို႔အျပင္ ေဆာင္းေဘာက္စ္ႏွစ္လံုးအထက္ပိုမဖြင့္ဟု ခံ၀န္ကတိလက္မွတ္ထိုးရၿပီး ေဖာက္ဖ်က္ပါက အေရးယူခံရမည္ျဖစ္ေၾကာင္း မိုးႏိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးကြမ္းသီးက ေျပာသည္။
အသံခ်ဲ႕စက္ခြင့္ျပဳမိန္႔ရယူ မည္ဆိုလွ်င္ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ သံုးရက္ႀကိဳ၍ ခြင့္ ျပဳခ်က္တင္ရၿပီး သတ္မွတ္စည္း ကမ္းမ်ား  လိုက္နာရမည္ျဖစ္ သည္။ လိုက္နာမႈမရွိပါက ရပ္ ေက်းဥပေဒျဖင့္ အေရးယူႏုိင္ၿပီး ထိုဥပေဒတြင္ က်ပ္ငါးေထာင္ထက္မပိုေသာ ေငြဒဏ္ (သို႔မဟုတ္) ေငြဒဏ္ေဆာင္ရန္ ပ်က္ကြက္ပါက ခုနစ္ရက္ထက္ မပိုေသာ ေထာင္ဒဏ္က်ခံေစရန္ သက္ဆိုင္ရာတရား႐ုံးက အမိန္႔ခ် မွတ္ႏုိင္ေၾကာင္း  ျပ႒ာန္းထားသည္။
 
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ကထိန်ကို အကြောင်းပြကာ သတ်မှတ်ထားသည့် ဆောင်းဘောက်စ် အလုံးရေထက်ပိုဖွင့်သဖြင့် မွန်ပြည်နယ် ပေါင် မြို့နယ် အလှပ်ကျေးရွာမှ  ဆောင်းဘောက်စ်အငှားလိုက်သူ ကိုးဦးကို ရပ်ကျေးဥပဒေဖြင့် အမှုဖွင့်လိုက်သည်။

အောက်တိုဘာ ၃၀ ရက်တွင် ပေါင်မြို့မရဲစခန်း၌ ၎င်းတို့ ကိုးဦးကို ရပ်ကျေးဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခဲ့ကြောင်း ဦးသိန်းတင်က ပြောသည်။

‘‘ပစ္စည်းတွေတော့ မသိမ်း ထားဘူး။ ဒါပေမဲ့ ပထမအကြိမ် အနေနဲ့တော့ ဒဏ်ငွေရိုက်လိုက် တယ်။ တစ်ယောက်ကို ငါးထောင်နှုန်းနဲ့ အခုအမှုဖွင့်ထားတော့ ရဲစခန်းမှာ အဲဒီကိုးဦးစလုံးကို စစ် ဆေးနေတယ်’’ဟု ဦးသိန်းတင်က ပြောသည်။ အောက်တိုဘာ ၂၇ရက်တွင် ကျူးလွန်ခဲ့သောကိစ္စကြောင့် အမှုဖွင့်ခံရသူကိုးဦးသည် အလှပ်ကျေးရွာတွင် နေထိုင်သူလေးဦး၊ ကျုံကကျေးရွာတွင် နေထိုင်သူတစ်ဦး၊ က ဒုံစီရပ်ကွက်တွင် နေထိုင်သူ တစ်ဦး၊ ကဒါမြို့သစ်တွင် နေထိုင်သူတစ်ဦး၊ မုတ္တမမြို့တွင်နေထိုင်သူနှစ်ဦးတို့ ဖြစ်သည်။ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက်များဖွင့်မည်ဆိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင် ခွင့်ပြုချက်ရယူရမည် ဖြစ်သည်။ ထို့အပြင် ဆောင်းဘောက်စ်နှစ်လုံးအထက်ပိုမဖွင့်ဟု ခံဝန်ကတိလက်မှတ်ထိုးရပြီး ဖောက်ဖျက်ပါက အရေးယူခံရမည်ဖြစ်ကြောင်း မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကွမ်းသီးက ပြောသည်။

အသံချဲ့စက်ခွင့်ပြုမိန့်ရယူ မည်ဆိုလျှင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင် သုံးရက်ကြို၍ ခွင့် ပြုချက်တင်ရပြီး သတ်မှတ်စည်း ကမ်းများ  လိုက်နာရမည်ဖြစ် သည်။ လိုက်နာမှုမရှိပါက ရပ် ကျေးဥပဒေဖြင့် အရေးယူနိုင်ပြီး ထိုဥပဒေတွင် ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ် (သို့မဟုတ်) ငွေဒဏ်ဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက် မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက အမိန့်ချ မှတ်နိုင်ကြောင်း  ပြဋ္ဌာန်းထားသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top