ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီအျဖစ္ေလးဟာ တကယ္ ျဖစ္ရပ္မွန္ပါ… သရဲဆိုတာ တကယ္မရွိဘူးလို႔ ထင္ခဲ႔မိတယ္ ။ ဒါေပမယ့္ အခုေတာ့ ယံုလိုက္ ပါျပီ တကယ္ရွိပါတယ္ ။

ေျပာျပမယ္ေနာ္ ရြာတစ္ရြာမွာေပါ့ ကိုေက်ာ္တင့္ဆိုသူ ရွိပါတယ္ ။ အသားညိုညို အရပ္ျမင့္ျမင့္ေပါ့ ခ်မ္းသာေသာ ေတာ သူေဌး တစ္ေယာက္ပါ ။ သူကို ရြာထဲမွ အမ်ိဳးသမီးမ်ား ေတာ္ေတာ္ေလး သေဘာက်သူေပါ့ ။

ဒါေပမယ့္ ကိုေက်ာ္တင့္ဟာ မေမနုိး ကိုသာ ခ်စ္ခဲ႔တယ္ မေမနုိးက ရုိးရုိးေလးေနျပီး အသားျဖဴျဖဴ မ်က္ေတာင္ေမြးေကာ င္းေကာင္း ရြာတြင္ အေခ်ာဆံုးပါ ။ အိမ္ျပင္ကိုလည္း မထြက္တတ္ဘူး အိမ္တြင္းေအာင္း အလွပိုင္ရွင္ပါ ။

ဆင္းရဲသူ မဟုတ္ ေပမယ့္ မခ်မ္းသာပါ ။ သူတို့၂ေယာက္ ခ်စ္ျကိဳက္ျပီး ခိ္န္းေတြ႔ရာ အခ်ိန္လြန္၍ ခိုးေျပးျကရသည္ ။ အရမ္းခ်စ္ျကသူေတြပါ အားလံုး သူတို့ကို ျကည့္ျပီး အားက်ေနတယ္ ။

ေနာက္ေတာ့ ကေလးရပါ တယ္ သမီးေလးပါ နာမည္ကို သြန္းသြန္းသုသာ လို့ေပးျကတယ္ ။ ျဖစ္ခ်င္ေတာ့ ေသြးနု သားနု အခ်ိန္မွာပဲ ရြာထဲတြင္ ငါးေလာင္း ဆက္တိုက္ ေသျကတယ္ ။ ေနာက္ဆံုး ေသတာက သူတို့အိမ္ေဘးက ကိုနိုင္မင္းပါ အ စိမ္းေသေလ အသက္ ၃၅ေလာက္ ရွိတယ္ ။ အသတ္ခံရတာ ၇ရက္ျခား ၅ရက္ျခား ေသျကတယ္ ။

ဒါေျကာင့္ ေျကာက္လန့္ေနခ်ိန္မွာ သူလည္း ေသြးလန့္တာနဲ႔ ေရာဂါ အခံနဲ႔ ေပါင္းေတာ့ ေသသြားတယ္ ။ ကေလးေလးက ၃လ သမီးေလးပါ က်န္ခဲ႔တယ္ ။ ဒီလိုနဲ႔ ကိုေက်ာ္တင့္ဟာ မိဘေတြနဲ႔ အတူေနရင္း ကေလး ၃နွစ္ျပည့္ေတာ့ ေနာက္မိန္းမ ယူလိုက္တယ္ ။ အပ်ိဳေလးပါပဲ ဒီလိုနဲ႔ ကိုေက်ာ္တင့္ဟာ လယ္ရာေတြ မ်ားစြာပ္ိုင္သူဆိုေတာ့ ေတာဓေလ့ ဆိုတာက မိုးရာ သီမွာ လယ္ထဲမွာ ငါးေတြ ဖမ္းျကတယ္ ။

အေျခာက္လုပ္ျပီး ၃ရာသီ စားျကရတယ္ ။ ဆယ္လို႔ေခၚမွာေပါ့ တညကို အိမ္ကေန ၂ေခါက္သြားျပီး သယ္ရပါတယ္ ။ ေနာက္ေထာင္ျပုတာ မျကာေသးေတာ့ သူ့႔ရဲ႔ ဇနီး အသစ္ေလးကို လယ္ထဲ မေခၚရက္ဘူး တစ္ေယာက္တည္းသြားတယ္ ။ တေန႔ ည၂နာရီထိုးေလာက္ လယ္ထဲကို သြားရတယ္ ။ အေဖာ္မပါဘူးေပါ့ ဓာတ္မီး တစ္လက္ ငါးထည့္မဲ႔ ပလိုင္းျကီး တစ္လံုးနဲ႔ သြားပါေတာ့သည္ ။

သြားရသည္မွာ ရြာနဲ႔ ၂မိုင္ေလာက္ ေဝးပါတယ္ သူသြားရတဲ႔ လမ္းေဘးမွာ ၃ေပခန့္မွာ သစ္ပင္တပင္ ရွိပါတယ္ ။ ေညာင္ ပင္အိုပါ အသြားတံုးက ဘာမွ မျဖစ္ပါဘူး ။ အျပန္မွာ ငါးေတြနဲ႔ ျပန္လာခဲ႔တယ္ သူ႔က သစ္ပင္ေအာက္ ေရာက္လာေတာ့ သူ႔ရဲ႔ စိတ္ထဲ တမ်ိဳးျဖစ္လာတယ္တဲ႔ က်က္သီးေတြထ လာတယ္ ။

ဒါေပမယ့္ သူဟာ အားတင္းလိုက္တယ္ အို ႔ ႔ ႔ငါ အလာတံုးကေတာင္ ျဖတ္လာေသးတာပဲ ဘာမွ မျဖစ္နုိင္ပါဘူး ဆိုျပီး သီခ်င္းေလး ျငီးျပီး ျဖတ္ေလွ်ာက္လိုက္ေတာ့ ၃လွမ္းေလာက္ လြန္လာေတာ သူ႔ရဲ႔ ဂုတ္မွာ ေလးလာတယ္ ။ ေနာက္ သိသိသာသာ ေလးလာတယ္ ။ ေနာက္ေတာ႔ သူဟာ ေလးဘက္ေထာက္ ျကီး ျဖစ္သြားတယ္ သူလည္းေအာ္ပါတယ္ သူေအာ္တဲ႔ အသံဟာ ေနာက္ဆံုး အသံ မထြက္ေတာ့ပါဘူး ။

ေအာ္ေလ အသံက ေသးေသးေလပါပဲတဲ႔ သူဟာ ရုန္းကန္ျပီး ထြက္ေျပးလာခဲ႔တယ္ ။ ေရွ့ကိုက္ ၂၀၀ေလာက္မွာ သူလို ငါးဖမ္းတဲ႔ လူတစ္္ေယာက္ ေတြ႔ေတာ့ ေဟ့ေကာင္ ဘာျဖစ္တာလည္း ေမးလာေတာ့ ။ သရဲ ဂုတ္တက္ခြလို့ ေျပာ လိုက္ တယ္ ထိုလူက ေအးေအး ဂရုစိုက္သြားလို့ မွာလိုက္တယ္ ။

သူနဲနည္းနည္း လြန္တာနဲ႔ ေဘးက တရွဲရွဲ နဲ႔ လိုက္လာတယ္ စပါးပင္ အျမင့္ကလည္း တစ္ရပ္ေလာက္ ရွိေနခ်ိန္ေပါ့ သူသတိၲေတာ္ေတာ္ ေကာင္းပါတယ္ ။ ဒီလိုနဲ႔ အရြာအဝင္မွာ ကိုေက်ာ္တင့္က ကဲ ငါရြာဝင္ေတာ့မယ္ နင္လည္း ေန ခဲ႔လို႔ ေျပာေတာ့မွ ေဘးမွ သစ္ပင္ေပၚ ျကြက္တက္သလို အသံႀကားျပီးေနခဲ႔တယ္ ။

စာေရးသူ အထင္က သူရဲ႔ အရင္မိန္းလို႔ ထင္တယ္ ေနာက္မိန္းမ ယူတာ မျကိဳက္လို့ ျဖစ္မယ္။ အဲ ဒီလို မျကာ မျကာ ျဖစ္ လာေတာ့ သူ အခု ဘုန္းျကီး တစ္ပါးက ကုေပးေနရတယ္ ။ လည္းပင္းမွာ ျကိဳးေလး ေတြ႔ရတယ္ လိပ္ျပာ ျကိဳးတဲ႔….. စာေရးသူလည္း သရဲ ရွိတယ္ဆိုတာ ယံုခဲ႔ရပါျပီ သရင္းတို့ရယ္……….။ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Htut Htet

#Unicode Version#
ဒီအဖြစ်လေးဟာ တကယ် ဖြစ်ရပ်မှန်ပါ… သရဲဆိုတာ တကယ်မရှိဘူးလို့ ထင်ခဲ့မိတယ် ။ ဒါပေမယ့် အခုတော့ ယုံလိုက် ပါပြီ တကယ်ရှိပါတယ် ။

ပြောပြမယ်နော် ရွာတစ်ရွာမှာပေါ့ ကိုကျော်တင့်ဆိုသူ ရှိပါတယ် ။ အသားညိုညို အရပ်မြင့်မြင့်ပေါ့ ချမ်းသာသော တော သူဌေး တစ်ယောက်ပါ ။ သူကို ရွာထဲမှ အမျိုးသမီးများ တော်တော်လေး သဘောကျသူပေါ့ ။

ဒါပေမယ့် ကိုကျော်တင့်ဟာ မမေနိုး ကိုသာ ချစ်ခဲ့တယ် မမေနိုးက ရိုးရိုးလေးနေပြီး အသားဖြူဖြူ မျက်တောင်မွေးကော င်းကောင်း ရွာတွင် အချောဆုံးပါ ။ အိမ်ပြင်ကိုလည်း မထွက်တတ်ဘူး အိမ်တွင်းအောင်း အလှပိုင်ရှင်ပါ ။

ဆင်းရဲသူ မဟုတ် ပေမယ့် မချမ်းသာပါ ။ သူတို့၂ယောက် ချစ်ကြိုက်ပြီး ခိန်းတွေ့ရာ အချိန်လွန်၍ ခိုးပြေးကြရသည် ။ အရမ်းချစ်ကြသူတွေပါ အားလုံး သူတို့ကို ကြည့်ပြီး အားကျနေတယ် ။

နောက်တော့ ကလေးရပါ တယ် သမီးလေးပါ နာမည်ကို သွန်းသွန်းသုသာ လို့ပေးကြတယ် ။ ဖြစ်ချင်တော့ သွေးနု သားနု အချိန်မှာပဲ ရွာထဲတွင် ငါးလောင်း ဆက်တိုက် သေကြတယ် ။ နောက်ဆုံး သေတာက သူတို့အိမ်ဘေးက ကိုနိုင်မင်းပါ အ စိမ်းသေလေ အသက် ၃၅လောက် ရှိတယ် ။ အသတ်ခံရတာ ၇ရက်ခြား ၅ရက်ခြား သေကြတယ် ။

ဒါကြောင့် ကြောက်လန့်နေချိန်မှာ သူလည်း သွေးလန့်တာနဲ့ ရောဂါ အခံနဲ့ ပေါင်းတော့ သေသွားတယ် ။ ကလေးလေးက ၃လ သမီးလေးပါ ကျန်ခဲ့တယ် ။ ဒီလိုနဲ့ ကိုကျော်တင့်ဟာ မိဘတွေနဲ့ အတူနေရင်း ကလေး ၃နှစ်ပြည့်တော့ နောက်မိန်းမ ယူလိုက်တယ် ။ အပျိုလေးပါပဲ ဒီလိုနဲ့ ကိုကျော်တင့်ဟာ လယ်ရာတွေ များစွာပိုင်သူဆိုတော့ တောဓလေ့ ဆိုတာက မိုးရာ သီမှာ လယ်ထဲမှာ ငါးတွေ ဖမ်းကြတယ် ။

အခြောက်လုပ်ပြီး ၃ရာသီ စားကြရတယ် ။ ဆယ်လို့ခေါ်မှာပေါ့ တညကို အိမ်ကနေ ၂ခေါက်သွားပြီး သယ်ရပါတယ် ။ နောက်ထောင်ပြုတာ မကြာသေးတော့ သူ့ရဲ့ ဇနီး အသစ်လေးကို လယ်ထဲ မခေါ်ရက်ဘူး တစ်ယောက်တည်းသွားတယ် ။ တနေ့ ည၂နာရီထိုးလောက် လယ်ထဲကို သွားရတယ် ။ အဖော်မပါဘူးပေါ့ ဓာတ်မီး တစ်လက် ငါးထည့်မဲ့ ပလိုင်းကြီး တစ်လုံးနဲ့ သွားပါတော့သည် ။

သွားရသည်မှာ ရွာနဲ့ ၂မိုင်လောက် ဝေးပါတယ် သူသွားရတဲ့ လမ်းဘေးမှာ ၃ပေခန့်မှာ သစ်ပင်တပင် ရှိပါတယ် ။ ညောင် ပင်အိုပါ အသွားတုံးက ဘာမှ မဖြစ်ပါဘူး ။ အပြန်မှာ ငါးတွေနဲ့ ပြန်လာခဲ့တယ် သူ့က သစ်ပင်အောက် ရောက်လာတော့ သူ့ရဲ့ စိတ်ထဲ တမျိုးဖြစ်လာတယ်တဲ့ ကျက်သီးတွေထ လာတယ် ။

ဒါပေမယ့် သူဟာ အားတင်းလိုက်တယ် အို့ငါ အလာတုံးကတောင် ဖြတ်လာသေးတာပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး သီချင်းလေး ငြီးပြီး ဖြတ်လျှောက်လိုက်တော့ ၃လှမ်းလောက် လွန်လာတော သူ့ရဲ့ ဂုတ်မှာ လေးလာတယ် ။ နောက် သိသိသာသာ လေးလာတယ် ။ နောက်တော့ သူဟာ လေးဘက်ထောက် ကြီး ဖြစ်သွားတယ် သူလည်းအော်ပါတယ် သူအော်တဲ့ အသံဟာ နောက်ဆုံး အသံ မထွက်တော့ပါဘူး ။

အော်လေ အသံက သေးသေးလေပါပဲတဲ့ သူဟာ ရုန်းကန်ပြီး ထွက်ပြေးလာခဲ့တယ် ။ ရှေ့ကိုက် ၂၀၀လောက်မှာ သူလို ငါးဖမ်းတဲ့ လူတစ်ယောက် တွေ့တော့ ဟေ့ကောင် ဘာဖြစ်တာလည်း မေးလာတော့ ။ သရဲ ဂုတ်တက်ခွလို့ ပြော လိုက် တယ် ထိုလူက အေးအေး ဂရုစိုက်သွားလို့ မှာလိုက်တယ် ။

သူနဲနည်းနည်း လွန်တာနဲ့ ဘေးက တရှဲရှဲ နဲ့ လိုက်လာတယ် စပါးပင် အမြင့်ကလည်း တစ်ရပ်လောက် ရှိနေချိန်ပေါ့ သူသတ္တိတော်တော် ကောင်းပါတယ် ။ ဒီလိုနဲ့ အရွာအဝင်မှာ ကိုကျော်တင့်က ကဲ ငါရွာဝင်တော့မယ် နင်လည်း နေ ခဲ့လို့ ပြောတော့မှ ဘေးမှ သစ်ပင်ပေါ် ကြွက်တက်သလို အသံကြားပြီးနေခဲ့တယ် ။

စာရေးသူ အထင်က သူရဲ့ အရင်မိန်းလို့ ထင်တယ် နောက်မိန်းမ ယူတာ မကြိုက်လို့ ဖြစ်မယ်။ အဲ ဒီလို မကြာ မကြာ ဖြစ် လာတော့ သူ အခု ဘုန်းကြီး တစ်ပါးက ကုပေးနေရတယ် ။ လည်းပင်းမှာ ကြိုးလေး တွေ့ရတယ် လိပ်ပြာ ကြိုးတဲ့….. စာရေးသူလည်း သရဲ ရှိတယ်ဆိုတာ ယုံခဲ့ရပါပြီ သရင်းတို့ရယ်……….။ ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Htut Htet
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top