Golden City Promotion
×

 ကယ္လီဖိုးနီးယားရွိ ဝိုင္အရက္ ခ်က္လုပ္ရာ ေဒသတစ္ခုတြင္ ျပင္းထန္ဆိုးရြားသည့္ မီးေလာင္ကၽြမ္းမႈတစ္ခု ျဖစ္ပြားၿပီး အနည္းဆံုး လူ ၁၀ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

ဆိုႏိုမာခ႐ိုင္တြင္ ေအာက္တိုဘာ ၉ ရက္က ျဖစ္ပြားသည့္ မီးေလာင္မႈေၾကာင့္ လူေပါင္းမ်ားစြာကို အေရးေပၚ တက္သုတ္႐ိုက္ ေ႐ႊ႕ေျပာင္းေပးခဲ့ရသလို ေနအိမ္ႏွင့္ အျခားအေဆာက္အအံု ၁၅၀၀ ေက်ာ္ ပ်က္စီးခဲ့သည္။

ဆိုႏိုမာ၊ နာပါႏွင့္ ယူဘာ ခ႐ိုင္မ်ားမွ လူေပါင္း ႏွစ္ေသာင္းေက်ာ္မွာ မီးေဘးေၾကာင့္ ကတိုက္က႐ိုက္ ေ႐ႊ႕ေျပာင္း ထြက္ေျပးခဲ့ရသည္။ အဆိုပါျဖစ္ရပ္သည္ ကယ္လီဖိုးနီးယားျပည္နယ္ တစ္ခုလံုးတြင္ အဆိုးဆံုး မီးေလာင္မႈ တစ္ခု အေနျဖင့္လည္း မွတ္တမ္းဝင္ခဲ့သည္။

ကယ္လီဖိုးနီးယား ျပည္နယ္ အုပ္ခ်ဳပ္ေရး ဌာနကလည္း အခင္းျဖစ္ရာ ေဒသတြင္ အေရးေပၚ အေျခအေန ထုတ္ျပန္ ေၾကညာခဲ့သည္။ မီးကို အျပည့္အဝ ထိန္းခ်ဳပ္ ၿငႇိမ္းသတ္ရန္ ႐ုန္းကန္ေနရၿပီး ေနာက္ထပ္ အသက္အိုးအိမ္ စည္းစိမ္မ်ားကို ၿခိမ္းေျခာက္ေနေၾကာင္း အဆိုပါ အေရးေပၚ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ဆိုႏိုမာ ခ႐ိုင္အျပင္ မီးကူးစက္ရာ နာပါတြင္ လူ ၂ ဦးႏွင့္ မန္ဒိုစီႏိုခ႐ိုင္တြင္ လူ ၁ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။ အျခား ဒဏ္ရာရသူမ်ား ရွိခဲ့သလို ေပ်ာက္ဆံုးေနသူမ်ားလည္း ရွိေၾကာင္း ကယ္ဆယ္ေရးမ်ားက ဆိုသည္။ စပ်စ္ၿခံမ်ား စိုက္ပ်ိဳးရာ ေတာင္ၾကားေဒသမွ ေျမဧက ေထာင္ေသာင္းခ်ီၿပီး မီးေလာင္ ပ်က္စီးခဲ့သည္။

သန္းေခါင္ေက်ာ္ အခ်ိန္ေလာက္တြင္ မီးစတင္သည္ဟု ယံုၾကည္ရၿပီး ေအာက္တိုဘာ ၉ ရက္ တစ္ေန႔လံုး မီးရွိန္ျပင္းျပင္းႏွင့္ ကူးစက္ခဲ့သည္။ သို႔ေသာ္ မီးစတင္ရသည့္ အေၾကာင္းရင္းကို တိတိက်က် မသိရေသးေခ်။

စပ်စ္ခင္းထဲတြင္ ပိတ္မိေနသည့္ အလုပ္သမား အမ်ားအျပားကို ရဟတ္ယာဉ္မ်ားျဖင့္ ညတြင္းခ်င္း အခ်ိန္လုၿပီး ကယ္ထုတ္ခဲ့ရသည္။

အဆိုပါ ေဒသတြင္ ေလျပင္းမ်ား တိုက္ခတ္ၿပီး ရာသီဥတု ပူျပင္းေျခာက္ေသြ႕ကာ ေလထုစိုထိုင္းဆ ေလ်ာ့နည္းေနျခင္းေၾကာင့္လည္း မီးကူးစက္မႈ ျမန္ဆန္ေစရန္ တြန္းအားေပးသည့္ႏွယ္ ရွိေနေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ကယ်လီဖိုးနီးယားရှိ ဝိုင်အရက် ချက်လုပ်ရာ ဒေသတစ်ခုတွင် ပြင်းထန်ဆိုးရွားသည့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုနိုမာခရိုင်တွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားသည့် မီးလောင်မှုကြောင့် လူပေါင်းများစွာကို အရေးပေါ် တက်သုတ်ရိုက် ရွှေ့ပြောင်းပေးခဲ့ရသလို နေအိမ်နှင့် အခြားအဆောက်အအုံ ၁၅၀၀ ကျော် ပျက်စီးခဲ့သည်။

ဆိုနိုမာ၊ နာပါနှင့် ယူဘာ ခရိုင်များမှ လူပေါင်း နှစ်သောင်းကျော်မှာ မီးဘေးကြောင့် ကတိုက်ကရိုက် ရွှေ့ပြောင်း ထွက်ပြေးခဲ့ရသည်။ အဆိုပါဖြစ်ရပ်သည် ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုလုံးတွင် အဆိုးဆုံး မီးလောင်မှု တစ်ခု အနေဖြင့်လည်း မှတ်တမ်းဝင်ခဲ့သည်။

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေး ဌာနကလည်း အခင်းဖြစ်ရာ ဒေသတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့သည်။ မီးကို အပြည့်အဝ ထိန်းချုပ် ငြှိမ်းသတ်ရန် ရုန်းကန်နေရပြီး နောက်ထပ် အသက်အိုးအိမ် စည်းစိမ်များကို ခြိမ်းခြောက်နေကြောင်း အဆိုပါ အရေးပေါ် ကြေညာချက်တွင် ဖော်ပြထားသည်။

ဆိုနိုမာ ခရိုင်အပြင် မီးကူးစက်ရာ နာပါတွင် လူ ၂ ဦးနှင့် မန်ဒိုစီနိုခရိုင်တွင် လူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အခြား ဒဏ်ရာရသူများ ရှိခဲ့သလို ပျောက်ဆုံးနေသူများလည်း ရှိကြောင်း ကယ်ဆယ်ရေးများက ဆိုသည်။ စပျစ်ခြံများ စိုက်ပျိုးရာ တောင်ကြားဒေသမှ မြေဧက ထောင်သောင်းချီပြီး မီးလောင် ပျက်စီးခဲ့သည်။

သန်းခေါင်ကျော် အချိန်လောက်တွင် မီးစတင်သည်ဟု ယုံကြည်ရပြီး အောက်တိုဘာ ၉ ရက် တစ်နေ့လုံး မီးရှိန်ပြင်းပြင်းနှင့် ကူးစက်ခဲ့သည်။ သို့သော် မီးစတင်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။

စပျစ်ခင်းထဲတွင် ပိတ်မိနေသည့် အလုပ်သမား အများအပြားကို ရဟတ်ယာဉ်များဖြင့် ညတွင်းချင်း အချိန်လုပြီး ကယ်ထုတ်ခဲ့ရသည်။

အဆိုပါ ဒေသတွင် လေပြင်းများ တိုက်ခတ်ပြီး ရာသီဥတု ပူပြင်းခြောက်သွေ့ကာ လေထုစိုထိုင်းဆ လျော့နည်းနေခြင်းကြောင့်လည်း မီးကူးစက်မှု မြန်ဆန်စေရန် တွန်းအားပေးသည့်နှယ် ရှိနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top