ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပထမက သင္ဇာဝင့္ေက်ာ္နဲ႕ ရိုက္ဖို႕ စီစဥ္ထားတာ ျဖစ္ပါတယ္။
ဒါရိုက္တာ စတီးလ္(ေဒြးေမတၱာ)ရိုက္ကူးမယ့္ "ဖြားဘက္ေတာ္"  ရုပ္ရွင္ဇာတ္ကားမွာေတာ့ မင္းသမီး အေျပာင္းအလဲ ျဖစ္သြားခဲ့ပါတယ္။

အဲ့ဒီဇာတ္ကားကို ေနတိုး၊ ထြန္းထြန္း၊ ဇင္ဝိုင္း၊ ဇြဲႏိုင္ဝင္း၊ ထူးျခား၊ ေနရဲ ၊ သိန္းလင္း၊ ပိုင္ၿဖိဳးသုနဲ႕ ေရႊသမီးတို႕ အျပင္ အျခားေသာ အႏုပညာရွင္ေတြ ပါဝင္သရုပ္ေဆာင္မွာ ျဖစ္ပါတယ္။
ယခင္က ယင္းဇာတ္ကားကို မင္းသမီး သင္ဇာဝင့္ေက်ာ္နဲ႕ ရိုက္ကူးဖို႕ စီစဥ္ထားတာ ျဖစ္ေပမယ့္ သူ႕နာမည္ေရႊရုပ္ ဇာတ္ကားရိုက္ကူး ေနရင္းမွာ ျပႆနာ တက္ခဲ့တာေၾကာင့္ မင္းသမီး ပိုင္ၿဖိဳးသုကို အစားထိုး ရုိက္ကူးခဲ့ျခင္း ျဖစ္တယ္လို႕ သိရပါတယ္။
ဇာတ္ကားနဲ႕ ပတ္သက္ၿပီးေတာ့လည္း ဒါရိုက္တာ စတီးလ္က ယခုလို ေျပာျပခဲ့ပါတယ္။

‘‘ထူးျခားတာတစ္ခုက ေန တုိးကို မျမင္ဖူးေသးတဲ့ ကာ႐ိုက္ တာတစ္ခုအေနနဲ႔ လုပ္ထား တယ္။ သူမလုပ္ဖူးေသးဘူးလုိ႔ ေတာ့ ထင္တာပဲ။ သူ႐ိုက္ဖူးလား ေတာ့ မသိဘူး။ ထြန္းထြန္းနဲ႔ သူ က အျပင္မွာ ႏွင္းဆီအဖြဲ႕နဲ႔ အ လုပ္လုပ္တဲ့အခ်ိန္၊ ေျပာဆုိဆက္ ဆံေနတဲ့အခ်ိန္မ်ိဳးမွာ သူတုိ႔ႏွစ္ ေယာက္ေျပာဆုိဆက္ဆံေနတဲ့ ပံုေလးကို ကြၽန္ေတာ္က ၾကည့္ လိုက္ေတာ့ အိမ္တစ္အိမ္မွာ သိပ္ ခ်စ္ၾကတဲ့ ညီအစ္ကို ဆုိရင္လည္း သူစိမ္းဆန္တယ္ဗ်။ ေပးစရာရွိ ခ်ေပးလိုက္တယ္။ ဒီလိုပဲ ေနၾက တာမ်ားတယ္။ အဲဒီဟာေလးကို Base ယူၿပီး သူငယ္ခ်င္းႏွစ္ ေယာက္ ဘာျဖစ္ၾကမလဲဆုိတာ ေလးကို ႐ိုက္ျပထားတယ္။ ေနာက္ဆံုးတစ္ေယာက္နဲ႔တစ္ေယာက္ အနစ္နာခံတဲ့အခ်ိန္အထိကို မာနစိတ္ကေလးေတြေလွ်ာ့ ၿပီးေတာ့မွ ဇာတ္ကိုျဖစ္သြားတာေပါ့’’လို႕ သူက ဆိုပါတယ္။
ဖြားဘက္ေတာ္ ရုပ္ရွင္ဇာတ္ကားကို ေအာက္တိုဘာ(၁)ရက္ေန႕ တြင္ သန္လ်င္မွာ စတင္ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပထမက သင်ဇာဝင့်ကျော်နဲ့ ရိုက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးမယ့် "ဖွားဘက်တော်"  ရုပ်ရှင်ဇာတ်ကားမှာတော့ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားကို နေတိုး၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ ဇွဲနိုင်ဝင်း၊ ထူးခြား၊ နေရဲ ၊ သိန်းလင်း၊ ပိုင်ဖြိုးသုနဲ့ ရွှေသမီးတို့ အပြင် အခြားသော အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ယခင်က ယင်းဇာတ်ကားကို မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် သူ့နာမည်ရွှေရုပ် ဇာတ်ကားရိုက်ကူး နေရင်းမှာ ပြဿနာ တက်ခဲ့တာကြောင့် မင်းသမီး ပိုင်ဖြိုးသုကို အစားထိုး ရိုက်ကူးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ဒါရိုက်တာ စတီးလ်က ယခုလို ပြောပြခဲ့ပါတယ်။

‘‘ထူးခြားတာတစ်ခုက နေ တိုးကို မမြင်ဖူးသေးတဲ့ ကာရိုက် တာတစ်ခုအနေနဲ့ လုပ်ထား တယ်။ သူမလုပ်ဖူးသေးဘူးလို့ တော့ ထင်တာပဲ။ သူရိုက်ဖူးလား တော့ မသိဘူး။ ထွန်းထွန်းနဲ့ သူ က အပြင်မှာ နှင်းဆီအဖွဲ့နဲ့ အ လုပ်လုပ်တဲ့အချိန်၊ ပြောဆိုဆက် ဆံနေတဲ့အချိန်မျိုးမှာ သူတို့နှစ် ယောက်ပြောဆိုဆက်ဆံနေတဲ့ ပုံလေးကို ကျွန်တော်က ကြည့် လိုက်တော့ အိမ်တစ်အိမ်မှာ သိပ် ချစ်ကြတဲ့ ညီအစ်ကို ဆိုရင်လည်း သူစိမ်းဆန်တယ်ဗျ။ ပေးစရာရှိ ချပေးလိုက်တယ်။ ဒီလိုပဲ နေကြ တာများတယ်။ အဲဒီဟာလေးကို Base ယူပြီး သူငယ်ချင်းနှစ် ယောက် ဘာဖြစ်ကြမလဲဆိုတာ လေးကို ရိုက်ပြထားတယ်။ နောက်ဆုံးတစ်ယောက်နဲ့တစ်ယောက် အနစ်နာခံတဲ့အချိန်အထိကို မာနစိတ်ကလေးတွေလျှော့ ပြီးတော့မှ ဇာတ်ကိုဖြစ်သွားတာပေါ့’’လို့ သူက ဆိုပါတယ်။
ဖွားဘက်တော် ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ(၁)ရက်နေ့ တွင် သန်လျင်မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top