ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သင္ခ်စ္ျမတ္ႏိုးရတဲ့ တစ္ေယာက္ေယာက္နဲ႕ ျပတ္စဲလမ္းခြဲရတဲ့အခါ ဘယ္လိုခံစားရေလ့ရွိသလဲ။ အင္မတန္ကို ေၾကကြဲဝမ္းနည္းခံစားရမယ္ဆိုတာ ေျပာဖို႕ေတာင္မလိုေလာက္ပါဘူး။ လမ္းခြဲတာ၊ျပတ္စဲတာဟာဘယ္လိုပံုစံမ်ိဳးပဲျဖစ္ျဖစ္ (အခ်ိန္ၾကာၾကီးတြဲခဲ့တာပဲ ျဖစ္ျဖစ္၊ ခဏတျဖဳတ္တြဲရေသးတာပဲ ျဖစ္ျဖစ္၊ အင္မတန္ခ်စ္ျမတ္ႏိုးၾကတဲ့ စံုတြဲပဲျဖစ္ျဖစ္ ဒါမွမဟုတ္ သူငယ္ခ်င္းခ်စ္သူအဆင့္ပဲျဖစ္ျဖစ္) စိတ္ခ်င္းဆက္သြယ္ခဲ့ၾကျပီးျပီဆိုရင္ နာက်င္ခံစားရမွာအေသအခ်ာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုအသည္းကြဲတာကို ကုသေပးႏိုင္တဲ့ နည္းလမ္းေဆးျမီးတိုေလးေတြလည္း ရွိေနပါေသးတယ္။

အားရပါးရငိုပါ။

ငိုေႂကြးတာကို မေကာင္းတဲ့အရာတစ္ခုအျဖစ္ လူေတြကသတ္မွတ္ၾကေပမယ့္ ငိုေႂကြးျခင္းဟာ တကယ္တမ္းေတာ့ ခႏၶာကိုယ္ရဲ့သဘာဝအေလ်ာက္တံု႔ျပန္မႈတစ္ခုသာ ျဖစ္ပါတယ္။ လမ္းခြဲျပတ္စဲတဲ့ စိတ္ဖိအားဒဏ္ရာေၾကာင့္ ထြက္ရွိလာတဲ့ ေဟာ္မုန္းေတြ မ်က္ရည္ထဲမွာပါဝင္ပါတယ္။ ဆိုလိုတာက ငိုေႂကြးလိုက္မယ္ဆိုရင္ ဒီမေကာင္းတဲ့ ေဟာ္မုန္းေတြ ခႏၶာကိုယ္ထဲကေန အျပင္ကိုထြက္ရွိသြားလိမ့္မယ္လို႕ဆိုလိုတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သင္ဟာ ေယာက်္ားေလးပဲ ျဖစ္ျဖစ္ မိန္းကေလးပဲ ျဖစ္ျဖစ္ လမ္းခြဲျပတ္စဲျပီးတဲ့အခ်ိန္မွာ ပထမဆုံးလုပ္ရမယ့္အလုပ္က အားပါးတရငိုလိုက္ဖို႕ပါပဲ။ ဘာကိုမွ ဂ႐ုစိုက္မေနပါနဲ႔။ အက်ယ္ၾကီး ေအာ္ငိုလိုက္ပါ။ မ်က္ရည္ေတြကုန္သြားျပီလို႔ထင္ရတဲ့အထိ ငိုပစ္ပါ။

ငိုတာ ရွက္စရာမဟုတ္ပါဘူး။ သိပၸံနည္းက် ေျပာရရင္ ငိုေႂကြးျခင္းဟာ ဝမ္းနည္းမႈ၊ စိတ္ထိခိုက္မႈေတြကို ရင္ဆိုင္ႏိုင္ဖို႔ကူညီေပးပါတယ္။ ဒါေၾကာင့္ ဒီတစ္ရက္ေတာ့ ငိုလိုက္ပါ။

တစ္ကိုယ္တည္း ေနဖို႕အခ်ိန္ေပးပါ။

ျပင္ပကမ႓ာနဲ႕ ခဏတျဖဳတ္အဆက္အသြယ္ဖ်က္ပါ။ ဒီလိုေျပာလိုက္လို႔ လနဲ႕ခ်ီျပီး အခန္းတံခါးပိတ္ေနဖို႕ ေျပာတာမဟုတ္ပါဘူး။ တျခားလူေတြနဲ႔ ခဏတျဖဳတ္အဆက္အသြယ္ မလုပ္ဖို႔ ဆိုလိုတာ ျဖစ္ပါတယ္။ သင့္အသည္းကို ခြဲသြားသူကို သြားျပီးအဆက္အသြယ္မလုပ္ဖို႕ကေတာ့ ေျပာစရာေတာင္လိုမယ္မထင္ပါဘူးေနာ္။ လမ္းခြဲျပတ္စဲတာေၾကာင့္ နာက်င္ခံစားရတာေတြဟာ အခ်ိန္ေပးဖို႕လိုပါတယ္။ အခ်ိန္ၾကာလာရင္ သူ႕အလိုလို ျပန္ေကာင္းလာမွာပါ။ သင္ဘာျဖစ္ေနလဲ၊ ဘာၾကားခ်င္လဲဆိုတာကို တဖက္ကနားလည္ေပးႏိုင္တဲ့အခ်ိန္မ်ိဳးဆိုရင္ေတာ့ ရင္ဖြင့္ရတာ၊ စကားေျပာရတာ အက်ိဳးရွိပါတယ္။ သင္သိထားဖို႔က ဟိုအရင္ခ်ိန္ေတြက သင္တခုခုလုပ္ခ်င္ေပမယ့္ သင့္ခ်စ္သူကမလုပ္ခ်င္တဲ့အတြက္၊ မၾကိဳက္တဲ့အတြက္ လက္ေလွ်ာ႔လိုက္ရတာ၊ အေလွ်ာ႔ေပးလိုက္ရတာေတြကို သတိရဖို႕ပါပဲ။အခုသင္လုပ္ခ်င္တာေတြကို အားပါးတရလုပ္ပါေတာ့။

အားေပးႏွစ္သိမ့္မႈကို ရွာေဖြပါ။

ကဲ အခု စကားေျပာရမယ့္အပိုင္း လာပါျပီ။ ဒါေပမယ့္ အတင္းဖိအားေပးခံရလို႔ စကားေျပာတာမ်ိဳးကိုေတာ့ မလုပ္ပါနဲ႔၊ သင္တကယ္ေျပာခ်င္စိတ္၊ ရင္ဖြင့္ခ်င္စိတ္ေပါက္လာမွ ေျပာပါ။ ဒီေနရာမွာ တစ္ခုသတိထားသင့္တဲ့အခ်က္က သင့္အေနနဲ႔ အကူအညီလိုအပ္ေနတဲ့အေၾကာင္း တျခားလူေတြကိုမေျပာျပဖူးဆိုရင္ သူတို႕အေနနဲ႔ တစ္ခါတရံမွာ အေျခအေနေတြကို ပိုဆိုးရြားသြားေအာင္၊ သင့္အေနနဲ႔ ပိုခံစားသြားရေအာင္ လုပ္မိတတ္ၾကတယ္ဆိုတာပါပဲ (တကယ့္ကိုတခါတရံမွပါ)။ ဒါ့ေၾကာင့္ သင့္အေနနဲ႕ ဘယ္ေလာက္ေတာင္ ဆိုးဆိုးရြားရြားခံစားေနရတဲ့အေၾကာင္းနဲ႔ ဒီရက္ပိုင္းအတြင္း အကူအညီလို၊ ႏွစ္သိမ့္ေပးဖို႕လိုအပ္ေနတဲ့အေၾကာင္း သူတို႕ကို ေသခ်ာေပါက္ေျပာျပပါ။

သူငယ္ခ်င္းေဘာ္ဒါေတြအေနနဲ႔ သင့္ကိုအမ်ားၾကီးေပ်ာ္ေအာင္ လုပ္ေပးႏိုင္တယ္ဆိုတဲ့အခ်က္ကိုလည္း မေမ့ဖို႕လိုပါတယ္။ ေက်ာပိုးအိတ္တစ္လံုးလြယ္ျပီး ခရီးသြားပါ၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ပါ၊ လုပ္ခ်င္တာေတြအကုန္ ေလွ်ာက္လုပ္ပါ။ ဒါဆိုရင္ သင္လက္ရွိခံစားေနရတဲ့ အသည္းကြဲတဲ့ ေရာဂါကို ေမ့သြားမွာပဲ ျဖစ္ပါတယ္။

ေမွ်ာ္လင့္ခ်က္ ရွင္သန္ပါေစ။

ေနာက္ဆုံးအေနနဲ႔ သိထားသင့္တဲ့အခ်က္က “ေမွ်ာ္လင့္ခ်က္မကုန္ဆုံးဖို႕” ပဲ ျဖစ္ပါတယ္။ ေမွ်ာ္လင့္ျခင္းဟာ ရွင္သန္ျခင္းရဲ႕အဓိကေသာ့ခ်က္ပဲ ျဖစ္ျပီး ပိုျပီးေကာင္း၊ ပိုျပီးသင့္ေတာ္တဲ့ လက္တြဲေဖာ္ကို ထပ္မံေတြ႕ရွိေစဖို႕အတြက္ေတာင္ ကူညီေပးႏိုင္ပါေသးတယ္။ သင့္အေနနဲ႔ လက္ေလွ်ာ႔အရွုံးေပးလိုက္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာျပီး ေမွ်ာ္လင့္ခ်က္ကင္းမဲ့စိတ္ပ်က္တာမ်ိဳး ျဖစ္ေနမွာအမွန္ပါ။ ဒါေပမယ့္ စိတ္မပ်က္ပါနဲ႔၊ ေမွ်ာ္လင့္ခ်က္ရွင္သန္ပါေစ။

ဘယ္လိုအရာကိုမဆို အခ်ိန္ကကုစားေပးႏိုင္ပါတယ္။ တစ္ခုေသာမနက္ခင္းမွာ သင္မ်က္စိႏွစ္လုံးပြင့္လာတဲ့အခါ သင့္ရဲ့ “ေၾကကြဲျခင္းကာလ” ကုန္ဆုံးျပီဆိုတာ သင္သတိထားမိလာမွာျဖစ္ျပီး ဘဝကိုမူလကအတိုင္း ဆက္လက္ရွင္သန္ပါ။ အားေမြးပါ။ လူတိုင္းလူတိုင္းဟာ အတိတ္ကိုခ်န္ထားခဲ့ျပီး ေရွ႕ဆက္သြားႏိုင္ဖို႕အားအင္ေတြရွိပါတယ္။ ဒါေပမယ့္ ဒီအားအင္ေတြကိုရွာေတြ႕ဖို႔ အခ်ိန္ကာလေတာ့ အနည္းငယ္လိုအပ္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon
#Unicode Version#
သင်ချစ်မြတ်နိုးရတဲ့ တစ်ယောက်ယောက်နဲ့ ပြတ်စဲလမ်းခွဲရတဲ့အခါ ဘယ်လိုခံစားရလေ့ရှိသလဲ။ အင်မတန်ကို ကြေကွဲဝမ်းနည်းခံစားရမယ်ဆိုတာ ပြောဖို့တောင်မလိုလောက်ပါဘူး။ လမ်းခွဲတာ၊ပြတ်စဲတာဟာဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် (အချိန်ကြာကြီးတွဲခဲ့တာပဲ ဖြစ်ဖြစ်၊ ခဏတဖြုတ်တွဲရသေးတာပဲ ဖြစ်ဖြစ်၊ အင်မတန်ချစ်မြတ်နိုးကြတဲ့ စုံတွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းချစ်သူအဆင့်ပဲဖြစ်ဖြစ်) စိတ်ချင်းဆက်သွယ်ခဲ့ကြပြီးပြီဆိုရင် နာကျင်ခံစားရမှာအသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်းဆေးမြီးတိုလေးတွေလည်း ရှိနေပါသေးတယ်။

အားရပါးရငိုပါ။

ငိုကြွေးတာကို မကောင်းတဲ့အရာတစ်ခုအဖြစ် လူတွေကသတ်မှတ်ကြပေမယ့် ငိုကြွေးခြင်းဟာ တကယ်တမ်းတော့ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအားဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာပါဝင်ပါတယ်။ ဆိုလိုတာက ငိုကြွေးလိုက်မယ်ဆိုရင် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲကနေ အပြင်ကိုထွက်ရှိသွားလိမ့်မယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သင်ဟာ ယောကျ်ားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လမ်းခွဲပြတ်စဲပြီးတဲ့အချိန်မှာ ပထမဆုံးလုပ်ရမယ့်အလုပ်က အားပါးတရငိုလိုက်ဖို့ပါပဲ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အကျယ်ကြီး အော်ငိုလိုက်ပါ။ မျက်ရည်တွေကုန်သွားပြီလို့ထင်ရတဲ့အထိ ငိုပစ်ပါ။

ငိုတာ ရှက်စရာမဟုတ်ပါဘူး။ သိပ္ပံနည်းကျ ပြောရရင် ငိုကြွေးခြင်းဟာ ဝမ်းနည်းမှု၊ စိတ်ထိခိုက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ကူညီပေးပါတယ်။ ဒါကြောင့် ဒီတစ်ရက်တော့ ငိုလိုက်ပါ။

တစ်ကိုယ်တည်း နေဖို့အချိန်ပေးပါ။

ပြင်ပကမ္ဘာနဲ့ ခဏတဖြုတ်အဆက်အသွယ်ဖျက်ပါ။ ဒီလိုပြောလိုက်လို့ လနဲ့ချီပြီး အခန်းတံခါးပိတ်နေဖို့ ပြောတာမဟုတ်ပါဘူး။ တခြားလူတွေနဲ့ ခဏတဖြုတ်အဆက်အသွယ် မလုပ်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ သင့်အသည်းကို ခွဲသွားသူကို သွားပြီးအဆက်အသွယ်မလုပ်ဖို့ကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ လမ်းခွဲပြတ်စဲတာကြောင့် နာကျင်ခံစားရတာတွေဟာ အချိန်ပေးဖို့လိုပါတယ်။ အချိန်ကြာလာရင် သူ့အလိုလို ပြန်ကောင်းလာမှာပါ။ သင်ဘာဖြစ်နေလဲ၊ ဘာကြားချင်လဲဆိုတာကို တဖက်ကနားလည်ပေးနိုင်တဲ့အချိန်မျိုးဆိုရင်တော့ ရင်ဖွင့်ရတာ၊ စကားပြောရတာ အကျိုးရှိပါတယ်။ သင်သိထားဖို့က ဟိုအရင်ချိန်တွေက သင်တခုခုလုပ်ချင်ပေမယ့် သင့်ချစ်သူကမလုပ်ချင်တဲ့အတွက်၊ မကြိုက်တဲ့အတွက် လက်လျှော့လိုက်ရတာ၊ အလျှော့ပေးလိုက်ရတာတွေကို သတိရဖို့ပါပဲ။အခုသင်လုပ်ချင်တာတွေကို အားပါးတရလုပ်ပါတော့။

အားပေးနှစ်သိမ့်မှုကို ရှာဖွေပါ။

ကဲ အခု စကားပြောရမယ့်အပိုင်း လာပါပြီ။ ဒါပေမယ့် အတင်းဖိအားပေးခံရလို့ စကားပြောတာမျိုးကိုတော့ မလုပ်ပါနဲ့၊ သင်တကယ်ပြောချင်စိတ်၊ ရင်ဖွင့်ချင်စိတ်ပေါက်လာမှ ပြောပါ။ ဒီနေရာမှာ တစ်ခုသတိထားသင့်တဲ့အချက်က သင့်အနေနဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း တခြားလူတွေကိုမပြောပြဖူးဆိုရင် သူတို့အနေနဲ့ တစ်ခါတရံမှာ အခြေအနေတွေကို ပိုဆိုးရွားသွားအောင်၊ သင့်အနေနဲ့ ပိုခံစားသွားရအောင် လုပ်မိတတ်ကြတယ်ဆိုတာပါပဲ (တကယ့်ကိုတခါတရံမှပါ)။ ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်လောက်တောင် ဆိုးဆိုးရွားရွားခံစားနေရတဲ့အကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း အကူအညီလို၊ နှစ်သိမ့်ပေးဖို့လိုအပ်နေတဲ့အကြောင်း သူတို့ကို သေချာပေါက်ပြောပြပါ။

သူငယ်ချင်းဘော်ဒါတွေအနေနဲ့ သင့်ကိုအများကြီးပျော်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မမေ့ဖို့လိုပါတယ်။ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ခရီးသွားပါ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ၊ လုပ်ချင်တာတွေအကုန် လျှောက်လုပ်ပါ။ ဒါဆိုရင် သင်လက်ရှိခံစားနေရတဲ့ အသည်းကွဲတဲ့ ရောဂါကို မေ့သွားမှာပဲ ဖြစ်ပါတယ်။

မျှော်လင့်ချက် ရှင်သန်ပါစေ။

နောက်ဆုံးအနေနဲ့ သိထားသင့်တဲ့အချက်က “မျှော်လင့်ချက်မကုန်ဆုံးဖို့” ပဲ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းဟာ ရှင်သန်ခြင်းရဲ့အဓိကသော့ချက်ပဲ ဖြစ်ပြီး ပိုပြီးကောင်း၊ ပိုပြီးသင့်တော်တဲ့ လက်တွဲဖော်ကို ထပ်မံတွေ့ရှိစေဖို့အတွက်တောင် ကူညီပေးနိုင်ပါသေးတယ်။ သင့်အနေနဲ့ လက်လျှော့အရှုံးပေးလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး မျှော်လင့်ချက်ကင်းမဲ့စိတ်ပျက်တာမျိုး ဖြစ်နေမှာအမှန်ပါ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ မျှော်လင့်ချက်ရှင်သန်ပါစေ။

ဘယ်လိုအရာကိုမဆို အချိန်ကကုစားပေးနိုင်ပါတယ်။ တစ်ခုသောမနက်ခင်းမှာ သင်မျက်စိနှစ်လုံးပွင့်လာတဲ့အခါ သင့်ရဲ့ “ကြေကွဲခြင်းကာလ” ကုန်ဆုံးပြီဆိုတာ သင်သတိထားမိလာမှာဖြစ်ပြီး ဘဝကိုမူလကအတိုင်း ဆက်လက်ရှင်သန်ပါ။ အားမွေးပါ။ လူတိုင်းလူတိုင်းဟာ အတိတ်ကိုချန်ထားခဲ့ပြီး ရှေ့ဆက်သွားနိုင်ဖို့အားအင်တွေရှိပါတယ်။ ဒါပေမယ့် ဒီအားအင်တွေကိုရှာတွေ့ဖို့ အချိန်ကာလတော့ အနည်းငယ်လိုအပ်ပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top