Golden City Promotion
×

 ၂၀၁၄ က ခ႐ုိင္းမီး ယားေဒသကို ကရင္မလင္အစုိးရ က ၎တို႔ပုိင္နက္ထဲ သြတ္သြင္း ၿပီးေနာက္ ပင္လယ္နက္တြင္ ႀကီး ထြားလာေသာ ႐ုရွားအင္အား ကန္႔သတ္ရန္ႏွင့္ ေနတိုးအဖြဲ႕၏ အေရွ႕ဘက္ျခမ္း တစ္ေလွ်ာက္ ႐ုရွားကုိ တုံ႔ျပန္ေရး ေနာက္ဆံုး ေဆာင္ရြက္မႈအျဖစ္ ေနတိုးအဖြဲ႕ က ႐ုိေမးနီးယားႏုိင္ငံတြင္ တပ္ေပါင္းစုတပ္ဖြဲ႕သစ္ ဖြဲ႕စည္းေပးခဲ့ သည္။

‘‘ကြၽန္ေတာ္တို႔ရဲ႕ ရည္ရြယ္ ခ်က္က ၿငိမ္းခ်မ္းေရးျဖစ္ပါတယ္။ စစ္ပြဲမဟုတ္ပါဘူး’’ဟု ဘူခ်ာရက္ ၿမိဳ႕တြင္ ျပဳလုပ္ေသာ ေနတိုးအဖြဲ႕ လႊတ္ေတာ္ညီလာခံ အစည္းအ ေဝး၌ ႐ုိေမးနီးယားသမၼတ ကေလာ့စ္အိုင္အုိဟန္႔နစ္က


႐ုရွားက ေနတုိးအဖြဲ႕သည္ ၎တို႔ႏုိင္ငံကုိ ပတ္ဝိုင္းရန္ ႀကိဳး စားေနၿပီး ဥေရာပအေရွ႕ပုိင္း၏ တည္ၿငိမ္မႈကို အႏၲရာယ္ျပဳေန ေၾကာင္း စြပ္စဲြၿပီး ေနတိုးအဖြဲ႕က ျငင္းဆိုထားသည္။

ပင္လယ္နက္တစ္ဝန္း ႐ုိေမးနီးယား၊ ဘူလ္ေဂးရီးယားႏွင့္ တူရကီတုိ႔သည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ မ်ားျဖစ္ၿပီး ေဂ်ာ္ဂ်ီယာႏွင့္ ယူက ရိန္းသည္ အဖဲြ႕ဝင္ျဖစ္ရန္ ႀကိဳး ပမ္းေနသည္။

ေနတိုးအဖြဲ႕က အသစ္ခ် ထားေသာ တပ္ဖြဲ႕အင္အား အ ေသးစိတ္ကိုမူ မသိရေပ။

ေနတိုးအရာရိွမ်ားက ၾကည္းတပ္တြင္ တပ္မအရြယ္ ႏုိင္ငံတ ကာ ေနတိုးတပ္ဖြဲ႕တစ္ဖြဲ႕ ပါဝင္ သည္ဟု ေျပာသည္။

အစဥ္သျဖင့္ ယင္းအရြယ္အ စား တပ္တစ္တပ္တြင္ တပ္ဖြဲ႕ဝင္ ၃,၀၀၀ မွ ၄,၀၀၀ အထိပါဝင္ေသာ္လည္း ႐ုိေမးနီးယားတပ္ဖြဲ႕ဝင္ မဟုတ္ေသာ တပ္ဖြဲ႕ဝင္ ထည့္ သြင္းမႈ နည္းပါးသည္။

ေနတုိးအဖြဲ႕၏ ပင္လယ္နက္ ေရတပ္ကင္းလွည့္ျခင္းအျပင္ ေရ ျပင္၌ ႐ုိေမးနီးယားႏွင့္ ဘူလ္ေဂး ရီးယားဆိပ္ကမ္းမ်ားသုိ႔ လာ ေရာက္သည့္ မဟာမိတ္မ်ား ပါ ဝင္မည္ျဖစ္ၿပီး ေလ့က်င့္မႈမ်ား တုိးျမႇင့္ျပဳလုပ္မည္ျဖစ္သည္။

ၿဗိတိန္က ႐ုိေမးနီးယားသို႔ တိုက္ေလယာဥ္မ်ား ခ်ထားၿပီး ကေနဒါက ႐ုိေမးနီးယားေလပုိင္ နက္၌ ကင္းလွည့္ေနကာ အီတ လီက ဘူလ္ေဂးရီးယားေလပုိင္ နက္ကုိ ကင္းလွည့္ေစာင့္ၾကပ္ေန သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ၂၀၁၄ က ခရိုင်းမီး ယားဒေသကို ကရင်မလင်အစိုးရ က ၎င်းတို့ပိုင်နက်ထဲ သွတ်သွင်း ပြီးနောက် ပင်လယ်နက်တွင် ကြီး ထွားလာသော ရုရှားအင်အား ကန့်သတ်ရန်နှင့် နေတိုးအဖွဲ့၏ အရှေ့ဘက်ခြမ်း တစ်လျှောက် ရုရှားကို တုံ့ပြန်ရေး နောက်ဆုံး ဆောင်ရွက်မှုအဖြစ် နေတိုးအဖွဲ့ က ရိုမေးနီးယားနိုင်ငံတွင် တပ်ပေါင်းစုတပ်ဖွဲ့သစ် ဖွဲ့စည်းပေးခဲ့ သည်။

‘‘ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်က ငြိမ်းချမ်းရေးဖြစ်ပါတယ်။ စစ်ပွဲမဟုတ်ပါဘူး’’ဟု ဘူချာရက် မြို့တွင် ပြုလုပ်သော နေတိုးအဖွဲ့ လွှတ်တော်ညီလာခံ အစည်းအ ဝေး၌ ရိုမေးနီးယားသမ္မတ ကလော့စ်အိုင်အိုဟန့်နစ်က


ရုရှားက နေတိုးအဖွဲ့သည် ၎င်းတို့နိုင်ငံကို ပတ်ဝိုင်းရန် ကြိုး စားနေပြီး ဥရောပအရှေ့ပိုင်း၏ တည်ငြိမ်မှုကို အန္တရာယ်ပြုနေ ကြောင်း စွပ်စွဲပြီး နေတိုးအဖွဲ့က ငြင်းဆိုထားသည်။

ပင်လယ်နက်တစ်ဝန်း ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် တူရကီတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံ များဖြစ်ပြီး ဂျော်ဂျီယာနှင့် ယူက ရိန်းသည် အဖွဲ့ဝင်ဖြစ်ရန် ကြိုး ပမ်းနေသည်။

နေတိုးအဖွဲ့က အသစ်ချ ထားသော တပ်ဖွဲ့အင်အား အ သေးစိတ်ကိုမူ မသိရပေ။

နေတိုးအရာရှိများက ကြည်းတပ်တွင် တပ်မအရွယ် နိုင်ငံတ ကာ နေတိုးတပ်ဖွဲ့တစ်ဖွဲ့ ပါဝင် သည်ဟု ပြောသည်။

အစဉ်သဖြင့် ယင်းအရွယ်အ စား တပ်တစ်တပ်တွင် တပ်ဖွဲ့ဝင် ၃,၀၀၀ မှ ၄,၀၀၀ အထိပါဝင်သော်လည်း ရိုမေးနီးယားတပ်ဖွဲ့ဝင် မဟုတ်သော တပ်ဖွဲ့ဝင် ထည့် သွင်းမှု နည်းပါးသည်။

နေတိုးအဖွဲ့၏ ပင်လယ်နက် ရေတပ်ကင်းလှည့်ခြင်းအပြင် ရေ ပြင်၌ ရိုမေးနီးယားနှင့် ဘူလ်ဂေး ရီးယားဆိပ်ကမ်းများသို့ လာ ရောက်သည့် မဟာမိတ်များ ပါ ဝင်မည်ဖြစ်ပြီး လေ့ကျင့်မှုများ တိုးမြှင့်ပြုလုပ်မည်ဖြစ်သည်။

ဗြိတိန်က ရိုမေးနီးယားသို့ တိုက်လေယာဉ်များ ချထားပြီး ကနေဒါက ရိုမေးနီးယားလေပိုင် နက်၌ ကင်းလှည့်နေကာ အီတ လီက ဘူလ်ဂေးရီးယားလေပိုင် နက်ကို ကင်းလှည့်စောင့်ကြပ်နေ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top