ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

နံနက္ေစာေစာ အရုဏ္ဦးမွာ ရနံ႔ ေမႊးေမႊးေလး နဲ႕ အလွဆင္တတ္တဲ႔ ဆိပ္ဖလူးပ န္းပင္ မ်ားကုိ ၿမိဳ႕တုိင္း ရြာတုိင္း လြယ္လြယ္ကူကူ ေတြ႕ရတတ္ပါသည္ ။

လူအခ်ဳိ႕က မသိနားမလည္သူမ်ားရဲ႕ ေကာလာလဟ စကားမ်ားေၾကာင့္ ဘီလူးေစာင့္ သည္ ဆုိကာ တန္ဖုိးရွိေသာ ဆိပ္ဖလူးပင္ မ်ားကုိ ခုတ္ပစ္ၾကတတ္ပါေသးသည္ ။

တကယ္ေတာ့ ဒီ အပင္ ဟာ လူေတြကုိ အႏၲရာယ္ ေပးတတ္တဲ႔ အဆိပ္ ေတြကုိ ဘီလူး လုိ စုပ္ယူစားသုံး တတ္လုိ႔ ဆိပ္ဘီလူး ဟု ေခၚေၾကာင္း ေရႊေတာင္ၿမိဳ႕နယ္ မဲေတာရြာ ေျမြဆုိးအႏၲရာယ္ကုိ ဇီဝိတ ဒါနျဖင့္ ကုသရာမွာ နာမည္ႀကီးေသာ ဘုိရုံေက်ာင္း ဆရာေတာ္ ဘုရားႀကီး က မိန္႔ၾကားခဲ႔ဖူးတာကုိ မွတ္သားခဲ႔ ရပါသည္ ။

လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း ၂၅ ႏွစ္ေက်ာ္ အခ်ိန္က ျဖစ္ပါတယ္ ။ကြ်န္ေတာ္ နွင့္ သူငယ္ခ်င္း မ်ားျဖစ္တဲ႔ ေအာင္ျမင့္ ကုိျမင့္ေရႊႀကီး တုိ႔ မဲေတာ အေနာက္ေက်ာင္း ကထိန္ ည Video ေခတ္စားေနတဲ႔အခ်ိန္ေပါ့ ။

ကထိန္ က Video ၾကည့္အျပန္ ည ၁ နာရီ ခန္႔ မဲေတာရြာႏွင့္ ျပည္ ရန္ကုန္ ကားလမ္း အကူး လမ္းရုိးမွာ ကုိျမင့္ေရႊ ကုိ ေျမြေပြး ကုိက္ ခံရပါတယ္ ။ သူမထႏုိင္ေတာ့ အနီးမွာရွိတဲ႔ ဘုိရုံေက်ာင္း ကုိ ထမ္းေျပးခဲ႔ပါတယ္ ။

ဆရာေတာ္ႀကီး ဆီေရာက္ေတာ့ သြားကြာ သိမ္ေဘး နားမွာရွိတဲ႔ ဆိပ္္ဖလူး ရြက္ သြားခူးခုိင္းကာ ဆိပ္ဖလူူး ရြက္ကုိ ထုအုံေစ၍ သကၤန္းစုတ္ႏွင့္ စည္းေစပါတယ္ ။

အရြက္သုံးရြက္ ေလာက္ကုိ ဝါးစားေစပါတယ္ ။ ဆိပ္ဖလူူးရြက္ ဟာ အဆိပ္ မရွိသူစားပါက ပါးစပ္ထုံေစၿပီး အဆိပ္ရွိသူစားပါက သာမန္သာျဖစ္သည္ဟု ဆရာေတာ္ က မိန္႔ပါတယ္ ။

ငယ္ရြယ္သူမ်ားမုိ႔ ေဆးရုံ ဆက္ျပဖုိ႔ သတိမရ ။ ဆရာေတာ္ ဆီလည္း ျပန္မသြား ။ ယခုအထိ ကုိျမင့္ေရႊ အသက္ ၅၀ ေက်ာ္အထိ မေသေသးပါ ။

ေနာက္ပုိင္း ကင္းဆိပ္ အေကာင္ဆိပ္ မ်ား ႀကဳံပါက အနီးအနားရွိ ဆိပ္ဖလူး ရြက္မ်ားခူးေစကာ ဆရာေတာ္နည္းအတုိင္း ျပဳေစခဲ႔ရာ လက္ေတြ႕ ေပ်ာက္ကင္းခဲ႔သည္ကုိ အံၾသစြာ ေတြ႕ရပါသည္ ။

မည္သုိ႔ဆုိေစ ။ ေဆးရုံ ေဆးခန္း ျပတာ အေကာင္းဆုံးပါ ။ သုိ႔ေသာ္ အလွမ္းေဝးေသာ ေနရာမ်ားရွိ မိတ္ေဆြ မ်ား ေဆးရုံ မေရာက္ခင္ကာလ၌ ယခု ေဆးနည္းတုိေလးျဖင့္ အသက္ကယ္ႏုိင္ပါေၾကာင္း ေစတနာ မ်ားစြာျဖင့္ ေဝငွလုိက္ရေပသည္ ။

မွတ္ခ်က္ ။ ။ တဆင့္စကား မဟုတ္ပဲ ကုိယ္တုိင္ႀကဳံခဲ႔ရသည္ကုိ ျဖန္႔ေဝပါသည္ ။ တုိင္းရင္းျမန္မာ ေဆးက်မ္းမ်ားတြင္ ရွာေဖြ၍ လည္းေကာင္း ျမန္မာႏုိင္ငံ ေဆးဝါးသုေတသန ဌာနမ်ားမွ စမ္းသပ္၍ လည္းေကာင္း တန္ဖုိးနည္းပါးေသာ ေဆးနည္းတုိ ကုထုံးတစ္ခုျဖစ္ေသာ ဆိပ္ဖလူူးပင္၏ အစြမ္းကုိ ေလ့လာသုေတသန ျပဳသင့္ပါေၾကာင္း ။

အရွင္နာဂသိန္ ေဆးက်မ္းလာ ဆိပ္ဖလူး ၏ အက်ဳိးအာနိသင္မ်ား

(က) ဆိပ္ဖလူး ရြက္၏ ေဆးဝင္ပုံမ်ား

၁ ။ အရြက္ ကုိ ႀကိတ္၍ရေသာ အရည္ ကုိ ပ်ားရည္ သုိ႔မဟုတ္ သၾကားရည္ျဖင့္ ေရာစပ္ေသာက္ပါက သည္းေျခေရာ နာတာရွည္ေရာဂါ အဖ်ားေရာဂါမ်ား ေပ်ာက္ကင္း၏ ။

၂ ။ ၄င္းအရြက္ႀကိတ္ရည္ကုိ ဆားအနည္းငယ္ ခပ္၍ေသာက္ပါက သန္မ်ားကုိ က်ေစသည္ ။

၃ ။ အရြက္ ကုိ ေရေႏြးေဖ်ာ၍ ေသာက္ပါက သူငယ္နာအဖ်ား သူငယ္နာေရာဂါတုိ႔ကုိ ေပ်ာက္ေစ၏ ။

၄ ။ အရြက္ ကုိ ႀကိတ္၍ လိမ္းပါက ေပြး ေရာဂါေပ်ာက္ကင္း၏ ။

ဆိပ္ဖလူး ရြက္၏ အာနိသင္မ်ား

၅ ။ အရြက္ ကုိ လတ္ဆတ္ေသာ ခ်င္းအနည္းငယ္ႏွင့္ ေရာစပ္ေသာက္ပါက ငွက္ဖ်ား ေရာဂါ ေပ်ာက္သည္ ။

၆ ။ ကေလးငယ္ မ်ား ဝမ္းသက္ ဝမ္းသြားပါက အရြက္ကုိညွစ္၍ တုိက္ပါက ေပ်ာက္ကင္းေစသည္ ။

၇ ။ အရြက္ ကုိ မီးအနည္းငယ္ႏွင့္ ျပဳတ္ေသာက္ပါက တင္ေၾကာနာ ေရာဂါ ေပ်ာက္၏ ။ ငရုတ္ေကာင္းႏွင့္ ေရာ၍ႀကိတ္စားပါက မီးယပ္ေသြးလြန္ေရာဂါေပ်ာက္ကင္း၏ ။

၈ ။ အရြက္ ကုိ ညွစ္၍ ေသာက္ပါက ေျမြဆိ္ပ္ျပယ္ေစသည္ ။

၉ ။ အရြက္ ကုိ ေရ နွင့္ ထက္ဝက္ခန္း က်ဳိ၍ ေသာက္လွ်င္ ဆီးလြန္ ေရာဂါ ေပ်ာက္သည္ ။

၁၀ ။ အရြက္ ကုိ ႏြားႏုိ႔ႏွင့္ႀကိတ္၍ လိမ္းေသာ္ ယားနာေပ်ာက္သည္ ။

(ခ) ဆိပ္ဖလူး ၏ အပြင့္ အေခါက္ႏွင့္ ပဥၥငါးပါး အသုံးဝင္ပုံ

၁ ။ အပြင့္ကုိ ျပဳတ္၍ ေသာက္ပါက အဆစ္အျမစ္ေရာင္ ေရာဂါ ေပ်ာက္ကင္း၏ ။

၂ ။ အေခါက္ ကုိ ေက်ာက္ပ်ဥ္တြင္ေသြး၍ မ်က္ကြင္းေပၚလိမ္းပါက မ်က္စိနာ ေရာဂါ ေပ်ာက္ေစ၏ ။

၃ ။ အေခါက္  ကုိ ကြမ္းယာတြင္ ထည့္စားေသာ္ ေခ်ာင္းဆုိး ဆိပ္ဖလူး ပ်ာက္ကင္း၏ ။

၄ ။ အပင္ ၏ ပဥၥငါးပါးကုိ ျပဳတ္၍ ေသာက္ေသာ္ အဖ်င္းႀကီး ေရာဂါ ကုိ ေပ်ာက္ေစ၏ ။

ယခု post ဖတ္ၿပီး သင္၏ ၿခံဝင္းထဲရွိ အသက္ကယ္ေပးႏုိင္တဲ႔ ဆိပ္ဖလူး ပင္ မ်ားကုိ တဆင့္စကားျဖင့္ ဘီလူးေစာင့္သည္ဆုိကာ ခုတ္ထြင္ျခင္း မျပဳလုပ္ေတာ့ပဲ ထိန္းသိမ္းႏုိင္ၾကပါေစ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဦးျမင့္မုိရ္ ( လမ္းျပၾကယ္စင္ )
#Unicode Version#
နံနက်စောစော အရုဏ်ဦးမှာ ရနံ့ မွှေးမွှေးလေး နဲ့ အလှဆင်တတ်တဲ့ ဆိပ်ဖလူးပ န်းပင် များကို မြို့တိုင်း ရွာတိုင်း လွယ်လွယ်ကူကူ တွေ့ရတတ်ပါသည် ။

လူအချို့က မသိနားမလည်သူများရဲ့ ကောလာလဟ စကားများကြောင့် ဘီလူးစောင့် သည် ဆိုကာ တန်ဖိုးရှိသော ဆိပ်ဖလူးပင် များကို ခုတ်ပစ်ကြတတ်ပါသေးသည် ။

တကယ်တော့ ဒီ အပင် ဟာ လူတွေကို အန္တရာယ် ပေးတတ်တဲ့ အဆိပ် တွေကို ဘီလူး လို စုပ်ယူစားသုံး တတ်လို့ ဆိပ်ဘီလူး ဟု ခေါ်ကြောင်း ရွှေတောင်မြို့နယ် မဲတောရွာ မြွေဆိုးအန္တရာယ်ကို ဇီဝိတ ဒါနဖြင့် ကုသရာမှာ နာမည်ကြီးသော ဘိုရုံကျောင်း ဆရာတော် ဘုရားကြီး က မိန့်ကြားခဲ့ဖူးတာကို မှတ်သားခဲ့ ရပါသည် ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော် အချိန်က ဖြစ်ပါတယ် ။ကျွန်တော် နှင့် သူငယ်ချင်း များဖြစ်တဲ့ အောင်မြင့် ကိုမြင့်ရွှေကြီး တို့ မဲတော အနောက်ကျောင်း ကထိန် ည Video ခေတ်စားနေတဲ့အချိန်ပေါ့ ။

ကထိန် က Video ကြည့်အပြန် ည ၁ နာရီ ခန့် မဲတောရွာနှင့် ပြည် ရန်ကုန် ကားလမ်း အကူး လမ်းရိုးမှာ ကိုမြင့်ရွှေ ကို မြွေပွေး ကိုက် ခံရပါတယ် ။ သူမထနိုင်တော့ အနီးမှာရှိတဲ့ ဘိုရုံကျောင်း ကို ထမ်းပြေးခဲ့ပါတယ် ။

ဆရာတော်ကြီး ဆီရောက်တော့ သွားကွာ သိမ်ဘေး နားမှာရှိတဲ့ ဆိပ်ဖလူး ရွက် သွားခူးခိုင်းကာ ဆိပ်ဖလူူး ရွက်ကို ထုအုံစေ၍ သင်္ကန်းစုတ်နှင့် စည်းစေပါတယ် ။

အရွက်သုံးရွက် လောက်ကို ဝါးစားစေပါတယ် ။ ဆိပ်ဖလူူးရွက် ဟာ အဆိပ် မရှိသူစားပါက ပါးစပ်ထုံစေပြီး အဆိပ်ရှိသူစားပါက သာမန်သာဖြစ်သည်ဟု ဆရာတော် က မိန့်ပါတယ် ။

ငယ်ရွယ်သူများမို့ ဆေးရုံ ဆက်ပြဖို့ သတိမရ ။ ဆရာတော် ဆီလည်း ပြန်မသွား ။ ယခုအထိ ကိုမြင့်ရွှေ အသက် ၅၀ ကျော်အထိ မသေသေးပါ ။

နောက်ပိုင်း ကင်းဆိပ် အကောင်ဆိပ် များ ကြုံပါက အနီးအနားရှိ ဆိပ်ဖလူး ရွက်များခူးစေကာ ဆရာတော်နည်းအတိုင်း ပြုစေခဲ့ရာ လက်တွေ့ ပျောက်ကင်းခဲ့သည်ကို အံသြစွာ တွေ့ရပါသည် ။

မည်သို့ဆိုစေ ။ ဆေးရုံ ဆေးခန်း ပြတာ အကောင်းဆုံးပါ ။ သို့သော် အလှမ်းဝေးသော နေရာများရှိ မိတ်ဆွေ များ ဆေးရုံ မရောက်ခင်ကာလ၌ ယခု ဆေးနည်းတိုလေးဖြင့် အသက်ကယ်နိုင်ပါကြောင်း စေတနာ များစွာဖြင့် ဝေငှလိုက်ရပေသည် ။

မှတ်ချက် ။ ။ တဆင့်စကား မဟုတ်ပဲ ကိုယ်တိုင်ကြုံခဲ့ရသည်ကို ဖြန့်ဝေပါသည် ။ တိုင်းရင်းမြန်မာ ဆေးကျမ်းများတွင် ရှာဖွေ၍ လည်းကောင်း မြန်မာနိုင်ငံ ဆေးဝါးသုတေသန ဌာနများမှ စမ်းသပ်၍ လည်းကောင်း တန်ဖိုးနည်းပါးသော ဆေးနည်းတို ကုထုံးတစ်ခုဖြစ်သော ဆိပ်ဖလူူးပင်၏ အစွမ်းကို လေ့လာသုတေသန ပြုသင့်ပါကြောင်း ။

အရှင်နာဂသိန် ဆေးကျမ်းလာ ဆိပ်ဖလူး ၏ အကျိုးအာနိသင်များ

(က) ဆိပ်ဖလူး ရွက်၏ ဆေးဝင်ပုံများ

၁ ။ အရွက် ကို ကြိတ်၍ရသော အရည် ကို ပျားရည် သို့မဟုတ် သကြားရည်ဖြင့် ရောစပ်သောက်ပါက သည်းခြေရော နာတာရှည်ရောဂါ အဖျားရောဂါများ ပျောက်ကင်း၏ ။

၂ ။ ၎င်းအရွက်ကြိတ်ရည်ကို ဆားအနည်းငယ် ခပ်၍သောက်ပါက သန်များကို ကျစေသည် ။

၃ ။ အရွက် ကို ရေနွေးဖျော၍ သောက်ပါက သူငယ်နာအဖျား သူငယ်နာရောဂါတို့ကို ပျောက်စေ၏ ။

၄ ။ အရွက် ကို ကြိတ်၍ လိမ်းပါက ပွေး ရောဂါပျောက်ကင်း၏ ။

ဆိပ်ဖလူး ရွက်၏ အာနိသင်များ

၅ ။ အရွက် ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျား ရောဂါ ပျောက်သည် ။

၆ ။ ကလေးငယ် များ ဝမ်းသက် ဝမ်းသွားပါက အရွက်ကိုညှစ်၍ တိုက်ပါက ပျောက်ကင်းစေသည် ။

၇ ။ အရွက် ကို မီးအနည်းငယ်နှင့် ပြုတ်သောက်ပါက တင်ကြောနာ ရောဂါ ပျောက်၏ ။ ငရုတ်ကောင်းနှင့် ရော၍ကြိတ်စားပါက မီးယပ်သွေးလွန်ရောဂါပျောက်ကင်း၏ ။

၈ ။ အရွက် ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည် ။

၉ ။ အရွက် ကို ရေ နှင့် ထက်ဝက်ခန်း ကျို၍ သောက်လျှင် ဆီးလွန် ရောဂါ ပျောက်သည် ။

၁၀ ။ အရွက် ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာပျောက်သည် ။

(ခ) ဆိပ်ဖလူး ၏ အပွင့် အခေါက်နှင့် ပဉ္စငါးပါး အသုံးဝင်ပုံ

၁ ။ အပွင့်ကို ပြုတ်၍ သောက်ပါက အဆစ်အမြစ်ရောင် ရောဂါ ပျောက်ကင်း၏ ။

၂ ။ အခေါက် ကို ကျောက်ပျဉ်တွင်သွေး၍ မျက်ကွင်းပေါ်လိမ်းပါက မျက်စိနာ ရောဂါ ပျောက်စေ၏ ။

၃ ။ အခေါက်  ကို ကွမ်းယာတွင် ထည့်စားသော် ချောင်းဆိုး ဆိပ်ဖလူး ပျာက်ကင်း၏ ။

၄ ။ အပင် ၏ ပဉ္စငါးပါးကို ပြုတ်၍ သောက်သော် အဖျင်းကြီး ရောဂါ ကို ပျောက်စေ၏ ။

ယခု post ဖတ်ပြီး သင်၏ ခြံဝင်းထဲရှိ အသက်ကယ်ပေးနိုင်တဲ့ ဆိပ်ဖလူး ပင် များကို တဆင့်စကားဖြင့် ဘီလူးစောင့်သည်ဆိုကာ ခုတ်ထွင်ခြင်း မပြုလုပ်တော့ပဲ ထိန်းသိမ်းနိုင်ကြပါစေ ။
ဖိုးသူတော် (www.phothutaw.com)
Credit:  ဦးမြင့်မိုရ် ( လမ်းပြကြယ်စင် )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top