ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

နဂါးေမာက္သီးကေတာ့ ကၽြန္မတို႔ ျမန္မာလူမ်ိဳးေတြနဲ႔ ရင္းႏွီးၿပီးသားအသီးတစ္မ်ိဳးပါပဲ။ ခ်ိဳၿပီး အရသာရွိလို႔လည္း လူႀကိဳက္မ်ားတယ္။

နဂါးေမာက္သီးရဲ့အက်ိဳးေက်းဇူးမ်ား

ကင္ဆာ

နဂါးေမာက္သီးမွာ အဟာရဓါတ္ေတြအမ်ားအျပားပါ၀င္ၿပီး ကင္ဆာေရာဂါကိုကာကြယ္ေပးႏိုင္ပါတယ္။ ကင္ဆာေရာဂါကာကြယ္ေပးႏိုင္တဲ့အသီးအျဖစ္လည္း လူသိမ်ားပါတယ္။ ခ်ိဳၿပီး အရည္ရႊမ္းတဲ့ နဂါးေမာက္သီးဟာ ကယ္လိုလီပါ၀င္မႈနည္းပါးၿပီး က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ အဟာရဓါတ္ေတြပါ၀င္ေနပါတယ္။

ကိုယ္အေလးခ်ိန္

နဂါးေမာက္သီးမွာ ကယ္လိုရီပါ၀င္မႈနည္းပါးတာေၾကာင့္ ၀မ္းဗိုက္ကအဆီေတြ ေလွ်ာ့ခ်ရာမွာျဖစ္ျဖစ္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာျဖစ္ျဖစ္ အသံုး၀င္ပါတယ္။ ၁၉၈ ဂရမ္ေလးတဲ့ နဂါးေမာက္သီးတစ္လံုးမွာေတာင္ ကယ္လိုရီပမာဏက ၆၀ ပဲရွိတာပါ။ ၁ ဂရမ္မွာဆို ၀.၃ ကယ္လိုရီပဲပါ၀င္ပါတယ္။

အမွ်င္ဓါတ္

နဂါးေမာက္သီးမွာ အမွ်င္ဓါတ္ေတြၾကြယ္စြာပါ၀င္လို႔ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ကင္ဆာျဖစ္ေစႏိုင္တဲ့ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို နဂါးေမာက္သီး ၂၀ ဂရမ္ကေန ၃၇ ဂရမ္ထိ စားေပးသင့္ပါတယ္။

နဂါးေမာက္သီးမွာ ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြျဖစ္တဲ့ ဗီတာမင္ C နဲ႔ Beta Carotene ၾကြယ္၀စြာပါ၀င္ပါတယ္။ အဲဒီဓါတ္တိုးဆန္႔က်င္ပစၥည္း Antioxidant က ဆဲလ္ေတြပ်က္ဆီးျခင္းကေနကာကြယ္ေပးၿပီး တျခားေရာဂါေတြ ၀င္ေရာက္မႈကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
နဂါးမောက်သီးကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားအသီးတစ်မျိုးပါပဲ။ ချိုပြီး အရသာရှိလို့လည်း လူကြိုက်များတယ်။

နဂါးမောက်သီးရဲ့အကျိုးကျေးဇူးများ

ကင်ဆာ


နဂါးမောက်သီးမှာ အဟာရဓါတ်တွေအများအပြားပါဝင်ပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့အသီးအဖြစ်လည်း လူသိများပါတယ်။ ချိုပြီး အရည်ရွှမ်းတဲ့ နဂါးမောက်သီးဟာ ကယ်လိုလီပါဝင်မှုနည်းပါးပြီး ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓါတ်တွေပါဝင်နေပါတယ်။

ကိုယ်အလေးချိန်

နဂါးမောက်သီးမှာ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ဝမ်းဗိုက်ကအဆီတွေ လျှော့ချရာမှာဖြစ်ဖြစ် ကိုယ်အလေးချိန်လျှော့ချရာမှာဖြစ်ဖြစ် အသုံးဝင်ပါတယ်။ ၁၉၈ ဂရမ်လေးတဲ့ နဂါးမောက်သီးတစ်လုံးမှာတောင် ကယ်လိုရီပမာဏက ၆၀ ပဲရှိတာပါ။ ၁ ဂရမ်မှာဆို ဝ.၃ ကယ်လိုရီပဲပါဝင်ပါတယ်။

အမျှင်ဓါတ်

နဂါးမောက်သီးမှာ အမျှင်ဓါတ်တွေကြွယ်စွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို နဂါးမောက်သီး ၂၀ ဂရမ်ကနေ ၃၇ ဂရမ်ထိ စားပေးသင့်ပါတယ်။

နဂါးမောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် C နဲ့ Beta Carotene ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီဓါတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant က ဆဲလ်တွေပျက်ဆီးခြင်းကနေကာကွယ်ပေးပြီး တခြားရောဂါတွေ ဝင်ရောက်မှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top