Golden City Promotion
×

အသုဘလာတဲ့သူေတြဟာ ကြန္ကရစ္အုတ္ဂူကို ကမန္းကတန္း ျဖိဳဖ်က္ျပီး အေခါင္းထဲက ေသဆုံးျပီးသား ဆယ္ေက်ာ္သက္ကို ျပန္လည္ကယ္ဆယ္ခဲ့ရပါတယ္။

ေသဆုံးသူ Ms Perez ဟာ ကိုယ္၀န္သုံးလရွိေနျပီး Honduras ႏိုင္ငံအေနာက္ပုိင္း၊ La Entrada က သူမရဲ့ ေနအိမ္မွာ ညတစ္ေရးႏိုး အိမ္အျပင္က အိမ္သာကို သြားဖုိ ့လုပ္ေနခ်ိန္မွာ သတိျပန္မလည္လာ ေတာ့တာျဖစ္တယ္လုိ ့ဆုိပါတယ္။

သူမဟာ ေသနတ္ပစ္သံကို ၾကားလုိက္ရျပီး ေၾကာက္စိတ္မႊန္ကာ ေမ့လဲခဲ့တာျဖစ္တယ္လုိ ့ယူဆရပါတယ္။ သူမရဲ့ ပါးစပ္က အျမွပ္ေတြထြက္ေနတာကို ျမင္လုိက္ရတဲ့ မိဘေတြဟာ သရဲပူးကပ္တယ္ထင္ျပီး ေဒသခံဘုန္းၾကီးကို ပင့္ေဆာင္ခဲ့ပါတယ္။ ဘုန္းၾကီးဟာ မေကာင္းဆုိး၀ါးႏွွင္ဖုိ ့ၾကိဳးစားခဲ့ေပမယ့္ Ms.Perez ဟာ မၾကာခင္မွာပဲ အသက္ဆုံးရွဳံးခဲ့ရပါတယ္။ သူမကို ေဆးရုံကို ပုိ ့ေဆာင္လုိက္ျပီး သုံးနာရီအၾကာမွာ ဆရာ၀န္ေတြက သူမ ေသဆုံးသြားျပီျဖစ္ေၾကာင္း အတည္ျပဳခဲ့တာျဖစ္ပါတယ္။

Ms.Perez ကို သူမ မဂၤလာေဆာင္တုန္းက ၀တ္ခဲ့တဲ့ သတုိ ့သမီး၀တ္စုံနဲ ့ပဲ ေျမျမွပ္သျဂိ ၤဳလ္ ေပးခဲ့တာျဖစ္ပါတယ္။ သူမစ်ာပနအျပီး တစ္ရက္အၾကာမွာ ခင္ပြန္းျဖစ္သူ Rudy Gonzales က သူမရဲ့ အုတ္ဂူကို သြားေရာက္ ေနတုန္း ကြန္ကရစ္အုတ္ဂူထဲကေန ထုရုိက္သံေတြနဲ ့ညည္းသံေတြကို ၾကားခဲ့ရတယ္လုိ ့ဆုိပါတယ္။

ေသြးပ်က္စရာဗီဒီယိုမွာ ပူေဆြး၀မ္းနည္းေနတဲ့ မိသားစု၀င္ေတြဟာ ေသဆုံးသြားတဲ့ အသက္ ၁၆ ႏွစ္အရြယ္ Neyis Perez ရဲ့ အုတ္ဂူကိုျဖိဳဖ်က္ျပီး သစ္သားေခါင္းတလားကို ခ်ိဳးဖြင့္ေနတာကို ေတြ ့ျမင္ရမွာပါ။

မိသားစု၀င္ေတြဟာ Neyis Perez ရဲ့ေခါင္းတလားအေပၚကမွန္ခ်ပ္ဟာ ကြဲေနျပီး သူမရဲ့လက္ေခါင္းထိပ္ေတြကို ေသြးသံရဲရဲနဲ ့ေတြ ့ျမင္ခဲ့ရတယ္လုိ ့ဆုိပါတယ္။

Ms Perez ကို ေခါင္းတလားထဲထည့္လ်က္ အနီးဆုံးေဆးရုံကို ထရပ္ကားနဲ ့သယ္ေဆာင္သြားခဲ့ၾကျပီး ဆရာ၀န္ေတြက အသက္ရွင္ေအာင္ျပန္လည္ၾကိဳးစားေပးခဲ့ေပမယ့္ အသက္ရွင္တဲ့လကၡဏာမရွိေတာ့ဘဲ အဆိုပါဂူဗိမာန္မွာပဲ ျပန္လည္ျမွပ္ႏွံခဲ့ရတယ္လုိ ့ဆုိပါတယ္။

Ms.Perez ဟာ ေခါင္းတလားထဲမွာ ျပန္လည္ႏိုးထခဲ့ျပီး လြတ္ေျမာက္ဖုိ ့ၾကိဳးစားခဲ့ေပမယ့္ ေနာက္ဆုံးမွာ ေအာက္စီဂ်င္ျပတ္ကာ ေသဆုံးခဲ့ရတယ္လုိ ့မိသားစု၀င္ေတြက ယုံၾကည္ေနၾကပါတယ္။ Perez ရဲ့ မိခင္ျဖစ္သူ Maria Gutierrez ဟာ ဆရာ၀န္ေတြဟာ သမီးေလးရဲ့ ေသစာရင္းကို လက္မွတ္ထုိးေပး ခဲ့တာ အရမ္းျမန္ဆန္လြန္းျပီး သူမသမီးေလးဟာ အရွင္လတ္လတ္ဂူသြင္းခံခဲ့ရတာျဖစ္တယ္လုိ ့ဆရာ၀န္ေတြကို အျပစ္တင္လ်က္ရွိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အသုဘလာတဲ့သူတွေဟာ ကွန်ကရစ်အုတ်ဂူကို ကမန်းကတန်း ဖြိုဖျက်ပြီး အခေါင်းထဲက သေဆုံးပြီးသား ဆယ်ကျော်သက်ကို ပြန်လည်ကယ်ဆယ်ခဲ့ရပါတယ်။

သေဆုံးသူ Ms Perez ဟာ ကိုယ်ဝန်သုံးလရှိနေပြီး Honduras နိုင်ငံအနောက်ပိုင်း၊ La Entrada က သူမရဲ့ နေအိမ်မှာ ညတစ်ရေးနိုး အိမ်အပြင်က အိမ်သာကို သွားဖို့လုပ်နေချိန်မှာ သတိပြန်မလည်လာ တော့တာဖြစ်တယ်လို့ဆိုပါတယ်။

သူမဟာ သေနတ်ပစ်သံကို ကြားလိုက်ရပြီး ကြောက်စိတ်မွှန်ကာ မေ့လဲခဲ့တာဖြစ်တယ်လို့ယူဆရပါတယ်။ သူမရဲ့ ပါးစပ်က အမြှပ်တွေထွက်နေတာကို မြင်လိုက်ရတဲ့ မိဘတွေဟာ သရဲပူးကပ်တယ်ထင်ပြီး ဒေသခံဘုန်းကြီးကို ပင့်ဆောင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ မကောင်းဆိုးဝါးနှှင်ဖို့ကြိုးစားခဲ့ပေမယ့် Ms.Perez ဟာ မကြာခင်မှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူမကို ဆေးရုံကို ပို့ဆောင်လိုက်ပြီး သုံးနာရီအကြာမှာ ဆရာဝန်တွေက သူမ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ms.Perez ကို သူမ မင်္ဂလာဆောင်တုန်းက ဝတ်ခဲ့တဲ့ သတို့သမီးဝတ်စုံနဲ့ပဲ မြေမြှပ်သဂြိ ၤုလ် ပေးခဲ့တာဖြစ်ပါတယ်။ သူမဈာပနအပြီး တစ်ရက်အကြာမှာ ခင်ပွန်းဖြစ်သူ Rudy Gonzales က သူမရဲ့ အုတ်ဂူကို သွားရောက် နေတုန်း ကွန်ကရစ်အုတ်ဂူထဲကနေ ထုရိုက်သံတွေနဲ့ညည်းသံတွေကို ကြားခဲ့ရတယ်လို့ဆိုပါတယ်။

သွေးပျက်စရာဗီဒီယိုမှာ ပူဆွေးဝမ်းနည်းနေတဲ့ မိသားစုဝင်တွေဟာ သေဆုံးသွားတဲ့ အသက် ၁၆ နှစ်အရွယ် Neyis Perez ရဲ့ အုတ်ဂူကိုဖြိုဖျက်ပြီး သစ်သားခေါင်းတလားကို ချိုးဖွင့်နေတာကို တွေ့မြင်ရမှာပါ။

မိသားစုဝင်တွေဟာ Neyis Perez ရဲ့ခေါင်းတလားအပေါ်ကမှန်ချပ်ဟာ ကွဲနေပြီး သူမရဲ့လက်ခေါင်းထိပ်တွေကို သွေးသံရဲရဲနဲ့တွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်။

Ms Perez ကို ခေါင်းတလားထဲထည့်လျက် အနီးဆုံးဆေးရုံကို ထရပ်ကားနဲ့သယ်ဆောင်သွားခဲ့ကြပြီး ဆရာဝန်တွေက အသက်ရှင်အောင်ပြန်လည်ကြိုးစားပေးခဲ့ပေမယ့် အသက်ရှင်တဲ့လက္ခဏာမရှိတော့ဘဲ အဆိုပါဂူဗိမာန်မှာပဲ ပြန်လည်မြှပ်နှံခဲ့ရတယ်လို့ဆိုပါတယ်။

Ms.Perez ဟာ ခေါင်းတလားထဲမှာ ပြန်လည်နိုးထခဲ့ပြီး လွတ်မြောက်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ရတယ်လို့မိသားစုဝင်တွေက ယုံကြည်နေကြပါတယ်။ Perez ရဲ့ မိခင်ဖြစ်သူ Maria Gutierrez ဟာ ဆရာဝန်တွေဟာ သမီးလေးရဲ့ သေစာရင်းကို လက်မှတ်ထိုးပေး ခဲ့တာ အရမ်းမြန်ဆန်လွန်းပြီး သူမသမီးလေးဟာ အရှင်လတ်လတ်ဂူသွင်းခံခဲ့ရတာဖြစ်တယ်လို့ဆရာဝန်တွေကို အပြစ်တင်လျက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top