ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လင္းေခးခရိုင္ ၊ မိုးနဲၿမိဳ႕နယ္ နားခံေက်းရြာအုပ္စု ၊ ဝမ္ေယးေက်းရြာ ကန္မလန္းဆည္အေစာင့္ ဦးေအာင္ထြန္း၏ ဇနီးျဖစ္သူ ေဒၚေဌးႏြယ္အား သတ္ၿပီး၄င္းဆည္၏အေရွ႕ဘက္ တစ္မိုင္ခန္႔အကြာေရေခ်ာင္းေျခာက္အတြင္း ပစ္ထားခဲ႔သူ မ်ဳိးမင္းစိုး အား ေအာက္တိုဘာ ၁၂ ရက္ နံနက္ ၇ နာရီအခ်ိန္ခန္႔က ဖမ္းမိခဲ႔ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၈ ရက္ေန႔က နားခံေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေအာင္ကိုကို ကဖုန္းျဖင့္ လူေသအေလာင္းတစ္ေလာင္းေတြ႔ရွိထားေၾကာင္း ၿမိဳ႕မရဲစခန္းသို႔ သတင္းေပးပို႔ခဲ႔သျဖင့္ စခန္းမွဴးဒုရဲမွဴးျမင့္ႏိုင္ ႏွင့္ တပ္ဖြဲ႔ဝင္ မ်ားက သြားေရာက္စစ္ေဆးခဲ႔ရာ ေသဆံုးသူေနာက္ေက်ာဘက္တြင္ ထိုးသြင္းဒဏ္ရာႏွစ္ခ်က္ ျဖင့္ ေသဆံုးေနၿပီး ေသဆံုးသူသည္ ကန္မလန္းဆည္အေစာင့္ ဦးေအာင္ထြန္း၏ ဇနီးေဒၚေဌးႏြယ္ ျဖစ္ေနေၾကာင္း စစ္ေဆးေပၚေပါက္ခဲ႔သည္။

အမႈႏွင့္ပတ္သက္၍ ဆည္ေစာင့္ ဦးေအာင္ထြန္း၏ ေနအိမ္သို႔ ဝင္ထြက္သြားလာသူ နမ္႔စန္ၿမိဳ႕နယ္ ဟိုက္ဖတ္ေက်းရြာေနသူ မ်ဳိမင္းစိုး (၂၀)ႏွစ္ ဆိုသူအား စစ္ေဆးခဲ႔ရာ ေအာက္တိုဘာ ၅ ရက္ေန႔ မြန္းလြဲပိုင္းအခ်ိန္က ေသဆံုးသူ ေဒၚေဌးႏြယ္ႏွင့္ တရားခံ မ်ဳိးမင္းစိုးတို႔ႏွစ္ဦးမွာ ဖုန္းေပ်ာက္ဆံုးသည့္ကိစၥႏွင့္ ပတ္သက္၍ စကားမ်ားၾကရာမွ ရုတ္တရက္ေဒါသအေလွ်ာက္ အသင့္ပါလာေသာ အရိုး အသြား ၁၃ လက္မရွိဓားျဖင့္ ေဒၚေဌးႏြယ္၏ ေနာက္ေက်ာသို႔ႏွစ္ခ်က္ထိုးသြင္းၿပီး ကန္မလန္းဆည္၏ အေရွ႕ဘက္တစ္မိုင္ခန္႔အကြာရွိ ေရေခ်ာင္းေျခာက္ထဲသို႔ ပစ္ထားခဲ႔ေၾကာင္းဝန္ခံသျဖင့္ တရားခံမ်ဳိးမင္းစိုး အား မိုးနဲၿမိဳ႕ ၿမိဳ႕မရဲစခန္း၏ (ပ)၁၅/၂၀၁၇ ၊ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ စခန္းမွဴး ဒုရဲမွဴးျမင့္ႏိုင္ က ဆက္လက္စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

M.N.S / Ko Pyan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ၊ ဝမ်ယေးကျေးရွာ ကန်မလန်းဆည်အစောင့် ဦးအောင်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်ဌေးနွယ်အား သတ်ပြီး၎င်းဆည်၏အရှေ့ဘက် တစ်မိုင်ခန့်အကွာရေချောင်းခြောက်အတွင်း ပစ်ထားခဲ့သူ မျိုးမင်းစိုး အား အောက်တိုဘာ ၁၂ ရက် နံနက် ၇ နာရီအချိန်ခန့်က ဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက်နေ့က နားခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ကိုကို ကဖုန်းဖြင့် လူသေအလောင်းတစ်လောင်းတွေ့ရှိထားကြောင်း မြို့မရဲစခန်းသို့ သတင်းပေးပို့ခဲ့သဖြင့် စခန်းမှူးဒုရဲမှူးမြင့်နိုင် နှင့် တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူနောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက် ဖြင့် သေဆုံးနေပြီး သေဆုံးသူသည် ကန်မလန်းဆည်အစောင့် ဦးအောင်ထွန်း၏ ဇနီးဒေါ်ဌေးနွယ် ဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ဆည်စောင့် ဦးအောင်ထွန်း၏ နေအိမ်သို့ ဝင်ထွက်သွားလာသူ နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာနေသူ မျိုမင်းစိုး (၂၀)နှစ် ဆိုသူအား စစ်ဆေးခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သေဆုံးသူ ဒေါ်ဌေးနွယ်နှင့် တရားခံ မျိုးမင်းစိုးတို့နှစ်ဦးမှာ ဖုန်းပျောက်ဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ စကားများကြရာမှ ရုတ်တရက်ဒေါသအလျှောက် အသင့်ပါလာသော အရိုး အသွား ၁၃ လက်မရှိဓားဖြင့် ဒေါ်ဌေးနွယ်၏ နောက်ကျောသို့နှစ်ချက်ထိုးသွင်းပြီး ကန်မလန်းဆည်၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာရှိ ရေချောင်းခြောက်ထဲသို့ ပစ်ထားခဲ့ကြောင်းဝန်ခံသဖြင့် တရားခံမျိုးမင်းစိုး အား မိုးနဲမြို့ မြို့မရဲစခန်း၏ (ပ)၁၅/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စခန်းမှူး ဒုရဲမှူးမြင့်နိုင် က ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

M.N.S / Ko Pyan

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top