Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေမၿငိမ္းခ်မ္းအမ်ိဳးသမီး အဖြဲ႕က ဦးစီးက်င္းပေသာ ၿငိမ္း ခ်မ္းေရး စာေပေဟာေျပာပြဲကို သထံုၿမိဳ႕နယ္ သုဝဏၰဝတီၿမိဳ႕ သိမ္ဆိပ္အထက္တန္းေက်ာင္း ေဘာ လံုးကြင္းတြင္ က်င္းပသည္။

ေအာက္တိုဘာ ၂၇ ႏွင့္ ၂၈ ရက္ ညတြင္ ျပဳလုပ္ၿပီး သုဝဏၰဝတီၿမိဳ႕ ေစတနာအခမဲ့ လူမႈကူညီ ေရးအသင္းႏွင့္ ေမတၱာေရာင္စဥ္ လူငယ္ပရဟိတအသင္းတုိ႔ ပူး ေပါင္းကူညီမႈျဖင့္ ေမၿငိမ္းခ်မ္း အမ်ိဳးသမီးအဖြဲ႕က ဦးစီးက်င္းပ ျခင္းျဖစ္သည္။

 ၿငိမ္းခ်မ္းေရးႏွင့္ဆိုင္သည့္ အေၾကာင္းအရာ၊ အခ်က္အ လက္မ်ားကို ေဒသခံျပည္သူမ်ား သိရွိလာၿပီး ၿငိမ္းခ်မ္းေရးျဖစ္စဥ္ မ်ားတြင္ ပူးေပါင္းေဆာင္ရြက္လာ ႏိုင္ေရး ၿငိမ္းခ်မ္းေရး စာေပေဟာ ေျပာပြဲကို ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ေမၿငိမ္းခ်မ္း အမ်ိဳးသမီးအဖြဲ႕ ဥကၠ႒ ေဒၚေဗဒါရီက ေျပာသည္။

အဆုိပါ စာေပေဟာေျပာပြဲ တြင္ စာေရးဆရာ ခ်စ္ဦးညိဳ၊ ဦးဘုန္း (ဓာတု)၊ ေမာင္စိန္ဝင္း (ပုတီးကုန္း)၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေမတၱာတုိ႔ ေဟာေျပာခဲ့သည္။

 ေမတၱာေရာင္စဥ္ လူငယ္ ပရဟိတအသင္းမွ မခ်ိဳသဲက ‘‘ဒီ ေန႔သြားေနတဲ့ ၿငိမ္းခ်မ္းေရးျဖစ္ စဥ္ေတြမွာ အားလံုးပူးေပါင္းပါဝင္ ဖို႔လိုပါတယ္။ အမ်ိဳးသမီးေတြ လည္း အပါအဝင္ေပါ့ေနာ္။ အခု လို စာေပပညာရွင္ေတြရဲ႕ ေဟာ ေျပာခ်က္ေတြကို ေလ့လာမွတ္ သားၿပီး ကိုယ့္ရဲ႕ ကိုယ္ပိုင္ဉာဏ္ နဲ႔ ေပါင္းစပ္လိုက္ရင္ အတိုင္း အတာတစ္ခုအထိေတာ့ အေတြး အေခၚေတြျမင့္မားလာေစမွာပါ’’ ဟု ေျပာသည္။

 ေမၿငိမ္းခ်မ္းအမ်ိဳးသမီးအ ဖြဲ႕သည္ ၿငိမ္းခ်မ္းေရး စာေပေဟာ ေျပာပြဲကို သုဝဏၰဝတီၿမိဳ႕တြင္ ဒုတိယအႀကိမ္ ျပဳလုပ္ျခင္းျဖစ္ၿပီး ၂၀၁၆ က ၂၁ ရာစု ပင္လံုညီလာခံ ကို ႀကိဳဆိုေထာက္ခံေသာ စာေပ ေဟာေျပာပြဲ ျပဳလုပ္ခဲ့ေၾကာင္း ေဒၚေဗဒါရီက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 မေငြိမ်းချမ်းအမျိုးသမီး အဖွဲ့က ဦးစီးကျင်းပသော ငြိမ်း ချမ်းရေး စာပေဟောပြောပွဲကို သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်အထက်တန်းကျောင်း ဘော လုံးကွင်းတွင် ကျင်းပသည်။

အောက်တိုဘာ ၂၇ နှင့် ၂၈ ရက် ညတွင် ပြုလုပ်ပြီး သုဝဏ္ဏဝတီမြို့ စေတနာအခမဲ့ လူမှုကူညီ ရေးအသင်းနှင့် မေတ္တာရောင်စဉ် လူငယ်ပရဟိတအသင်းတို့ ပူး ပေါင်းကူညီမှုဖြင့် မေငြိမ်းချမ်း အမျိုးသမီးအဖွဲ့က ဦးစီးကျင်းပ ခြင်းဖြစ်သည်။

 ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် အကြောင်းအရာ၊ အချက်အ လက်များကို ဒေသခံပြည်သူများ သိရှိလာပြီး ငြိမ်းချမ်းရေးဖြစ်စဉ် များတွင် ပူးပေါင်းဆောင်ရွက်လာ နိုင်ရေး ငြိမ်းချမ်းရေး စာပေဟော ပြောပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း မေငြိမ်းချမ်း အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဗေဒါရီက ပြောသည်။

အဆိုပါ စာပေဟောပြောပွဲ တွင် စာရေးဆရာ ချစ်ဦးညို၊ ဦးဘုန်း (ဓာတု)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ရုပ်ရှင်သရုပ်ဆောင် မေတ္တာတို့ ဟောပြောခဲ့သည်။

 မေတ္တာရောင်စဉ် လူငယ် ပရဟိတအသင်းမှ မချိုသဲက ‘‘ဒီ နေ့သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တွေမှာ အားလုံးပူးပေါင်းပါဝင် ဖို့လိုပါတယ်။ အမျိုးသမီးတွေ လည်း အပါအဝင်ပေါ့နော်။ အခု လို စာပေပညာရှင်တွေရဲ့ ဟော ပြောချက်တွေကို လေ့လာမှတ် သားပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ် နဲ့ ပေါင်းစပ်လိုက်ရင် အတိုင်း အတာတစ်ခုအထိတော့ အတွေး အခေါ်တွေမြင့်မားလာစေမှာပါ’’ ဟု ပြောသည်။

 မေငြိမ်းချမ်းအမျိုးသမီးအ ဖွဲ့သည် ငြိမ်းချမ်းရေး စာပေဟော ပြောပွဲကို သုဝဏ္ဏဝတီမြို့တွင် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၆ က ၂၁ ရာစု ပင်လုံညီလာခံ ကို ကြိုဆိုထောက်ခံသော စာပေ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း ဒေါ်ဗေဒါရီက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top