Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

 ေ႐ွးကလူႀကီးမ်ားသည္ ထမင္းစားၿပီး ေရမခ်ိဳးရ၊ ခ်ိဳးလွ်င္ ေရဖ်ဥ္းစြဲတတ္သည္ဟု ေျပာေလ့ရွိၾကသည္။ ေရဖ်ဥ္းဆိုသည္မွာ ဝမ္းဗိုက္ႀကီး ေဖာင္းလာၿပီး ကိုယ္ဝန္ေဆာင္သည္ကဲ့သို႔ စူထြက္လာျခင္း ျဖစ္သည္။

အသည္းေျခာက္ေရာဂါသည္ မ်ားသည္လည္း ေရဖ်ဥ္းစြဲေရာဂါ ျဖစ္ေလ့ရွိသည္။ ဝမ္းဗိုက္ အေရျပားကို ေဖာက္ၿပီး ပိုက္ျဖင့္စုပ္ယူလွ်င္ အရည္မ်ားထြက္ က်လာေလ့ရွိသည္။ အရက္သမားမ်ားတြင္ ႏွစ္ရွည္ၾကာေသာ အခါ ေရဖ်ဥ္းစြဲလာတတ္သည္။

႐ိုးရာေဆးပညာ အျမင္အရ ထမင္းစားၿပီး ေရခ်ိဳးလွ်င္ ေရဖ်ဥ္းစြဲတတ္သည္ဆိုျခင္းမွာ မမွန္ကန္ပါ။ သို႔ေသာ္ မျပဳလုပ္သင့္ေသာ အေလ့ျဖစ္သည္။ အစာမေၾက ေရာဂါရႏိုင္သည္။ ဝမ္းမီးေခၚ သက္ေစာင့္ဓာတ္မီးသည္ အစာေခ်ခ်က္ရန္ အားယူေနခ်ိန္တြင္ ေရေလာင္းခ်သျဖင့္ အားပ်က္သြားၿပီး ဝမ္းမီးၿငိမ္းသြားႏုိင္သည္။ ထို႔ေၾကာင့္ ထမင္း (သို႔မဟုတ္) အစားအေသာက္ အဝစားၿပီးခ်ိန္တြင္ ေရခ်ိဳးျခင္းမွာမသင့္ ေပ။

စာေရးသူငယ္စဥ္က ေပါင္မုန္႔ဖိုတြင္အလုပ္လုပ္ေသာ လူဝႀကီးတစ္ဦးကို ေတြ႕ဖူးသည္။ သူသည္ ပူေသာမီးဖိုအနီးတြင္ အလုပ္လုပ္ရသျဖင့္ အၿမဲအက်ႌခြၽတ္ၿပီး ေနသည္။ အစားကို လည္း အဝအၿပဲစားေလ့႐ိွသူျဖစ္သည္။ ေရကို တစ္ေန႔ငါးႀကိမ္ ခ်ိဳးသည္ဟုဆုိသည္။ ထမင္းမစားမီ ေရခ်ိဳးသည္။ ထမင္းစား ၿပီးေနာက္တြင္လည္း ေရခ်ိဳးေလ့ရွိသည္။ သူသည္ ေရဖ်ဥ္းစြဲ ေရာဂါမျဖစ္ေသာ္လည္း မၾကာေသးေသာ အခ်ိန္က ၾကားသိ ရသည္မွာ ေနပူခ်ိန္တြင္ ထမင္းစားၿပီးေနာက္ ေရခ်ိဳးၿပီး မူးလဲက်သြားသည္။ ေဆး႐ံုတြင္ ဦးေႏွာက္ေသြးေၾကာေပါက္ ေရာဂါျဖင့္ ေသဆံုးသြားသည္ဟု သိရသည္။

ထမင္းအဝစားၿပီးလွ်င္ အစာအိမ္မွ ဝမ္းမီးေတာက္သျဖင့္ ခႏၶာကိုယ္တြင္ ပူေလာင္လာေလ့႐ိွသည္။ ေရငတ္လာေလ့ရိွ သည္။ အပူအထက္ျပန္ေသာအခါ ေခြၽးမ်ားထြက္လာေလ့ ရွိသည္။ ထိုအခ်ိန္တြင္ ေရခ်ဳိးျခင္းေၾကာင့္ ျပာပူထဲသို႔ ေရေအးေလာင္းခ်လွ်င္ ဝုန္းခနဲအထက္သို႔ ျပာပူမ်ားကန္ တက္လာသကဲ့သို႔ ေသြးေၾကာမ်ားမွတစ္ဆင့္ အပူေငြ႕သည္ ဦးေႏွာက္ထဲေရာက္သည္ထိ တြန္းကန္တက္ၿပီး ဦးေႏွာက္ ေသြးေၾကာေပါက္ရျခင္း ျဖစ္သည္။

ေ႐ွးက လူႀကီးမ်ားသည္ ႐ိုးရာအယူအဆမ်ားတြင္ ေဆးပညာအယူအဆမ်ား၊ အေတြးအေခၚမ်ားထည့္သြင္း ထားေလ့ရွိသည္။ ဥပမာအားျဖင့္ သားသည္အေမ (ႏုိ႔တုိက္ မိခင္)မ်ားကို ေရမခ်ိဳးခင္ ကေလးကိုႏုိ႔အဝတိုက္ရမည္။ ေရခ်ိဳးၿပီးလွ်င္ ကေလးကို ႏုိ႔မတုိက္ရဟု ေျပာေလ့ရိွၾကသည္္။ ထုိအယူအဆမွာ မွန္ကန္သည္။ ေရမခ်ိဳးမီ ခႏၶာကိုယ္ေငြ႕ အပူအားေကာင္းေနသျဖင့္ ႏုိ႔ေၾကာင္းပြင့္သည္။ ႏုိ႔ရႊင္သည္။ ကေလး ႏုိ႔စုိ႔ရာတြင္ ႏုိ႔ထြက္အားေကာင္းသည္။ ေရခ်ိဳးၿပီးေသာ အခါ ခႏၶာကိုယ္မွ အပူေငြ႕မ်ား ထြက္သြားသည္။ အပူၿငိမ္းၿပီး အသားအေရ ေအးသြားေသာေၾကာင့္ ႏုိ႔ထြက္အားမေကာင္း ျဖစ္ကာ အေအးဓာတ္ေၾကာင့္ ႏုိ႔မရႊင္ ျဖစ္ရသည္။ ကေလး ႏို႔စုိ႔လွ်င္ ႏုိ႔ေကာင္းစြာမလုိက္ေပ။ ထို႔ေၾကာင့္ ေရခ်ိဳးၿပီးလွ်င္ ႏုိ႔မတိုက္ရဟု ေျပာၾကျခင္းျဖစ္သည္။

စာေရးသူေက်ာင္းသားဘဝက အင္းလ်ားကန္တြင္ ေရနစ္ေသဆံုးသူ သူငယ္ခ်င္းတစ္ဦး ရွိခဲ့ဖူးသည္။ ထုိသူ သ ည္ ေလွေလွာ္ရြက္တုိက္အသင္းတြင္ပါဝင္ၿပီး ခါတိုင္းလည္း ေရကူးေနက်ျဖစ္ပါလ်က္ ထုိေန႔က ေန႔လယ္စာထမင္းအဝ စားၿပီး ပူသည္၊ အိုက္သည္ဆိုကာ ေရဆင္းကူးရာမွ ႐ုတ္တရက္ ၾ<ြကက္တက္ၿပီး ေရနစ္ရျခင္းျဖစ္သည္။ ထမင္းစားၿပီး ေရကူးလွ်င္ ဝမ္းဗိုက္မွၾ<ြကက္သားမ်ား ၾ<ြကက္တက္တတ္သည္ ဟု အဆိုရွိသည္။ သတိျပဳၾကဖို႔လုိသည္။ ေရခ်ိဳးခန္းတြင္ ၾ<ြကက္တက္လွ်င္ ဘာမွမျဖစ္ေသာ္လည္း ေရကူးရင္းၾ<ြကက္ တက္လွ်င္ ေရနစ္ေသဆံုးႏုိင္သည္။

ေယာအတြင္းဝန္ဦးဘုိးလႈိင္၏ ဥတုေဘာဇနသဂၤဟက်မ္း လာ အသက္ရွည္ရာအက်င့္ကို ျပျခင္းက႑တြင္ ေဖာ္ျပထား သည္မွာ -

အစာမေၾကေစမႈ။ ထမင္းစား၍ ၿပီးစေသာသူသည္ အလြန္အိပ္ျခင္း၊ အလြန္ထုိင္ျခင္းကို မျပဳရာ။ ေနပူ၊ မီးပူ မခံရာ။ ေရမကူးရာ (ေရခ်ိဳးျခင္းသည္လည္း အတူတူပင္)၊ ခရီးျပင္းထန္ စြာမသြားရာ။ ဆင္၊ ျမင္း၊ လွည္း၊ ရထားတို႔ကို မစီးရာ။ သိုင္း႐ိုက္ျခင္း၊ အပင္ပန္းခံျခင္း၊ ေမထံုမီွဝဲျခင္း၊ ေျပး ျခင္း၊ စစ္ထိုးျခင္း၊ သီခ်င္းဆိုျခင္း၊ စာဖတ္ျခင္းတုိ႔ကို မျပဳရာ ဟု ေဖာ္ျပထားသည္ကို ဖတ္႐ႈရပါသည္။

ထမင္းစားၿပီး ေရခ်ိဳးျခင္း၊ ေရကူးျခင္းအမႈကို မျပဳရန္ ေ႐ွးေဟာင္းေဆးပညာက်မ္းျဖစ္သည့္ ႐ႈေတာ္မူေဆး အဘိဓာန္တြင္လည္း အလားတူေဖာ္ျပထားသည္ကို ေတြ႕ရ ပါသည္။

ျမန္မာေရွးထံုးစကားမ်ား၊ လူႀကီးသူမစကားမ်ားသည္ အေျခအျမစ္မရွိဘဲ ေျပာေသာစကားမ်ား မဟုတ္ေပ။ စေလာင္းဖံုးႏွစ္ခ်ပ္တီးလွ်င္ က်ားႀကီးကိုက္လိမ့္မည္ဟူ ေသာစကားသည္ ေျမအိုး၊ ေျမခြက္ သံုးေသာေခတ္တြင္ ဆိုဆံုးမခဲ့ေသာ စကားျဖစ္သည္။ တစ္ခါတစ္ရံ ကေလး သူငယ္မ်ားကို ေျခာက္လံုး၊ လွန္႔လံုးကေလးမ်ားထည့္ၿပီး ဆံုးမျခင္း၊ မလုပ္ေအာင္တားျမစ္ျခင္း သေဘာျဖစ္ပါသည္။ ထုိ႔အတူပင္ 'ထမင္းစားၿပီး ေရခ်ိဳးလွ်င္ ေရဖ်ဥ္းစြဲတတ္သည္' ဆိုေသာ ေ႐ွးထံုးစကားမွာလည္း အစာမေၾကျဖစ္တတ္၍ ေျခာက္လွန္႔တားျမစ္ထားေသာ စကားပင္ျဖစ္သည္ဟု မွတ္ယူေနရေလသည္။

ေရမခ်ိဳးသင့္ေသာအခ်ိန္မ်ားမွာ-
(၁) အလြန္ေအးေသာဥတုအခ်ိန္
(၂) အလြန္ပူေသာဥတုအခ်ိန္
(၃) ေနမြန္းလြဲအခ်ိန္
(၄) ညသန္းေခါင္အခ်ိန္
(၅) အဖ်ားေရာဂါ႐ိွေနေသာအခ်ိန္
(၆) ထမင္းစားၿပီးစအခ်ိန္

အထက္ပါ အခ်ိန္မ်ားတြင္ ေရခ်ိဳးရန္မသင့္ပါ။ အပူငုပ္ျခင္း၊ အပူလွ်ပ္ျခင္း၊ ဝမ္းမီးပ်က္ျခင္း၊ အစာမေၾကျခင္း၊ အေၾကာတက္ျခင္း၊ ၾကြက္တက္ျခင္း၊ အဆစ္အမ်က္ကိုက္ျခင္း စသည့္ ေဝဒနာမ်ား ျဖစ္ႏုိင္ေၾကာင္း တင္ျပလုိက္ရေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၾကည္လြင္ျမင့္(ကုမုျဒာ)

# Unicode Version ျဖင့္ ဖတ္ပါ #
 ရှေးကလူကြီးများသည် ထမင်းစားပြီး ရေမချိုးရ၊ ချိုးလျှင် ရေဖျဉ်းစွဲတတ်သည်ဟု ပြောလေ့ရှိကြသည်။ ရေဖျဉ်းဆိုသည်မှာ ဝမ်းဗိုက်ကြီး ဖောင်းလာပြီး ကိုယ်ဝန်ဆောင်သည်ကဲ့သို့ စူထွက်လာခြင်း ဖြစ်သည်။

အသည်းခြောက်ရောဂါသည် များသည်လည်း ရေဖျဉ်းစွဲရောဂါ ဖြစ်လေ့ရှိသည်။ ဝမ်းဗိုက် အရေပြားကို ဖောက်ပြီး ပိုက်ဖြင့်စုပ်ယူလျှင် အရည်များထွက် ကျလာလေ့ရှိသည်။ အရက်သမားများတွင် နှစ်ရှည်ကြာသော အခါ ရေဖျဉ်းစွဲလာတတ်သည်။

ရိုးရာဆေးပညာ အမြင်အရ ထမင်းစားပြီး ရေချိုးလျှင် ရေဖျဉ်းစွဲတတ်သည်ဆိုခြင်းမှာ မမှန်ကန်ပါ။ သို့သော် မပြုလုပ်သင့်သော အလေ့ဖြစ်သည်။ အစာမကြေ ရောဂါရနိုင်သည်။ ဝမ်းမီးခေါ် သက်စောင့်ဓာတ်မီးသည် အစာချေချက်ရန် အားယူနေချိန်တွင် ရေလောင်းချသဖြင့် အားပျက်သွားပြီး ဝမ်းမီးငြိမ်းသွားနိုင်သည်။ ထို့ကြောင့် ထမင်း (သို့မဟုတ်) အစားအသောက် အဝစားပြီးချိန်တွင် ရေချိုးခြင်းမှာမသင့် ပေ။

စာရေးသူငယ်စဉ်က ပေါင်မုန့်ဖိုတွင်အလုပ်လုပ်သော လူဝကြီးတစ်ဦးကို တွေ့ဖူးသည်။ သူသည် ပူသောမီးဖိုအနီးတွင် အလုပ်လုပ်ရသဖြင့် အမြဲအကျႌချွတ်ပြီး နေသည်။ အစားကို လည်း အဝအပြဲစားလေ့ရှိသူဖြစ်သည်။ ရေကို တစ်နေ့ငါးကြိမ် ချိုးသည်ဟုဆိုသည်။ ထမင်းမစားမီ ရေချိုးသည်။ ထမင်းစား ပြီးနောက်တွင်လည်း ရေချိုးလေ့ရှိသည်။ သူသည် ရေဖျဉ်းစွဲ ရောဂါမဖြစ်သော်လည်း မကြာသေးသော အချိန်က ကြားသိ ရသည်မှာ နေပူချိန်တွင် ထမင်းစားပြီးနောက် ရေချိုးပြီး မူးလဲကျသွားသည်။ ဆေးရုံတွင် ဦးနှောက်သွေးကြောပေါက် ရောဂါဖြင့် သေဆုံးသွားသည်ဟု သိရသည်။

ထမင်းအဝစားပြီးလျှင် အစာအိမ်မှ ဝမ်းမီးတောက်သဖြင့် ခန္ဓာကိုယ်တွင် ပူလောင်လာလေ့ရှိသည်။ ရေငတ်လာလေ့ရှိ သည်။ အပူအထက်ပြန်သောအခါ ချွေးများထွက်လာလေ့ ရှိသည်။ ထိုအချိန်တွင် ရေချိုးခြင်းကြောင့် ပြာပူထဲသို့ ရေအေးလောင်းချလျှင် ဝုန်းခနဲအထက်သို့ ပြာပူများကန် တက်လာသကဲ့သို့ သွေးကြောများမှတစ်ဆင့် အပူငွေ့သည် ဦးနှောက်ထဲရောက်သည်ထိ တွန်းကန်တက်ပြီး ဦးနှောက် သွေးကြောပေါက်ရခြင်း ဖြစ်သည်။

ရှေးက လူကြီးများသည် ရိုးရာအယူအဆများတွင် ဆေးပညာအယူအဆများ၊ အတွေးအခေါ်များထည့်သွင်း ထားလေ့ရှိသည်။ ဥပမာအားဖြင့် သားသည်အမေ (နို့တိုက် မိခင်)များကို ရေမချိုးခင် ကလေးကိုနို့အဝတိုက်ရမည်။ ရေချိုးပြီးလျှင် ကလေးကို နို့မတိုက်ရဟု ပြောလေ့ရှိကြသည်။ ထိုအယူအဆမှာ မှန်ကန်သည်။ ရေမချိုးမီ ခန္ဓာကိုယ်ငွေ့ အပူအားကောင်းနေသဖြင့် နို့ကြောင်းပွင့်သည်။ နို့ရွှင်သည်။ ကလေး နို့စို့ရာတွင် နို့ထွက်အားကောင်းသည်။ ရေချိုးပြီးသော အခါ ခန္ဓာကိုယ်မှ အပူငွေ့များ ထွက်သွားသည်။ အပူငြိမ်းပြီး အသားအရေ အေးသွားသောကြောင့် နို့ထွက်အားမကောင်း ဖြစ်ကာ အအေးဓာတ်ကြောင့် နို့မရွှင် ဖြစ်ရသည်။ ကလေး နို့စို့လျှင် နို့ကောင်းစွာမလိုက်ပေ။ ထို့ကြောင့် ရေချိုးပြီးလျှင် နို့မတိုက်ရဟု ပြောကြခြင်းဖြစ်သည်။

စာရေးသူကျောင်းသားဘဝက အင်းလျားကန်တွင် ရေနစ်သေဆုံးသူ သူငယ်ချင်းတစ်ဦး ရှိခဲ့ဖူးသည်။ ထိုသူ သ ည် လှေလှော်ရွက်တိုက်အသင်းတွင်ပါဝင်ပြီး ခါတိုင်းလည်း ရေကူးနေကျဖြစ်ပါလျက် ထိုနေ့က နေ့လယ်စာထမင်းအဝ စားပြီး ပူသည်၊ အိုက်သည်ဆိုကာ ရေဆင်းကူးရာမှ ရုတ်တရက် ြ<ွကက်တက်ပြီး ရေနစ်ရခြင်းဖြစ်သည်။ ထမင်းစားပြီး ရေကူးလျှင် ဝမ်းဗိုက်မြှ<ွကက်သားများ ြ<ွကက်တက်တတ်သည် ဟု အဆိုရှိသည်။ သတိပြုကြဖို့လိုသည်။ ရေချိုးခန်းတွင် ြ<ွကက်တက်လျှင် ဘာမှမဖြစ်သော်လည်း ရေကူးရင်းြ<ွကက် တက်လျှင် ရေနစ်သေဆုံးနိုင်သည်။

ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်း လာ အသက်ရှည်ရာအကျင့်ကို ပြခြင်းကဏ္ဍတွင် ဖော်ပြထား သည်မှာ -

အစာမကြေစေမှု။ ထမင်းစား၍ ပြီးစသောသူသည် အလွန်အိပ်ခြင်း၊ အလွန်ထိုင်ခြင်းကို မပြုရာ။ နေပူ၊ မီးပူ မခံရာ။ ရေမကူးရာ (ရေချိုးခြင်းသည်လည်း အတူတူပင်)၊ ခရီးပြင်းထန် စွာမသွားရာ။ ဆင်၊ မြင်း၊ လှည်း၊ ရထားတို့ကို မစီးရာ။ သိုင်းရိုက်ခြင်း၊ အပင်ပန်းခံခြင်း၊ မေထုံမှီဝဲခြင်း၊ ပြေး ခြင်း၊ စစ်ထိုးခြင်း၊ သီချင်းဆိုခြင်း၊ စာဖတ်ခြင်းတို့ကို မပြုရာ ဟု ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

ထမင်းစားပြီး ရေချိုးခြင်း၊ ရေကူးခြင်းအမှုကို မပြုရန် ရှေးဟောင်းဆေးပညာကျမ်းဖြစ်သည့် ရှုတော်မူဆေး အဘိဓာန်တွင်လည်း အလားတူဖော်ပြထားသည်ကို တွေ့ရ ပါသည်။

မြန်မာရှေးထုံးစကားများ၊ လူကြီးသူမစကားများသည် အခြေအမြစ်မရှိဘဲ ပြောသောစကားများ မဟုတ်ပေ။ စလောင်းဖုံးနှစ်ချပ်တီးလျှင် ကျားကြီးကိုက်လိမ့်မည်ဟူ သောစကားသည် မြေအိုး၊ မြေခွက် သုံးသောခေတ်တွင် ဆိုဆုံးမခဲ့သော စကားဖြစ်သည်။ တစ်ခါတစ်ရံ ကလေး သူငယ်များကို ခြောက်လုံး၊ လှန့်လုံးကလေးများထည့်ပြီး ဆုံးမခြင်း၊ မလုပ်အောင်တားမြစ်ခြင်း သဘောဖြစ်ပါသည်။ ထို့အတူပင် 'ထမင်းစားပြီး ရေချိုးလျှင် ရေဖျဉ်းစွဲတတ်သည်' ဆိုသော ရှေးထုံးစကားမှာလည်း အစာမကြေဖြစ်တတ်၍ ခြောက်လှန့်တားမြစ်ထားသော စကားပင်ဖြစ်သည်ဟု မှတ်ယူနေရလေသည်။

ရေမချိုးသင့်သောအချိန်များမှာ-
(၁) အလွန်အေးသောဥတုအချိန်
(၂) အလွန်ပူသောဥတုအချိန်
(၃) နေမွန်းလွဲအချိန်
(၄) ညသန်းခေါင်အချိန်
(၅) အဖျားရောဂါရှိနေသောအချိန်
(၆) ထမင်းစားပြီးစအချိန်

အထက်ပါ အချိန်များတွင် ရေချိုးရန်မသင့်ပါ။ အပူငုပ်ခြင်း၊ အပူလျှပ်ခြင်း၊ ဝမ်းမီးပျက်ခြင်း၊ အစာမကြေခြင်း၊ အကြောတက်ခြင်း၊ ကြွက်တက်ခြင်း၊ အဆစ်အမျက်ကိုက်ခြင်း စသည့် ဝေဒနာများ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကြည်လွင်မြင့်(ကုမုဒြာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top