Golden City Promotion
×

ေရခဲမုန္႔ႀကိဳက္တဲ့ ေယာင္းေလးေတြ လက္ညွိဳးေထာင္..

အက္ဒ္မင္ဆိုတာကလည္း အစားအေသာက္ဆို သိပ္ဂဂ်ီဂေဂ်ာင္က်တာရယ္.. ဘယ္ဟာဆိုလည္း မႀကိဳက္ခ်င္၊ ဘယ္ဟာဆိုလည္း မစားခ်င္နဲ႔.. ေနာက္ဆံုး ကိုယ္ႀကိဳက္ပါတယ္ဆိုတဲ့ စားစရာေတြကိုေတာင္မွ တစ္ဆိုင္နဲ႔တစ္ဆိုင္ အရသာမတူေတာ့ ေရြးခ်င္ေသးတာ.. ခု ေရခဲမုန္႔ေတြ ဘာေတြဆိုလည္း အက္ဒ္မင္အႀကိဳက္ထဲ ပါပါတယ္။ ဒါေလးေတြဆို လုပ္ရတာလဲ လြယ္မယ့္ပံုေလးပါပဲ။ ဒါေပမဲ့ ဒီေလာက္လြယ္တဲ့ ေရခဲမုန္႔ေလးေတြေတာင္ တစ္ဆိုင္နဲ႔ တစ္ဆိုင္ အရသာမတူဘူးမဟုတ္လား.. ကိုယ့္အႀကိဳက္သူ႕အႀကိဳက္ေပၚ မူတည္ၿပီး ဘယ္ဆိုင္ကေကာင္းတယ္၊ ဘယ္ဆိုင္ကမေကာင္းဘူးဆိုတာမ်ိဳးေတြ ျဖစ္လာတာပဲမဟုတ္လား.. အဲဒီေတာ့ အက္ဒ္မင္လည္းအဆင္ေျပ၊ အက္ဒ္မင့္လို အစားမက္တဲ့ ေယာင္းေယာင္းတို႔လည္း အဆင္ေျပေအာင္ အိမ္မွာ ေရခဲမုန္႔ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းေလးေတြ ရွာေဖြေပးလိုက္တယ္ေနာ္.. အိမ္မွာကိုယ္တိုင္လုပ္တာဆိုေတာ့ စိတ္တိုင္းက် ၊ စိတ္ခ်လက္ခ်လည္း စားႏိုင္တာေပါ့ ဟုတ္ဘူးလား… ဆိုးေဆးေတြ ဘာေတြလည္း စိတ္ပူစရာမလိုေတာ့ဘူးေပါ့…

    စေတာ္ဘယ္ရီ ေရခဲမုန္႔

စေတာ္ဘယ္ရီသီးေလးေတြကို အညွာေျခြၿပီး ေရခဲေသတၱာထဲမွာတစ္နာရီေလာက္ အေအးခံထားလိုက္ပါ.. ၿပီးရင္ေတာ့ စေတာ္ဘယ္ရီတစ္ဘူးစာအတြက္ ပ်ားရည္ ဒါမွမဟုတ္ ႏို႔ဆီ ကိုယ္ႏွစ္သက္ရာ တစ္ခုခု စားပြဲဇြန္းတစ္ဇြန္းစာနဲ႔ ေရာၿပီး ဘလန္ဒါ (Blender)ထဲ မွာ ႀကိတ္ေပးလိုက္ပါ.. အႏွစ္ေလးေတြရလာၿပီဆိုရင္ေတာ့ ခြက္တစ္ခြက္ထဲ ေလာင္းထည့္ၿပီး ေရခဲေသတၱာထဲ ထည့္ၿပီးခဲထားလိုက္ပါ.. ကဲ.. ဒါဆိုရင္ေတာ့ လတ္လတ္ဆတ္ဆတ္ စေတာ္ဘယ္ရီ ေရခဲမုန္႔ေလးရၿပီေပါ့..

    သရက္သီး ေရခဲမုန္႔

သရက္သီးေလးေတြ ကို အခြံမခြာဘဲနဲ ့အရင္ဆံုး ဓားေလးေတြနဲ ့လွီးခ်ၿပီးေတာ့မွ အတြင္းပိုင္းမွာ အစိတ္ကေလးေတြ ျဖစ္ေအာင္ လွီးေပးပါ… လွီးၿပီးတာနဲ ့ဇြန္းေလး ကိုသံုးျပီး ကေလာ္ထုတ္္ ေပးပါ… အဲ့ဒါဆို ပံုစံမပ်က္ပဲ သရက္သီးလွလွေလးေတြ ရၿပီေပါ့…ဟယ္.. အဲ့ေလာက္ကညာမဆန္ႏုိင္ပါဘူး.. ဒီအတိုင္း သရက္သီးေလးကို ပံုမွန္ အတိုင္း အခြံခြာၿပီးေတာ့ အစိတ္ေလးေတြပဲ စိတ္လိုက္ေတာ့မယ္ ဆိုရင္လည္း အဆင္ေျပပါတယ္… အက္ဒမင္လည္း အဲ့တိုင္းလုပ္တာပဲ ဟီးဟီး လွလွေလးေတြ ႀကိဳက္တတ္တဲ့သူေတြအတြက္ ေျပာျပတာပါေနာ္..

ေရခဲေသတၱာထဲမွာ တစ္ညလံုး ထည့္ခဲထားလိုက္ပါ… ေရခဲေတြ ထည့္ခဲတဲ့အကန္႔ထဲမွာေနာ္… အသီးအရြက္ေတြ အေအးေတြ သိမ္းတဲ့ဘက္ျခမ္းမွာ မွားထည့္မိမွာစိုးလို႔ … ခဲထားတဲ့ သရက္သီးေလးေတြ ရျပီ ဆိုရင္ေတာ့ သရက္သီးေတြရယ္ ၊ ေရ ခြက္တစ္ဝက္ ၊ ပ်ားရည္ ( ပန္းကန္လံုး အေသး တစ္လံုးစာ) ကို ေဖ်ာ္ရည္စက္ထဲမွာ ထည့္ျပီး ေရာသမေမႊေပးပါ… ၿပီးတာ နဲ ့ထည့္စရာတစ္ခုခုထဲ တန္းထည့္ျပီးေတာ့ ေရခဲေသတၱာထဲမွာ ၁ နာရီ ေလာက္ထားလိုက္ရင္ သရက္သီး ေရခဲျခစ္ေလး ရပါၿပီ ေနာ္…ဟယ္.. ေမ့သြားလို႔ ေရေတြဘာေတြက် ပမာဏအတိအက်ေတြေျပာၿပီး သရက္သီးဘယ္ေလာက္ဆိုတာက် မေျပာမိဘူး ဟီးဟီး.. ဒီအခ်ိဳးအစားေလးနဲ႔ဆိုရင္ေတာ့ သရက္သီး အလံုးႀကီးရင္ (၃)လံုး၊ ေသးရင္ (၄)လံုးစာအတြက္ ေရခဲမုန္႔ေလးေတြ လုပ္လို႔ရပါတယ္လို႔..

 ကဲ.. ခုဆိုရင္ေတာ့ ေရခဲမုန္႔လုပ္နည္း ႏွစ္မ်ိဳးသိသြားၿပီဟုတ္.. တျခားအသီးေတြနဲ႔ ေရခဲမုန္႔လုပ္စားခ်င္တယ္ဆိုရင္လည္း ဒီနည္းေလးေတြနဲ႔ စမ္းသပ္ၾကည့္လို႔ရပါတယ္လို႔.. အက္ဒ္မင့္လို ေရခဲမုန္႔သရဲေလးေတြ လတ္ဆတ္တဲ့ သစ္သီးေရခဲမုန္႔ေလးေတြစားၿပီး ေပ်ာ္ရႊင္ႏုိင္ၾကပါေစေနာ္..

ေရခဲမုန္႔လုပ္တဲ့ ဗီဒီယိုေလးေတြကိုလည္း ေအာက္မွာ လင့္ခ္ေပးထားပါတယ္…. စာဖတ္ရင္းနဲ႔ လုပ္တတ္ဘူး၊ နမူနာေလးျမင္လိုက္ရမွ ေက်နပ္တယ္ဆိုတဲ့ ေယာင္းေလးတို႔အတြက္ေပါ့..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akari ( For Her Myanmar )

# Unicode Version #
ရေခဲမုန့်ကြိုက်တဲ့ ယောင်းလေးတွေ လက်ညှိုးထောင်..

အက်ဒ်မင်ဆိုတာကလည်း အစားအသောက်ဆို သိပ်ဂဂျီဂဂျောင်ကျတာရယ်.. ဘယ်ဟာဆိုလည်း မကြိုက်ချင်၊ ဘယ်ဟာဆိုလည်း မစားချင်နဲ့.. နောက်ဆုံး ကိုယ်ကြိုက်ပါတယ်ဆိုတဲ့ စားစရာတွေကိုတောင်မှ တစ်ဆိုင်နဲ့တစ်ဆိုင် အရသာမတူတော့ ရွေးချင်သေးတာ.. ခု ရေခဲမုန့်တွေ ဘာတွေဆိုလည်း အက်ဒ်မင်အကြိုက်ထဲ ပါပါတယ်။ ဒါလေးတွေဆို လုပ်ရတာလဲ လွယ်မယ့်ပုံလေးပါပဲ။ ဒါပေမဲ့ ဒီလောက်လွယ်တဲ့ ရေခဲမုန့်လေးတွေတောင် တစ်ဆိုင်နဲ့ တစ်ဆိုင် အရသာမတူဘူးမဟုတ်လား.. ကိုယ့်အကြိုက်သူ့အကြိုက်ပေါ် မူတည်ပြီး ဘယ်ဆိုင်ကကောင်းတယ်၊ ဘယ်ဆိုင်ကမကောင်းဘူးဆိုတာမျိုးတွေ ဖြစ်လာတာပဲမဟုတ်လား.. အဲဒီတော့ အက်ဒ်မင်လည်းအဆင်ပြေ၊ အက်ဒ်မင့်လို အစားမက်တဲ့ ယောင်းယောင်းတို့လည်း အဆင်ပြေအောင် အိမ်မှာ ရေခဲမုန့်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလေးတွေ ရှာဖွေပေးလိုက်တယ်နော်.. အိမ်မှာကိုယ်တိုင်လုပ်တာဆိုတော့ စိတ်တိုင်းကျ ၊ စိတ်ချလက်ချလည်း စားနိုင်တာပေါ့ ဟုတ်ဘူးလား… ဆိုးဆေးတွေ ဘာတွေလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့…

    စတော်ဘယ်ရီ ရေခဲမုန့်

စတော်ဘယ်ရီသီးလေးတွေကို အညှာခြွေပြီး ရေခဲသေတ္တာထဲမှာတစ်နာရီလောက် အအေးခံထားလိုက်ပါ.. ပြီးရင်တော့ စတော်ဘယ်ရီတစ်ဘူးစာအတွက် ပျားရည် ဒါမှမဟုတ် နို့ဆီ ကိုယ်နှစ်သက်ရာ တစ်ခုခု စားပွဲဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး ဘလန်ဒါ (Blender)ထဲ မှာ ကြိတ်ပေးလိုက်ပါ.. အနှစ်လေးတွေရလာပြီဆိုရင်တော့ ခွက်တစ်ခွက်ထဲ လောင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီးခဲထားလိုက်ပါ.. ကဲ.. ဒါဆိုရင်တော့ လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီ ရေခဲမုန့်လေးရပြီပေါ့..

    သရက်သီး ရေခဲမုန့်

သရက်သီးလေးတွေ ကို အခွံမခွာဘဲနဲ့အရင်ဆုံး ဓားလေးတွေနဲ့လှီးချပြီးတော့မှ အတွင်းပိုင်းမှာ အစိတ်ကလေးတွေ ဖြစ်အောင် လှီးပေးပါ… လှီးပြီးတာနဲ့ဇွန်းလေး ကိုသုံးပြီး ကလော်ထုတ် ပေးပါ… အဲ့ဒါဆို ပုံစံမပျက်ပဲ သရက်သီးလှလှလေးတွေ ရပြီပေါ့…ဟယ်.. အဲ့လောက်ကညာမဆန်နိုင်ပါဘူး.. ဒီအတိုင်း သရက်သီးလေးကို ပုံမှန် အတိုင်း အခွံခွာပြီးတော့ အစိတ်လေးတွေပဲ စိတ်လိုက်တော့မယ် ဆိုရင်လည်း အဆင်ပြေပါတယ်… အက်ဒမင်လည်း အဲ့တိုင်းလုပ်တာပဲ ဟီးဟီး လှလှလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ပြောပြတာပါနော်..

ရေခဲသေတ္တာထဲမှာ တစ်ညလုံး ထည့်ခဲထားလိုက်ပါ… ရေခဲတွေ ထည့်ခဲတဲ့အကန့်ထဲမှာနော်… အသီးအရွက်တွေ အအေးတွေ သိမ်းတဲ့ဘက်ခြမ်းမှာ မှားထည့်မိမှာစိုးလို့ … ခဲထားတဲ့ သရက်သီးလေးတွေ ရပြီ ဆိုရင်တော့ သရက်သီးတွေရယ် ၊ ရေ ခွက်တစ်ဝက် ၊ ပျားရည် ( ပန်းကန်လုံး အသေး တစ်လုံးစာ) ကို ဖျော်ရည်စက်ထဲမှာ ထည့်ပြီး ရောသမမွှေပေးပါ… ပြီးတာ နဲ့ထည့်စရာတစ်ခုခုထဲ တန်းထည့်ပြီးတော့ ရေခဲသေတ္တာထဲမှာ ၁ နာရီ လောက်ထားလိုက်ရင် သရက်သီး ရေခဲခြစ်လေး ရပါပြီ နော်…ဟယ်.. မေ့သွားလို့ ရေတွေဘာတွေကျ ပမာဏအတိအကျတွေပြောပြီး သရက်သီးဘယ်လောက်ဆိုတာကျ မပြောမိဘူး ဟီးဟီး.. ဒီအချိုးအစားလေးနဲ့ဆိုရင်တော့ သရက်သီး အလုံးကြီးရင် (၃)လုံး၊ သေးရင် (၄)လုံးစာအတွက် ရေခဲမုန့်လေးတွေ လုပ်လို့ရပါတယ်လို့..

 ကဲ.. ခုဆိုရင်တော့ ရေခဲမုန့်လုပ်နည်း နှစ်မျိုးသိသွားပြီဟုတ်.. တခြားအသီးတွေနဲ့ ရေခဲမုန့်လုပ်စားချင်တယ်ဆိုရင်လည်း ဒီနည်းလေးတွေနဲ့ စမ်းသပ်ကြည့်လို့ရပါတယ်လို့.. အက်ဒ်မင့်လို ရေခဲမုန့်သရဲလေးတွေ လတ်ဆတ်တဲ့ သစ်သီးရေခဲမုန့်လေးတွေစားပြီး ပျော်ရွှင်နိုင်ကြပါစေနော်..

ရေခဲမုန့်လုပ်တဲ့ ဗီဒီယိုလေးတွေကိုလည်း အောက်မှာ လင့်ခ်ပေးထားပါတယ်…. စာဖတ်ရင်းနဲ့ လုပ်တတ်ဘူး၊ နမူနာလေးမြင်လိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ ယောင်းလေးတို့အတွက်ပေါ့..

ဖိုးသူတော် (www.phothutaw.com)
Credit: Akari ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top