Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


ကုိယ္က အဘြားႀကီးလုပ္ထားတာကုိး။
အကယ္ဒမီဝါဝါေအာင္ကေတာ့ မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဥကၠဌကေတာ္ တစ္ေယာက္ရဲ႕ ကာရိုက္တာနဲ႔ ပါဝင္ သရုပ္ေဆာင္ထားတာျဖစ္ၿပီး ဇာတ္ကားထဲက ဇာတ္ဝင္ခန္းအမွတ္တရ အေၾကာင္းေတြကုိလည္း Duwun media ကေနတဆင့္ ေျပာျပခဲ့ပါတယ္။  
'' တစ္ကားလုံးပါေနၾကတယ္ဆုိေပမယ့္လည္း ထူးထူးျခားျခားအေနနဲ႔ ကုိယ့္ညီမနဲ႔ ကုိယ့္သမီးကုိ အိမ္ေထာင္ခ်ေပးခ်င္တ့ဲအခန္း၊ ၿပီးေတာ့ ဇာတ္သိမ္းခန္းေပါ့ ဓားျမ ဗုိလ္ ဖမ္းသြားတဲ့အခ်ိန္မွာ ကုိယ္ ပုိေပၚတဲ့ေနရာေလးေပါ့ေနာ္။ ကေလးေတြက ကုိကုိ ဆုိၿပီးေတာ့ ဓားျပဗုိလ္ ကိုေခၚေတာ့ ကုိယ္ကလည္း ကုိယ့္အရြယ္ႀကီးနဲ႔ ဓားျမဗုိလ္ကုိ ကုိကုိလုိ႔ သြားေခၚလုိက္တာ ဓားျပဗုိလ္ ေတာ္ေတာ္ခါ သြား တာေပါ့။ ကုိယ္က အဘြားႀကီးလုပ္ထားတာကုိး ကေလးေတြက ကုိကုိလုိ႔ေခၚတာကုိ ကုိယ္ကပါ ကုိကုိလုိက္ေခၚေတာ့ သူ ခါလုိက္တာေတြက ပရိသတ္ေတြက သေဘာက်ၾကတယ္။ သမီးေတြကလည္း အေမ့အရြယ္ႀကီးနဲ႔ ကုိကုိမေခၚနဲ႔ေလ ေမာင္ေလး ေလာက္ေတာ့ လုပ္ပါ ဆုိေတာ့ အဲ့ဒီလုိျပန္ေျပာင္းေျပာေပးရတဲ့ပုံစံေလးေတြပါ ဒါေလးေတြကေတာ့ အန္တီဝါ့ကုိ မွတ္မွတ္ထင္ထင္ေတြ႔ႏုိင္မယ့္ ေနရာေလးေတြေပါ့'' လုိ႔ သူကဆုိပါတယ္။
ဟာသရုပ္ရွင္ဇာတ္ကားႀကီးေတြရုံတင္ျဖစ္တာမ်ားေပမယ့္ ဟာသဇာတ္ကားေတြကေနတဆင့္ ပရိသတ္ကုိေကာင္းတဲ့ မက္ေဆ့ခ်္ေတြ ေပးလာႏုိင္တဲ့ အေပၚမွာလည္း သူ႔ရဲ႕ အျမင္ေလးကုိေျပာျပခဲ့ပါေသးတယ္။ 
'' ဘယ္လုိပဲျဖစ္ျဖစ္ လူတိုင္းဟာ အပူေတြနဲ႔ပဲ လူ႔ဘဝထဲမွာ ျဖတ္သန္းေနတဲ့အခ်ိန္မွာ စိတ္ညစ္စရာေတြက ရွိၾကတာပဲ။ ရွိၾကတဲ့ အခ်ိန္မွာ ေပ်ာ္စရာတစ္ခုကုိၾကည့္ၿပီးေတာ့မွ သင္ခန္းစာရလုိက္တာ အသိတရား ရလုိက္တာေလးက ပုိေကာင္းတယ္ေပါ့ေနာ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသိတရားေပးတယ္ဆုိတာ ငုိရင္း ျပရတာထက္ ရယ္ရင္းေမာရင္းေျပာရတာေတာ့ မတူဘူးေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ ဟာသဇာတ္ကားေတြထဲမွာ မက္ေဆ့ခ်္ေပးသြားတာေလးေတြကုိ အန္တီဝါ သေဘာက်ပါတယ္'' လုိ႔ ဆုိပါတယ္။
သရုပ္ေဆာင္အကယ္ဒမီ ဝါဝါေအာင္ ပါဝင္သရုပ္ေဆာင္ထားတဲ့ မယားေၾကာက္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ႏုိဝင္ဘာလ ၃ ရက္ေန႔က စၿပီး ရုံတင္ျပသသြားမွာျဖစ္ၿပီး ေနာက္ထပ္ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ဒါရုိက္တာျပည္ဟိန္းသီဟ ရိုက္တဲ့ ဘူဇြာဟုိတယ္ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း သရုပ္ေဆာင္ ျမင့္ျမတ္၊ ေရႊသမီးတုိ႔နဲ႔အတူ ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
  ကိုယ်က အဘွားကြီးလုပ်ထားတာကိုး။

အကယ်ဒမီဝါဝါအောင်ကတော့ မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဥက္ကဌကတော် တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်ဝင်ခန်းအမှတ်တရ အကြောင်းတွေကိုလည်း Duwun media ကနေတဆင့် ပြောပြခဲ့ပါတယ်။ 

'' တစ်ကားလုံးပါနေကြတယ်ဆိုပေမယ့်လည်း ထူးထူးခြားခြားအနေနဲ့ ကိုယ့်ညီမနဲ့ ကိုယ့်သမီးကို အိမ်ထောင်ချပေးချင်တဲ့အခန်း၊ ပြီးတော့ ဇာတ်သိမ်းခန်းပေါ့ ဓားမြ ဗိုလ် ဖမ်းသွားတဲ့အချိန်မှာ ကိုယ် ပိုပေါ်တဲ့နေရာလေးပေါ့နော်။ ကလေးတွေက ကိုကို ဆိုပြီးတော့ ဓားပြဗိုလ် ကိုခေါ်တော့ ကိုယ်ကလည်း ကိုယ့်အရွယ်ကြီးနဲ့ ဓားမြဗိုလ်ကို ကိုကိုလို့ သွားခေါ်လိုက်တာ ဓားပြဗိုလ် တော်တော်ခါ သွား တာပေါ့။ ကိုယ်က အဘွားကြီးလုပ်ထားတာကိုး ကလေးတွေက ကိုကိုလို့ခေါ်တာကို ကိုယ်ကပါ ကိုကိုလိုက်ခေါ်တော့ သူ ခါလိုက်တာတွေက ပရိသတ်တွေက သဘောကျကြတယ်။ သမီးတွေကလည်း အမေ့အရွယ်ကြီးနဲ့ ကိုကိုမခေါ်နဲ့လေ မောင်လေး လောက်တော့ လုပ်ပါ ဆိုတော့ အဲ့ဒီလိုပြန်ပြောင်းပြောပေးရတဲ့ပုံစံလေးတွေပါ ဒါလေးတွေကတော့ အန်တီဝါ့ကို မှတ်မှတ်ထင်ထင်တွေ့နိုင်မယ့် နေရာလေးတွေပေါ့'' လို့ သူကဆိုပါတယ်။

ဟာသရုပ်ရှင်ဇာတ်ကားကြီးတွေရုံတင်ဖြစ်တာများပေမယ့် ဟာသဇာတ်ကားတွေကနေတဆင့် ပရိသတ်ကိုကောင်းတဲ့ မက်ဆေ့ချ်တွေ ပေးလာနိုင်တဲ့ အပေါ်မှာလည်း သူ့ရဲ့ အမြင်လေးကိုပြောပြခဲ့ပါသေးတယ်။ 

'' ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းဟာ အပူတွေနဲ့ပဲ လူ့ဘဝထဲမှာ ဖြတ်သန်းနေတဲ့အချိန်မှာ စိတ်ညစ်စရာတွေက ရှိကြတာပဲ။ ရှိကြတဲ့ အချိန်မှာ ပျော်စရာတစ်ခုကိုကြည့်ပြီးတော့မှ သင်ခန်းစာရလိုက်တာ အသိတရား ရလိုက်တာလေးက ပိုကောင်းတယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အသိတရားပေးတယ်ဆိုတာ ငိုရင်း ပြရတာထက် ရယ်ရင်းမောရင်းပြောရတာတော့ မတူဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဟာသဇာတ်ကားတွေထဲမှာ မက်ဆေ့ချ်ပေးသွားတာလေးတွေကို အန်တီဝါ သဘောကျပါတယ်'' လို့ ဆိုပါတယ်။

သရုပ်ဆောင်အကယ်ဒမီ ဝါဝါအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာဖြစ်ပြီး နောက်ထပ် အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်တဲ့ ဘူဇွာဟိုတယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သရုပ်ဆောင် မြင့်မြတ်၊ ရွှေသမီးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top