Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ဟိတ္ သူငယ္ခ်င္း တို႔… အရွက္္သည္းတတ္တဲ႔ ေကာင္ေလးေတြကို ခရပ္ရွ္ဖူးလား။ ရွက္တယ္ဆုိတာ မိန္းကေလးေတြတင္မဟုတ္ဘဲ ေယာက်္ားေလးေတြလည္း ရွက္တတ္ပါတယ္။ ဝင္ဒီကေတာ႔ ရွက္တတ္တဲ႔ ေကာင္ေလးေတြကို ခရပ္ရွ္ဖူးသလို ခရပ္ရွ္တာလည္း ခံဖူးတယ္။ ကဲ… ဒီေန႔ေတာ႔ ဝင္ဒီတို႔ ရွက္တတ္တဲ႔ ေကာင္ေလးေတြအေၾကာင္း နည္းနည္းေလာက္ ေလ႔လာရေအာင္။

၁) သူတို႔ရဲ႕ ခံစားခ်က္အစစ္အမွန္ကို ထုတ္မျပတတ္ၾကဘူး – ဒါက ျမင္လြယ္တဲ႔အခ်က္ပါ။ သူတို႔က ဝင္ဒီတုိ႔ မိန္္းကေလးေတြနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္တာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ ဝင္ဒီတုိ႔ကို သေဘာက်ေနတာေတာင္ ခံစားခ်က္ကို ထုတ္ျပဖုိ႔ ဝန္ေလးတတ္ၾကတဲ႔သူေတြပါ။ အရိပ္အေယာင္ေလး နည္းနည္းေလာက္ ျပရမွာကိုေတာင္ မဝ႔ံရဲၾကပါဘူး။ ေရွ႕တစ္လွမ္းတုိးရင္ အဆင္ေျပသြားမယ္႔ကိစၥကို ေခါင္းမာမာနဲ႔ အရွက္သညး္ေနၾကတဲ႔ ကိုကိုေတြေပါ့။ အဲ႔လို ကိုကိုေတြကို ခရပ္ရွ္မိတဲ႔အခါ စိတ္တုိတိုနဲ႔ ထုပဲထုခ်င္ပါတယ္။

၂) ဦးေဆာင္ပါ – ဟုတ္ပါတယ္။ သူက ဦးေဆာင္္မွာမဟုတ္ေတာ႔ ကိုယ္ပဲဦးေဆာင္ရမွာပါ။ ဒီေကာင္ေလးကိုမွ တကယ္ခ်စ္မိတာ၊ သူ႔ကိုမွ မရရင္မျဖစ္ပါဘူးဆုိတဲ႔ ေယာင္းတို႔ကေတာ႔ ကိုယ္ကိုယ္္တုိင္္သာ ဦးေဆာင္ၿပီး ဖြင့္ေျပာလိုက္ပါေတာ႔။ မိန္းကေလးမို႔ ဘာမို႔ အရင္စေျပာခြင့္ မရွိဘူးဆုိတဲ႔ ေရွးရုိးထံုးတမ္းေတြကို ေဖ်ာက္ပစ္လိုက္ပါ။ မိန္းကေလးလည္း လူထဲကလူပဲမုိ႔ ကိုယ္ျမတ္ႏိုးတဲ႔အရာအတြက္ ဘဝမွာ တစ္ႀကိမ္ေလာက္ေတာ႔ ႀကိဳးစားခြင့္ရွိပါတယ္။

၃) ေရလာေျမာင္းေပးလုပ္ပါ – ေက်ာက္တုိင္ေတာင္မွ ႏွဲ႔ပါမ်ားရင္ နဲ႔ေသးတာပဲမလား။ ကိုေရႊအရွက္သညး္တဲ႔ ေယာက်္ားသားမ်ားကလည္း ဘာသားနဲ႔ထုထားမို႔လဲေနာ႔။ ကိုကိုေက်ာက္္တံုးႀကီးတုိ႔ လႈပ္ဖုိ႔အတြက္ ေယာင္းတို႔ဘက္ကလည္း မွန္မွန္ကန္ကန္ ေရလာေျမာင္းေပးဖုိ႔လိုသလို၊ လိုအပ္ရင္ မသိမသာေလး တြန္းအားေပးဖုိ႔လည္း လိုပါေသးတယ္။ ( နင့္ဘက္ကေျခမလွမ္းလို႔ ငါ တျခားေကာင္ေလးေနာက္ ပါေတာ႔မယ္တုိ႔ ဘာတုိ႔ သြားေျပာပစ္။ 😛  )

၄) Comfort Zone ျဖစ္ေအာင္ ဖန္တီးပါ။ – ဇယားေတြရႈပ္တယ္ေနာ္။ ခ်စ္ေတာ႔လည္း သည္းခံရမွာေပါ့။ ကိုယ္႔ဘက္ေရာက္လာမွသာ ထုေထာင္းပစ္။ စတာပါ 😛 ကိုကိုေျပာမထြက္္တုိ႔ ေျပာထြက္ေအာင္လို႔ ကိုယ္႔ဘက္မွာ comfort zone ေလး ျဖစ္ေနဖုိ႔ လိုပါတယ္။ ဝင္ဒီ႔ကို ခရပ္ရွ္ဖူးတဲ႔ ေကာင္ေလးတစ္ေယာက္ဆုိ အရမ္းရွက္တတ္တယ္။ အဲ႔ထဲကမွ ဝင္ဒီက သူနဲ႔ေတြ႔ရင္ ခပ္တည္တည္ခ်ည္းပဲဆုိေတာ႔ ကိုယ္ေတာ္ခမ်ာ ဖြင့္ေတာင္မေျပာလုိက္ရဘူး တပ္ေခါက္သြားရွာတယ္။ ဝင္ဒီ႔လိုအေျခအေနမ်ဳိး မျဖစ္ခ်င္ဘူးဆုိရင္ေတာ႔ ေယာင္းတုိ႔နဲ႔သူတို႔နဲ႔ၾကားမွာ comfort zone ေလးတစ္ခုဖန္တီိးျဖစ္ေအာင္ ဖန္တီးထားပါ။

၅) သူငယ္ခ်င္းလုပ္မယ္ – ဟုတ္ပါတယ္။ သူငယ္ခ်င္းလုပ္ရမွာပါ။ ဒီနည္းလမ္းက ရိုးရွင္းသလို ထိလည္း ထိေရာက္ပါတယ္။ သူငယ္ခ်င္းကေန တစ္ဆင့္တက္ဖုိ႔ကေတာ႔ ေယာင္းတို႔ အရည္အခ်င္းေပၚမွာပဲ မူတည္ပါတယ္ေနာ္။

ေယာင္းတို႔ေရ… ဒီနည္းလမ္းေလးေတြက ေယာင္းတို႔အတြက္ အသံုးဝင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ေ္နာ္။ ဝင္ဒီလည္း ဒီနည္းအတိုင္းပဲ ဝင္ဒီ႔ရဲ႕ ကိုကိုေက်ာက္တံုးႀကီး နဲ႔လာေအာင္ ႀကိဳးစားေနပါတယ္။ တစ္ခါတစ္ခါ ပင္ပန္းလြန္းလုိ႔ လက္ေလွ်ာ႔လုိက္ခ်င္ေပမဲ႔လည္း ႏွလံုးသားက ဆယ္လီနာဂိုမက္ဇ္သီခ်င္းလိုု The heart wants what it wants ျဖစ္ေနမွေတာ႔လည္း………………….

Reference : http://classroom.synonym.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Windy ( For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ရန္ #
ဟိတ် ယောင်းတို့… အရှက်သည်းတတ်တဲ့ ကောင်လေးတွေကို ခရပ်ရှ်ဖူးလား။ ရှက်တယ်ဆိုတာ မိန်းကလေးတွေတင်မဟုတ်ဘဲ ယောကျ်ားလေးတွေလည်း ရှက်တတ်ပါတယ်။ ဝင်ဒီကတော့ ရှက်တတ်တဲ့ ကောင်လေးတွေကို ခရပ်ရှ်ဖူးသလို ခရပ်ရှ်တာလည်း ခံဖူးတယ်။ ကဲ… ဒီနေ့တော့ ဝင်ဒီတို့ ရှက်တတ်တဲ့ ကောင်လေးတွေအကြောင်း နည်းနည်းလောက် လေ့လာရအောင်။

၁) သူတို့ရဲ့ ခံစားချက်အစစ်အမှန်ကို ထုတ်မပြတတ်ကြဘူး – ဒါက မြင်လွယ်တဲ့အချက်ပါ။ သူတို့က ဝင်ဒီတို့ မိန်းကလေးတွေနဲ့ သူငယ်ချင်းဖြစ်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဝင်ဒီတို့ကို သဘောကျနေတာတောင် ခံစားချက်ကို ထုတ်ပြဖို့ ဝန်လေးတတ်ကြတဲ့သူတွေပါ။ အရိပ်အယောင်လေး နည်းနည်းလောက် ပြရမှာကိုတောင် မဝံ့ရဲကြပါဘူး။ ရှေ့တစ်လှမ်းတိုးရင် အဆင်ပြေသွားမယ့်ကိစ္စကို ခေါင်းမာမာနဲ့ အရှက်သည်းနေကြတဲ့ ကိုကိုတွေပေါ့။ အဲ့လို ကိုကိုတွေကို ခရပ်ရှ်မိတဲ့အခါ စိတ်တိုတိုနဲ့ ထုပဲထုချင်ပါတယ်။

၂) ဦးဆောင်ပါ – ဟုတ်ပါတယ်။ သူက ဦးဆောင်မှာမဟုတ်တော့ ကိုယ်ပဲဦးဆောင်ရမှာပါ။ ဒီကောင်လေးကိုမှ တကယ်ချစ်မိတာ၊ သူ့ကိုမှ မရရင်မဖြစ်ပါဘူးဆိုတဲ့ ယောင်းတို့ကတော့ ကိုယ်ကိုယ်တိုင်သာ ဦးဆောင်ပြီး ဖွင့်ပြောလိုက်ပါတော့။ မိန်းကလေးမို့ ဘာမို့ အရင်စပြောခွင့် မရှိဘူးဆိုတဲ့ ရှေးရိုးထုံးတမ်းတွေကို ဖျောက်ပစ်လိုက်ပါ။ မိန်းကလေးလည်း လူထဲကလူပဲမို့ ကိုယ်မြတ်နိုးတဲ့အရာအတွက် ဘဝမှာ တစ်ကြိမ်လောက်တော့ ကြိုးစားခွင့်ရှိပါတယ်။

၃) ရေလာမြောင်းပေးလုပ်ပါ – ကျောက်တိုင်တောင်မှ နှဲ့ပါများရင် နဲ့သေးတာပဲမလား။ ကိုရွှေအရှက်သည်းတဲ့ ယောကျ်ားသားများကလည်း ဘာသားနဲ့ထုထားမို့လဲနော့။ ကိုကိုကျောက်တုံးကြီးတို့ လှုပ်ဖို့အတွက် ယောင်းတို့ဘက်ကလည်း မှန်မှန်ကန်ကန် ရေလာမြောင်းပေးဖို့လိုသလို၊ လိုအပ်ရင် မသိမသာလေး တွန်းအားပေးဖို့လည်း လိုပါသေးတယ်။ ( နင့်ဘက်ကခြေမလှမ်းလို့ ငါ တခြားကောင်လေးနောက် ပါတော့မယ်တို့ ဘာတို့ သွားပြောပစ်။ 😛  )

၄) Comfort Zone ဖြစ်အောင် ဖန်တီးပါ။ – ဇယားတွေရှုပ်တယ်နော်။ ချစ်တော့လည်း သည်းခံရမှာပေါ့။ ကိုယ့်ဘက်ရောက်လာမှသာ ထုထောင်းပစ်။ စတာပါ 😛 ကိုကိုပြောမထွက်တို့ ပြောထွက်အောင်လို့ ကိုယ့်ဘက်မှာ comfort zone လေး ဖြစ်နေဖို့ လိုပါတယ်။ ဝင်ဒီ့ကို ခရပ်ရှ်ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို အရမ်းရှက်တတ်တယ်။ အဲ့ထဲကမှ ဝင်ဒီက သူနဲ့တွေ့ရင် ခပ်တည်တည်ချည်းပဲဆိုတော့ ကိုယ်တော်ခမျာ ဖွင့်တောင်မပြောလိုက်ရဘူး တပ်ခေါက်သွားရှာတယ်။ ဝင်ဒီ့လိုအခြေအနေမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ယောင်းတို့နဲ့သူတို့နဲ့ကြားမှာ comfort zone လေးတစ်ခုဖန်တီးဖြစ်အောင် ဖန်တီးထားပါ။

၅) သူငယ်ချင်းလုပ်မယ် – ဟုတ်ပါတယ်။ သူငယ်ချင်းလုပ်ရမှာပါ။ ဒီနည်းလမ်းက ရိုးရှင်းသလို ထိလည်း ထိရောက်ပါတယ်။ သူငယ်ချင်းကနေ တစ်ဆင့်တက်ဖို့ကတော့ ယောင်းတို့ အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်နော်။

ယောင်းတို့ရေ… ဒီနည်းလမ်းလေးတွေက ယောင်းတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်ေ်နာ်။ ဝင်ဒီလည်း ဒီနည်းအတိုင်းပဲ ဝင်ဒီ့ရဲ့ ကိုကိုကျောက်တုံးကြီး နဲ့လာအောင် ကြိုးစားနေပါတယ်။ တစ်ခါတစ်ခါ ပင်ပန်းလွန်းလို့ လက်လျှော့လိုက်ချင်ပေမဲ့လည်း နှလုံးသားက ဆယ်လီနာဂိုမက်ဇ်သီချင်းလိုု The heart wants what it wants ဖြစ်နေမှတော့လည်း………………….

Reference : http://classroom.synonym.com

ဖိုးသူတော် (www.phothutaw.com)
Credit: Windy ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top