ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပရိသတ္ေတြလည္းသူမရဲ႕ သီခ်င္းသစ္ေတြကို ေမွ်ာ္ေနၿပီေပ့ါ။
ခ်မ္းခ်မ္းရဲ႕ ေလးေခြေျမာက္ စီးရီးသစ္ကိုေတာ့ ေအာက္တိုဘာလလယ္ေလာက္မွာ ထြက္ရွိေတာ့မွာ ျဖစ္ပါတယ္။ စီးရီးေခါင္းစဥ္ကိုေတာ့ "သို႕" ဆိုၿပီး ေပးထားတယ္လို႕ သိရပါတယ္။

သီခ်င္းစုစုေပါင္း ၁၃ပုဒ္ ပါဝင္မွာ ျဖစ္ကာ အေမေမတၱာဖြဲ႕ သီခ်င္းေလးေတြလည္း ပါဝင္မယ္လို႕ သိရပါတယ္။
စီးရီးထဲမွာ ပါဝင္တဲ့ သီခ်င္းေတြကိုေတာ့  ဓီရာမိုရ္၊ေအာင္ၿခိမ့္၊ အေထြး၊ ဂ်ီေလးနဲ႕ ဒီေဂ်လင္းလင္းတို႕က ေရးသားထားတယ္လို႕လည္း သိရပါတယ္။

‘‘သီခ်င္းအားလံုးေပါင္း ၁၃ ပုဒ္ပါပါတယ္။ Soft Rock လည္း ပါတယ္။ အရင္ကဆိုတဲ့ ပံုစံေလး ေတြလည္း ပါတယ္။ Orchestra (သံစံုတီးဝိုင္း)နဲ႔ တီး ထားတဲ့ အေမေမတၱာဘြဲ႕သီခ်င္း ေလးလည္း ပါမယ္။ သီခ်င္းေတြ က အရင္ကဆုိခဲ့သလို အရမ္းႀကီးမဖြဲ႕ႏြဲ႕ေတာ့ဘူး။ အစ္မ ပရိသတ္ အတြက္ အသစ္အဆန္းျဖစ္မယ့္ Taste တစ္မ်ိဳးကို ခ်ျပခ်င္တဲ့အခါ က်ေတာ့ ေခတ္အျမင္နဲ႔ ပိုလိုက္ ဖက္မယ့္ သီခ်င္းမ်ိဳးေတြ ေရြးျဖစ္ တယ္’’လို႕ 7day Daily မွာ ေျဖဆိုေပးထားပါတယ္။
သူမအေနနဲ႕ကေတာ့ ေနာက္ပိုင္းမွာ လုပ္ႏိုင္တာထက္ ပိုၿပီးေတာ့ ေကာင္းေအာင္ လုပ္သြားဖို႕ စဥ္းစားထားတယ္တဲ့။ ဒါေၾကာင့္ ပြဲေတြလည္း ေရြးခ်ယ္သြားမွာ ျဖစ္သလုိ ေလွ်ာ့ခ်သြားမယ္လို႕ ဆုိပါတယ္။

အဲ့ဒါေတြကလည္း အေကာင္းဆံုးေတြပဲ ေဖာ္ျပခ်င္တဲ့ အတြက္ေၾကာင့္ပါဆိုၿပီး ယင္းအင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။
သမီးေလးကလည္း အရြယ္ရလာၿပီျဖစ္တာေၾကာင့္ သမီးေလးကိုလည္း အခ်ိန္ေပးခ်င္တယ္လို႕ ဆုိပါတယ္။

ခ်မ္းခ်မ္းကေတာ့ သရုပ္ေဆာင္ ဒါရိုက္တာ တစ္ဦးျဖစ္သူ ဘုဏ္းသိုက္နဲ႕ အိမ္ေထာင္သက္ ငါးႏွစ္ျပည့္ၿပီျဖစ္ၿပီး ျမမိုးဂဂၤါဆိုတဲ့ သမီးေလး တစ္ဦးကို ပိုင္ဆိုင္ထားသူ တစ္ေယာက္လညး္ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပရိသတ်တွေလည်းသူမရဲ့ သီချင်းသစ်တွေကို မျှော်နေပြီပေ့ါ။
ချမ်းချမ်းရဲ့ လေးခွေမြောက် စီးရီးသစ်ကိုတော့ အောက်တိုဘာလလယ်လောက်မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ စီးရီးခေါင်းစဉ်ကိုတော့ "သို့" ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။

သီချင်းစုစုပေါင်း ၁၃ပုဒ် ပါဝင်မှာ ဖြစ်ကာ အမေမေတ္တာဖွဲ့ သီချင်းလေးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
စီးရီးထဲမှာ ပါဝင်တဲ့ သီချင်းတွေကိုတော့  ဓီရာမိုရ်၊အောင်ခြိမ့်၊ အထွေး၊ ဂျီလေးနဲ့ ဒီဂျေလင်းလင်းတို့က ရေးသားထားတယ်လို့လည်း သိရပါတယ်။

‘‘သီချင်းအားလုံးပေါင်း ၁၃ ပုဒ်ပါပါတယ်။ Soft Rock လည်း ပါတယ်။ အရင်ကဆိုတဲ့ ပုံစံလေး တွေလည်း ပါတယ်။ Orchestra (သံစုံတီးဝိုင်း)နဲ့ တီး ထားတဲ့ အမေမေတ္တာဘွဲ့သီချင်း လေးလည်း ပါမယ်။ သီချင်းတွေ က အရင်ကဆိုခဲ့သလို အရမ်းကြီးမဖွဲ့နွဲ့တော့ဘူး။ အစ်မ ပရိသတ် အတွက် အသစ်အဆန်းဖြစ်မယ့် Taste တစ်မျိုးကို ချပြချင်တဲ့အခါ ကျတော့ ခေတ်အမြင်နဲ့ ပိုလိုက် ဖက်မယ့် သီချင်းမျိုးတွေ ရွေးဖြစ် တယ်’’လို့ 7day Daily မှာ ဖြေဆိုပေးထားပါတယ်။
သူမအနေနဲ့ကတော့ နောက်ပိုင်းမှာ လုပ်နိုင်တာထက် ပိုပြီးတော့ ကောင်းအောင် လုပ်သွားဖို့ စဉ်းစားထားတယ်တဲ့။ ဒါကြောင့် ပွဲတွေလည်း ရွေးချယ်သွားမှာ ဖြစ်သလို လျှော့ချသွားမယ်လို့ ဆိုပါတယ်။

အဲ့ဒါတွေကလည်း အကောင်းဆုံးတွေပဲ ဖော်ပြချင်တဲ့ အတွက်ကြောင့်ပါဆိုပြီး ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
သမီးလေးကလည်း အရွယ်ရလာပြီဖြစ်တာကြောင့် သမီးလေးကိုလည်း အချိန်ပေးချင်တယ်လို့ ဆိုပါတယ်။

ချမ်းချမ်းကတော့ သရုပ်ဆောင် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဘုဏ်းသိုက်နဲ့ အိမ်ထောင်သက် ငါးနှစ်ပြည့်ပြီဖြစ်ပြီး မြမိုးဂင်္ဂါဆိုတဲ့ သမီးလေး တစ်ဦးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top