မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
💓💓💓💓💓💓💓💓💑
Credit: gandawin
# Unicode Version #
သင့် သူငယ်ချင်းတွေ အားလုံး အိမ်ထောင်ရက်သား ကျကုန်ကြလို့ မင်္ဂလာမဆောင်ပါနဲ့။
အိမ်နီးချင်း အန်တီကြီးတွေရဲ့ အပျိုကြီးပဲ လုပ်တော့မှာလား ဆိုတဲ့ မေးခွန်းတွေကို စိတ်ပျက်ပြီး မင်္ဂလာမဆောင်ပါနဲ့။
ချစ်သူများနေ့မှာ အထီးကျန် နေတော့မှာပဲလို့ တွေးမိပြီးလည်း အိမ်ထောင်ပြုဖို့ မစဉ်းစားပါနဲ့။
အနောက်က တန်းစီနေတဲ့ မောင်နှမတွေကို အားနာပြီးတော့လည်း မင်္ဂလာမဆောင်ပါနဲ့။
ရည်စားဟောင်းက မင်္ဂလာဆောင်တော့မှာ မို့လို့ ကိုယ်လည်း အားကျမခံ လိုက်ဆောင်တာမျိုးလည်း မင်္ဂလာမဆောင်ပါနဲ့။
အသက်ကြီးလာတဲ့အခါ ကြည့်ရှု စောင့်ရှောက်မယ့်သူ မရှိမှာ စိုးရိမ်ပြီးတော့လည်း မင်္ဂလာမဆောင်ပါနဲ့။
အသက်အရွယ် ကြီးလွန်းပြီး ကလေး မမွေးနိုင်တော့မှာ စိုးရိမ်ပြီးတော့လည်း အိမ်ထောင်မပြုလိုက်ပါနဲ့။
သင်အချိန်တွေနဲ့ ထိုက်တန်တဲ့သူ တစ်ယောက်ကို တွေ့တဲ့အချိန်…
သင့်ကို တန်ဖိုးထားမြတ်နိုးပြီး သင် လေးစားမြတ်နိုး ရတဲ့သူ တစ်ယောက်ကို တွေ့တဲ့အချိန်..
သင့်ကို အရှိအတိုင်း လက်ခံပေးပြီး သင်က အရှိအတိုင်း လက်ခံနိုင်တဲ့သူ တစ်ယောက်ကို တွေ့တဲ့အချိန်…
သင့်ကို ပျော်ရွှင်စေပြီး သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဝေမျှချင်တဲ့သူ တစ်ယောက်ကို တွေ့တဲ့အချိန်…
ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင့်ကို မေတ္တာတရားတွေနဲ့ နွေးထွေးစေမယ့်သူ တစ်ယောက်ကို တွေ့တဲ့အချိန်မှာ လက်ထပ်ပါ။
အရေးအကြီးဆုံးကတော့ ဘယ်လို ဖိအားတွေကြောင့်မှ မဟုတ်ဘဲ သင်ကိုယ်တိုင်က ယုံကြည်စွာ ဘဝကို ပုံအောပေးချင်တဲ့သူ တစ်ယောက်ကို တွေ့မှ လက်ထပ်ပါနော်။
သီတင်းကျွတ်သွားတာက အရေးမကြီးပါဘူးနော်။ ဘယ်သူတွေ ဘာတွေပြောပြော သင်လက်ထပ်ဖို့ ဆန္ဒမရှိသေးသရွေ့တော့ “Single is the best” ဆိုတဲ့ ထုံးကို နှလုံးမူပြီး သူများတွေရဲ့ မင်္ဂလာဆောင်တွေမှာ လှည့်ပတ်ပြီးမုုန့်စားကြတာပေါ့နော်။
💓💓💓💓💓💓💓💓💑
သင့် wall ပေါ်မှာ ဒီစာလေးကို ဂုဏ်ယူစွာနဲ့ SHARE ထားလိုက်ပါနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: gandawin 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top