Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယေန႔ ကမာၻတဝန္းရွိ အမ်ိဳးသမီးမ်ားရဲ႕ဘဝဟာ ယုတ္မာရက္စက္တဲ႔ အမ်ိဳးသားမ်ားရဲ႕ အတင္းအဓမၼ ေစာ္ကားမႈတုိ႔ေၾကာင့္ ပ်က္ဆီးဆုံးရွုံးေနရပါတယ္။ တစ္ခါတစ္ရံမွာ ကုိယ္ရဲ႕ ေဆြမ်ိဳးသားခ်င္းမ်ားရဲ႕ ယုတ္မာမႈကုိပါ ခံစားရတတ္ေသးပါတယ္။ ဒီလုိ ယုတ္မာမႈမ်ားကုိ မရွုမလွ ခံစားရင္း ကုိယ္ကုိကုိယ္အဆုံးစီရင္သြားတဲ႔ အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကုိ တင္ဆက္ေပးသြားခ်င္ပါတယ္
Pitchie Inoue လုိ႔အမည္ရတဲ႔ ဂ်ပန္ႏုိင္ငံမွာ အလုပ္လုပ္ေနတဲ႔ ဖိလစ္ပုိင္ႏုိင္ငံသူေလးဟာ သူမရဲ႕ဘဝကုိ နာၾကည္းခ်က္ေပါင္းမ်ားစြာနဲ႔ အဆုံးသတ္ခဲ႔ရပါတယ္။ သူမဟာ ဂ်ပန္ႏုိင္ငံမွာ သြားေရာက္အလုပ္မလုပ္ခင္ ဖိလစ္ပုိင္ႏုိင္ငံမွာ ေနထုိင္ေနစဥ္အတြင္း သူမရဲ႕ဖခင္အရင္း ၊ အကုိမ်ား ေမာင္မ်ား ဦးေလးမ်ားနဲ႔ ေဆြမ်ိဳးေတြရဲ႕ မိတ္ေဆြေယာက်ာၤးေလးျဖစ္သူမ်ားရဲ႕ မႈဒိန္းက်င့္ျခင္းကုိ ေန႔စဥ္ခံခဲ႔ရသူျဖစ္ပါတယ္။

Pitchie Inoue အတြက္ အနာက်င္ရဆုံးကေတာ့ သူမကုိ ေသြးသားရင္းခ်ာမ်ားက အၿမဲေစာ္ကားေနတာကုိ သူမမိခင္ကုိယ္တုိင္ သိရွိေပမယ့္ ဘာမွဝင္ေရာက္စြက္ဖက္ျခင္းမရွိပဲ တိတ္တဆိတ္သာ ေနထုိင္ခဲ႔တာေၾကာင့္ျဖစ္ပါတယ္။

 ဒီလုိနဲ႔ Pitchie Inoue ဟာ သူမရဲ႕အျဖစ္ဆုိးကုိ ေရငုံႏုတ္ပိတ္ေနခဲ႔ၿပီး ဂ်ပန္ႏုိင္ငံမွာ သြားေရာက္အလုပ္လုပ္ကုိင္ခဲ႔ပါတယ္။ ထုိအခ်ိန္မွာ သူမကုိ မုဒိန္းက်င့္ခဲ႔ဖူးသူတစ္ေယာက္က Pitchie Inoue အေနနဲ႔ ဘဝသစ္တစ္ခုကုိ တည္ေထာင္ခ်င္တယ္ဆုိရင္ ေသသြားမွသာျဖစ္ႏုိင္လိမ့္မယ္လုိ႔ ေျပာဆုိခဲ႔လုိက္ရာ Pitchie Inoue လည္း အိပ္ေဆးလက္ဆုပ္စာကုိ အကုန္ေသာက္ပစ္လုိက္ၿပီး သူမရဲ႕ မလွပတဲ႔ ဘဝႀကီးကုိ အဆုံးသတ္ခဲ့လုိက္ပါတယ္။
ဒီလုိ ေသေၾကာင္းမႀကံစည္ခင္မွာလည္း Pitchie Inoue က သူ႔ရဲ႕ဘဝအေၾကာင္းကုိ ဖုန္းနဲ႔ဗီဒီယုိရုိက္ကူးၿပီး ေျပာဆုိသြားခဲ႔ပါတယ္။ အခုလက္ရွိမွာ Pitchie Inoue ရဲ႕ ဗီဒီယုိဟာ အင္တာနက္ေပၚမွာ အရမ္းကုိ လူစိတ္ဝင္စားမႈမ်ားေနၿပီး ဝင္ေရာက္ၾကည့္သူတုိင္းလည္း Pitchie Inoue ရဲ႕ အျဖစ္ဆုိးအတြက္ မ်ားစြာစိတ္မေကာင္း ျဖစ္ေနရပါတယ္ခင္ဗ်ာ။

VitamiN

#knowledge.thithtoolwin.com

 Ref: viral4real
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ယနေ့ ကမ္ဘာတဝန်းရှိ အမျိုးသမီးများရဲ့ဘဝဟာ ယုတ်မာရက်စက်တဲ့ အမျိုးသားများရဲ့ အတင်းအဓမ္မ စော်ကားမှုတို့ကြောင့် ပျက်ဆီးဆုံးရှုံးနေရပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့ ဆွေမျိုးသားချင်းများရဲ့ ယုတ်မာမှုကိုပါ ခံစားရတတ်သေးပါတယ်။ ဒီလို ယုတ်မာမှုများကို မရှုမလှ ခံစားရင်း ကိုယ်ကိုကိုယ်အဆုံးစီရင်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်
Pitchie Inoue လို့အမည်ရတဲ့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသူလေးဟာ သူမရဲ့ဘဝကို နာကြည်းချက်ပေါင်းများစွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ သူမဟာ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်မလုပ်ခင် ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်နေစဉ်အတွင်း သူမရဲ့ဖခင်အရင်း ၊ အကိုများ မောင်များ ဦးလေးများနဲ့ ဆွေမျိုးတွေရဲ့ မိတ်ဆွေယောကျာၤးလေးဖြစ်သူများရဲ့ မှုဒိန်းကျင့်ခြင်းကို နေ့စဉ်ခံခဲ့ရသူဖြစ်ပါတယ်။

Pitchie Inoue အတွက် အနာကျင်ရဆုံးကတော့ သူမကို သွေးသားရင်းချာများက အမြဲစော်ကားနေတာကို သူမမိခင်ကိုယ်တိုင် သိရှိပေမယ့် ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ တိတ်တဆိတ်သာ နေထိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

 ဒီလိုနဲ့ Pitchie Inoue ဟာ သူမရဲ့အဖြစ်ဆိုးကို ရေငုံနုတ်ပိတ်နေခဲ့ပြီး ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ထိုအချိန်မှာ သူမကို မုဒိန်းကျင့်ခဲ့ဖူးသူတစ်ယောက်က Pitchie Inoue အနေနဲ့ ဘဝသစ်တစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် သေသွားမှသာဖြစ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့လိုက်ရာ Pitchie Inoue လည်း အိပ်ဆေးလက်ဆုပ်စာကို အကုန်သောက်ပစ်လိုက်ပြီး သူမရဲ့ မလှပတဲ့ ဘဝကြီးကို အဆုံးသတ်ခဲ့လိုက်ပါတယ်။
ဒီလို သေကြောင်းမကြံစည်ခင်မှာလည်း Pitchie Inoue က သူ့ရဲ့ဘဝအကြောင်းကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးပြီး ပြောဆိုသွားခဲ့ပါတယ်။ အခုလက်ရှိမှာ Pitchie Inoue ရဲ့ ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ အရမ်းကို လူစိတ်ဝင်စားမှုများနေပြီး ဝင်ရောက်ကြည့်သူတိုင်းလည်း Pitchie Inoue ရဲ့ အဖြစ်ဆိုးအတွက် များစွာစိတ်မကောင်း ဖြစ်နေရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref: viral4real

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top