# Unicode Version #
ရီးသွားခြင်းကို မကြိုက်နှစ်သက်သူဆိုတာ မရှိသလောက် ရှားပါတယ်။ လူတိုင်းက ခရီးတွေ သွားနေချင်ပေမယ့် အချိန်မပေးနိုင်တာ ပိုက်ဆံမတတ်နိုင်တာတို့ကြောင့် သွားချင်တဲ့ခရီးတိုင်း မသွားနိုင်ပဲ ဖြစ်နေရပါတယ်။
ဒါပေမယ့် လူတစ်ဦးကတော့ ခရီးထွက်ဖို့အတွက် အလုပ်ကထွက်ခွာခဲ့သလို ရှိသမျှပစ္စည်းတွေကိုပါ ရောင်းချပစ်လိုက်ပါတယ်။ ပိုပြီး ထူးခြားတာကတော့ သူရဲ့ခရီးမှာ ကြောင်တစ်ကောင်ကိုသာ အဖော်အဖြစ် ခေါ်ဆောင်သွားတားပါပဲ။
Rich of Hobart လို့ အမည်ရတဲ့ သြစတြေးလျနိုင်ငံသားဟာ သူရဲ့နေအိမ်အပါအဝင် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ရောင်းချခဲ့ပြီး အလုပ်ကပါ ထွက်ခွာခဲ့ပြီး Willow လို့အမည်ပေးထားတဲ့ ကြောင်မလေးတစ်ကောင်နဲ့ ခရီးထွက်ခဲ့တာဖြစ်ပါတယ်။
Rich နဲ့ Willow တို့ဟာ အပျော်ခရီးထွက်တဲ့ဗင်ကားကြီးနဲ့ တောင်သြစတြေးလျဒေသဒကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီကစပြီး ခရီးထွက်ခဲ့ပါတယ်။ Rich တို့နှစ်ဦးဟာ တောင်သြစတြေးလျရှိ ဒေသ ၆ခုနဲ့ နယ်မြေ ၂ခုတို့ကို သွားရောက်လည်ပတ်ဖြစ်ခဲ့ကြပါတယ်။
အမည်းရောင် ကြောင်မလေး Willow မှာလည်း သူရဲ့သခင် Rich နဲ့အတူ မိုင်ပေါင်းငါးသောင်းလောက်အထိကို ခရီးနှင်ခဲ့လိုက်ရပါတယ်။
ဒီလို ကြောင်တစ်ကောင်ကိုခေါ်ပြီး ခရီးသွားရခြင်းဟာ တော်ရုံနဲ့ မလွယ်ကူနိုင်ပေမယ့် Willow က ခရီးထွက်ရတာကို သဘောကျတဲ့ ကြောင်လေးဖြစ်တဲ့အပြင် လမ်းခရီးတလျောက်လုံး ကြေးများခြင်း လုံးဝမရှိခဲ့ပဲ သူ့အတွက် အကောင်းဆုံး ခရီးသွားဖော်သာဖြစ်တယ်လို့ Rich က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit: By STH ( HtooDaily.com )
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top