Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Versin ျဖင့္ ဖတ္ပါ#

စီးရီးေအတြင္ နာပိုလီက ႐ႈံးပြဲမရိွ စံခ်ိန္ဆက္လက္ထိန္း ထား ၿပီး ဂ်ီႏုိအာကို ေနာက္မွလိုက္ ကစား၍ အႏိုင္ရရိွကာ ထိပ္ဆံုး ေနရာသို႔ ျပန္ေရာက္လာသည္။

အိမ္ရွင္ဂ်ီႏိုအာအတြက္ အဒဲလ္ဟာရက္ဆဲက အဖြင့္ဂုိး သြင္းယူေသာ္လည္း နာပိုလီမွ မာတင္စ္က ႏွစ္ဂုိးသြင္းယူခဲ့ၿပီး ၎၏ စုစုေပါင္းသြင္းဂုိး ကုိးဂိုး အထိရိွလာသည္။ ဇူကာႏုိဗစ္က ကုိယ့္ဂုိးကုိယ္သြင္းယူ၍ နာပုိလီ ဦးေဆာင္ဂုိးထပ္ရၿပီးေနာက္ အာမန္ဒုိအစ္ဇိုက တစ္ဂုိးျပန္လည္ေခ် ပခဲ့သည္။

ခ်န္ပီယံဂ်ဴဗင္တပ္က SPALအသင္းကုိ ၄-၁ ဂုိးျဖင့္ အႏုိင္ရရိွၿပီး ဟီဂူအင္ႏွင့္ ဒုိင္ဘာလာတုိ႔ ဂုိးသြင္းႏုိင္ခဲ့သည္။ သုိ႔ေသာ္အ သင္း၏ ကစားပံုကုိ ဂ်ဴဗင္တပ္ နည္းျပ အယ္လီဂရီက ေက်နပ္မႈမရိွဘဲ စေနေန႔တြင္ ကစားမည့္ ေအစီမီလန္ႏွင့္ပြဲ၌ ယင္းပြဲ ပံုစံအ တုိင္းကစားပါက ဒဏ္ခတ္ခံရ မည္ဟု သတိေပးေျပာၾကား သည္။ ႏွစ္ဂုိးသြင္း၍ ဦးေဆာင္ေန ခ်ိန္ ေပါ့ေလ်ာ့မႈေၾကာင့္ တစ္ဂုိး ျပန္ေပးရၿပီးေနာက္ ဂ်ဴဗင္တပ္ က ေနာက္က်ဂုိးမ်ားျဖင့္ ဂုိးျပတ္ ႏုိင္ခဲ့ျခင္းျဖစ္သည္။

အျခားပြဲစဥ္မ်ားတြင္ လာဇီ ယုိက ဘုိေလာ့ဂ္နာကုိ ၂-၁ ဂုိး ျဖင့္ ႏိုင္ၿပီး ေအစီမီလန္က ခ်ီေယဗိုကုိ ၄-၁ ဂုိးျဖင့္ အႏုိင္ရခဲ့သည္။

‘‘ဒါဟာ အသင္းရဲ႕ အင္အား နဲ႔ ယံုၾကည္မႈကုိ ျပသတဲ့ပဲြပါ။ အသင္းရဲ႕ ကစားပံုကို ေက်နပ္ပါ တယ္။ ဒါေပမဲ့ ေအာင္ပြဲခံရမယ့္ အခ်ိန္မဟုတ္ေသးပါဘူး။ စိတ္ ဓာတ္ပုိင္းမွာ သံေခ်းတက္ေနပါ တယ္’’ဟု ေရွ႕ပြဲမ်ားတြင္ ႏုိင္ပြဲ ေပ်ာက္ေနသျဖင့္ ေဝဖန္ခံေနရ ေသာ ေအစီမီလန္နည္းျပ မြန္တဲ လာက ေျပာသည္။

ယမန္ေန႔က စီးရီးေအပြဲစဥ္ အခ်ိဳ႕တြင္ ၿပီးခဲ့သည့္ သီတင္းပတ္ က လာဇီယုိပရိသတ္မ်ား၏ ဂ်ဴး ဆန္႔က်င္ေရးဓာတ္ပံု ေလွာင္ ေျပာင္မႈအခ်ိဳ႕ေၾကာင့္ မေက်နပ္ မႈမ်ားရိွခဲ့ၿပီး ပရိသတ္အခ်ိဳ႕က တုံ႔ျပန္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

စီးရီးအေတွင် နာပိုလီက ရှုံးပွဲမရှိ စံချိန်ဆက်လက်ထိန်း ထား ပြီး ဂျီနိုအာကို နောက်မှလိုက် ကစား၍ အနိုင်ရရှိကာ ထိပ်ဆုံး နေရာသို့ ပြန်ရောက်လာသည်။

အိမ်ရှင်ဂျီနိုအာအတွက် အဒဲလ်ဟာရက်ဆဲက အဖွင့်ဂိုး သွင်းယူသော်လည်း နာပိုလီမှ မာတင်စ်က နှစ်ဂိုးသွင်းယူခဲ့ပြီး ၎င်း၏ စုစုပေါင်းသွင်းဂိုး ကိုးဂိုး အထိရှိလာသည်။ ဇူကာနိုဗစ်က ကိုယ့်ဂိုးကိုယ်သွင်းယူ၍ နာပိုလီ ဦးဆောင်ဂိုးထပ်ရပြီးနောက် အာမန်ဒိုအစ်ဇိုက တစ်ဂိုးပြန်လည်ချေ ပခဲ့သည်။

ချန်ပီယံဂျူဗင်တပ်က SPALအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဟီဂူအင်နှင့် ဒိုင်ဘာလာတို့ ဂိုးသွင်းနိုင်ခဲ့သည်။ သို့သော်အ သင်း၏ ကစားပုံကို ဂျူဗင်တပ် နည်းပြ အယ်လီဂရီက ကျေနပ်မှုမရှိဘဲ စနေနေ့တွင် ကစားမည့် အေစီမီလန်နှင့်ပွဲ၌ ယင်းပွဲ ပုံစံအ တိုင်းကစားပါက ဒဏ်ခတ်ခံရ မည်ဟု သတိပေးပြောကြား သည်။ နှစ်ဂိုးသွင်း၍ ဦးဆောင်နေ ချိန် ပေါ့လျော့မှုကြောင့် တစ်ဂိုး ပြန်ပေးရပြီးနောက် ဂျူဗင်တပ် က နောက်ကျဂိုးများဖြင့် ဂိုးပြတ် နိုင်ခဲ့ခြင်းဖြစ်သည်။

အခြားပွဲစဉ်များတွင် လာဇီ ယိုက ဘိုလော့ဂ်နာကို ၂-၁ ဂိုး ဖြင့် နိုင်ပြီး အေစီမီလန်က ချီယေဗိုကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

‘‘ဒါဟာ အသင်းရဲ့ အင်အား နဲ့ ယုံကြည်မှုကို ပြသတဲ့ပွဲပါ။ အသင်းရဲ့ ကစားပုံကို ကျေနပ်ပါ တယ်။ ဒါပေမဲ့ အောင်ပွဲခံရမယ့် အချိန်မဟုတ်သေးပါဘူး။ စိတ် ဓာတ်ပိုင်းမှာ သံချေးတက်နေပါ တယ်’’ဟု ရှေ့ပွဲများတွင် နိုင်ပွဲ ပျောက်နေသဖြင့် ဝေဖန်ခံနေရ သော အေစီမီလန်နည်းပြ မွန်တဲ လာက ပြောသည်။

ယမန်နေ့က စီးရီးအေပွဲစဉ် အချို့တွင် ပြီးခဲ့သည့် သီတင်းပတ် က လာဇီယိုပရိသတ်များ၏ ဂျူး ဆန့်ကျင်ရေးဓာတ်ပုံ လှောင် ပြောင်မှုအချို့ကြောင့် မကျေနပ် မှုများရှိခဲ့ပြီး ပရိသတ်အချို့က တုံ့ပြန်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top