Golden City Promotion
×

ဩစေၾတးလ်တြင္ လမ္းေပ်ာက္ေနသည့္ ငါးမန္းတစ္ေကာင္ကို အမ်ိဳးသမီး တစ္ဦးက လက္ျဖင့္ ဖမ္းယူ ကယ္ဆယ္ကာ ပင္လယ္ထဲ ျပန္လႊတ္ေပးခဲ့သည္။
အသက္ ၅၀ အရြယ္ရွိ မယ္လစ္ဆာ ဟက္သိုင္ရာက ပင္လယ္ကမ္းေျခႏွင့္ ဆက္စပ္ေနသည့္ ေက်ာက္တမံတား ေရကူးကန္ တစ္ခုထဲသို႔ ေရာက္ရွိေနၿပီး ျပန္မထြက္ႏုိင္ ျဖစ္ေနေသာ ငါးမန္းကို ေသြးေအးေအးျဖင့္ ေပြ႕ခ်ီယူကာ ပင္လယ္ထဲ ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္သည္။

ဟက္သိုင္ရာ၏ မိခင္က ေက်ာက္တံုးမ်ားၾကား ေရငန္ဝင္ေရာက္ေနသည့္ ကန္ထဲ၌ ငါးမန္းဆူးေတာင္ကို စတင္ သတိျပဳမိခဲ့ျခင္း ျဖစ္သည္။ ဟက္သိုင္ရာက ငါးမန္းကို ေပြ႕ခ်ီထုတ္ကာ ပင္လယ္ထဲ ျပန္လႊတ္ေနပံုကို အနီးအနားတြင္ ရွိေနသူ တစ္ဦးက မိုဘုိင္းဖုန္းျဖင့္ ဗီဒီယို ႐ိုက္ယူထားႏုိင္ခဲ့သည္။

သူမ၏အရပ္ တစ္ဝက္မွ်ရွိေသာ ငါးမန္းကို ကိုယ္တုိင္ ဆင္းဖမ္းၿပီး ပင္လယ္ထဲ လႊတ္ေပးခဲ့သည့္ေနာက္ ဟက္သိုင္ရာက “ၾကည့္ရတာ ငါးမန္းေပါက္ေလး ထင္ပါတယ္။ သူ႔ကို လိုက္ဖမ္းရတာ ဘာျပႆနာမွ မရွိပါဘူး။ သူ႔ဆူးေတာင္ေပၚကေန ဒူးနဲ႔ဖိၿပီး လည္ပင္းေနရာေလာက္က ခ်ဳပ္ထားလုိက္ေတာ့ ကၽြန္မကို ဘာမွ ျပန္မလုပ္ႏုိင္ပါဘူး”ဟု ရွင္းျပခဲ့သည္။

အဆုိပါ ငါးမန္းမွာ ပို႔တ္ဂ်က္ဆန္ ငါးမန္းမ်ိဳးျဖစ္ၿပီး ဩစေၾတးလ်တြင္ ေနထိုင္ေလ့ရွိသည္။ ၎တို႔သည္ လူအမ်ားကို ရန္မူတိုက္ခုိက္ေလ့ မရွိဟု ကၽြမ္းက်င္သူမ်ားက ဆိုသည္။ 

မည္သို႔ပင္ျဖစ္ေစ ဟက္သိုင္ရာ၏ အျပဳအမူႏွင့္ သတၱိကို အင္တာနက္ေပၚတြင္ လူအမ်ားက ခ်ီးက်ဴးဂုဏ္ျပဳေနေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဩစတြေးလျတွင် လမ်းပျောက်နေသည့် ငါးမန်းတစ်ကောင်ကို အမျိုးသမီး တစ်ဦးက လက်ဖြင့် ဖမ်းယူ ကယ်ဆယ်ကာ ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့သည်။
အသက် ၅၀ အရွယ်ရှိ မယ်လစ်ဆာ ဟက်သိုင်ရာက ပင်လယ်ကမ်းခြေနှင့် ဆက်စပ်နေသည့် ကျောက်တမံတား ရေကူးကန် တစ်ခုထဲသို့ ရောက်ရှိနေပြီး ပြန်မထွက်နိုင် ဖြစ်နေသော ငါးမန်းကို သွေးအေးအေးဖြင့် ပွေ့ချီယူကာ ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဟက်သိုင်ရာ၏ မိခင်က ကျောက်တုံးများကြား ရေငန်ဝင်ရောက်နေသည့် ကန်ထဲ၌ ငါးမန်းဆူးတောင်ကို စတင် သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ဟက်သိုင်ရာက ငါးမန်းကို ပွေ့ချီထုတ်ကာ ပင်လယ်ထဲ ပြန်လွှတ်နေပုံကို အနီးအနားတွင် ရှိနေသူ တစ်ဦးက မိုဘိုင်းဖုန်းဖြင့် ဗီဒီယို ရိုက်ယူထားနိုင်ခဲ့သည်။

သူမ၏အရပ် တစ်ဝက်မျှရှိသော ငါးမန်းကို ကိုယ်တိုင် ဆင်းဖမ်းပြီး ပင်လယ်ထဲ လွှတ်ပေးခဲ့သည့်နောက် ဟက်သိုင်ရာက “ကြည့်ရတာ ငါးမန်းပေါက်လေး ထင်ပါတယ်။ သူ့ကို လိုက်ဖမ်းရတာ ဘာပြဿနာမှ မရှိပါဘူး။ သူ့ဆူးတောင်ပေါ်ကနေ ဒူးနဲ့ဖိပြီး လည်ပင်းနေရာလောက်က ချုပ်ထားလိုက်တော့ ကျွန်မကို ဘာမှ ပြန်မလုပ်နိုင်ပါဘူး”ဟု ရှင်းပြခဲ့သည်။

အဆိုပါ ငါးမန်းမှာ ပို့တ်ဂျက်ဆန် ငါးမန်းမျိုးဖြစ်ပြီး ဩစတြေးလျတွင် နေထိုင်လေ့ရှိသည်။ ၎င်းတို့သည် လူအများကို ရန်မူတိုက်ခိုက်လေ့ မရှိဟု ကျွမ်းကျင်သူများက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဟက်သိုင်ရာ၏ အပြုအမူနှင့် သတ္တိကို အင်တာနက်ပေါ်တွင် လူအများက ချီးကျူးဂုဏ်ပြုနေကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top