တကၠသိုလ္၀င္ခြင့္ေလွ်ာက္လႊာ တင္ေနၾကသူမ်ား
၂၀၁၇ တကၠသိုလ္၀င္ စာေမးပဲြေအာင္ျမင္သူမ်ား တက္ ေရာက္ခြင့္ရရွိသည့္ တကၠသိုလ္ စာရင္းကုိ ႏုိ၀င္ဘာလလယ္တြင္ ပညာေရး၀န္ႀကီးဌာန ၀က္ဘ္ ဆုိက္(www.moe.gov.mm) ကေၾကညာေပးမည္ဟု အဆင့္ျမင့္ ပညာဦးစီးဌာနၫႊန္ၾကားေရးမွဴး ခ်ဳပ္ ေဒါက္တာသိန္း၀င္းကေျပာ သည္။

တကၠသိုလ္၊ ဒီဂရီေကာလိပ္ ႏွင့္ ေကာလိပ္မ်ား၏အထူးျပဳ ဘာသာရပ္ ပထမႏွစ္သင္တန္းမ်ားသို႔ တက္ေရာက္ခြင့္ရသည့္ စာရင္း ကို သက္ဆုိင္ရာေက်ာင္းမ်ား၌ ေၾကညာၿပီး ၎တို႔ေက်ာင္း၌ ၀င္ခြင့္ရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စာတုိက္ကတစ္ဆင့္ ျပန္လည္ အေၾကာင္းၾကားေပး မည့္အျပင္ ၀က္ဘ္ဆုိက္မွတစ္ ဆင့္ ခ်က္ခ်င္းသိရွိႏုိင္ရန္ ေဆာင္ ရြက္ထားသည္။
‘‘ေတာ္ေတာ္မ်ားမ်ား ကြန္ ပ်ဴတာစာစီေနၿပီ။ ကြၽန္ေတာ္ထင္ တာကေတာ့ ႏုိ၀င္ဘာေလာက္ ပညာေရး၀န္ႀကီးဌာန ၀က္ဘ္ ဆုိက္က ထုတ္ျပန္ေပးႏုိင္မွာပါ။ တကၠသိုလ္တစ္ခုခ်င္းကလည္း သူတုိ႔ဆီမွာ ေၾကညာထားေပမယ့္ တခ်ဳိ႕က ခ်က္ခ်င္းမသိႏုိင္မွာစိုး လို႔ ၀က္ဘ္ဆုိက္ကေန ေၾကညာ ေပးမွာပါ’’ဟု ေဒါက္တာသိန္း၀င္း က ေျပာသည္။
အေ၀းသင္တကၠသိုလ္တက္ ေရာက္ခြင့္ရသူ စာရင္းကို ယခင္ ပညာသင္ႏွစ္က ၀က္ဘ္ဆုိက္မွ တစ္ဆင့္ ေၾကညာေပးခဲ့ျခင္းရွိ ေသာ္လည္း တကၠသိုလ္၊ ဒီဂရီ ေကာလိပ္၊ ေကာလိပ္အားလုံးသို႔ ၀င္ခြင့္ရသူစာရင္းကို ၀က္ဘ္ ဆုိက္မွ ထုတ္ျပန္ေပးျခင္းသည္ ယခုႏွစ္တြင္ ပထမဆုံးေဆာင္ရြက္ ျခင္း ျဖစ္သည္။
‘‘အရင္ကေတာ့ ၀င္ခြင့္ရတဲ့ ေက်ာင္းကအိမ္ကို စာပို႔အေၾကာင္း ၾကားတယ္။ တစ္ခါတေလ စာ တုိက္က အေၾကာင္းၾကားတဲ့စာ က ေက်ာင္းဖြင့္မွေရာက္တာမ်ဳိး ေတြ ႀကံဳဖူးတယ္။ ကိုယ္ေလွ်ာက္ တဲ့ ေက်ာင္းေတြထဲက ဘယ္ ေက်ာင္းအရႏုိင္ဆုံးလဲဆိုတာ မွန္း ၿပီး အဲဒီေက်ာင္းေတြမွာ လုိက္ၾကည့္ရတာေပါ့။ တျခားၿမိဳ႕က ေက်ာင္းေတြ ေလွ်ာက္ထားရင္ နီး စပ္ရာ အကူအညီေတာင္း ၾကည့္ ရတယ္။ အခု၀က္ဘ္ဆုိက္က ေၾကညာမယ္ဆိုရင္ေတာ့ ခ်က္ခ်င္းသိ ရေတာ့ အဆင္ေျပတာေပါ့’’ ဟုအလက(၂) မိတၳီလာမွ ဆရာမေဒၚခ်ဳိခ်ဳိေ၀က ေျပာသည္။
၀င္ခြင့္ေလွ်ာက္လႊာမ်ားကို တကၠသိုလ္၀င္ခြင့္ စိစစ္ေရြးခ်ယ္ ေရးအဖဲြ႕က တကၠသိုလ္၀င္စာ ေမးပဲြ ရမွတ္၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ဦးစားေပး ေလွ်ာက္ထားမႈ၊ တကၠသိုလ္၊ ဒီ ဂရီေကာလိပ္၊ ေကာလိပ္မ်ားက လက္ခံေပးႏုိင္မည့္ ေက်ာင္းသား အေရအတြက္အေပၚ မူတည္၍ စိစစ္ေရြးခ်ယ္ထားျခင္း ျဖစ္သည္။
၂၀၁၇ တကၠသိုလ္၀င္စာေမး ပဲြ ေအာင္ျမင္သူမ်ားအတြက္ တကၠသိုလ္၀င္ခြင့္ေလွ်ာက္လႊာ မ်ားကို တစ္ႏုိင္ငံလုံးရွိ တကၠသိုလ္ ၁၇ ခုတြင္ ၾသဂုတ္ ၉ မွ ၂၅ ရက္ အထိ တင္သြင္းခြင့္ျပဳၿပီး သတ္ မွတ္ရက္ေက်ာ္လြန္သည္အထိ မေလွ်ာက္ထားရေသးပါက အ ဆင့္ျမင့္ပညာဦးစီးဌာန (ရန္ကုန္ ႐ုံးခဲြ) သထုံလမ္း၊ ကမာရြတ္ၿမိဳ႕ နယ္ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔ ေလွ်ာက္ထားခြင့္ျပဳခဲ့သည္။
လာမည့္ ဒီဇင္ဘာတြင္ စတင္ဖြင့္လွစ္မည့္ ၂၀၁၇-၁၈ ပညာသင္ႏွစ္ တကၠသိုလ္၊ ဒီဂရီ ေကာလိပ္ႏွင့္ ေကာလိပ္အသီးသီး ၏ ပထမႏွစ္သင္တန္းမ်ား၌ တက္ေရာက္ခြင့္ရရွိသူမ်ားအေနျဖင့္ သက္ဆုိင္ရာ ေက်ာင္းမ်ား၏ ေက်ာင္းအပ္လက္ခံသည့္ ကာလ အတြင္း ေက်ာင္းအပ္ရန္လိုအပ္ ေၾကာင္း ေၾကညာထားသည္။
၂၀၁၇ တကၠသိုလ္၀င္စာေမး ပဲြတြင္ ၇၁၆,၁၈၈ ဦး ၀င္ေရာက္ ေျဖဆိုရာ ၂၄၂,၇၃၆ ဦးေအာင္ ျမင္ၿပီး ေအာင္ခ်က္ ၃၃ ဒသမ ၈၉ ရာခိုင္ႏႈန္းရွိခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ တက် ရောက်ခွင့်ရရှိသည့် တက္ကသိုလ် စာရင်းကို နိုဝင်ဘာလလယ်တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ် ဆိုက်(www.moe.gov.mm) ကကြေညာပေးမည်ဟု အဆင့်မြင့် ပညာဦးစီးဌာနညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းကပြော သည်။


တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များ၏အထူးပြု ဘာသာရပ် ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသည့် စာရင်း ကို သက်ဆိုင်ရာကျောင်းများ၌ ကြေညာပြီး ၎င်းတို့ကျောင်း၌ ဝင်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူများကို စာတိုက်ကတစ်ဆင့် ပြန်လည် အကြောင်းကြားပေး မည့်အပြင် ဝက်ဘ်ဆိုက်မှတစ် ဆင့် ချက်ချင်းသိရှိနိုင်ရန် ဆောင် ရွက်ထားသည်။

‘‘တော်တော်များများ ကွန် ပျူတာစာစီနေပြီ။ ကျွန်တော်ထင် တာကတော့ နိုဝင်ဘာလောက် ပညာရေးဝန်ကြီးဌာန ဝက်ဘ် ဆိုက်က ထုတ်ပြန်ပေးနိုင်မှာပါ။ တက္ကသိုလ်တစ်ခုချင်းကလည်း သူတို့ဆီမှာ ကြေညာထားပေမယ့် တချို့က ချက်ချင်းမသိနိုင်မှာစိုး လို့ ဝက်ဘ်ဆိုက်ကနေ ကြေညာ ပေးမှာပါ’’ဟု ဒေါက်တာသိန်းဝင်း က ပြောသည်။

အဝေးသင်တက္ကသိုလ်တက် ရောက်ခွင့်ရသူ စာရင်းကို ယခင် ပညာသင်နှစ်က ဝက်ဘ်ဆိုက်မှ တစ်ဆင့် ကြေညာပေးခဲ့ခြင်းရှိ သော်လည်း တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အားလုံးသို့ ဝင်ခွင့်ရသူစာရင်းကို ဝက်ဘ် ဆိုက်မှ ထုတ်ပြန်ပေးခြင်းသည် ယခုနှစ်တွင် ပထမဆုံးဆောင်ရွက် ခြင်း ဖြစ်သည်။

‘‘အရင်ကတော့ ဝင်ခွင့်ရတဲ့ ကျောင်းကအိမ်ကို စာပို့အကြောင်း ကြားတယ်။ တစ်ခါတလေ စာ တိုက်က အကြောင်းကြားတဲ့စာ က ကျောင်းဖွင့်မှရောက်တာမျိုး တွေ ကြုံဖူးတယ်။ ကိုယ်လျှောက် တဲ့ ကျောင်းတွေထဲက ဘယ် ကျောင်းအရနိုင်ဆုံးလဲဆိုတာ မှန်း ပြီး အဲဒီကျောင်းတွေမှာ လိုက်ကြည့်ရတာပေါ့။ တခြားမြို့က ကျောင်းတွေ လျှောက်ထားရင် နီး စပ်ရာ အကူအညီတောင်း ကြည့် ရတယ်။ အခုဝက်ဘ်ဆိုက်က ကြေညာမယ်ဆိုရင်တော့ ချက်ချင်းသိ ရတော့ အဆင်ပြေတာပေါ့’’ ဟုအလက(၂) မိတ္ထီလာမှ ဆရာမဒေါ်ချိုချိုဝေက ပြောသည်။

ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့က တက္ကသိုလ်ဝင်စာ မေးပွဲ ရမှတ်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဦးစားပေး လျှောက်ထားမှု၊ တက္ကသိုလ်၊ ဒီ ဂရီကောလိပ်၊ ကောလိပ်များက လက်ခံပေးနိုင်မည့် ကျောင်းသား အရေအတွက်အပေါ် မူတည်၍ စိစစ်ရွေးချယ်ထားခြင်း ဖြစ်သည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ များကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၁၇ ခုတွင် သြဂုတ် ၉ မှ ၂၅ ရက် အထိ တင်သွင်းခွင့်ပြုပြီး သတ် မှတ်ရက်ကျော်လွန်သည်အထိ မလျှောက်ထားရသေးပါက အ ဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန် ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့ နယ် ရန်ကုန်မြို့သို့ ပေးပို့ လျှောက်ထားခွင့်ပြုခဲ့သည်။

လာမည့် ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်မည့် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်အသီးသီး ၏ ပထမနှစ်သင်တန်းများ၌ တက်ရောက်ခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအပ်လက်ခံသည့် ကာလ အတွင်း ကျောင်းအပ်ရန်လိုအပ် ကြောင်း ကြေညာထားသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ၇၁၆,၁၈၈ ဦး ဝင်ရောက် ဖြေဆိုရာ ၂၄၂,၇၃၆ ဦးအောင် မြင်ပြီး အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top