Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေဟတုပစၥေယာ - အကုသိုလ္ကင္း၍ ကုသုိလ္နွင့္ ယွဥ္တြဲရပါေစသား။

အာရမၼဏပစၥေယာ - မ်က္စိႏွင့္နားသည္ နိဗၺာန္သို႔မ်က္ေမွာက္ျပဴရပါေစသား။

အဓိပတိပစၥေယာ - ရုပ္၊ နာမ္နွစ္ပါးတို့ကို ေစာင့္ေရွာက္ထိန္းသိမ္းနိုင္ရပါေစသား။

အနႏၲရပစၥေယာ - မ်ားစြာေသာ ကုသိုလ္တရားတို႔ကို မ်က္ေမွာက္ျပဴရပါေစသား။

သမနႏၲရပစၥေယာ - ရုပ္ႏွင့္နာမ္ အတူရွိေသာတရားတို့ကို မ်က္ေမွာက္ျပဴရပါေစသား။

သဟဇာတပစၥေယာ - ရုပ္,ရုပ္ခ်င္း၊ နာမ္,နာမ္ခ်င္း ထင္ရွားစြာ သိရပါေစသား။

အညမညပစၥေယာ - ရုပ္မွနာမ္သို႔၊ နာမ္မွရုပ္သို႔ေျပာင္းလဲ၍ သိရပါေစသား။

နိႆယပစၥေယာ - ရုပ္နာမ္နွစ္ပါးတို႔၏ တည္ေနရာကိုသိရပါေစသား။

ဥပနိႆယပစၥေယာ - ရတနာသံုးပါးကို ဦးထိပ္ထားရပါေစသား။

ပုေရဇာတပစၥေယာ - ေရွးကျဖစ္ေသာ အကုသိုလ္ကိုပယ္၍ ကုသိုလ္ကိုမ်က္ေမွာက္ျပဳရပါေစသား။

ပစၦာဇာတပစၥေယာ - ေနာက္မွျဖစ္ေသာ အကုသိုလ္ကိုပယ္၍ ကုသိုလ္ကိုမ်က္ေမွာက္ျပဳရပါေစသား။

အာေသ၀နပစၥေယာ - လုိရာဆႏၵမရွိေအာင္ ျပည့္စံုရပါေစသား။

ကမၼပစၥေယာ - ကံသံုးပါးကို ထိန္းသိမ္းနိုင္ရပါေစသား။

၀ိပါကပစၥေယာ - ၀ဋ္ေၾကြးသံုးသြယ္ကို ပယ္ဖ်က္ရပါေစသား။

အာဟာရပစၥေယာ - လိုရာဆႏၵကို ျပည့္စံုစြာ ေထာက္ပံ့ႏိုင္ရပါေစသား။

ဣျႏၵိယပစၥေယာ - နာမ္ရုပ္ကို ထိန္းသိမ္းတတ္ေသာ ပညာနွင့္ ျပည့္စံုရပါေစသား။

စ်ာနပစၥေယာ - သူေတာ္ေကာင္းတရား (ရ)ပါး၊ ဉာဏ္စဥ္ (၅)ပါးနွင့္ ျပည့္စံုရပါေစသား။

မဂၢပစၥေယာ - ဘာ၀နာ (၂)ပါး အေပါင္းကို အာရံုျပဳ၍ အထြဋ္္အထိပ္ ပညာကိုရ, ရပါေစသား။

သမၸယုတၱပစၥေယာ - သူေတာ္ေကာင္းတို႔ႏွင့္ေပါင္း၍ (၇)ျဖာေသာ တရားနွင့္ ယွဥ္တဲြရပါေစသား။

၀ိပယုတၱပစၥေယာ - သူယုတ္မာနွင့္ေ၀း၍ အကုသိုလ္ ကင္းရွင္းရပါေစသား။

အတၲိပစၥေယာ - သမုတိနယ္၏ အရွိကို ဟုတ္မွန္စြာ သိရပါေစသား။

နတၲိပစၥေယာ - ပရမတၱမရွိတရား၏ အသိကို မ်က္ေမွာက္ျပဳရပါေစသား။

၀ိဂတပစၥေယာ - ေရွး၌ ပြင့္ၿပီးကုန္ေသာဘုရားတို႔ကို ရွိခိုးရပါေစသား။

အ၀ိဂတပစၥေယာ - ပြင့္လတၱံ႔ေသာ ဘုရားတို႔ကို ရွိခိုးရပါေစသား။

၂၄ ပစၥည္းဆုေတာင္း ဆိုသည့္အတိုင္းပင္ ၂၄ပစၥည္း၏ အနက္အဓိပၸာယ္ကို ျမန္မာဘာသာျဖင့္ အႏွစ္ခ်ဳပ္ နားလည္ႏိုင္သလို နားလည္ထားသည့္အတိုင္း အက်ိဳးရလဒ္မ်ား ထင္ရွားျဖစ္ထြန္းလာေအာင္ စီစဥ္ထားရ
ကား ယင္း၂၄ပစၥည္းဆုေတာင္းျဖင့္ ေကာင္းက်ိဳးသုခမ်ား ရရွိလာၾကမည္မွာ မုခ်ဧကန္ျဖစ္ပါ၏။

အလုပ္ကိစၥေတြ အဘယ္မွ် မ်ားျပားေနပါေစ။ ယုတ္စြအဆံုး တစ္ရက္တစ္ပစၥည္း ႏွဳတ္တက္က်က္မွတ္ပါက၂၄ ရက္တြင္ ၂၄ပစၥည္းလံုး ႏုတ္တက္ရရွိမည္ျဖစ္ၿပီး ဆက္လက္၍ေန႔စဥ္ ဘုးရား၀တ္ျပဳၿပီးတိုင္း ပဌာန္း ၂၄
ပစၥည္းဆုေတာင္းကို ရြတ္ဆိုဆုပန္ပါလွ်င္ အမွန္ပင္ ရုပ္ပိုင္းေရာစိတ္ပိုင္းမွာပါ ေကာင္းက်ိဳးတရားေတြ တိုးပြားလာပါမည္။

ဣတိ၀ုတ္ ပါဠိေတာ္၌ ျမတ္ဗုဒၶၫႊန္ျပေတာ္မူသည့္အတိုင္း ဆုေတာင္းပတၳနာသည္ တဏွာပတၳနာႏွင့္ ဆႏၵပတၳနာ ဟု ႏွစ္မ်ိဳးရွိသည့္အနက္ ဆႏၵပတၳနာ (ကုသိုလ္ဆႏၵ)ႏွင့္ ဆုေတာင္းၾကရပါမည္။ ဆုမေတာင္းမီ ဘု
ရားရွိခိုးျခင္း စသည့္ ကုသိုလ္ကံတစ္ခုခုျပဳၿပီးမွသာ ဆုေတာင္းၾကရပါမည္။

ပဌာန္း ၂၄ ပစၥည္းသည္ ဗဟု၀ုစ္ (အမ်ားဆိုင္) ျဖစ္သျဖင့္ ဆႏၵပတၳနာ မည္ပါသည္။ သို႔ျဖင့္ ပဌာန္း ၂၄ပစၥည္းဆုေတာင္းအေပၚ ယံုၾကည္ျမတ္ႏိုးေသာ သဒၶါဗလကို အရင္းထားလ်က္ အဆက္မျပတ္ဆုေတာင္းျခင္း ၀ီရိယဗလ၊ မေမ့မေလ်ာ့ျခင္း သတိဗလ၊ တစိုက္မတ္မတ္ တည္ျခင္း သမာဓိဗလ၊ အဓိပၸါယ္ကို ပို၍
ပို၍ ထိုးထြင္းသိျမင္ျခင္း ပညာဗလဟူသည့္ ဗလငါးမ်ိဳးတိုးထက္တိုး ေကာင္းက်ိဳး ျပည့္၀ၾကမည္ ျဖစ္ပါသတည္း။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပဌာန္း ပူေဇာ္ၾကသူမ်ား

# Unicode Version ျဖင့္ ဖတ္ပါ  #
ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။

အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။

သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။

သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။

နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။

ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

အာသေဝနပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

ဝိပါကပစ္စယော - ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့နိုင်ရပါစေသား။

ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။

မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။

သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (၇)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။

အဝိဂတပစ္စယော - ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို နားလည်ထားသည့်အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရ
ကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။

အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက၂၄ ရက်တွင် ၂၄ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း ၂၄
ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရောစိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။

ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓညွှန်ပြတော်မူသည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ (ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘု
ရားရှိခိုးခြင်း စသည့် ကုသိုလ်ကံတစ်ခုခုပြုပြီးမှသာ ဆုတောင်းကြရပါမည်။

ပဌာန်း ၂၄ ပစ္စည်းသည် ဗဟုဝုစ် (အများဆိုင်) ဖြစ်သဖြင့် ဆန္ဒပတ္ထနာ မည်ပါသည်။ သို့ဖြင့် ပဌာန်း ၂၄ပစ္စည်းဆုတောင်းအပေါ် ယုံကြည်မြတ်နိုးသော သဒ္ဓါဗလကို အရင်းထားလျက် အဆက်မပြတ်ဆုတောင်းခြင်း ဝီရိယဗလ၊ မမေ့မလျော့ခြင်း သတိဗလ၊ တစိုက်မတ်မတ် တည်ခြင်း သမာဓိဗလ၊ အဓိပ္ပါယ်ကို ပို၍
ပို၍ ထိုးထွင်းသိမြင်ခြင်း ပညာဗလဟူသည့် ဗလငါးမျိုးတိုးထက်တိုး ကောင်းကျိုး ပြည့်ဝကြမည် ဖြစ်ပါသတည်း။


ဖိုးသူတော် (www.phothutaw.com)
Credit: ပဌာန်း ပူဇော်ကြသူများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top