Golden City Promotion
×

     ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းကို လက္ဖက္ရည္ဆိုင္တြင္ နားေထာင္ၾကည့္႐ႈေနေသာ ျပည္သူအခ်ိဳ႕
ရခိုင္ျပည္နယ္အေရး အဓိကလုပ္ငန္းစဥ္ သံုးရပ္ျဖစ္ ေသာ လူသားခ်င္းစာနာမႈ ကူညီ ေထာက္ပံ့ေပးေရး၊ ျပန္လည္ေန ရာခ်ထားေရး၊ ဖံြ႕ၿဖိဳးေရးစီမံကိန္း တြင္ ျပည္သူမ်ား ပူးေပါင္းပါ၀င္ ရန္ႏွင့္ ျပည္သူမ်ား၏ စုေပါင္းအား ျဖင့္ ခုိင္ၿမဲစြာလက္တဲြေဆာင္ရြက္ ရန္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေမတၱာရပ္ခံေျပာၾကားသည္။
 ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္သည္ ရခုိင္ျပည္နယ္အေရး ႏွင့္ပတ္သက္၍ ျပည္သူလူထုအား ျမန္မာ့႐ုပ္သံမွတစ္ဆင့္ ယမန္ေန႔ ည ၇ နာရီ ၄၅ မိနစ္တြင္ ‘ျပည္ သူသို႔ တင္ျပခ်က္’ မိန္႔ခြန္းတစ္ ရပ္ ေျပာၾကားရာယင္းသုိ႔ ထည့္ သြင္းေျပာၾကားျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္တြင္ လက္ရွိ ႀကံဳေတြ႕ေနရသည့္ အေျခအေန မ်ားႏွင့္ပတ္သက္၍ လုပ္ေဆာင္ရ မည့္ လုပ္ငန္းစဥ္မ်ားစြာရွိေသာ္ လည္း အဓိက ဦးစားေပးေဆာင္ ရြက္ရမည့္လုပ္ငန္းစဥ္ သံုးရပ္ရွိ ေၾကာင္း ႏုိင္ငံေတာ္၏ အတုိင္ပင္ ခံပုဂၢိဳလ္က ေျပာသည္။

‘‘တည္ၿငိမ္ေအးခ်မ္း တိုး တက္ဖံြ႕ၿဖိဳးတဲ့ ရခိုင္ျပည္နယ္ျဖစ္ ေပၚလာေရးအတြက္ လက္ေတြ႕ တိုးတက္မႈရလဒ္ေတြနဲ႔ ျပသဖို႔ ႀကိဳးပမ္းေဆာင္ရြက္မယ့္ ဒီစီမံ ကိန္းမွာ ျပည္သူ၊ ျပည္သားေတြ၊ ျပည္တြင္း NGO ေတြ၊ CSO ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြ ပူး ေပါင္းပါ၀င္ၾကဖို႔ အေလးအနက္ ေမတၱာရပ္ခံပါတယ္။ လာမယ့္ အပတ္မွစၿပီး စီမံကိန္း အေကာင္ အထည္ေဖာ္တဲ့အခါမွာ ကၽြန္မတို႔ ျပည္ေထာင္စုႀကီးတစ္ရပ္လံုးက ဆႏၵ၊ ၀ီရိယ၊ စိတၱ၊ ပညာအား ေတြ စုပံုၿပီး ထက္ထက္သန္သန္၊ သတၱိရွိရွိိနဲ႔ သမိုင္းမွတ္ေက်ာက္ တင္ရေလာက္ေအာင္ သန္႔ရွင္း၊ မွန္ကန္တဲ့အစြမ္းေတြ ျပၾကမယ္ လို႔ ေမွ်ာ္လင့္ယုံၾကည္ပါတယ္’’ ဟု ၎က ေျပာသည္။

ပထမအခ်က္သည္ လူသား ခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ထိထိေရာက္ ေရာက္ေပးအပ္ေရးႏွင့္ ဒုကၡသည္ မ်ား ျပန္လည္လက္ခံေရး၊ ဒုတိယ အခ်က္သည္ ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပန္လည္ထူေထာင္ေရး၊ တတိယအခ်က္သည္ ေဒသဖံြ႕ၿဖိဳးေရးႏွင့္ ေရရွည္ပဋိပကၡကင္းေ၀း ေရးတို႔ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

အဆုိပါ အဓိက ဦးစားေပး အခ်က္သံုးခုကို အေကာင္အ ထည္ေဖာ္မည့္ ရခုိင္ျပည္တြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္ လည္ေနရာခ်ထားေရး၊ ဖံြ႕ၿဖိဳးေရး စီမံကိန္းကို ႏုိင္ငံေတာ္၏ အ တုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္က ဥကၠ႒အျဖစ္ တာ၀န္ ယူေဆာင္ရြက္မည္ျဖစ္ၿပီး လူမႈ ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရး ၀န္ႀကီး ဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးက ဒုတိယဥကၠ႒အျဖစ္ ေဆာင္ရြက္မည္ျဖစ္သည္။

ယင္းစီမံကိန္းကို ႏုိုင္ငံေတာ္အစိုးရႏွင့္အတူ ျပည္တြင္း၊ ျပည္ပႏုိင္ငံ အဖဲြ႕အစည္းစံုပါ၀င္ႏုိင္မႈ၊ က႑စံု၊ အလႊာစံုပါ၀င္ႏုိင္မႈ၊ လုပ္ငန္းမ်ိဳးစံု ေဆာင္ရြက္ႏုိင္မႈတို႔အ တြက္ ရည္ရြယ္ဖဲြ႕စည္း ေဆာင္ရြက္မည္ဟုလည္း ေျပာသည္။

ရခိုင္ျပည္နယ္ ဖံြ႕ၿဖိဳးေရးအ တြက္ ႏုိင္ငံတကာအသိုင္းအ၀ိုင္း အေနျဖင့္ ပူးေပါင္းပါ၀င္ေဆာင္ ရြက္ရန္ ဆႏၵျပဳထားေသာ္လည္း ျပည္ေထာင္စုႏုိင္ငံေတာ္အေရး ျဖစ္သျဖင့္ ျပည္ေထာင္စု အစိုးရ၊ ျပည္နယ္၊ တုိင္းအစိုးရအဖဲြ႕မ်ားက ဦးေဆာင္တာ၀န္ယူရမည္ျဖစ္ၿပီး စိတ္ရင္းေစတနာ အမွန္ႏွင့္ ပူးေပါင္းပါ၀င္ရန္ ျပည္တြင္း၊ ျပည္ပမွ ကမ္းလွမ္းခ်က္မ်ားကိုလည္း အေလးအနက္ထား စဥ္းစားသံုးသပ္ရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

ပ့ံပုိးကူညီေပးရန္ ကမ္းလွမ္း ထားသည့္ ႏုိင္ငံတကာ အဖဲြ႕အ စည္းမ်ားႏွင့္ မိတ္ေဆြႏုိင္ငံမ်ားကို ပါ၀င္ရန္ ဖိတ္ေခၚထားေသာ္ လည္း ႏုိင္ငံေတာ္အစိုးရသည္ ျပည္တြင္းရွိ ျပည္သူမ်ားသာမက ျပည္ပေရာက္ ျမန္မာႏုိင္ငံသား မ်ားကိုလည္း အဓိက အားကိုး ေၾကာင္း ၎က ဆက္ေျပာသည္။

ရခုိင္အေရးႏွင့္ပတ္သက္၍ ကူညီႏုိင္မည့္ နည္းလမ္းမ်ားကုိ ၀က္ဘ္ဆိုက္စာမ်က္ႏွာႏွင့္တကြ ႏုိင္ငံပုိင္ မီဒီယာမ်ား၌ ေအာက္ တိုဘာ ၁၅ ရက္တြင္ စတင္ေၾက ညာမည္ျဖစ္ၿပီး ျပည္ပမွ ျမန္မာ ႏုိင္ငံသားမ်ားအေနျဖင့္ အနီးစပ္ ဆုံး ျမန္မာသံ႐ုံး၊ ေကာင္စစ္၀န္ ခ်ဳပ္႐ုံးမ်ားမွတစ္ဆင့္ ပါ၀င္ကူညီ ႏုိင္ရန္ စီစဥ္ေပးမည္ျဖစ္သည္။

‘‘ျပည္ေထာင္စုျမန္မာႏုိင္ငံ ေတာ္ဟာ ႐ုပ္ပိုင္းဆိုင္ရာအရ အင္အားမႀကီးေပမယ့္ စိတ္အင္ အားေတြ စုစည္းၿပီး ေအာင္ျမင္မႈ ရယူႏုိင္လိမ့္မယ္ဆုိတာကုိ သံသယမရွိပါဘူး။ ကၽြန္မတို႔ ျပည္ သူ၊ ျပည္သားမ်ားဟာ သဒၶါတ ရားထက္သန္စြာနဲ႔ လွဴဒါန္းေပး ကမ္းရာမွာေတာ့ ကမၻာ့နံပါတ္ (၁) လို႔ေတာင္ သတ္မွတ္ျခင္းခံရ ပါတယ္။ ဒီသဒၶါစိတ္ေတြကို စည္း စနစ္နဲ႔ ေသခ်ာစြာ ျပည္ေထာင္စု အက်ိဳးအတြက္ ကၽြန္မတုိ႔ေတြ သံုး စဲြသြားၾကရမွာပါ’’ဟု ႏုိင္ငံေတာ္ ၏ အတုိင္ပင္ခံပုဂၢိဳလ္က တိုက္ တြန္းသည္။

ထို႔အျပင္ ျပည္သူမ်ားသည္ မည္သုိ႔ပင္ ေဒါသမ်ား၊ အမုန္းတရားမ်ား၊ အႏုိင္က်င့္မႈမ်ားျဖင့္ ရင္ဆိုင္ေနရေသာ္လည္း ေမတၱာ၊ က႐ုဏာ၊ မုဒိတာကို စဲြစဲြၿမဲၿမဲ လက္ကိုင္ထား၍ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏုိင္မည္ျဖစ္ေၾကာင္းႏွင့္ ရခုိင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပ့ံေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖံြ႕ၿဖိဳးေရး စီမံကိန္းမ်ား ေအာင္ျမင္ေရးအတြက္ ခုိင္ၿမဲစြာ လက္တဲြလုပ္ေဆာင္သြားရန္ ဆက္လက္တုိက္တြန္းထားသည္။

‘‘ဒီအခ်ိန္မွာ ျမန္မာႏုိင္ငံ အေနနဲ႔ လုပ္စရာရွိတာေတြကို၊ ကိုယ္လုပ္သင့္တာေတြကို မွန္မွန္ ကန္ကန္ ရဲရဲတင္းတင္း ထိထိ ေရာက္ေရာက္ လုပ္ကိုင္ေနဖို႔ အ ေရးႀကီးပါတယ္။ ကၽြန္မတို႔ လုပ္ မယ္လုိ႔ ေျပာထားတဲ့ လုပ္ငန္း ေတြ၊ ကၽြန္မတို႔လုပ္သင့္တယ္လို႔ခံ ယူထားတဲ့လုပ္ငန္းေတြကို တိုး တက္ေအာင္ျမင္ဖို႔ ကၽြန္မတုိ႔ ေဆာင္ရြက္သြားရမွာ ျဖစ္ပါ တယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္ က ေျပာသည္။

ႏုိင္ငံတကာ၏ ေ၀ဖန္ခ်က္ မ်ား၊ စြပ္စဲြခ်က္မ်ားကို စကားျဖင့္ တုံ႔ျပန္ေခ်ပေနျခင္းထက္ လက္ ေတြ႕လုပ္ေဆာင္ခ်က္မ်ား၊ တိုး တက္မႈရလဒ္မ်ားျဖင့္ ကမၻာကို ျပသရန္ လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္းလည္း ေျပာၾကား သည္။

ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ ေရာက္ရွိသြားသူမ်ားကို ျပန္လည္လက္ခံေရးအတြက္ ႏွစ္ႏုိင္ငံ အစိုးရမ်ား ညိႇႏိႈင္းေနၿပီး ျမန္မာႏုိင္ငံ လြတ္လပ္ေရးရၿပီး ေနာက္ပိုင္း ႏွစ္ႏုိင္ငံအၾကား ႏွစ္ႀကိမ္တိုင္ ညိႇႏိႈင္းလက္ခံေရး ေအာင္ျမင္စြာ ေဆာင္ရြက္ႏုိင္ခဲ့၍ ယခု တတိယအႀကိမ္ ပူးေပါင္း ေဆာင္ရြက္မႈ ေအာင္ျမင္ေစရန္ ႀကိဳးပမ္းေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

ျပန္လည္ေနရာခ်ထားေရး၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္း စဥ္မ်ား၊ ေဆာင္ရြက္ရာတြင္ ဘဂၤလားေဒ့ရွ္ဘက္မွ ျပန္လာသူ မ်ားသာမက ဒိုင္းနက္၊ ၿမိဳ အစရွိ သည့္ ရွားပါးဌာေနတုိင္းရင္းသား မ်ား၊ ဟိႏၵဴဘာသာ၀င္မ်ား၊ ရခိုင္ တိုင္းရင္းသားမ်ားအတြက္ မူလ အေနအထားကို ျပန္လည္ေရာက္ ရွိရန္၊ မူလထက္သာလြန္ေကာင္း မြန္ေစရန္ ေရရွည္တည္တံ့ခုိင္ၿမဲ မည့္ စီမံကိန္းမ်ား အေကာင္ အထည္ေဖာ္မည္ဟုလည္း ဆုိသည္။ ေဒၚေအာင္ဆန္းစုၾကည္ သည္ ျပည္သူသို႔ တင္ျပခ်က္မိန္႔ ခြန္းအဖြင့္တြင္ ‘‘ကၽြန္မတို႔ႏုိင္ငံ လက္ရွိရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈ ေတြနဲ႔ ပတ္သက္လို႔ နားလည္မႈ အျပည့္အ၀နဲ႔ စည္းစည္းလံုးလံုးကြၽန္မတို႔အစုိးရကုိ ၀န္းရံေပးတဲ့အတြက္ အင္မတန္မွ ေက်းဇူးတင္ေၾကာင္း ေျပာပါရေစ။ ျပည္သူရဲ႕ ေထာက္ခံမႈ၊ ျပည္သူရဲ႕ယုံၾကည္မႈ၊ ျပည္သူရဲ႕ ညီၫြတ္မႈနဲ႔ ႏႈိင္းယွဥ္ႏုိင္တဲ့ ဘာအင္အားမွ မရွိပါဘူး။ ဘယ္လုိအခက္အခဲေတြနဲ႔ပဲႀကံဳေတြ႕ပါရေစ၊ ျပည္သူရဲ႕ ညီၫြတ္မႈအင္အားနဲ႔ ေက်ာ္လႊားႏုိင္မယ္လုိ႔ ယုံၾကည္ပါတယ္’’ ဟု အေလးအနက္ ေျပာၾကားသြားသည္။

‘‘ဒီည ေဒၚေအာင္ဆန္းစု ၾကည္ ေျပာသြားတဲ့မိန္႔ခြန္းအေပၚ နားလည္လက္ခံပါတယ္။ ႏုိင္ငံ သားတစ္ေယာက္အေနနဲ႔ ႏုိင္ငံ ပုံရိပ္အနည္းငယ္က်ဆင္းသလုိ ျဖစ္လာေနရတဲ့အေပၚ တတ္ႏုိင္ တဲ့ဘက္က ပူးေပါင္းဖုိ႔ျဖစ္ျဖစ္၊ ပါ၀င္လွဴဒါန္းဖုိ႔ျဖစ္ျဖစ္ တစ္နည္း နည္းနဲ႔ လုိက္ပါကူညီရပါမယ္’’ ဟု စင္ကာပူေရာက္ျမန္မာႏုိင္ငံ သား ကုိလင္းေအာင္က မွတ္ခ်က္ ျပဳသည္။

ျပည္သူမ်ား ပူးေပါင္းပါ၀င္ ရန္ ဖိတ္ေခၚျခင္းသည္ေကာင္းမြန္ ေသာ္လည္း ရခုိင္ျပည္နယ္အေရး ေျဖရွင္းေဆာင္ရြက္ရန္အစုိးရက ဖြဲ႕စည္းထားသည့္ ေကာ္မတီမ်ား တြင္ ရခုိင္ျပည္နယ္ လူထု ေထာက္ခံမႈရရွိထားသည့္ ပုဂၢိဳလ္ မ်ားမပါ၀င္ျခင္းက ျပႆနာေျဖ ရွင္းႏုိင္မည္လားဆုိသည္ကုိ စဥ္း စားစရာရွိေၾကာင္း ေဒၚေအာင္ ဆန္းစုၾကည္၏ မိန္႔ခြန္းကုိ နား ေထာင္သည့္ တိုင္းရင္းသားအေရး ကြၽမ္းက်င္သူ ဦးေမာင္ေမာင္စုိးက မွတ္ခ်က္ျပဳသည္။

‘‘သူကေတာ့ ျပည္သူရဲ႕စိတ္ အားေရာ၊ လူအားေရာ၊ ေငြအား ေရာ အားသုံးမ်ိဳးစလုံးကိုစုစည္း ခ်င္တယ္နဲ႔တူပါတယ္။ တစ္ခါ တည္း တိုင္းျပည္လည္းစည္းလုံး ညီၫြတ္ေရးရသြားေအာင္ ရခုိင္ အေရးကိိုအေၾကာင္းျပဳၿပီးေတာ့ ဒီမိန္႔ခြန္းေျပာတယ္လို႔ထင္တယ္ ဗ်’’ ဟု ျမန္မာ့အေရးေလ့လာသူ ေဆာင္းပါးရွင္ ဦးေဇယ်သူက သုံး သပ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရခိုင်ပြည်နယ်အရေး အဓိကလုပ်ငန်းစဉ် သုံးရပ်ဖြစ် သော လူသားချင်းစာနာမှု ကူညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေ ရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း တွင် ပြည်သူများ ပူးပေါင်းပါဝင် ရန်နှင့် ပြည်သူများ၏ စုပေါင်းအား ဖြင့် ခိုင်မြဲစွာလက်တွဲဆောင်ရွက် ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြားသည်။
 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ ပြည်သူလူထုအား မြန်မာ့ရုပ်သံမှတစ်ဆင့် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ‘ပြည် သူသို့ တင်ပြချက်’ မိန့်ခွန်းတစ် ရပ် ပြောကြားရာယင်းသို့ ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ များနှင့်ပတ်သက်၍ လုပ်ဆောင်ရ မည့် လုပ်ငန်းစဉ်များစွာရှိသော် လည်း အဓိက ဦးစားပေးဆောင် ရွက်ရမည့်လုပ်ငန်းစဉ် သုံးရပ်ရှိ ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။

‘‘တည်ငြိမ်အေးချမ်း တိုး တက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ် ပေါ်လာရေးအတွက် လက်တွေ့ တိုးတက်မှုရလဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံ ကိန်းမှာ ပြည်သူ၊ ပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူး ပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။ လာမယ့် အပတ်မှစပြီး စီမံကိန်း အကောင် အထည်ဖော်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအား တွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက် တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ် လို့ မျှော်လင့်ယုံကြည်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ပထမအချက်သည် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက် ရောက်ပေးအပ်ရေးနှင့် ဒုက္ခသည် များ ပြန်လည်လက်ခံရေး၊ ဒုတိယ အချက်သည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ တတိယအချက်သည် ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေး ရေးတို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ အဓိက ဦးစားပေး အချက်သုံးခုကို အကောင်အ ထည်ဖော်မည့် ရခိုင်ပြည်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းကို နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်မည်ဖြစ်ပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ယင်းစီမံကိန်းကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း၊ ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံပါဝင်နိုင်မှု၊ ကဏ္ဍစုံ၊ အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အ တွက် ရည်ရွယ်ဖွဲ့စည်း ဆောင်ရွက်မည်ဟုလည်း ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအ တွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်ရန် ဆန္ဒပြုထားသော်လည်း ပြည်ထောင်စုနိုင်ငံတော်အရေး ဖြစ်သဖြင့် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များက ဦးဆောင်တာဝန်ယူရမည်ဖြစ်ပြီး စိတ်ရင်းစေတနာ အမှန်နှင့် ပူးပေါင်းပါဝင်ရန် ပြည်တွင်း၊ ပြည်ပမှ ကမ်းလှမ်းချက်များကိုလည်း အလေးအနက်ထား စဉ်းစားသုံးသပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပံ့ပိုးကူညီပေးရန် ကမ်းလှမ်း ထားသည့် နိုင်ငံတကာ အဖွဲ့အ စည်းများနှင့် မိတ်ဆွေနိုင်ငံများကို ပါဝင်ရန် ဖိတ်ခေါ်ထားသော် လည်း နိုင်ငံတော်အစိုးရသည် ပြည်တွင်းရှိ ပြည်သူများသာမက ပြည်ပရောက် မြန်မာနိုင်ငံသား များကိုလည်း အဓိက အားကိုး ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ကူညီနိုင်မည့် နည်းလမ်းများကို ဝက်ဘ်ဆိုက်စာမျက်နှာနှင့်တကွ နိုင်ငံပိုင် မီဒီယာများ၌ အောက် တိုဘာ ၁၅ ရက်တွင် စတင်ကြေ ညာမည်ဖြစ်ပြီး ပြည်ပမှ မြန်မာ နိုင်ငံသားများအနေဖြင့် အနီးစပ် ဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများမှတစ်ဆင့် ပါဝင်ကူညီ နိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။

‘‘ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အားမကြီးပေမယ့် စိတ်အင် အားတွေ စုစည်းပြီး အောင်မြင်မှု ရယူနိုင်လိမ့်မယ်ဆိုတာကို သံသယမရှိပါဘူး။ ကျွန်မတို့ ပြည် သူ၊ ပြည်သားများဟာ သဒ္ဓါတ ရားထက်သန်စွာနဲ့ လှူဒါန်းပေး ကမ်းရာမှာတော့ ကမ္ဘာ့နံပါတ် (၁) လို့တောင် သတ်မှတ်ခြင်းခံရ ပါတယ်။ ဒီသဒ္ဓါစိတ်တွေကို စည်း စနစ်နဲ့ သေချာစွာ ပြည်ထောင်စု အကျိုးအတွက် ကျွန်မတို့တွေ သုံး စွဲသွားကြရမှာပါ’’ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက် တွန်းသည်။

ထို့အပြင် ပြည်သူများသည် မည်သို့ပင် ဒေါသများ၊ အမုန်းတရားများ၊ အနိုင်ကျင့်မှုများဖြင့် ရင်ဆိုင်နေရသော်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာကို စွဲစွဲမြဲမြဲ လက်ကိုင်ထား၍ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းများ အောင်မြင်ရေးအတွက် ခိုင်မြဲစွာ လက်တွဲလုပ်ဆောင်သွားရန် ဆက်လက်တိုက်တွန်းထားသည်။

‘‘ဒီအချိန်မှာ မြန်မာနိုင်ငံ အနေနဲ့ လုပ်စရာရှိတာတွေကို၊ ကိုယ်လုပ်သင့်တာတွေကို မှန်မှန် ကန်ကန် ရဲရဲတင်းတင်း ထိထိ ရောက်ရောက် လုပ်ကိုင်နေဖို့ အ ရေးကြီးပါတယ်။ ကျွန်မတို့ လုပ် မယ်လို့ ပြောထားတဲ့ လုပ်ငန်း တွေ၊ ကျွန်မတို့လုပ်သင့်တယ်လို့ခံ ယူထားတဲ့လုပ်ငန်းတွေကို တိုး တက်အောင်မြင်ဖို့ ကျွန်မတို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

နိုင်ငံတကာ၏ ဝေဖန်ချက် များ၊ စွပ်စွဲချက်များကို စကားဖြင့် တုံ့ပြန်ချေပနေခြင်းထက် လက် တွေ့လုပ်ဆောင်ချက်များ၊ တိုး တက်မှုရလဒ်များဖြင့် ကမ္ဘာကို ပြသရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်ရှိသွားသူများကို ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ အစိုးရများ ညှိနှိုင်းနေပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်နိုင်ငံအကြား နှစ်ကြိမ်တိုင် ညှိနှိုင်းလက်ခံရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့၍ ယခု တတိယအကြိမ် ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်စေရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း စဉ်များ၊ ဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာသူ များသာမက ဒိုင်းနက်၊ မြို အစရှိ သည့် ရှားပါးဌာနေတိုင်းရင်းသား များ၊ ဟိန္ဒူဘာသာဝင်များ၊ ရခိုင် တိုင်းရင်းသားများအတွက် မူလ အနေအထားကို ပြန်လည်ရောက် ရှိရန်၊ မူလထက်သာလွန်ကောင်း မွန်စေရန် ရေရှည်တည်တံ့ခိုင်မြဲ မည့် စီမံကိန်းများ အကောင် အထည်ဖော်မည်ဟုလည်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူသို့ တင်ပြချက်မိန့် ခွန်းအဖွင့်တွင် ‘‘ကျွန်မတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံးကျွန်မတို့အစိုးရကို ဝန်းရံပေးတဲ့အတွက် အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ညီညွတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အားမှ မရှိပါဘူး။ ဘယ်လိုအခက်အခဲတွေနဲ့ပဲကြုံတွေ့ပါရစေ၊ ပြည်သူရဲ့ ညီညွတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟု အလေးအနက် ပြောကြားသွားသည်။

‘‘ဒီည ဒေါ်အောင်ဆန်းစု ကြည် ပြောသွားတဲ့မိန့်ခွန်းအပေါ် နားလည်လက်ခံပါတယ်။ နိုင်ငံ သားတစ်ယောက်အနေနဲ့ နိုင်ငံ ပုံရိပ်အနည်းငယ်ကျဆင်းသလို ဖြစ်လာနေရတဲ့အပေါ် တတ်နိုင် တဲ့ဘက်က ပူးပေါင်းဖို့ဖြစ်ဖြစ်၊ ပါဝင်လှူဒါန်းဖို့ဖြစ်ဖြစ် တစ်နည်း နည်းနဲ့ လိုက်ပါကူညီရပါမယ်’’ ဟု စင်ကာပူရောက်မြန်မာနိုင်ငံ သား ကိုလင်းအောင်က မှတ်ချက် ပြုသည်။

ပြည်သူများ ပူးပေါင်းပါဝင် ရန် ဖိတ်ခေါ်ခြင်းသည်ကောင်းမွန် သော်လည်း ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ရန်အစိုးရက ဖွဲ့စည်းထားသည့် ကော်မတီများ တွင် ရခိုင်ပြည်နယ် လူထု ထောက်ခံမှုရရှိထားသည့် ပုဂ္ဂိုလ် များမပါဝင်ခြင်းက ပြဿနာဖြေ ရှင်းနိုင်မည်လားဆိုသည်ကို စဉ်း စားစရာရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ မိန့်ခွန်းကို နား ထောင်သည့် တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

‘‘သူကတော့ ပြည်သူရဲ့စိတ် အားရော၊ လူအားရော၊ ငွေအား ရော အားသုံးမျိုးစလုံးကိုစုစည်း ချင်တယ်နဲ့တူပါတယ်။ တစ်ခါ တည်း တိုင်းပြည်လည်းစည်းလုံး ညီညွတ်ရေးရသွားအောင် ရခိုင် အရေးကိုအကြောင်းပြုပြီးတော့ ဒီမိန့်ခွန်းပြောတယ်လို့ထင်တယ် ဗျ’’ ဟု မြန်မာ့အရေးလေ့လာသူ ဆောင်းပါးရှင် ဦးဇေယျသူက သုံး သပ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top