ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ၿမိဳ႕ ဆုထစ္ရပ္ကြက္ရွိ အမႈိက္ပုံနားမွာ ေအာက္တိုဘာ ၈ ရက္ မနက္က ခ်က္ႀကိဳးတန္းလန္းနဲ႔ ေမြးကာစ ကေလးငယ္တဦး လာစြန႔္ပစ္ထားတာကို တာဝန္ရွိသူေတြ ေတြ႕ရွိခဲ့ပါတယ္။

ေအာက္တိုဘာ ၈ ရက္ မနက္ ၉ နာရီေလာက္က ဆုထစ္ရပ္ကြက္ ဆုကဆိမ္လမ္းရွိ အမႈိက္ပုံနားမွာ ကေလးငိုသံၾကားေၾကာင္း ျပည္သူေတြက သတင္းေပးလာတဲ့အတြက္ ခ်န႔္ဖိုတ္နယ္ေျမရဲစခန္း တာဝန္ရွိသူေတြက လိုက္လံၾကည့္ရႈစစ္ေဆးခဲ့ပါတယ္။

တာဝန္ရွိသူေတြက အသံရွိရာေနရာကို စစ္ေဆးရာမွာ မိုးထဲေရထဲ အမႈိက္ပုံနားက ေသတၱာေဟာင္းတလုံးတြင္း ေမြးကာစကေလးငယ္ကို ေတြ႕ရၿပီး ခ်က္ႀကိဳးတန္းလန္းနဲ႔ ရွိေနဆဲမို႔ ေမြးေမြးခ်င္း လာစြန႔္ထားတာျဖစ္ႏိုင္တယ္လို႔ တာဝန္က် ရဲဝန္ထမ္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

အဲဒီကေလးငယ္ဟာ သမီးမိန္းကေလးျဖစ္ၿပီး ႏို႔ခ်ိဳေတာင္ စို႔ရေသးဟန္မတူဘဲ မိခင္က ကိုယ္ဝန္ေဆာင္ဖို႔ အဆင္မသင့္ခင္ ကေလးရွိလာလို႔ တာဝန္မယူႏိုင္ဘဲ လာစြန႔္သြားတာ ျဖစ္ႏိုင္တယ္လို႔ ရဲဝန္ထမ္းက ဆက္ေျပာပါတယ္။

တာဝန္ရွိသူေတြက အဲဒီကေလးကို လန႔္နားေဆး႐ုံ ပို႔ေဆာင္ေပးခဲ့ၿပီး သူနာျပဳေတြက ခ်က္ႀကိဳးျဖတ္ကာ လုံၿခဳံစြာ ျပဳစုေစာင့္ေရွာက္ထားတဲ့အတြက္ က်န္းမာေရးအေျခအေန ေကာင္းမြန္ေနေၾကာင္း၊ ေလာေလာဆယ္ ကေလးကို ေကြၽးေမြးေစာင့္ေရွာက္မယ့္ အဖြဲ႕အစည္းေတြ လာအေခၚကို ေစာင့္ဆိုင္းေနၿပီး တဖက္ကလည္း တာဝန္ရွိသူေတြက ကေလးရဲ႕ မိဘအရင္းကို လိုက္လံစုံစမ္း ရွာေဖြေနတယ္လို႔ ခ်န႔္ဖိုတ္ရဲစခန္းက သတင္းေထာက္ေတြကို ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဆုထစ်ရပ်ကွက်ရှိ အမှိုက်ပုံနားမှာ အောက်တိုဘာ ၈ ရက် မနက်က ချက်ကြိုးတန်းလန်းနဲ့ မွေးကာစ ကလေးငယ်တဦး လာစွန့်ပစ်ထားတာကို တာဝန်ရှိသူတွေ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၉ နာရီလောက်က ဆုထစ်ရပ်ကွက် ဆုကဆိမ်လမ်းရှိ အမှိုက်ပုံနားမှာ ကလေးငိုသံကြားကြောင်း ပြည်သူတွေက သတင်းပေးလာတဲ့အတွက် ချန့်ဖိုတ်နယ်မြေရဲစခန်း တာဝန်ရှိသူတွေက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

တာဝန်ရှိသူတွေက အသံရှိရာနေရာကို စစ်ဆေးရာမှာ မိုးထဲရေထဲ အမှိုက်ပုံနားက သေတ္တာဟောင်းတလုံးတွင်း မွေးကာစကလေးငယ်ကို တွေ့ရပြီး ချက်ကြိုးတန်းလန်းနဲ့ ရှိနေဆဲမို့ မွေးမွေးချင်း လာစွန့်ထားတာဖြစ်နိုင်တယ်လို့ တာဝန်ကျ ရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီကလေးငယ်ဟာ သမီးမိန်းကလေးဖြစ်ပြီး နို့ချိုတောင် စို့ရသေးဟန်မတူဘဲ မိခင်က ကိုယ်ဝန်ဆောင်ဖို့ အဆင်မသင့်ခင် ကလေးရှိလာလို့ တာဝန်မယူနိုင်ဘဲ လာစွန့်သွားတာ ဖြစ်နိုင်တယ်လို့ ရဲဝန်ထမ်းက ဆက်ပြောပါတယ်။

တာဝန်ရှိသူတွေက အဲဒီကလေးကို လန့်နားဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး သူနာပြုတွေက ချက်ကြိုးဖြတ်ကာ လုံခြုံစွာ ပြုစုစောင့်ရှောက်ထားတဲ့အတွက် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း၊ လောလောဆယ် ကလေးကို ကျွေးမွေးစောင့်ရှောက်မယ့် အဖွဲ့အစည်းတွေ လာအခေါ်ကို စောင့်ဆိုင်းနေပြီး တဖက်ကလည်း တာဝန်ရှိသူတွေက ကလေးရဲ့ မိဘအရင်းကို လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ ချန့်ဖိုတ်ရဲစခန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top