ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တကၠသိုလ္ဝင္တန္း ေက်ာင္းသူတစ္ဦးကို ကာယိေႁႏၵ ပ်က္ျပားေစရန္ ျပဳလုပ္သည့္ လူ ငယ္တစ္ဦးကို ေအာက္တုိဘာ ၄ ရက္က ဖမ္းဆီးခဲ့ေၾကာင္း ေအာင္ ပန္းၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲအ ရာရွိတစ္ဦးက ေျပာသည္။

ေအာက္တိုဘာ ၄ ရက္ မြန္း လြဲ ၂ နာရီက အဆိုပါေက်ာင္းသူ သည္ ၎၏ေမာင္ႏွင့္အတူ ေန အိမ္ ႏွင့္ ၃ ဖာလံုအကြာရွိ လြယ္ ေမာဆည္၌ ေရခ်ိဳးၿပီးျပန္လာစဥ္ လမ္းတစ္ဝက္တြင္ ေနာက္က လိုက္လာသည့္ အသက္(၁၃)ႏွစ္ အရြယ္ လူငယ္တစ္ဦးကေက်ာင္း သူ၏လံုခ်ည္ကို ဆြဲလွန္ၿပီး တင္ သားမ်ားကို ဆြဲညႇစ္ထြက္ေျပး ခဲ့ေၾကာင္း ေအာင္ပန္းၿမိဳ႕မရဲစခန္း မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ထို႔ေနာက္ လူငယ္သည္ ေပ တစ္ရာခန္႔ေရာက္ေသာအခါ ၎ ဝတ္ဆင္ထားသည့္ ပုဆိုးကို လွန္ ျပကာ ေကာင္းလားဟု ေအာ္ဟစ္ ၍ ထပ္မံထြက္ေျပးခဲ့ေၾကာင္း လည္း အဆိုပါရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

‘‘ျဖစ္စဥ္ျဖစ္ပြားတာကို ခ်က္ ခ်င္း အေရးယူ စစ္ေဆးေနပါ တယ္။ ကာယိေႁႏၵပ်က္ျပားေအာင္ လုပ္ေဆာင္တဲ့အတြက္ အဲဒီပုဒ္မ နဲ႔အမႈဖြင့္ထားပါတယ္။ အရင္က ဒီလိုျဖစ္စဥ္ ျဖစ္ပြားဖူးျခင္းမရွိပါ ဘူး’’ဟု အဆုိပါရဲအရာရွိက ေျပာ သည္။

အဆိုပါေက်ာင္းသူသည္ ေနအိမ္သို႔ေရာက္ေသာအခါ ၎ ၏မိဘမ်ားအား အခင္းျဖစ္ရပ္ကို ေျပာၿပီး ရပ္ကြက္နယ္ေျမမွဴး၊ လူ ႀကီးမ်ားႏွင့္ရွာေဖြခဲ့ရာ အခင္းျဖစ္ ပြားေသာ ေနရာအနီး ခ်ံဳပုတ္ထဲ တြင္ ထြက္ေျပးသူဝတ္ဆင္ခဲ့သည့္ အဝတ္မ်ားရွာေတြ႕ခဲ့သည္။

အဆိုပါ အဝတ္မ်ားသည္ ယင္းရပ္ကြက္တြင္ ေနထုိင္သည့္ ေမာင္သီဟ၏ အဝတ္မ်ားျဖစ္ ေၾကာင္း ရပ္မိရပ္ဖ ဦးျမလင္းက အတည္ျပဳခဲ့ေၾကာင္း ရဲမွတ္တမ္း တြင္ ေဖာ္ျပထားသည္။

ျပစ္မႈ က်ဴးလြန္သူသည္ သီဟဆိုသူဟုတ္၊ မဟုတ္အတည္ ျပဳႏုိင္ရန္ ရပ္ကြက္နယ္ေျမမွဴး၊ သက္ဆိုင္ရာလူႀကီးမ်ားႏွင့္ ေအာင္ပန္းၿမိဳ႕ အမွတ္(၃)ရပ္ ကြက္ နယ္ေျမ(၃)ရွိ သီဟအိမ္သို႔ သြားရွာရာ ေနအိမ္တြင္ ၎ကို ေတြ႕ခဲ့သည္။

ထို႔ေၾကာင့္ ေက်ာင္းသူကို မဖြယ္မရာ ျပဳလုပ္ထြက္ေျပးသူ ဟုတ္၊ မဟုတ္ ကာယကံရွင္အား အတည္ျပဳခိုင္းရာ ၎ကိုယ္တုိင္ ဟုတ္မွန္သည္ဟု ေျပာခဲ့ေၾကာင္း ေအာင္ပန္းၿမိဳ႕မရဲစခန္းမွတ္တမ္း တြင္ ေဖာ္ျပထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္ သက္ၿပီး အသက္(၁၃)ႏွစ္အရြယ္ သီဟကို ေအာင္ပန္းၿမိဳ႕မရဲစခန္း က ရာဇသတ္ႀကီးပုဒ္မ ၃၅၄ ကာယိေႁႏၵပ်က္စီးေစရန္ အႀကံျဖင့္ လက္ေရာက္က်ဴးလြန္မႈျဖင့္ အမႈဖြင့္ဖမ္းဆီးခဲ့ေၾကာင္း အထက္ပါရဲအရာရွိက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးကို ကာယိနြေ္ဒ ပျက်ပြားစေရန် ပြုလုပ်သည့် လူ ငယ်တစ်ဦးကို အောက်တိုဘာ ၄ ရက်က ဖမ်းဆီးခဲ့ကြောင်း အောင် ပန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအ ရာရှိတစ်ဦးက ပြောသည်။

အောက်တိုဘာ ၄ ရက် မွန်း လွဲ ၂ နာရီက အဆိုပါကျောင်းသူ သည် ၎င်း၏မောင်နှင့်အတူ နေ အိမ် နှင့် ၃ ဖာလုံအကွာရှိ လွယ် မောဆည်၌ ရေချိုးပြီးပြန်လာစဉ် လမ်းတစ်ဝက်တွင် နောက်က လိုက်လာသည့် အသက်(၁၃)နှစ် အရွယ် လူငယ်တစ်ဦးကကျောင်း သူ၏လုံချည်ကို ဆွဲလှန်ပြီး တင် သားများကို ဆွဲညှစ်ထွက်ပြေး ခဲ့ကြောင်း အောင်ပန်းမြို့မရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် လူငယ်သည် ပေ တစ်ရာခန့်ရောက်သောအခါ ၎င်း ဝတ်ဆင်ထားသည့် ပုဆိုးကို လှန် ပြကာ ကောင်းလားဟု အော်ဟစ် ၍ ထပ်မံထွက်ပြေးခဲ့ကြောင်း လည်း အဆိုပါရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ဖြစ်စဉ်ဖြစ်ပွားတာကို ချက် ချင်း အရေးယူ စစ်ဆေးနေပါ တယ်။ ကာယိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်တဲ့အတွက် အဲဒီပုဒ်မ နဲ့အမှုဖွင့်ထားပါတယ်။ အရင်က ဒီလိုဖြစ်စဉ် ဖြစ်ပွားဖူးခြင်းမရှိပါ ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော သည်။

အဆိုပါကျောင်းသူသည် နေအိမ်သို့ရောက်သောအခါ ၎င်း ၏မိဘများအား အခင်းဖြစ်ရပ်ကို ပြောပြီး ရပ်ကွက်နယ်မြေမှူး၊ လူ ကြီးများနှင့်ရှာဖွေခဲ့ရာ အခင်းဖြစ် ပွားသော နေရာအနီး ချုံပုတ်ထဲ တွင် ထွက်ပြေးသူဝတ်ဆင်ခဲ့သည့် အဝတ်များရှာတွေ့ခဲ့သည်။

အဆိုပါ အဝတ်များသည် ယင်းရပ်ကွက်တွင် နေထိုင်သည့် မောင်သီဟ၏ အဝတ်များဖြစ် ကြောင်း ရပ်မိရပ်ဖ ဦးမြလင်းက အတည်ပြုခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ပြစ်မှု ကျူးလွန်သူသည် သီဟဆိုသူဟုတ်၊ မဟုတ်အတည် ပြုနိုင်ရန် ရပ်ကွက်နယ်မြေမှူး၊ သက်ဆိုင်ရာလူကြီးများနှင့် အောင်ပန်းမြို့ အမှတ်(၃)ရပ် ကွက် နယ်မြေ(၃)ရှိ သီဟအိမ်သို့ သွားရှာရာ နေအိမ်တွင် ၎င်းကို တွေ့ခဲ့သည်။

ထို့ကြောင့် ကျောင်းသူကို မဖွယ်မရာ ပြုလုပ်ထွက်ပြေးသူ ဟုတ်၊ မဟုတ် ကာယကံရှင်အား အတည်ပြုခိုင်းရာ ၎င်းကိုယ်တိုင် ဟုတ်မှန်သည်ဟု ပြောခဲ့ကြောင်း အောင်ပန်းမြို့မရဲစခန်းမှတ်တမ်း တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ် သက်ပြီး အသက်(၁၃)နှစ်အရွယ် သီဟကို အောင်ပန်းမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၅၄ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်ကျူးလွန်မှုဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း အထက်ပါရဲအရာရှိက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top