Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ခံစားခ်က္ ေတြက ေျပာင္းလဲကုန္ပါတယ္။ အထူးသျဖင့္ေတာ့ အလိုလိုေနရင္း စိတ္တိုေနတာမ်ိဳးပါ။ စိတ္ အေျပာင္းအလဲ ကလည္း အရမ္းကိုျမန္ဆန္ေနပါတယ္။
ေသြးဆံုး တယ္ဆုိတာ ဓမၼတာ စီးဆင္းမႈ အၿပီးတိုင္ရပ္တန္႔သြားတာလို႔ အလြယ္သိၾကပါတယ္။ ေသြးဆံုးခ်ိန္ဟာ အသက္ ၄၀ ေနာက္ပိုင္းမွာ အျဖစ္မ်ားၾကပါတယ္။ ေသြးဆံုး ခါနီးအခ်ိန္ ၾကားကာလမွာ ရာသီစီးဆင္းမႈရက္က တိုေတာင္းလာတာမ်ိဳးေတြ ၾကံဳရတတ္ပါတယ္။ ေသြးမဆံုးမီ ၾကားကာလဟာ ၂ ႏွစ္မွ ၅ ႏွစ္အထိ ၾကာျမင့္တတ္ပါတယ္။
၁။ ဓမၼတာ မမွန္ျခင္း
လစဥ္ ဓမၼတာ စီးဆင္းမႈ မမွန္ေတာ့တာဟာ အီစထ႐ိုဂ်င္ေဟာ္မုန္း (estrogen) တက္လိုက္၊ က်လုိက္ ျဖစ္ေနလို႔ပါ။ အမ်ိဳးသမီး ေတြ ေသြးဆံုး ခါနီးၿပီဆုိရင္ တစ္လနဲ႔တစ္လ ဓမၼတာ စီးဆင္းက ရက္မမွန္ေတာ့ပါဘူး။ တစ္ခါတစ္ေလဆို လံုးဝ မလာတာေတာင္ ရွိပါတယ္။
၂။ စီးဆင္းမႈမ်ား
ပ႐ိုဂ်က္စတီ႐ုန္း ေဟာ္မုန္း (progesterone) အေျပာင္းအလဲေတြျဖစ္တာေၾကာင့္ ေသြးဆင္းမႈ မ်ားလာပါတယ္။ ဆရာဝန္ ကိုသြားျပမယ္ဆုိရင္ေတာ့ ေဟာ္မုန္းေဆးေသာက္ဖုိ႔ ညႊန္ၾကားပါလိမ့္မယ္။
၃။ ပူအိုက္ လာ
အမ်ိဳးသမီး ၇၅ ရာခိုင္ႏႈန္းဟာ ေသြး မဆံုးမီ ၾကားကာလအတြင္းမွာ ပိုမို ပူအိုက္ လာၾကပါတယ္။ ဒီလိုျဖစ္ရျခင္းအေၾကာင္းရင္းကို အတိအက်ေတာ့ ေျပာလို႔မရေသးေပမဲ့ အီစထ႐ိုဂ်င္ေဟာ္မုန္း ေလ်ာ့နည္းျခင္းနဲ႔ ဆက္ႏႊယ္လိမ့္မယ္လို႔ ေဆးပညာရွင္ ေတြက ယူဆထားပါတယ္။ ကဖင္း၊ ပူစပ္တဲ့အစားအစာ၊ အယ္လ္ကိုေဟာေတြကို ေရွာင္မယ္ဆုိ ပူအိုက္တဲ့ဒဏ္ကိုခံစားရမႈ ေလ်ာ့က်ႏုိင္ပါတယ္။
၄။ စိတ္အေျပာင္းအလဲ
စိတ္ခံစားခ်က္ေတြက ေျပာင္းလဲကုန္ပါတယ္။ အထူးသျဖင့္ေတာ့ အလိုလိုေနရင္း စိတ္တိုေနတာမ်ိဳးပါ။ စိတ္အေျပာင္းအလဲကလည္း အရမ္းကိုျမန္ဆန္ေနပါတယ္။
၅။ မိန္းမကိုယ္ ေျခာက္ေသြ႔မႈ
အီစထ႐ိုဂ်င္ ေဟာ္မုန္း နည္းသြားျခင္းရဲ႕ ေနာက္ထပ္ ရလဒ္ တစ္ခုက မိန္းမကိုယ္ ေျခာက္ေသြ႔ တာပါပဲ။ မိန္းမကိုယ္ တြင္းက တစ္ရႈးေတြ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေစၿပီး သဘာဝအတိုင္းထြက္ရွိတဲ့ ေခ်ာဆီထြက္ရွိမႈ နည္းသြားလို႔ျဖစ္ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
စိတ်ခံစားချက် တွေက ပြောင်းလဲကုန်ပါတယ်။ အထူးသဖြင့်တော့ အလိုလိုနေရင်း စိတ်တိုနေတာမျိုးပါ။ စိတ် အပြောင်းအလဲ ကလည်း အရမ်းကိုမြန်ဆန်နေပါတယ်။

သွေးဆုံး တယ်ဆိုတာ ဓမ္မတာ စီးဆင်းမှု အပြီးတိုင်ရပ်တန့်သွားတာလို့ အလွယ်သိကြပါတယ်။ သွေးဆုံးချိန်ဟာ အသက် ၄၀ နောက်ပိုင်းမှာ အဖြစ်များကြပါတယ်။ သွေးဆုံး ခါနီးအချိန် ကြားကာလမှာ ရာသီစီးဆင်းမှုရက်က တိုတောင်းလာတာမျိုးတွေ ကြုံရတတ်ပါတယ်။ သွေးမဆုံးမီ ကြားကာလဟာ ၂ နှစ်မှ ၅ နှစ်အထိ ကြာမြင့်တတ်ပါတယ်။

၁။ ဓမ္မတာ မမှန်ခြင်း
လစဉ် ဓမ္မတာ စီးဆင်းမှု မမှန်တော့တာဟာ အီစထရိုဂျင်ဟော်မုန်း (estrogen) တက်လိုက်၊ ကျလိုက် ဖြစ်နေလို့ပါ။ အမျိုးသမီး တွေ သွေးဆုံး ခါနီးပြီဆိုရင် တစ်လနဲ့တစ်လ ဓမ္မတာ စီးဆင်းက ရက်မမှန်တော့ပါဘူး။ တစ်ခါတစ်လေဆို လုံးဝ မလာတာတောင် ရှိပါတယ်။

၂။ စီးဆင်းမှုများ
ပရိုဂျက်စတီရုန်း ဟော်မုန်း (progesterone) အပြောင်းအလဲတွေဖြစ်တာကြောင့် သွေးဆင်းမှု များလာပါတယ်။ ဆရာဝန် ကိုသွားပြမယ်ဆိုရင်တော့ ဟော်မုန်းဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

၃။ ပူအိုက် လာ
အမျိုးသမီး ၇၅ ရာခိုင်နှုန်းဟာ သွေး မဆုံးမီ ကြားကာလအတွင်းမှာ ပိုမို ပူအိုက် လာကြပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းရင်းကို အတိအကျတော့ ပြောလို့မရသေးပေမဲ့ အီစထရိုဂျင်ဟော်မုန်း လျော့နည်းခြင်းနဲ့ ဆက်နွှယ်လိမ့်မယ်လို့ ဆေးပညာရှင် တွေက ယူဆထားပါတယ်။ ကဖင်း၊ ပူစပ်တဲ့အစားအစာ၊ အယ်လ်ကိုဟောတွေကို ရှောင်မယ်ဆို ပူအိုက်တဲ့ဒဏ်ကိုခံစားရမှု လျော့ကျနိုင်ပါတယ်။
၄။ စိတ်အပြောင်းအလဲ
စိတ်ခံစားချက်တွေက ပြောင်းလဲကုန်ပါတယ်။ အထူးသဖြင့်တော့ အလိုလိုနေရင်း စိတ်တိုနေတာမျိုးပါ။ စိတ်အပြောင်းအလဲကလည်း အရမ်းကိုမြန်ဆန်နေပါတယ်။

၅။ မိန်းမကိုယ် ခြောက်သွေ့မှု
အီစထရိုဂျင် ဟော်မုန်း နည်းသွားခြင်းရဲ့ နောက်ထပ် ရလဒ် တစ်ခုက မိန်းမကိုယ် ခြောက်သွေ့ တာပါပဲ။ မိန်းမကိုယ် တွင်းက တစ်ရှုးတွေ လျော့တိလျော့ရဲဖြစ်စေပြီး သဘာဝအတိုင်းထွက်ရှိတဲ့ ချောဆီထွက်ရှိမှု နည်းသွားလို့ဖြစ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top