Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သနပ္ခါးကို လြတ္လပ္စြာေရာင္းဝယ္ သယ္ေဆာင္ခြင့္ျပဳထားေသာ္လည္း ဖမ္းဆီးခံရမႈမ်ား ရွိေနဆဲျဖစ္ေၾကာင္း အရာေတာ္ၿမိဳ႕နယ္မွ သနပ္ခါး တင္ပို႔ ေရာင္းခ်ေနသူတစ္ဦးထံမွ သိရသည္။
''စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ေတာင္သူေတြကိုယ္တိုင္ စိုက္ပ်ဳိး ထုတ္လုပ္တဲ့ သနပ္ခါး၊ ဝဥ နဲ႔ ဖာလာ ေတြကို သစ္မဟုတ္တဲ့ သစ္ေတာထြက္ ပစၥည္းေတြျဖစ္တဲ့အတြက္ အခြန္ ေကာက္ခံတာ ကင္းလြတ္ခြင့္ျပဳတဲ့ အေၾကာင္း သယံဇာတနဲ႔ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာန သစ္ေတာ ဦးစီးဌာနက စက္တင္ဘာ ၂၅ ရက္ က ထုတ္ျပန္ေၾကညာထားပါတယ္။ ဒါေပမယ့္ ေအာက္တိုဘာ ၂ဝ ရက္ အထိ ဖမ္းဆီးမႈေတြ ရွိေနတုန္းပါပဲ''ဟု သနပ္ခါးစိုက္ပ်ဳိးတင္ပို႔သူက ေျပာျပသည္။

မုံရြာခ႐ိုင္ အရာေတာ္ၿမိဳ႕နယ္ ရဲက်င္းေက်းရြာမွ သနပ္ခါးစိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္း ဝင္တစ္ဦးကို ကၫႊတ္ကြင္းၿမိဳ႕နယ္ အတြင္းတြင္ ရဲတပ္ဖြဲ႕ႏွင့္ သစ္ေတာက ဖမ္းဆီးသည့္အတြက္ ေျဖရွင္း ေဆာင္ရြက္ခဲ့ေၾကာင္း အရာေတာ္ ၿမိဳ႕နယ္ သနပ္ခါးစိုက္ပ်ဳိးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူအသင္း ဥကၠ႒ ဦးေက်ာ္မိုးက ေျပာသည္။

ႏိုင္ငံေတာ္က သနပ္ခါးကို လြတ္လြတ္လပ္လပ္ေရာင္းဝယ္ခြင့္ ျပဳဖို႔ ထုတ္ျပန္ခဲ့ၿပီးေနာက္ အရာေတာ္ သနပ္ခါးအသင္းဝင္ေတြကို တရားဝင္ သနပ္ခါးတင္ပို႔ေရာင္းခ်ႏိုင္ရန္ စီစဥ္ ေနေသာ္လည္း ေအာက္တိုဘာ ဒုတိယပတ္က အရာေတာ္သနပ္ခါး အသင္းဝင္ႏွစ္ဦးကုိ မေကြးတိုင္း ေဒသႀကီး မင္းလွႏွင့္ ေနျပည္ေတာ္ရွိ သစ္ေတာႏွင့္ ရဲကဖမ္းရာ ေျဖရွင္းေပး ခဲ့မႈလည္းရွိခဲ့ေၾကာင္း သိရသည္။

မုံရြာေဒသခံတစ္ဦးက လြတ္လပ္စြာ ေရာင္းဝယ္ခြင့္ရွိသည့္ သနပ္ခါးကို ဖမ္းဆီးမႈမ်ားရွိေနသည့္အေပၚ ေျပာျပ ရာတြင္ ''လြတ္လြတ္လပ္လပ္ေရာင္း ဝယ္လို႔ရတယ္လို႔ ထုတ္ျပန္ထားတာကို ဖမ္းတဲ့သူေတြအေနနဲ႔ မသိေသးလို႔ လားဆိုတာ စဥ္းစားစရာပါ''ဟု ေျပာ သည္။
သနပ္ခါးကို လြတ္လပ္စြာေရာင္းဝယ္ သယ္ေဆာင္ခြင့္ျပဳထားေသာ္လည္း ဖမ္းဆီးခံရမႈမ်ား ရွိေနဆဲျဖစ္ေၾကာင္း အရာေတာ္ၿမိဳ႕နယ္မွ သနပ္ခါး တင္ပို႔ ေရာင္းခ်ေနသူတစ္ဦးထံမွ သိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin
#Unicode Version#

သနပ်ခါးကို လွတ်လပ်စွာရောင်းဝယ် သယ်ဆောင်ခွင့်ပြုထားသော်လည်း ဖမ်းဆီးခံရမှုများ ရှိနေဆဲဖြစ်ကြောင်း အရာတော်မြို့နယ်မှ သနပ်ခါး တင်ပို့ ရောင်းချနေသူတစ်ဦးထံမှ သိရသည်။

''စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်တဲ့ သနပ်ခါး၊ ဝဥ နဲ့ ဖာလာ တွေကို သစ်မဟုတ်တဲ့ သစ်တောထွက် ပစ္စည်းတွေဖြစ်တဲ့အတွက် အခွန် ကောက်ခံတာ ကင်းလွတ်ခွင့်ပြုတဲ့ အကြောင်း သယံဇာတနဲ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန သစ်တော ဦးစီးဌာနက စက်တင်ဘာ ၂၅ ရက် က ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၂ဝ ရက် အထိ ဖမ်းဆီးမှုတွေ ရှိနေတုန်းပါပဲ''ဟု သနပ်ခါးစိုက်ပျိုးတင်ပို့သူက ပြောပြသည်။

မုံရွာခရိုင် အရာတော်မြို့နယ် ရဲကျင်းကျေးရွာမှ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဝင်တစ်ဦးကို ကညွှတ်ကွင်းမြို့နယ် အတွင်းတွင် ရဲတပ်ဖွဲ့နှင့် သစ်တောက ဖမ်းဆီးသည့်အတွက် ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း အရာတော် မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။

နိုင်ငံတော်က သနပ်ခါးကို လွတ်လွတ်လပ်လပ်ရောင်းဝယ်ခွင့် ပြုဖို့ ထုတ်ပြန်ခဲ့ပြီးနောက် အရာတော် သနပ်ခါးအသင်းဝင်တွေကို တရားဝင် သနပ်ခါးတင်ပို့ရောင်းချနိုင်ရန် စီစဉ် နေသော်လည်း အောက်တိုဘာ ဒုတိယပတ်က အရာတော်သနပ်ခါး အသင်းဝင်နှစ်ဦးကို မကွေးတိုင်း ဒေသကြီး မင်းလှနှင့် နေပြည်တော်ရှိ သစ်တောနှင့် ရဲကဖမ်းရာ ဖြေရှင်းပေး ခဲ့မှုလည်းရှိခဲ့ကြောင်း သိရသည်။

မုံရွာဒေသခံတစ်ဦးက လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသည့် သနပ်ခါးကို ဖမ်းဆီးမှုများရှိနေသည့်အပေါ် ပြောပြ ရာတွင် ''လွတ်လွတ်လပ်လပ်ရောင်း ဝယ်လို့ရတယ်လို့ ထုတ်ပြန်ထားတာကို ဖမ်းတဲ့သူတွေအနေနဲ့ မသိသေးလို့ လားဆိုတာ စဉ်းစားစရာပါ''ဟု ပြော သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top