Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ၿမိတ္ၿမိဳ႕ ကန္ဖ်ားနယ္ေျမ၊ ကန္ဖ်ားလမ္းမႀကီး တြင္ ဖြင့္လွစ္ထားသည့္ ကေမၻာဇ ဘဏ္ခြဲမွာ ေအာက္တိုဘာလ ၂၄ ရက္ ေန႔လယ္ ၂ နာရီခြဲေလာက္က အမည္မသိအမ်ိဳးသားတဦးမွ ေသနတ္ေထာက္ၿပီး အႏုၾကမ္းစီးမႈျဖစ္ပြားခဲ့ေၾကာင္း ဘဏ္မွာေငြလာလႊဲသူတဦးက ေျပာပါတယ္။

အႏုၾကမ္းစီးသြားတဲ့ အမ်ိဳးသားဟာ ကန္ဖ်ားလမ္းဆံုဘက္မွ ပိေတာက္ပင္လမ္းဆံု ဘက္သို႔ ေမာင္းႏွင္လာၿပီး ကေမၻာဇဘဏ္ခြဲေရွ႕မွာ ရပ္နားကာ ဘဏ္ခြဲတြင္းသို႔ ေငြလဲႊဖို႔ ၀င္ေရာက္လာ သူကို ေသနတ္နဲ႔ ေထာက္ၿပီး ဘဏ္ခြဲမွတာဝန္ရွိသူကို အမိန္႔ေပး ေငြထုတ္ယူသြားေၾကာင္း သိရပါတယ္။

ေငြလာလြဲသူ ကိုေအာင္မိုးေဇာ္က “က်ေနာ္ ေငြလဲႊဖို႔လာတယ္။ ဘဏ္ထဲမွာေငြလဲႊၿပီး စလစ္ေစာင့္ေနတုန္း ေသနတ္သမားက က်ေနာ့္ေက်ာကို ေသနတ္နဲ႔ေထာက္ၿပီး ဝပ္ခိုင္းတယ္။ က်ေနာ္ဝပ္လိုက္မွ ဘဏ္ကဝန္ထမ္းကို ပိုက္ဆံေတြထုတ္ခိုင္းတယ္။ ပိုက္ဆံယူၿပီး ထြက္ေျပးသြားတယ္။ သူက ဆိုင္ကယ္စီးဦးထုတ္ ေဆာင္းထားေတာ့ မ်က္ႏွာကို ဘယ္လိုမွ မျမင္ရဘူး”လို႔ ေျပာပါတယ္။
ၿမိတ္ကေမၻာဇဘဏ္ခြဲမွာ အမည္မသိအမ်ိဳးသားေသနတ္ျပ အႏုၾကမ္းစီးမႈမွာ ဘဏ္ခြဲတြင္းမွ ေငြသိန္း ၂၇၀ (၅ေထာင္တန္ ၅ စီး၊ ၁ေထာင္တန္ ၂ စီး)ပါသြားၿပီး ၿမိတ္ၿမိဳ႕နယ္ရဲမႉး ဦးေဆာင္ၿပီး တရားခံဖမ္းဆီးရမိေရး ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

သတင္း၊ ဓာတ္ပံု – ျမတ္ထြဋ္ (ၿမိတ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB TV News

# Unicode Version ျဖင့္ ဖတ္ပါ #
မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ကန်ဖျားလမ်းမကြီး တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇ ဘဏ်ခွဲမှာ အောက်တိုဘာလ ၂၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က အမည်မသိအမျိုးသားတဦးမှ သေနတ်ထောက်ပြီး အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဘဏ်မှာငွေလာလွှဲသူတဦးက ပြောပါတယ်။

အနုကြမ်းစီးသွားတဲ့ အမျိုးသားဟာ ကန်ဖျားလမ်းဆုံဘက်မှ ပိတောက်ပင်လမ်းဆုံ ဘက်သို့ မောင်းနှင်လာပြီး ကမ္ဘောဇဘဏ်ခွဲရှေ့မှာ ရပ်နားကာ ဘဏ်ခွဲတွင်းသို့ ငွေလွဲှဖို့ ဝင်ရောက်လာ သူကို သေနတ်နဲ့ ထောက်ပြီး ဘဏ်ခွဲမှတာဝန်ရှိသူကို အမိန့်ပေး ငွေထုတ်ယူသွားကြောင်း သိရပါတယ်။

ငွေလာလွဲသူ ကိုအောင်မိုးဇော်က “ကျနော် ငွေလွဲှဖို့လာတယ်။ ဘဏ်ထဲမှာငွေလွဲှပြီး စလစ်စောင့်နေတုန်း သေနတ်သမားက ကျနော့်ကျောကို သေနတ်နဲ့ထောက်ပြီး ဝပ်ခိုင်းတယ်။ ကျနော်ဝပ်လိုက်မှ ဘဏ်ကဝန်ထမ်းကို ပိုက်ဆံတွေထုတ်ခိုင်းတယ်။ ပိုက်ဆံယူပြီး ထွက်ပြေးသွားတယ်။ သူက ဆိုင်ကယ်စီးဦးထုတ် ဆောင်းထားတော့ မျက်နှာကို ဘယ်လိုမှ မမြင်ရဘူး”လို့ ပြောပါတယ်။
မြိတ်ကမ္ဘောဇဘဏ်ခွဲမှာ အမည်မသိအမျိုးသားသေနတ်ပြ အနုကြမ်းစီးမှုမှာ ဘဏ်ခွဲတွင်းမှ ငွေသိန်း ၂၇၀ (၅ထောင်တန် ၅ စီး၊ ၁ထောင်တန် ၂ စီး)ပါသွားပြီး မြိတ်မြို့နယ်ရဲမှူး ဦးဆောင်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – မြတ်ထွဋ် (မြိတ်)

ဖိုးသူတော် (www.phothutaw.com)
Credit: DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top