Golden City Promotion
×

၁၈၈၅ခုႏွစ္ ႏုိ၀င္ဘာ ၂၉ရက္ေန႔တြင္ မင္းမိဖုရား မယ္ေတာ္အားလုံးတုိ႔ အဂၤလိပ္တုိ႔ေခၚေဆာင္ရာသုိ႔ မလြဲမေသြလုိက္ပါရေတာ့မည္ဟု သိေသာေၾကာင့္ အားလုံးပစၥည္းမ်ား သိမ္းဆည္းေနၾကသည္။ ပစၥည္းဘ႑ာအစုစုမွာ နန္းစဥ္ရတနာမ်ားမွအစ ဟင္းယင္ ၊ လင္ပန္း ၊ ကြန္းအစ္ ၊ ေထြးခံမ်ားအထိ ေရႊသားအတိၿပီးေသာ မင္းခမ္းေတာ္မ်ားျဖစ္ေလသည္။ ထိုပစၥည္းမ်ားကုိ ေရႊေသတၱာ ၊ ကြ်န္းေသတၱာ ၊ ယြန္းေသတၱာမ်ားျဖင့္ အသီးသီးထည့္ရန္စီစဥ္ေနၾကဆဲျဖစ္သည္။ အလုပ္ရႈပ္ေနေသာအပ်ဳိေတာ္မ်ားအား မင္းႏွင့္ မိဖုရားတုိ႔က ရႈစားေတာ္မူလွ်က္ရွိသည္။

ထုိအခ်ိန္တြင္ ကာနယ္စေလဒင္သည္ မင္းမိဖုရားတုိ႔ ရွိရာသုိ႔ေရာက္လာေလသည္။ “လုိတာမွန္သမွ် မက်န္ရေအာင္ သယ္ယူခဲ့ရန္ အခ်ိန္ရေၾကာင္း” လာေျပာၿပီးေနာက္ လွည့္ျပန္သြားသည္။ မၾကာမီေနာက္တစ္ေခါက္ျပန္လွည့္လာၿပီး စုဖုရားလတ္ထံသုိ႔ ခ်ဥ္းကပ္ကာ “နန္းမေတာ္ဘုရား ငေမာက္ပတၱျမားႀကီးကို ကြ်န္ေတာ္မ်ဳိးျမင္ခ်င္လြန္းေသာေၾကာင့္ ျပပါဘုရား” ဟု ေလွ်ာက္သည္။ ကာနယ္စေလဒင္သည္ အရင္ကတည္းက ရင္းႏွီးသူျဖစ္ၿပီး အၿမဲတရုိတေသဆက္ဆံခဲ့သူျဖစ္သည္။ စုဖုရားလတ္က ရတနာမ်ားသိမ္းဆည္းေနသည့္ ခြ်န္းေတာင္မင္းသမီးဘက္သို႔လွည့္ကာ “ခြ်န္းေတာင္မင္းသမီး ငေမာက္လက္၀တ္ေတာ္ကို ျပလုိက္ပါဘိ” ဟု မိန္႔ကာ လက္၀တ္ေတာ္ကုိျပခုိင္းလုိက္သည္။ ခြ်န္းေတာင္မင္းသမီးက ေရႊေသတၱာတစ္ခုအတြင္းထည့္ထားသည့္ ငေမာက္လက္၀တ္ေတာ္ကိုထုတ္ကာ ကာနယ္စေလဒင္အားျပလုိက္သည္။ ကာနယ္စေလဒင္ လက္၀တ္ေတာ္ကို မမွိတ္မသုန္ၾကည့္ ၊ ေရွ႕ေနာက္၀ဲယာ ဘယ္ညာေျပာင္းကာ အသက္ရႈရပ္မတန္႔ၾကည့္သည္။ သူၾကည့္ၿပီးေနာက္ အနီးရွိစစ္ဗုိလ္ႏွစ္ဦးအား ပတၱျမားႀကီးကုိျပလုိက္ေသးသည္။ ေခြ်းမ်ားအလြန္ထြက္လာသျဖင့္ လက္ကုိင္ပ၀ါထုတ္ကာသုတ္လုိက္ရသည္။ သုတ္ၿပီးေနာက္ လက္ကုိင္ပ၀ါျဖင့္ ပတၱျမားႀကီးကုိလုံးကာ သူ႔အိပ္ထဲသို႔ထည့္လုိက္ေလသည္။

ခြ်န္းေတာင္မင္းသမီးကလည္း နပ္သည္။ ဖြင့္ထားေသာ ေရႊေသတၱာကို ကာနယ္စေလဒင္ဘက္သို႔ လွည့္ကာေတာင္းခံေနဟန္ ျပသည္။ စုဖုရားလတ္ခဏၿငိမ္ေနၿပီးေနာက္ ကာနယ္စေလဒင္ၾကားေလာက္သည့္ အသံျဖင့္ ခြ်န္းေတာင္မင္းသမီးကုိ “ဟဲ့ ခြ်န္းေတာင္မင္းသမီး ဘာကိုေစာင့္ေနသနည္း” ဟု ေအာ္လုိက္သည္။ ခြ်န္းေတာင္မင္းသမီးက ” ငေမာက္လက္၀တ္ေတာ္ကုိ ျပန္မေပးေသးသျဖင့္ ေသတၱာမပိတ္ရျခင္းပါဘုရား” ဟု ကာနယ္စေလဒင္ဘက္သုိ႔လက္ညဳိးထုိးကာ ျပန္ေလွ်ာက္သည္။ ထုိအခါမွ ကာနယ္စေလဒင္သည္ မဟန္မွန္းသိကာ “အုိး ၊ ရွိပါတယ္ ၊ ကြ်န္ေတာ့္ဆီမွာပါဘုရား” ဟု ျပန္ေလွ်ာက္ကာ လက္၀တ္ေတာ္ကို ျပန္ထုတ္ေပးသည္။ ထုိ႔ေ
နာက္မင္းမိဖုရား အားလုံးသည္ ဂါ၀ိန္ဆိပ္ကမ္းရွိ သူရိယသေဘၤာေပၚသုိ႔ တက္ေလေတာ့သည္။ ဆိပ္ကမ္းတြင္ကား မင္းမိဖုရားတုိ႔ဘက္သုိ႔ လက္အုပ္ခ်ီကာ ငိုယုိေအာ္ဟစ္ေနေသာ လူအုပ္ႀကီးသည္ ကမ္းလုံးညႊတ္မွ်ရွိေလသည္။

ထုိအခ်ိန္တြင္ ကမ္းေပၚမွ လူအုပ္တြင္ ရုတ္ရုတ္သဲသဲျဖစ္သြားသည္။ ခြ်န္းေတာင္မင္းသမီး၏ အစ္ကုိအရင္း ေမာင္ေမာင္တင္က သေဘၤာေပၚတက္ရန္ႀကဳိးစားရာ အဂၤလိပ္စစ္သားမ်ားက ေသနတ္မ်ားျဖင့္ကာထားေသာေၾကာင့္ ေသနတ္မ်ားကို တြန္းဖယ္လုိက္ျခင္းျဖစ္သည္။ လူအုပ္ႀကီးလည္း ထိမ္းမႏုိင္သိမ္းမရျဖစ္သြားသည္။ သေဘၤာလည္းခ်က္ခ်င္းပင္ကမ္းမွခြာသည္။ ထုိအေျခအေနတြင္ ကာနယ္စေလဒင္ေရာက္လာၿပီး
“ကမ္းေပၚမွာ ဓားျပေတြအုပ္လုိက္ႀကီး ဆူပူေနတာ ၾကားတဲ့အတုိင္းပါပဲ။ လုံၿခဳံေရးစိတ္မေအးရတဲ့အတြက္ ဘ႑ာေသတၱာကို ကြ်န္ေတာ္မ်ဳိးလုံၿခဳံရာမွာ သိမ္းထားေပးပါမည္။ အပ္ေတာ္မူပါဘုရား” ဟု ေလွ်ာက္သည္။ အရွင္ႏွစ္ပါးတုိ႔က သူ႔လူကုိယ့္လူ စဥ္းစားခ်ိန္မရပဲ မယုံတစ္၀က္ယုံတစ္၀က္ျဖင့္ ေသတၱာအား ကာနယ္စေလဒင္လက္သို႔ အပ္လုိက္ေလသည္။ ထုိ႔ေနာက္ဆင္ျဖဴမရွင္ထံသြားကာ ထုိအတုိင္းေလွ်ာက္ျပန္သည္။ “ဘာရတနာပစၥည္းမွ မ်ားမ်ားစားစားမပါ” ဟု ဆုိကာ ဆင္ျဖဴမရွင္ကေတာ့ ဘာပစၥည္းမွ မအပ္ေပ။ ဤသည္ပင္ ပတၱျမားႀကီး ငေမာက္ေပ်ာက္ဆုံးျခင္း အစျဖစ္ေလသည္။

သီေပါမင္းႏွင္ စုဖုရားလတ္တုိ႔ အိႏၵိယသုိ႔ေရာက္သြားသည္။ ေရာက္ေရာက္ခ်င္း ရတနာပစၥည္းမ်ားကို ျပန္ေတာင္းသည္။ ၃ႀကိမ္ ၃ခါျပန္ေတာင္းသည္။ သုိ႔ေသာ္ကာနယ္စေလဒင္ကား မရွိေတာ့။ ကာနယ္စေလဒင္ အဂၤလန္ကိုျပန္သြားၿပီ ဆုိသည့္ အေျဖသာရေလသည္။ သီေပါမင္းက အခြင့္ႀကဳံတုိင္း ငေမာက္ပတၱျမားႀကီးအပါအ၀င္ နန္းစဥ္ရတနာမ်ားကို ျပန္ေတာင္းသည္။ ပဥၥမေျမာက္ ေဂ်ာ့ဘုရင္ အိႏၵိယသုိ႔ေရာက္သည့္အခါတြင္လည္း ရတနာမ်ားျပန္ေတာင္းသည့္စာကုိ မိတၱဴငါးေစာင္ေရးကာ ေဂ်ာ့ဘုရင္ႏွင့္ အစုိးရအဖြဲ႔ထံသုိ႔ ငါးေနရာခြဲ၍ပို႔သည္။ အေျဖကား- ကာနယ္စေလဒင္ေသၿပီ။ ထုိ႔ေၾကာင့္ ရတနာမ်ားကို မသိေတာ့ ဟူ၍ျဖစ္ေလသည္။ တကယ္လည္း
ကာနယ္စေလဒင္ ေသဆုံးခဲ့ၿပီျဖစ္သည္။ နန္းစဥ္ရတနာမ်ားကုိ လွည့္ျဖားယူသြားခဲ့ေသာ ကာနယ္စေလဒင္သည္ ဆာဘြဲ႔ခ်ီးျမွင့္ခံရၿပီးေနာက္ ၁၈၉၀တြင္ ေသဆုံးခဲ့ၿပီးျဖစ္သည္။ ရတနာပစၥည္းမ်ားသည္ ကာနယ္စေလဒင္ထံမွတစ္ဆင့္ အဂၤလိပ္အစုိးရထံေရာက္သြားၿပီျဖစ္ေလသည္။ ျပန္ေပးလုိစိတ္မရွိ၍သာ သီေပါမင္းထံမွ ေတာင္းခံစာမ်ား မၾကာခဏရလွ်က္ မသိခ်င္ေယာင္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ပတၱျမားငေမာက္ကုိမူ ကာနယ္စေလဒင္မွ ၀ိတုိရိယဘုရင္မႀကီးအား ဆက္သလုိက္ေၾကာင္း သတင္းသာၾကားလုိက္ရေလသည္။

၁၉၁၁ခုႏွစ္တြင္ ဦးေမာင္ေမာင္တင္၏ သူငယ္ခ်င္းျဖစ္သူ ရာဇ၀တ္၀န္ႀကီး ဦးထြန္းမင္းသည္ အိႏၵိယတြင္ျပဳလုပ္မည့္ ေဂ်ာ့ဘုရင္၏ ဘိသိတ္ပြဲတက္ေရာက္ရန္ ဖိတ္ၾကားျခင္း ခံရသည္။ ဦးထြန္းမင္းသည္ ထုိပြဲကုိတက္ေရာက္ခဲ့ၿပီး ပြဲႏွင့္ပတ္သတ္ေသာ စာအုပ္မ်ား ၊ ပို႔စကဒ္ေလးမ်ားကို ယူေဆာင္လာကာ သူ၏ မိတ္ေဆြမ်ားကုိ ခြဲေ၀ေပးလုိက္သည္။ ယင္းပုိ႔စကဒ္မ်ားထဲမွ ဘုရင့္မိဖုရား၏ သရဖူတစ္ခု အေရွ႕အလယ္တည့္တည့္တြင္ တပ္ဆင္ထားေသာ နီရဲလွပေနေသာ ပတၱျမားႀကီးကိုေတြ႔လုိက္ရသည္။ အညႊန္းစာတြင္လည္း Burma Ruby ဟု တံဆိပ္ကပ္ထားသည္။ ဒီပတၱျမားသည္ ပတၱျမားငေမာက္ပင္ျဖစ္ေနသေလာ ဟု ဦးေမာင္ေမာင္တင္ေတြးမိၿပီး မအိပ္ႏုိင္မစားႏုိင္ သိလုိစိတ္ျပင္းျပေနသည္။ ေနာက္ဆုံးတြင္ အိႏၵိယမွျပန္ေရာက္ေနၿပီျဖစ္ၿပီး ေက်ာက္ဆည္တြင္ေနထုိင္ေနသည့္ ႏွမရင္း ခြ်န္းေတာင္မင္းသမီးကို အလည္လာရန္ေခၚလုိက္သည္။ ခြ်န္းေတာင္မင္းသမီးသည္ ငေမာက္ပတၱျမားႀကီးကုိ ႏွစ္ေပါင္းမ်ားစြာ ကိုင္တြယ္ခဲ့သူျဖစ္သျဖင့္ သိမည္မွာ အေသအခ်ာျဖစ္သည္။ ခြ်န္းေတာင္မင္းသမီးေရာက္လာၿပီး ပုံကုိျမင္သည့္အခါ အသက္ရႈရပ္မတန္႔ စူးစုိက္ၾကည့္ေနၿပီး တေအာင့္ၾကာမွ သတိျပန္ရလာကာ “အမွန္ပင္ ငေမာက္ပတၱျမားႀကီး ျဖစ္သည္” ဟု မွတ္ခ်က္ေပးေလေတာ့သည္။ ထုိပတၱျမားႀကီးတပ္ထားေသာ သရဖူကို လန္ဒန္ၿမဳိ႕ Tower of London ျပတုိက္ႀကီးရွိ ၿဗိတိသွ်နန္းစဥ္ရတနာမ်ား ျပသထားသည့္ အခန္းတြင္ ျမင္ဖူး၍ အလြန္လွပေၾကာင္း ေရာက္ဖူးသူမ်ားက ဆုိၾကသည္။

ထုိ႔ေၾကာင့္ ျမန္မာ့နန္းစဥ္ ရတနာျဖစ္သည့္ ပတၱျမားႀကီးငေမာက္ ဘယ္ေပ်ာက္သြားသနည္း ၊ ဘယ္သူယူသြားသနည္း စသည့္ေမးခြန္းမ်ားမွာ ေမးဖုိ႔ မလုိအပ္ေတာ့ပါေခ်။ တရားခံမွာကား……

ကိုးကား နန္းတြင္းသူခုိးႏွင့္ မိန္းမစုိး – ေရႊဘုိမိမိႀကီး
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

#Unicode Version#
၁၈၈၅ခုနှစ် နိုဝင်ဘာ ၂၉ရက်နေ့တွင် မင်းမိဖုရား မယ်တော်အားလုံးတို့ အင်္ဂလိပ်တို့ခေါ်ဆောင်ရာသို့ မလွဲမသွေလိုက်ပါရတော့မည်ဟု သိသောကြောင့် အားလုံးပစ္စည်းများ သိမ်းဆည်းနေကြသည်။ ပစ္စည်းဘဏ္ဍာအစုစုမှာ နန်းစဉ်ရတနာများမှအစ ဟင်းယင် ၊ လင်ပန်း ၊ ကွန်းအစ် ၊ ထွေးခံများအထိ ရွှေသားအတိပြီးသော မင်းခမ်းတော်များဖြစ်လေသည်။ ထိုပစ္စည်းများကို ရွှေသေတ္တာ ၊ ကျွန်းသေတ္တာ ၊ ယွန်းသေတ္တာများဖြင့် အသီးသီးထည့်ရန်စီစဉ်နေကြဆဲဖြစ်သည်။ အလုပ်ရှုပ်နေသောအပျိုတော်များအား မင်းနှင့် မိဖုရားတို့က ရှုစားတော်မူလျှက်ရှိသည်။

ထိုအချိန်တွင် ကာနယ်စလေဒင်သည် မင်းမိဖုရားတို့ ရှိရာသို့ရောက်လာလေသည်။ “လိုတာမှန်သမျှ မကျန်ရအောင် သယ်ယူခဲ့ရန် အချိန်ရကြောင်း” လာပြောပြီးနောက် လှည့်ပြန်သွားသည်။ မကြာမီနောက်တစ်ခေါက်ပြန်လှည့်လာပြီး စုဖုရားလတ်ထံသို့ ချဉ်းကပ်ကာ “နန်းမတော်ဘုရား ငမောက်ပတ္တမြားကြီးကို ကျွန်တော်မျိုးမြင်ချင်လွန်းသောကြောင့် ပြပါဘုရား” ဟု လျှောက်သည်။ ကာနယ်စလေဒင်သည် အရင်ကတည်းက ရင်းနှီးသူဖြစ်ပြီး အမြဲတရိုတသေဆက်ဆံခဲ့သူဖြစ်သည်။ စုဖုရားလတ်က ရတနာများသိမ်းဆည်းနေသည့် ချွန်းတောင်မင်းသမီးဘက်သို့လှည့်ကာ “ချွန်းတောင်မင်းသမီး ငမောက်လက်ဝတ်တော်ကို ပြလိုက်ပါဘိ” ဟု မိန့်ကာ လက်ဝတ်တော်ကိုပြခိုင်းလိုက်သည်။ ချွန်းတောင်မင်းသမီးက ရွှေသေတ္တာတစ်ခုအတွင်းထည့်ထားသည့် ငမောက်လက်ဝတ်တော်ကိုထုတ်ကာ ကာနယ်စလေဒင်အားပြလိုက်သည်။ ကာနယ်စလေဒင် လက်ဝတ်တော်ကို မမှိတ်မသုန်ကြည့် ၊ ရှေ့နောက်ဝဲယာ ဘယ်ညာပြောင်းကာ အသက်ရှုရပ်မတန့်ကြည့်သည်။ သူကြည့်ပြီးနောက် အနီးရှိစစ်ဗိုလ်နှစ်ဦးအား ပတ္တမြားကြီးကိုပြလိုက်သေးသည်။ ချွေးများအလွန်ထွက်လာသဖြင့် လက်ကိုင်ပဝါထုတ်ကာသုတ်လိုက်ရသည်။ သုတ်ပြီးနောက် လက်ကိုင်ပဝါဖြင့် ပတ္တမြားကြီးကိုလုံးကာ သူ့အိပ်ထဲသို့ထည့်လိုက်လေသည်။

ချွန်းတောင်မင်းသမီးကလည်း နပ်သည်။ ဖွင့်ထားသော ရွှေသေတ္တာကို ကာနယ်စလေဒင်ဘက်သို့ လှည့်ကာတောင်းခံနေဟန် ပြသည်။ စုဖုရားလတ်ခဏငြိမ်နေပြီးနောက် ကာနယ်စလေဒင်ကြားလောက်သည့် အသံဖြင့် ချွန်းတောင်မင်းသမီးကို “ဟဲ့ ချွန်းတောင်မင်းသမီး ဘာကိုစောင့်နေသနည်း” ဟု အော်လိုက်သည်။ ချွန်းတောင်မင်းသမီးက ” ငမောက်လက်ဝတ်တော်ကို ပြန်မပေးသေးသဖြင့် သေတ္တာမပိတ်ရခြင်းပါဘုရား” ဟု ကာနယ်စလေဒင်ဘက်သို့လက်ညိုးထိုးကာ ပြန်လျှောက်သည်။ ထိုအခါမှ ကာနယ်စလေဒင်သည် မဟန်မှန်းသိကာ “အိုး ၊ ရှိပါတယ် ၊ ကျွန်တော့်ဆီမှာပါဘုရား” ဟု ပြန်လျှောက်ကာ လက်ဝတ်တော်ကို ပြန်ထုတ်ပေးသည်။ ထို့ေ
နာက်မင်းမိဖုရား အားလုံးသည် ဂါဝိန်ဆိပ်ကမ်းရှိ သူရိယသင်္ဘောပေါ်သို့ တက်လေတော့သည်။ ဆိပ်ကမ်းတွင်ကား မင်းမိဖုရားတို့ဘက်သို့ လက်အုပ်ချီကာ ငိုယိုအော်ဟစ်နေသော လူအုပ်ကြီးသည် ကမ်းလုံးညွှတ်မျှရှိလေသည်။

ထိုအချိန်တွင် ကမ်းပေါ်မှ လူအုပ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ချွန်းတောင်မင်းသမီး၏ အစ်ကိုအရင်း မောင်မောင်တင်က သင်္ဘောပေါ်တက်ရန်ကြိုးစားရာ အင်္ဂလိပ်စစ်သားများက သေနတ်များဖြင့်ကာထားသောကြောင့် သေနတ်များကို တွန်းဖယ်လိုက်ခြင်းဖြစ်သည်။ လူအုပ်ကြီးလည်း ထိမ်းမနိုင်သိမ်းမရဖြစ်သွားသည်။ သင်္ဘောလည်းချက်ချင်းပင်ကမ်းမှခွာသည်။ ထိုအခြေအနေတွင် ကာနယ်စလေဒင်ရောက်လာပြီး
“ကမ်းပေါ်မှာ ဓားပြတွေအုပ်လိုက်ကြီး ဆူပူနေတာ ကြားတဲ့အတိုင်းပါပဲ။ လုံခြုံရေးစိတ်မအေးရတဲ့အတွက် ဘဏ္ဍာသေတ္တာကို ကျွန်တော်မျိုးလုံခြုံရာမှာ သိမ်းထားပေးပါမည်။ အပ်တော်မူပါဘုရား” ဟု လျှောက်သည်။ အရှင်နှစ်ပါးတို့က သူ့လူကိုယ့်လူ စဉ်းစားချိန်မရပဲ မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် သေတ္တာအား ကာနယ်စလေဒင်လက်သို့ အပ်လိုက်လေသည်။ ထို့နောက်ဆင်ဖြူမရှင်ထံသွားကာ ထိုအတိုင်းလျှောက်ပြန်သည်။ “ဘာရတနာပစ္စည်းမှ များများစားစားမပါ” ဟု ဆိုကာ ဆင်ဖြူမရှင်ကတော့ ဘာပစ္စည်းမှ မအပ်ပေ။ ဤသည်ပင် ပတ္တမြားကြီး ငမောက်ပျောက်ဆုံးခြင်း အစဖြစ်လေသည်။

သီပေါမင်းနှင် စုဖုရားလတ်တို့ အိန္ဒိယသို့ရောက်သွားသည်။ ရောက်ရောက်ချင်း ရတနာပစ္စည်းများကို ပြန်တောင်းသည်။ ၃ကြိမ် ၃ခါပြန်တောင်းသည်။ သို့သော်ကာနယ်စလေဒင်ကား မရှိတော့။ ကာနယ်စလေဒင် အင်္ဂလန်ကိုပြန်သွားပြီ ဆိုသည့် အဖြေသာရလေသည်။ သီပေါမင်းက အခွင့်ကြုံတိုင်း ငမောက်ပတ္တမြားကြီးအပါအဝင် နန်းစဉ်ရတနာများကို ပြန်တောင်းသည်။ ပဉ္စမမြောက် ဂျော့ဘုရင် အိန္ဒိယသို့ရောက်သည့်အခါတွင်လည်း ရတနာများပြန်တောင်းသည့်စာကို မိတ္တူငါးစောင်ရေးကာ ဂျော့ဘုရင်နှင့် အစိုးရအဖွဲ့ထံသို့ ငါးနေရာခွဲ၍ပို့သည်။ အဖြေကား- ကာနယ်စလေဒင်သေပြီ။ ထို့ကြောင့် ရတနာများကို မသိတော့ ဟူ၍ဖြစ်လေသည်။ တကယ်လည်း
ကာနယ်စလေဒင် သေဆုံးခဲ့ပြီဖြစ်သည်။ နန်းစဉ်ရတနာများကို လှည့်ဖြားယူသွားခဲ့သော ကာနယ်စလေဒင်သည် ဆာဘွဲ့ချီးမြှင့်ခံရပြီးနောက် ၁၈၉၀တွင် သေဆုံးခဲ့ပြီးဖြစ်သည်။ ရတနာပစ္စည်းများသည် ကာနယ်စလေဒင်ထံမှတစ်ဆင့် အင်္ဂလိပ်အစိုးရထံရောက်သွားပြီဖြစ်လေသည်။ ပြန်ပေးလိုစိတ်မရှိ၍သာ သီပေါမင်းထံမှ တောင်းခံစာများ မကြာခဏရလျှက် မသိချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပတ္တမြားငမောက်ကိုမူ ကာနယ်စလေဒင်မှ ဝိတိုရိယဘုရင်မကြီးအား ဆက်သလိုက်ကြောင်း သတင်းသာကြားလိုက်ရလေသည်။

၁၉၁၁ခုနှစ်တွင် ဦးမောင်မောင်တင်၏ သူငယ်ချင်းဖြစ်သူ ရာဇဝတ်ဝန်ကြီး ဦးထွန်းမင်းသည် အိန္ဒိယတွင်ပြုလုပ်မည့် ဂျော့ဘုရင်၏ ဘိသိတ်ပွဲတက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသည်။ ဦးထွန်းမင်းသည် ထိုပွဲကိုတက်ရောက်ခဲ့ပြီး ပွဲနှင့်ပတ်သတ်သော စာအုပ်များ ၊ ပို့စကဒ်လေးများကို ယူဆောင်လာကာ သူ၏ မိတ်ဆွေများကို ခွဲဝေပေးလိုက်သည်။ ယင်းပို့စကဒ်များထဲမှ ဘုရင့်မိဖုရား၏ သရဖူတစ်ခု အရှေ့အလယ်တည့်တည့်တွင် တပ်ဆင်ထားသော နီရဲလှပနေသော ပတ္တမြားကြီးကိုတွေ့လိုက်ရသည်။ အညွှန်းစာတွင်လည်း Burma Ruby ဟု တံဆိပ်ကပ်ထားသည်။ ဒီပတ္တမြားသည် ပတ္တမြားငမောက်ပင်ဖြစ်နေသလော ဟု ဦးမောင်မောင်တင်တွေးမိပြီး မအိပ်နိုင်မစားနိုင် သိလိုစိတ်ပြင်းပြနေသည်။ နောက်ဆုံးတွင် အိန္ဒိယမှပြန်ရောက်နေပြီဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်နေသည့် နှမရင်း ချွန်းတောင်မင်းသမီးကို အလည်လာရန်ခေါ်လိုက်သည်။ ချွန်းတောင်မင်းသမီးသည် ငမောက်ပတ္တမြားကြီးကို နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့သူဖြစ်သဖြင့် သိမည်မှာ အသေအချာဖြစ်သည်။ ချွန်းတောင်မင်းသမီးရောက်လာပြီး ပုံကိုမြင်သည့်အခါ အသက်ရှုရပ်မတန့် စူးစိုက်ကြည့်နေပြီး တအောင့်ကြာမှ သတိပြန်ရလာကာ “အမှန်ပင် ငမောက်ပတ္တမြားကြီး ဖြစ်သည်” ဟု မှတ်ချက်ပေးလေတော့သည်။ ထိုပတ္တမြားကြီးတပ်ထားသော သရဖူကို လန်ဒန်မြို့ Tower of London ပြတိုက်ကြီးရှိ ဗြိတိသျှနန်းစဉ်ရတနာများ ပြသထားသည့် အခန်းတွင် မြင်ဖူး၍ အလွန်လှပကြောင်း ရောက်ဖူးသူများက ဆိုကြသည်။

ထို့ကြောင့် မြန်မာ့နန်းစဉ် ရတနာဖြစ်သည့် ပတ္တမြားကြီးငမောက် ဘယ်ပျောက်သွားသနည်း ၊ ဘယ်သူယူသွားသနည်း စသည့်မေးခွန်းများမှာ မေးဖို့ မလိုအပ်တော့ပါချေ။ တရားခံမှာကား……

ကိုးကား နန်းတွင်းသူခိုးနှင့် မိန်းမစိုး – ရွှေဘိုမိမိကြီး

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top