ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

၀က္မတစ္ေကာင္ႏွင့္ ကာ မစပ္ယွက္သည္ဟုဆိုကာ အမႈ ဖြင့္ခံရသည့္ အမ်ဳိးသားတစ္ဦးကို စစ္ေဆးေနေၾကာင္း ပုလဲၿမိဳ႕ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ျမင့္ေအာင္က ေျပာသည္။

ပုလဲၿမိဳ႕နယ္ ေရေၾကာေက်း ရြာတြင္ အမ်ဳိးသမီးတစ္ဦးေမြးျမဴ ထားေသာ ၀က္မတစ္ေကာင္ကို တစ္ရြာတည္းေန အသက္ (၅၂) ႏွစ္ အရြယ္အမ်ဳိးသားတစ္ဦးက ကာမ စပ္ယွက္သည္ဟုဆိုကာ ၀က္ပိုင္ရွင္အမ်ဳိးသမီးက ေအာက္တိုဘာ ၁၀ ရက္၌ ပုလဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားခဲ့သည္။

‘‘သူ (စြပ္စြဲခံရသူ)က ၀က္သိုး အငွားလိုက္တဲ့သူပါ။ အငွားလိုက္ ရင္းနဲ႔ ည ၁၂ နာရီ ၁၅ မိနစ္ ေလာက္မွာ ကာမစပ္ယွက္တယ္ လို႔ ေျပာတယ္။ တရားလိုကေတာ့ အဲဒီကိစၥအမႈဖြင့္ထားတယ္’’ဟု ဒုရဲမွဴး ျမင့္ေအာင္က ေျပာသည္။

ေအာက္တိုဘာ ၉ ရက္ နံနက္၁၂ နာရီ ၁၅ မိနစ္ခန္႔က ၀က္ပိုင္ရွင္အမ်ဳိးသမီး၏ ေနအိမ္ေတာင္ဘက္အဖီတဲတြင္ထားေသာ ၀က္မႀကီး၏ ေအာ္သံၾကားရသျဖင့္ လက္ႏွိပ္ဓာတ္မီးျဖင့္ ထိုးၾကည့္ရာ တစ္ရြာတည္းေန အမ်ဳိးသားတစ္ဦးက ၀က္မႀကီးႏွင့္ကာမစပ္ယွက္ေနသည္ကို ေတြ႕ရသျဖင့္ ေမးျမန္းရာ အဆိုပါ အမ်ဳိးသားသည္ ပုဆိုးစလြယ္သိုင္း၍ ထြက္ေျပးသြားခဲ့ ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပသည္။

 အဆိုပါျဖစ္စဥ္ႏွင့္  ပတ္ သက္၍ ၀က္မႀကီးႏွင့္ ကာမစပ္ ယွက္ေသာ အမ်ဳိးသားကို အေရး ယူေပးရန္ ၀က္ပိုင္ရွင္အမ်ဳိးသမီး က အမႈဖြင့္တိုင္ၾကားသျဖင့္ ပုလဲၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၇ အရ အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version #
၀က်မတစ်ကောင်နှင့် ကာ မစပ်ယှက်သည်ဟုဆိုကာ အမှု ဖွင့်ခံရသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း ပုလဲမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်က ပြောသည်။

ပုလဲမြို့နယ် ရေကြောကျေး ရွာတွင် အမျိုးသမီးတစ်ဦးမွေးမြူ ထားသော ဝက်မတစ်ကောင်ကို တစ်ရွာတည်းနေ အသက် (၅၂) နှစ် အရွယ်အမျိုးသားတစ်ဦးက ကာမ စပ်ယှက်သည်ဟုဆိုကာ ဝက်ပိုင်ရှင်အမျိုးသမီးက အောက်တိုဘာ ၁၀ ရက်၌ ပုလဲမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘သူ (စွပ်စွဲခံရသူ)က ဝက်သိုး အငှားလိုက်တဲ့သူပါ။ အငှားလိုက် ရင်းနဲ့ ည ၁၂ နာရီ ၁၅ မိနစ် လောက်မှာ ကာမစပ်ယှက်တယ် လို့ ပြောတယ်။ တရားလိုကတော့ အဲဒီကိစ္စအမှုဖွင့်ထားတယ်’’ဟု ဒုရဲမှူး မြင့်အောင်က ပြောသည်။

အောက်တိုဘာ ၉ ရက် နံနက်၁၂ နာရီ ၁၅ မိနစ်ခန့်က ဝက်ပိုင်ရှင်အမျိုးသမီး၏ နေအိမ်တောင်ဘက်အဖီတဲတွင်ထားသော ဝက်မကြီး၏ အော်သံကြားရသဖြင့် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရာ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက ဝက်မကြီးနှင့်ကာမစပ်ယှက်နေသည်ကို တွေ့ရသဖြင့် မေးမြန်းရာ အဆိုပါ အမျိုးသားသည် ပုဆိုးစလွယ်သိုင်း၍ ထွက်ပြေးသွားခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

 အဆိုပါဖြစ်စဉ်နှင့်  ပတ် သက်၍ ဝက်မကြီးနှင့် ကာမစပ် ယှက်သော အမျိုးသားကို အရေး ယူပေးရန် ဝက်ပိုင်ရှင်အမျိုးသမီး က အမှုဖွင့်တိုင်ကြားသဖြင့် ပုလဲမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top