Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေကြးတိုင္းေဒသႀကီး မင္းဘူး /စကုျမိဳ႔နယ္အတြင္းရွိ ေရႊစက္ေတာ္ဘုရားႀကီးတြင္ ဘုရားေရႊသကၤန္း ကပ္လွဴ ပူေဇာ္ျပီး စြန္႔လႊတ္စကၠဴအမိႈက္မ်ားမွ ေရႊမိုက္ထုတ္ခဲ႔ရာ ေရႊ ၂၆က်ပ္သားေက်ာ္ ႐ရွိခဲ႔ေႀကာင္း သိရသည္။
မန္းေရႊစက္ေတာ္ဘုရားတြင္ ေရႊသကၤန္းကပ္လွဴ ျပီးသည့္အမိႈက္မ်ားအား မင္းဘူးျမိဳ႕ရွိ ေရႊစက္ေတာ္ေဂါပကရံုး တြင္ ပန္းထိမ္ပညာရွင္မ်ား အကူအညီျဖင့္ ေအာက္တိုဘာလ ၂၀ရက္ေန႔မွစ၍ အမိႈက္မ်ားကို ႀကိဳျပီး ေရႊမိုက္ထုတ္ခဲ႔ရာ ယေန႔ လုပ္ငန္းျပီးစီးျပီး ေရႊ ၂၆က်ပ္သား ၇ပဲ ၅ေရြး ရရွိေၾကာင္း ေဂါပကအဖြဲ႔ထံမွ သိရသည္။
“ ေရႊစက္ေတာ္ဘုရားႀကီးအတြင္း ေရႊသကၤန္းကပ္လွဴျပီး တဲ႔ ေရႊမႈန္ေရႊအမႊားေလးေတြ က်န္ႏိုင္တ့ဲ စကၠဴအမိႈက္ ေတြ။ေရႊသကၤန္းကပ္လွဴျပီး လက္သုတ္တ့ဲ လက္ကိုင္ပဝါေတြကို စုေဆာင္းသိမ္းဆည္းထားတ့ဲ အမိႈက္ေတြကို ႀကိဳျပီး ေရႊမိုက္ထုတ္တာပါ။ အခုရတဲ႔ေရႊက ၂၆က်ပ္သားေက်ာ္ ရရွိပါတယ္” ဟု ေဂါပကအဖြဲ႕ဝင္ ဦးဝင္းခ်ဳိက ေျပာသည္။
ေရႊစက္ေတာ္ဘုရားႀကီးတြင္ အထက္စက္ေတာ္ရာေစတီ၊ ေအာက္စက္ေတာ္ရာေျခေတာ္ရာႏွင့္ ကိုးခန္းႀကီး မဟာျမတ္မုနိဘုရားတို႔တြင္ ဘုရားဖူးလာျပည္သူမ်ား ေရႊသကၤန္းကပ္လွဴျပီးသည့္ စကၠဴမ်ား ေရႊသကၤန္းကပ္ လွဴျပီး လက္သုတ္သည့္လက္ကိုင္ပဝါမ်ားအား ေဂါပကအဖြဲ႕မ်ားမွ ႏွစ္စဥ္သိမ္းဆည္းထားခ့ဲေၾကာင္း၊ ယခင္ႏွစ္မ်ားက ကိုယ္တိုင္ေရႊႀကိဳျခင္း မရွိခ့ဲေၾကာင္း ၊ တင္ဒါေခၚ၍ ေငြေၾကးအမ်ားဆံုး ေပးေဆာင္သူအား တင္ဒါေပးခ့ဲေၾကာင္း၊ ယခုႏွစ္တြင္ ေရႊႀကိဳသည့္ပညာရွင္မ်ား ပန္းထိမ္ပညာရွင္မ်ား ေဂါပကအဖြဲ႕ဝင္မ်ားျဖင့္ ကိုယ္တိုင္ ေရႊႀကိဳျခင္းျဖစ္ေၾကာင္း သိရသည္။
“ အရင္ႏွစ္ေတြကေတာ့ တင္ဒါေခၚျပီး ေငြေၾကးအမ်ားဆံုး ေပးေဆာင္တ့ဲသူကို ေပးလိုက္တာပါ ။ ကိုယ္တိုင္ ေရႊႀကိဳတာက အခုေဂါပကလက္ထက္မွ ေရႊႀကိဳတာပါ ။ အမိႈက္ကေန ေရႊရတာေပါ့။ ဒီႏွစ္က အမႈိက္ေတြကုိ ဆာလာအိတ္ေတြနဲ႔ စုထည့္ျပီး သိမ္းထားတာ အိတ္ ၃၀ ေက်ာ္၊ အေလးခ်ိန္ ပိသာ ၁၃၀ေက်ာ္ ရွိပါတယ္။ အဲ႔ဒီအမိႈက္ေတြကေန ေရႊထုတ္တာပါ” ဟု ဦးဝင္းခ်ိဳက မဇိၩမသုိ႔ ေျပာသည္။
ေရႊမိုက္ထုတ္၍ ရရွိသည့္ ေရႊအေလးခ်ိန္အား အမ်ားျပည္သူသိနိုင္ရန္ ေရႊစက္ေတာ္ေဂါပကအဖြဲ႕မွ ပြင့္လင္းျမင္သာစြာ ေၾကညာသြားမည္ျဖစ္ျပီး ၄င္းေရႊမ်ားအား ေရႊစက္ေတာ္ဘုရားႀကီးအတြက္ မည္သည့္ ေနရာတြင္ မည္ကဲ႔သုိ႔ အသံုးျပဳသြားမည္ကို ေဂါပကအဖြဲ႕မ်ား ညိႇႏႈိင္း တိုင္ပင္ေဆာင္ရြက္လွ်က္ ရွိေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mizzima
#Unicode Version#
မကွေးတိုင်းဒေသကြီး မင်းဘူး /စကုမြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားကြီးတွင် ဘုရားရွှေသင်္ကန်း ကပ်လှူ ပူဇော်ပြီး စွန့်လွှတ်စက္ကူအမှိုက်များမှ ရွှေမိုက်ထုတ်ခဲ့ရာ ရွှေ ၂၆ကျပ်သားကျော် ရရှိခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပြီးသည့်အမှိုက်များအား မင်းဘူးမြို့ရှိ ရွှေစက်တော်ဂေါပကရုံး တွင် ပန်းထိမ်ပညာရှင်များ အကူအညီဖြင့် အောက်တိုဘာလ ၂၀ရက်နေ့မှစ၍ အမှိုက်များကို ကြိုပြီး ရွှေမိုက်ထုတ်ခဲ့ရာ ယနေ့ လုပ်ငန်းပြီးစီးပြီး ရွှေ ၂၆ကျပ်သား ၇ပဲ ၅ရွေး ရရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ ရွှေစက်တော်ဘုရားကြီးအတွင်း ရွှေသင်္ကန်းကပ်လှူပြီး တဲ့ ရွှေမှုန်ရွှေအမွှားလေးတွေ ကျန်နိုင်တဲ့ စက္ကူအမှိုက် တွေ။ရွှေသင်္ကန်းကပ်လှူပြီး လက်သုတ်တဲ့ လက်ကိုင်ပဝါတွေကို စုဆောင်းသိမ်းဆည်းထားတဲ့ အမှိုက်တွေကို ကြိုပြီး ရွှေမိုက်ထုတ်တာပါ။ အခုရတဲ့ရွှေက ၂၆ကျပ်သားကျော် ရရှိပါတယ်” ဟု ဂေါပကအဖွဲ့ဝင် ဦးဝင်းချိုက ပြောသည်။

ရွှေစက်တော်ဘုရားကြီးတွင် အထက်စက်တော်ရာစေတီ၊ အောက်စက်တော်ရာခြေတော်ရာနှင့် ကိုးခန်းကြီး မဟာမြတ်မုနိဘုရားတို့တွင် ဘုရားဖူးလာပြည်သူများ ရွှေသင်္ကန်းကပ်လှူပြီးသည့် စက္ကူများ ရွှေသင်္ကန်းကပ် လှူပြီး လက်သုတ်သည့်လက်ကိုင်ပဝါများအား ဂေါပကအဖွဲ့များမှ နှစ်စဉ်သိမ်းဆည်းထားခဲ့ကြောင်း၊ ယခင်နှစ်များက ကိုယ်တိုင်ရွှေကြိုခြင်း မရှိခဲ့ကြောင်း ၊ တင်ဒါခေါ်၍ ငွေကြေးအများဆုံး ပေးဆောင်သူအား တင်ဒါပေးခဲ့ကြောင်း၊ ယခုနှစ်တွင် ရွှေကြိုသည့်ပညာရှင်များ ပန်းထိမ်ပညာရှင်များ ဂေါပကအဖွဲ့ဝင်များဖြင့် ကိုယ်တိုင် ရွှေကြိုခြင်းဖြစ်ကြောင်း သိရသည်။

“ အရင်နှစ်တွေကတော့ တင်ဒါခေါ်ပြီး ငွေကြေးအများဆုံး ပေးဆောင်တဲ့သူကို ပေးလိုက်တာပါ ။ ကိုယ်တိုင် ရွှေကြိုတာက အခုဂေါပကလက်ထက်မှ ရွှေကြိုတာပါ ။ အမှိုက်ကနေ ရွှေရတာပေါ့။ ဒီနှစ်က အမှိုက်တွေကို ဆာလာအိတ်တွေနဲ့ စုထည့်ပြီး သိမ်းထားတာ အိတ် ၃၀ ကျော်၊ အလေးချိန် ပိသာ ၁၃၀ကျော် ရှိပါတယ်။ အဲ့ဒီအမှိုက်တွေကနေ ရွှေထုတ်တာပါ” ဟု ဦးဝင်းချိုက မဇ္ဈိမသို့ ပြောသည်။

ရွှေမိုက်ထုတ်၍ ရရှိသည့် ရွှေအလေးချိန်အား အများပြည်သူသိနိုင်ရန် ရွှေစက်တော်ဂေါပကအဖွဲ့မှ ပွင့်လင်းမြင်သာစွာ ကြေညာသွားမည်ဖြစ်ပြီး ၎င်းရွှေများအား ရွှေစက်တော်ဘုရားကြီးအတွက် မည်သည့် နေရာတွင် မည်ကဲ့သို့ အသုံးပြုသွားမည်ကို ဂေါပကအဖွဲ့များ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top