ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လိင္ပုိင္းဆုိင္ရာစိတ္လႈပ္ရွားမႈသည္ ဦးေခါင္း၌ စတင္ျဖစ္ေပၚ ၿပီး ခႏၶာကုိယ္ေအာက္ပုိင္းသုိ႔ ေရာက္ရိွသြားသျဖင့္ စိတ္ဓာတ္က်ျခင္း ေၾကာင့္ လိင္မႈဆႏၵကုိ အားေလ်ာ့ေစႏုိင္သည္။

စိတ္ဓာတ္က်ျခင္းအတြက္ အသံုးျပဳေသာ ေဆး၀ါးအမ်ိဳးအစား မ်ားစြာမွာလည္း လိင္စိတ္ကုိ ေလ်ာ့ပါးေစႏုိင္သည္။

အရက္အလြန္အကြၽံ ေသာက္ျခင္းေၾကာင့္ လိင္မႈကိစၥ ၿပီးေျမာက္ရန္ အခက္ႀကံဳႏုိင္ၿပီး လိင္အဂၤါကုိ ကေမာက္ကမ ျဖစ္ေစႏုိင္သည္။

သုိ႔ေသာ္ ယင္းအက်ိဳးသက္ေရာက္မႈမ်ားမွာ ေယဘုယ်အား ျဖင့္ ေခတၱခဏသာ ႀကံဳေတြ႕ရတတ္သည္။

တစ္ေန႔လွ်င္ အရက္တစ္ပက္ (သို႔) ႏွစ္ပက္ ေသာက္ေပးျခင္းျဖင့္ လိင္ကေမာက္ကမျဖစ္ႏုိင္သည့္ အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း သိရသည္။

အလုပ္ႏွင့္ေနအိမ္တုိ႔တြင္ စိတ္ဖိစီးမႈမ်ား ႀကံဳေတြ႕ရျခင္းေၾကာင့္လည္း သင္၏ ပံုမွန္လိင္မႈဘ၀ကုိ ထိခိုက္ႏုိင္သည္။ လူေနမႈဘ၀ ပံုစံေျပာင္းလဲျခင္း၊ ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္း၊ အိပ္ေရး၀ေအာင္ အိပ္ျခင္း၊ လိုအပ္ခ်ိန္အတြင္း ပညာရွင္၏ အကူအညီရယူျခင္းတုိ႔ျဖင့္ စိတ္ဖိစီးမႈကို ေျဖရွင္းႏုိင္သည္။

ေဒါသထြက္ျခင္းေၾကာင့္လည္း လိင္မႈစြမ္းေဆာင္ရည္အေပၚ ထိခိုက္ႏုိင္ၿပီး အိပ္ခန္းထဲ၌ စြမ္းေဆာင္ႏုိင္မႈ ျပႆနာမ်ား ႀကံဳေတြ႕ ႏုိင္သည္။

က်န္းမာေရးႏွင့္ညီေသာ ကုိယ္အေလးခ်ိန္ထက္ ပိုမ်ားေနျခင္း ေၾကာင့္လည္း သင္၏ လိင္မႈကိစၥ စြမ္းေဆာင္ရည္ကို ထိခိုက္ႏုိင္ သည္။ အ၀လြန္ျဖစ္ေနေသာ အမ်ိဳးသားမ်ားတြင္ ဖိုေဟာ္မုန္းပမာဏ ေလ်ာ့နည္းၿပီး ယင္းေဟာ္မုန္းမွာ လိင္စိတ္ဆႏၵႏွင့္ လိင္အဂၤါအတြက္ အေရးႀကီးေသာ ေဟာ္မုန္းျဖစ္သည္။

ကုိယ္အေလးခ်ိန္ပိုမ်ားေနျခင္းေၾကာင့္ ေသြးတုိးႏုိင္ၿပီး ေသြး ေၾကာမ်ားကုိ မာေက်ာသြားေစသျဖင့္ လိင္အဂၤါသုိ႔ ေသြးစီးဆင္းမႈ ပမာဏေလ်ာ့က်သြားႏုိင္သည္။

ဆီးခ်ိဳေရာဂါ၊ ေသြးတုိးေရာဂါ၊ ႏွလံုးေသြးေၾကာမ်ား မာေက်ာ ျခင္း၊ ေက်ာ႐ုိးဒဏ္ရာရျခင္းစေသာ အာ႐ံုေၾကာ၊ ႂကြက္သားႏွင့္ ေသြးစီးဆင္းမႈကုိ ထိခိုက္ေစသည္။ က်န္းမာေရးျပႆနာမ်ားေၾကာင့္ လိင္အဂၤါျပႆနာမ်ား ႀကံဳေတြ႕ႏုိင္သည္။

သုက္လႊတ္ဂလင္း (သုိ႔) ဆီးအိမ္ျပႆနာမ်ားအတြက္ ခဲြစိတ္ မႈ ခံယူထားရျခင္းေၾကာင့္လည္း အာ႐ံုေၾကာမ်ား ေသြးေၾကာမ်ားကုိ ထိခိုက္ေစသျဖင့္ လိင္အဂၤါျပႆနာ ႀကံဳေတြ႕ႏုိင္သည္။

ဖုိးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version#
လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုသည် ဦးခေါင်း၌ စတင်ဖြစ်ပေါ် ပြီး ခန္ဓာကိုယ်အောက်ပိုင်းသို့ ရောက်ရှိသွားသဖြင့် စိတ်ဓာတ်ကျခြင်း ကြောင့် လိင်မှုဆန္ဒကို အားလျော့စေနိုင်သည်။

စိတ်ဓာတ်ကျခြင်းအတွက် အသုံးပြုသော ဆေးဝါးအမျိုးအစား များစွာမှာလည်း လိင်စိတ်ကို လျော့ပါးစေနိုင်သည်။

အရက်အလွန်အကျွံ သောက်ခြင်းကြောင့် လိင်မှုကိစ္စ ပြီးမြောက်ရန် အခက်ကြုံနိုင်ပြီး လိင်အင်္ဂါကို ကမောက်ကမ ဖြစ်စေနိုင်သည်။

သို့သော် ယင်းအကျိုးသက်ရောက်မှုများမှာ ယေဘုယျအား ဖြင့် ခေတ္တခဏသာ ကြုံတွေ့ရတတ်သည်။

တစ်နေ့လျှင် အရက်တစ်ပက် (သို့) နှစ်ပက် သောက်ပေးခြင်းဖြင့် လိင်ကမောက်ကမဖြစ်နိုင်သည့် အန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

အလုပ်နှင့်နေအိမ်တို့တွင် စိတ်ဖိစီးမှုများ ကြုံတွေ့ရခြင်းကြောင့်လည်း သင်၏ ပုံမှန်လိင်မှုဘဝကို ထိခိုက်နိုင်သည်။ လူနေမှုဘ၀ ပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ လိုအပ်ချိန်အတွင်း ပညာရှင်၏ အကူအညီရယူခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်သည်။

ဒေါသထွက်ခြင်းကြောင့်လည်း လိင်မှုစွမ်းဆောင်ရည်အပေါ် ထိခိုက်နိုင်ပြီး အိပ်ခန်းထဲ၌ စွမ်းဆောင်နိုင်မှု ပြဿနာများ ကြုံတွေ့ နိုင်သည်။

ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ထက် ပိုများနေခြင်း ကြောင့်လည်း သင်၏ လိင်မှုကိစ္စ စွမ်းဆောင်ရည်ကို ထိခိုက်နိုင် သည်။ အဝလွန်ဖြစ်နေသော အမျိုးသားများတွင် ဖိုဟော်မုန်းပမာဏ လျော့နည်းပြီး ယင်းဟော်မုန်းမှာ လိင်စိတ်ဆန္ဒနှင့် လိင်အင်္ဂါအတွက် အရေးကြီးသော ဟော်မုန်းဖြစ်သည်။

ကိုယ်အလေးချိန်ပိုများနေခြင်းကြောင့် သွေးတိုးနိုင်ပြီး သွေး ကြောများကို မာကျောသွားစေသဖြင့် လိင်အင်္ဂါသို့ သွေးစီးဆင်းမှု ပမာဏလျော့ကျသွားနိုင်သည်။

ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောများ မာကျော ခြင်း၊ ကျောရိုးဒဏ်ရာရခြင်းစသော အာရုံကြော၊ ကြွက်သားနှင့် သွေးစီးဆင်းမှုကို ထိခိုက်စေသည်။ ကျန်းမာရေးပြဿနာများကြောင့် လိင်အင်္ဂါပြဿနာများ ကြုံတွေ့နိုင်သည်။

သုက်လွှတ်ဂလင်း (သို့) ဆီးအိမ်ပြဿနာများအတွက် ခွဲစိတ် မှု ခံယူထားရခြင်းကြောင့်လည်း အာရုံကြောများ သွေးကြောများကို ထိခိုက်စေသဖြင့် လိင်အင်္ဂါပြဿနာ ကြုံတွေ့နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top