Golden City Promotion
×

အတိအက် ဘာသာျပန္ရ လွ်င္ တစံုတေယာက္၏ အတြင္းပိုင္း ကို ေခ်ာင္းၾကည့္ျခင္းဟု အဓိပၸာယ္ရသည့္ Autopsy ဟူေသာစကားလံုးမွာ ဂရိႏွင့္လက္တင္ဘာသာစကား autopsia မွဆင္းသက္လာခဲ့သည္။ ေသဆံုး သြားသူတစ္ဦး၏ ေသဆံုးရျခင္းအေၾကာင္းရင္းကို သိခ်င္သည့္အခါ၊ ဤ လူနာ သည္ ဤ ေရာဂါ ေၾကာင့္ ေသဆံုးရျခင္း ျဖစ္ေၾကာင္းသက္ေသျပလိုသည့္အခါမ်ိဳးတြင္ ရင္ခြဲ စစ္ေဆး ၾကသည္။ ၁၇ရာစုခန္႔မွစ၍ Autopsy ဟူသည့္ ေ၀ါဟာရကိုရင္ခြဲစစ္ေဆးျခင္းမ်ားႏွင့္ တြဲဖက္၍အသံုးျပဳလာၾကသည္။

၁၈ရာစုေႏွာင္းပိုင္းအထိ Autopsy ကို ခႏၵာေဗဒ သင္ခန္းစာ မ်ားတြင္ ျပဳလုပ္ခဲ့ၾကေသာ္လည္း ေသဆံုး သည့္အေၾကာင္းရင္းရွာေဖြသည့္ ေနရာတြင္မူ ရင္ခြဲ စစ္ေဆးျခင္း ျပဳလုပ္မႈ နည္းပါးခဲ့သည္။ ၂၀ရာစုမတိုင္ခင္အထိရင္ခြဲစမ္းသပ္မႈမ်ားသည္ ေဆးရံုမ်ားႏွင့္ ဥပေဒေရးရာ ေဆးပညာရွင္မ်ား၏ ပိုင္ဆိုင္မႈနယ္ပယ္တြင္သာ ရွိခဲ့ၾကသည္။ ထိုအခ်ိန္မ်ားဆီက ရင္ခြဲ စမ္းသပ္မႈ ကို Autopsy ဟုမသံုးပဲ Necropsy ဟုအစားထိုးသံုးစြဲခဲ့ၾကဖူးသည္။

ဆရာ၀န္ မ်ားအေနျဖင့္ Autopsy လုပ္ငန္း ကို လုပ္ကိုင္လာၾကသည္မွာ ႏွစ္၂၀၀၀ေက်ာ္ခဲ့ျပီဟုဆိုပါသည္။ အေစာဆံုးရင္ခြဲစစ္ေဆးမႈတစ္ခုကို ဥပမာျပရမည္ဆိုလွ်င္ ဘီစီ ၄၄ခုႏွစ္က ေရာမ ဆရာ၀န္ၾကီး အန္တစ္တီးယပ္စ္ ျပဳလုပ္ခဲ့သည့္ Autopsy ျဖစ္ပါသည္။ ခြဲစိတ္ခံရသည့္ အေလာင္းက ေရာမ ဘုရင္ၾကီး ဂ်ဴးလီယပ္ဆီဇာ ၏ အေလာင္း ျဖစ္ပါသည္။သူမ်ား၏ ဓားျဖင့္ထိုးသတ္ျခင္းခံရေသာ ဂ်ဴးလီးယပ္ဆီဇာ ၏ အေလာင္း မွာ ထိုးသြင္းဒဏ္ရာ ၂၃ခ်က္ေတြ႕ရေလသည္။ ဆီဇာေသဆံုးရသည့္ အေၾကာင္းရင္းမွာ ေနာက္ဆံုးထိုးသြင္းခံရေသာ အဆုတ္ကိုေဖာက္ ထြင္းသြားေစေသာ ဓားဒဏ္ရာျဖစ္ေၾကာင္းသက္ေသျပႏိုင္ခဲ့ေလသည္။

၁၄၁၀ျပည့္ႏွစ္တြင္ ကတ္သလစ္ ဘုရားေက်ာင္း မွ ပုပ္ရဟန္းမင္းၾကီး အလက္ဇႏၵား(အမွတ္ ၅)၏ အေလာင္း ကို အဆိပ္မိျပီးကြယ္လြန္ျခင္း ဟုတ္၊ မဟုတ္ သိရွိႏိုင္ရန္ ရင္ခြဲစစ္ေဆးခဲ့ပါသည္။ သို႔ေပမယ့္ မွတ္တမ္းမွတ္ရာ တစံု တရာမက်န္ခဲ့ပါ။ Autopsy ကို ျပင္းထန္စြာတားျမစ္ထားသည့္ အစၥလာမ္ ၊ရွင္တို၊ ဂရိ ၊ေအာ္တိုေဒါ့စ္ ခရစ္ယာန္ ဘာသာမ်ိဳးေတြလည္း ရွိသည္။

ေသဆံုးျပီးသူတစ္ဦး၏ အေလာင္း ကို ရင္ခြဲ စစ္ေဆး ႔အတြက္ လူနာရွင္ ထံမွ ခြင့္ေတာင္းရသည္။ ေမာ္က်ဴရီ (mortuary )ဟုေခၚသည့္ ရင္ခြဲစစ္ေဆးရန္ အထူးေဆာက္လုပ္ထားေသာ ျငိမ္းေအးဇရပ္တြင္ ခႏၵာကိုယ္ ကိုထားရသည္။ ေဆးပညာ အတြက္လိုအပ္သည့္ စူးစမ္းေလ့လာ ခြဲစိတ္မႈ မ်ားကို ေရာဂါေဗဒဆရာ၀န္မ်ား(Pathologists)က ေဆးပညာအဖြဲ႕အစည္းတစ္ခုလံုး၏ ကိုယ္စားတာ၀န္ယူ၍ ျပဳလုပ္ေပးသည္။ ေနာက္ပိုင္းမွာ ေသဆံုး ရသည့္အေၾကာင္း ရင္းကို ရွာေဖြျခင္းမဟုတ္ပဲ ေသဆံုးသူအေလာင္းသည္ မည္သူမည္၀ါျဖစ္ေၾကာင္း စစ္ေၾကာရွာေဖြရသည့္ လုပ္ငန္းစဥ္ သည္ Autopsy မွခြဲထြက္သြားျပီး ဥပေဒေရးရာေဆးပညာ၏ လုပ္ငန္းတစ္ခုျဖစ္သြားေလသည္။

၁၉ရာစုအလယ္ပိုင္းမွစ၍ ေရာဂါေဗဒ ဆရာ၀န္ မ်ားသည္ Autopsy ျပဳလုပ္သည့္အခါ စနစ္တက်ရွိေစရန္ မည္သို႔ခြဲစိတ္ရမည္၊မည္သည့္ေနရာကို ၾကည့္ရမည္၊ အစီအစဥ္တက် မည္သို႔ ခြဲစိတ္ျဖတ္ေတာက္ရမည္ စသည္တို႔ကို ေလ့လာျပဳစုက်င့္သံုးခဲ့ၾကပါသည္။ ခြဲစိတ္သည့္ အေတြ႕အၾကံဳမ်ားလာသည့္အခါ ဘယ္လိုအေနအထားကေတာ့ျဖင့္ ေသဆံုး သည့္အခါ ပံုမွန္ေတြ႕ရွိရသည့္ အေျခအေန၊ ဘယ္လိုကေတာ့ျဖင့္ ဘယ္ေရာဂါေၾကာင့္ ျဖစ္ရသည့္အေျခအေန စသည္ျဖင့္ ခြဲျခမ္းစိတ္ျဖာလာႏိုင္ၾကပါသည္။

၂၀ရာစုေႏွာင္းပိုင္းႏွစ္မ်ားသို႔ေရာက္လာသည့္အခါ Autopsy လုပ္ငန္းကို ေသဆံုးျပီးေနာက္ ေရာဂါ ရွာေဖြေရးနည္းလမ္းတစ္ခုျဖင့္ အသံုးျပဳမႈနည္းလာၾကသည္။ လူနာ ကို ေမ့ေဆးေပး၍ ေရာဂါရွိေနသည့္ ကိုယ္အဂၤါမ်ားမွ အသားယူႏိုင္ျခင္း၊ ပံုရိပ္ေဖာ္နည္းပညာရပ္မ်ား အဆင့္ျမင့္မားလာျခင္းစသည့္ ေရာဂါ ရွာေဖြေရးနည္းပညာမ်ားတိုးတက္လာသည့္အခါ အေၾကာင္းရင္းမသိပဲ လူနာေသဆံုးရမႈနည္းပါးလာျခင္းေၾကာင့္ ျဖစ္ သည္ဟု ေ၀ဖန္ေထာက္ျပၾကသူမ်ားလည္းရွိသည္။

ေနာက္ပိုင္းကာလမ်ားတြင္ Autopsy လုပ္ငန္း မွာ ေရာဂါေဗဒ ဆရာ၀န္ မ်ား၏ နယ္ပယ္ထက္ ဥပေဒေရးရာ ေဆးပညာရွင္မ်ား၏ နယ္ပယ္တြင္သာ ဆက္လက္တည္ရွိေတာ့မည့္ အေျခအေနရွိပါသည္။ ကိုယ့္ကိုကိုယ္ေသေၾကာင္း ၾကံသည့္ လူနာမ်ားတြင္ သူမ်ား၏ ပေယာဂပါ၊မပါစစ္ေဆးဖို႔ ၊ေသဆံုးသူသည့္ ဘယ္သူဘယ္၀ါျဖစ္ေၾကာင္း စစ္ေၾကာ ဖို႔လိုအပ္သည့္ေနရာမ်ားတြင္သာ ဆက္လက္တြင္က်ယ္ေနဖို႔ရွိပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေဒါက္တာလႊမ္းမုိးဟန္

#Unicode Version#


အတိအကျ ဘာသာပြန်ရ လျှင် တစုံတယောက်၏ အတွင်းပိုင်း ကို ချောင်းကြည့်ခြင်းဟု အဓိပ္ပာယ်ရသည့် Autopsy ဟူသောစကားလုံးမှာ ဂရိနှင့်လက်တင်ဘာသာစကား autopsia မှဆင်းသက်လာခဲ့သည်။ သေဆုံး သွားသူတစ်ဦး၏ သေဆုံးရခြင်းအကြောင်းရင်းကို သိချင်သည့်အခါ၊ ဤ လူနာ သည် ဤ ရောဂါ ကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်းသက်သေပြလိုသည့်အခါမျိုးတွင် ရင်ခွဲ စစ်ဆေး ကြသည်။ ၁၇ရာစုခန့်မှစ၍ Autopsy ဟူသည့် ဝေါဟာရကိုရင်ခွဲစစ်ဆေးခြင်းများနှင့် တွဲဖက်၍အသုံးပြုလာကြသည်။

၁၈ရာစုနှောင်းပိုင်းအထိ Autopsy ကို ခန္ဒာဗေဒ သင်ခန်းစာ များတွင် ပြုလုပ်ခဲ့ကြသော်လည်း သေဆုံး သည့်အကြောင်းရင်းရှာဖွေသည့် နေရာတွင်မူ ရင်ခွဲ စစ်ဆေးခြင်း ပြုလုပ်မှု နည်းပါးခဲ့သည်။ ၂၀ရာစုမတိုင်ခင်အထိရင်ခွဲစမ်းသပ်မှုများသည် ဆေးရုံများနှင့် ဥပဒေရေးရာ ဆေးပညာရှင်များ၏ ပိုင်ဆိုင်မှုနယ်ပယ်တွင်သာ ရှိခဲ့ကြသည်။ ထိုအချိန်များဆီက ရင်ခွဲ စမ်းသပ်မှု ကို Autopsy ဟုမသုံးပဲ Necropsy ဟုအစားထိုးသုံးစွဲခဲ့ကြဖူးသည်။

ဆရာဝန် များအနေဖြင့် Autopsy လုပ်ငန်း ကို လုပ်ကိုင်လာကြသည်မှာ နှစ်၂၀၀၀ကျော်ခဲ့ပြီဟုဆိုပါသည်။ အစောဆုံးရင်ခွဲစစ်ဆေးမှုတစ်ခုကို ဥပမာပြရမည်ဆိုလျှင် ဘီစီ ၄၄ခုနှစ်က ရောမ ဆရာဝန်ကြီး အန်တစ်တီးယပ်စ် ပြုလုပ်ခဲ့သည့် Autopsy ဖြစ်ပါသည်။ ခွဲစိတ်ခံရသည့် အလောင်းက ရောမ ဘုရင်ကြီး ဂျူးလီယပ်ဆီဇာ ၏ အလောင်း ဖြစ်ပါသည်။သူများ၏ ဓားဖြင့်ထိုးသတ်ခြင်းခံရသော ဂျူးလီးယပ်ဆီဇာ ၏ အလောင်း မှာ ထိုးသွင်းဒဏ်ရာ ၂၃ချက်တွေ့ရလေသည်။ ဆီဇာသေဆုံးရသည့် အကြောင်းရင်းမှာ နောက်ဆုံးထိုးသွင်းခံရသော အဆုတ်ကိုဖောက် ထွင်းသွားစေသော ဓားဒဏ်ရာဖြစ်ကြောင်းသက်သေပြနိုင်ခဲ့လေသည်။

၁၄၁၀ပြည့်နှစ်တွင် ကတ်သလစ် ဘုရားကျောင်း မှ ပုပ်ရဟန်းမင်းကြီး အလက်ဇန္ဒား(အမှတ် ၅)၏ အလောင်း ကို အဆိပ်မိပြီးကွယ်လွန်ခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရင်ခွဲစစ်ဆေးခဲ့ပါသည်။ သို့ပေမယ့် မှတ်တမ်းမှတ်ရာ တစုံ တရာမကျန်ခဲ့ပါ။ Autopsy ကို ပြင်းထန်စွာတားမြစ်ထားသည့် အစ္စလာမ် ၊ရှင်တို၊ ဂရိ ၊အော်တိုဒေါ့စ် ခရစ်ယာန် ဘာသာမျိုးတွေလည်း ရှိသည်။

သေဆုံးပြီးသူတစ်ဦး၏ အလောင်း ကို ရင်ခွဲ စစ်ဆေး့အတွက် လူနာရှင် ထံမှ ခွင့်တောင်းရသည်။ မော်ကျူရီ (mortuary )ဟုခေါ်သည့် ရင်ခွဲစစ်ဆေးရန် အထူးဆောက်လုပ်ထားသော ငြိမ်းအေးဇရပ်တွင် ခန္ဒာကိုယ် ကိုထားရသည်။ ဆေးပညာ အတွက်လိုအပ်သည့် စူးစမ်းလေ့လာ ခွဲစိတ်မှု များကို ရောဂါဗေဒဆရာဝန်များ(Pathologists)က ဆေးပညာအဖွဲ့အစည်းတစ်ခုလုံး၏ ကိုယ်စားတာဝန်ယူ၍ ပြုလုပ်ပေးသည်။ နောက်ပိုင်းမှာ သေဆုံး ရသည့်အကြောင်း ရင်းကို ရှာဖွေခြင်းမဟုတ်ပဲ သေဆုံးသူအလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း စစ်ကြောရှာဖွေရသည့် လုပ်ငန်းစဉ် သည် Autopsy မှခွဲထွက်သွားပြီး ဥပဒေရေးရာဆေးပညာ၏ လုပ်ငန်းတစ်ခုဖြစ်သွားလေသည်။

၁၉ရာစုအလယ်ပိုင်းမှစ၍ ရောဂါဗေဒ ဆရာဝန် များသည် Autopsy ပြုလုပ်သည့်အခါ စနစ်တကျရှိစေရန် မည်သို့ခွဲစိတ်ရမည်၊မည်သည့်နေရာကို ကြည့်ရမည်၊ အစီအစဉ်တကျ မည်သို့ ခွဲစိတ်ဖြတ်တောက်ရမည် စသည်တို့ကို လေ့လာပြုစုကျင့်သုံးခဲ့ကြပါသည်။ ခွဲစိတ်သည့် အတွေ့အကြုံများလာသည့်အခါ ဘယ်လိုအနေအထားကတော့ဖြင့် သေဆုံး သည့်အခါ ပုံမှန်တွေ့ရှိရသည့် အခြေအနေ၊ ဘယ်လိုကတော့ဖြင့် ဘယ်ရောဂါကြောင့် ဖြစ်ရသည့်အခြေအနေ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာလာနိုင်ကြပါသည်။

၂၀ရာစုနှောင်းပိုင်းနှစ်များသို့ရောက်လာသည့်အခါ Autopsy လုပ်ငန်းကို သေဆုံးပြီးနောက် ရောဂါ ရှာဖွေရေးနည်းလမ်းတစ်ခုဖြင့် အသုံးပြုမှုနည်းလာကြသည်။ လူနာ ကို မေ့ဆေးပေး၍ ရောဂါရှိနေသည့် ကိုယ်အင်္ဂါများမှ အသားယူနိုင်ခြင်း၊ ပုံရိပ်ဖော်နည်းပညာရပ်များ အဆင့်မြင့်မားလာခြင်းစသည့် ရောဂါ ရှာဖွေရေးနည်းပညာများတိုးတက်လာသည့်အခါ အကြောင်းရင်းမသိပဲ လူနာသေဆုံးရမှုနည်းပါးလာခြင်းကြောင့် ဖြစ် သည်ဟု ဝေဖန်ထောက်ပြကြသူများလည်းရှိသည်။

နောက်ပိုင်းကာလများတွင် Autopsy လုပ်ငန်း မှာ ရောဂါဗေဒ ဆရာဝန် များ၏ နယ်ပယ်ထက် ဥပဒေရေးရာ ဆေးပညာရှင်များ၏ နယ်ပယ်တွင်သာ ဆက်လက်တည်ရှိတော့မည့် အခြေအနေရှိပါသည်။ ကိုယ့်ကိုကိုယ်သေကြောင်း ကြံသည့် လူနာများတွင် သူများ၏ ပယောဂပါ၊မပါစစ်ဆေးဖို့ ၊သေဆုံးသူသည့် ဘယ်သူဘယ်ဝါဖြစ်ကြောင်း စစ်ကြော ဖို့လိုအပ်သည့်နေရာများတွင်သာ ဆက်လက်တွင်ကျယ်နေဖို့ရှိပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  ဒေါက်တာလွှမ်းမိုးဟန်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top