Golden City Promotion
×

ပန္းဘဲမင္းႀကီးသည္ စိတ္ခက္ထန္၏။ မင္းေယာက္ဖ၊ မိဖုရားေမာင္ကအစ အျပစ္ရွိလွ်င္ ရွိသလို ဆံုးမထုေထာင္းသည္။ မင္းကိုလည္း ရဲ၀ံ့စြာ ေလွ်ာက္တင္တတ္သည္။ ရာထူးမမက္၊ မဟုတ္မခံ သတိၱရွိသည္၊ ရဲရင့္သည္။ အျပစ္ရွိသူကို ႐ိုက္ႏွက္ဆံုးမလွ်င္ ၀င္ေရာက္တားျမစ္ျခင္း မရွိ။ ၾကည့္ေနတတ္သည္။ အ႐ိုက္ခံရသူေျပးလွ်င္ ခ်မ္းသာေပးသည္။ ထိုအခါမွ ရယ္ေမာေတာ့သည္။

ပန္းဘဲမင္းႀကီး၏ ငယ္မည္သည္ ဦးမႈိျဖစ္သည္။ အင္း၀သားဇာတိ မွဴး႐ိုးမတ္႐ိုးျဖစ္သည္။ ဘႀကီးေတာ္လက္ထက္တြင္ လက္သံုးေတာ္ႀကီးကိုင္ ရာထူးကို ရသည္။ စရြံၿမိဳ႕ကို စားသည္။ ေရႊဘိုမင္း ပုဂံမင္းတို႔ လက္ထက္တြင္ ပန္းဘဲ၀န္၊ အတြင္း၀န္ႀကီး၊ ေသနတ္၀န္ႀကီး၊ ေဆာက္လုပ္ေရးဌာန၀န္ႀကီး စစ္၀န္ႀကီးတို႔အျဖစ္ ေဆာင္ရြက္ခဲ့သည္။ ပန္းဘဲမင္းႀကီးသည္ မႏၲေလးနန္းေတာ္ ၿမိဳ႕ေတာ္ကို ဦးစီးတည္ေဆာက္ခဲ့သည္။ လုပ္သားေပါင္းေျမာက္ျမားစြာျဖင့္ နန္းၿမိဳ႕ေနရာကို ခုတ္ထြင္ရွင္းလင္းသည္။ ျပႀကီး၊ ျပငယ္၊ က်ဳံးေတာ္၊ အုတ္ၿမိဳ႕႐ုိး စသည္ျဖင့္ ပိုင္းျခားရာတြင္ ေျခလွမ္းကို အတိုင္းအတာထား၍ ငုတ္တိုင္စိုက္သည္။ နန္းၿမိဳ႕ေတာ္ကို ျမင္းမိုရ္ေတာင္သဏၭာန္နဲ႔ ဖန္ဆင္းေဆာက္လုပ္သည္။နန္းေတာ္ကို အမရပူရနန္းေတာ္ပံုအတိုင္း ေဆာက္သည္။ နန္းေတာ္ေဟာင္းက အခ်ဳိ႕ကို မႏၲေလးနန္းေတာ္သစ္တြင္ အသံုးျပဳသည္။ ေျခလွမ္းျဖင့္ တိုင္းတာၿပီး ပႏၷက္ခ်တြင္းတူးသည္။

နန္းေတာ္အထက္ဆင့္ရွိ ျပာသာဒ္၊ ထုပိကာ၊ စုလစ္မြမ္းခြၽန္တို႔ကိုလည္း မ်က္စိျဖင့္ တိုင္းထြာစီမံသည္။ ခန္႔ခြဲေဆာက္လုပ္ေစသည္။ မင္းႀကီးသည္ ေျမႀကီးေပၚမွာရပ္၍ မ်က္စိတစ္ဖက္မွိတ္ကာ အထက္ဆင့္ကို ေမာ့ၾကည့္သည္။ လက္ႏွင့္ အတိုင္းအထြာျပဳသည္။ အတိုအရွည္ အပိုအလိုတို႔ကို မ်က္စိျဖင့္ၾကည့္ မွန္းခ်က္အတိုင္း ညႊန္ၾကားေစခိုင္းသည္။ သို႔ျဖင့္ ပံုစံက် နန္းၿမိဳ႕ေတာ္ႀကီး ျဖစ္လာသည္။ ပန္းဘဲမင္းႀကီး၏ အတိုင္းအထြာ အမွတ္အသားသည္ သူ႔ေျခႏွင့္ သူ႔မ်က္စိတြင္သာ ထားသည္။ ေျချဖင့္ထြာသည္။ မ်က္စိျဖင့္ ၾကည့္မွန္းတိုင္းဆသည္။ သို႔ျဖင့္ လိုရာအတိုင္း မေစာင္းမရြဲ႕ အတိအက်ရသည္။ တည္ဆဲနန္းၿမိဳ႕ေတာ္ႏွင့္ က်ံဳးတို႔သည္ ပန္းဘဲမင္းႀကီး၏ ေျခလွမ္းကိုတာဖဲြ႕၍ တည္ခဲ့ျခင္းျဖစ္သည္။ ဤနည္းအတိုင္း ၿမိဳ႕တြင္းတြင္ ျပကြက္ခ်၍ ရာထူးႀကီးငယ္အလိုက္ အကြက္႐ိုက္ကာ ၀င္းေတာ္အိမ္ေတာ္မ်ားကို ေဆာက္လုပ္ေစသည္။

အိမ္  ေတာ္ရာဘုရား၊ ေလာကမာရဇိန္ေစတီ၊ ေျမာက္ျပင္စံေက်ာင္း သာသနာပိုင္တိုက္တို႔ကို ပန္းဘဲမင္းႀကီးပင္လွ်င္ စီမံေဆာက္လုပ္သည္။ ၁၂၃၃ ခုႏွစ္တြင္ ပန္းဘဲမင္းႀကီးသည္ မင္းတုန္းမင္းကိုယ္စား ေရႊတိဂံုေစတီေတာ္ကို ထီးေတာ္တင္ရန္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္လာသည္။ ထိုအခ်ိန္က ရန္ကုန္သည္ အဂၤလိပ္လက္ေအာက္တြင္ရွိ၍ အဂၤလိပ္ကို ခြင့္ေတာင္းရသည္။ အဂၤလိပ္က ထီးတင္ရက္ကို တနဂၤေႏြေန႔ ေပးသည္။ မင္းတုန္းမင္းက အဂၤါေန႔ကို လိုခ်င္သည္။ ပန္းဘဲမင္းႀကီးသည္ တနဂၤေႏြေန႔တြင္ ထီးေတာ္မတင္ျဖစ္ေအာင္ သူ႔အတတ္ပညာျဖင့္ စီမံသည္။ အဂၤါေန႔က်မွ ထီးေတာ္တင္ျဖစ္ေအာင္ ေဆာင္ရြက္ေပးသည္။

ပန္းဘဲမင္းႀကီး၏ ဦးေႏွာက္ထဲတြင္ ပံုေသနည္းတို႔ ရွိေနသည္လားမသိ။ ေစတီတည္လိုလွ်င္၊ ေက်ာင္းေဆာက္လိုလွ်င္၊ ဖိနပ္ေတာ္ အေဆာင္မည္မွ်ခင္းလွ်င္၊ ဉာဏ္ေတာ္မည္မွ် ျပာသာဒ္ဘံုဘယ္ႏွဆင့္ထားလွ်င္ ေက်ာင္းတိုင္အကြာအေ၀း ဘယ္ေလာက္ စသျဖင့္ အေသးစိတ္ကို ေျပာျပႏိုင္၏။ သူ႔တြင္ စာရြက္ျပာ (Blue Print) အေဆာက္အအံုပံုစံ မရွိ။ အတိုင္းအထြာ ကိရိယာမရွိ။ စိတ္မွတ္ပညာျဖင့္ ႏႈတ္ကအလ်င္အျမန္ ေျပာျပႏိုင္ျခင္းျဖစ္၏။ ပံုေသနည္းအတိုင္း ႏႈတ္တိုက္ရေနလို႔သာ ေျပာျပႏိုင္ျခင္း ျဖစ္သည္ဟု ယူဆရ၏။ အတိုင္းအထြာ ကိရိယာပစၥည္း ပံုေသနည္း သက္ေသခံတို႔ မက်န္၍ ျမန္မာလူမ်ိဳးတို႔ ညံ့ဖ်င္းသည္ဟု ေျပာလိုလွ်င္ သက္ေသျပစရာမ်ားကား မ်ားလွသည္။ မန္းနန္းၿမိဳ႕ အပါအ၀င္ တစ္ႏုိင္ငံလံုးရွိ ဘုရားဂူေက်ာင္းတန္ေဆာင္း ျပာသာဒ္တို႔ကိုၾကည့္လွ်င္ သိႏိုင္ေတာ့၏။

ေမွာ္ဘီဆရာသိန္းႀကီးသည္ ျမန္မာမႈ အမ်ိဳးသားပညာရွိ တစ္ဦးျဖစ္၏။ ျမန္မာမႈ ေရွးေဟာင္းေႏွာင္းျဖစ္တို႔ကို ေလ့လာလုိက္စားသည္။ သိသမွ်ကို စိစစ္ေဖာ္ထုတ္သည္။ ပန္းဘဲမင္းႀကီး စာတမ္းငယ္ (essay) သည္ ေမွာ္ဘီဆရာသိန္း စုေဆာင္းထားေသာ အတၳဳပၸတၳိတစ္ခု ျဖစ္၏။ ျမန္မာတို႔၏ အတတ္ပညာစြမ္းရည္ကို ေဖာ္ထုတ္ျပသသည္။ ျမန္မာတို႔အေပၚ အထင္ေသးသူတို႔ကို စိန္ေခၚသည္။ အားရႏွစ္သက္ဖြယ္ လႈပ္ရွားတက္ၾကြဖြယ္ ေကာင္းသည္။ အတတ္ပညာဟူသည္ ဘယ္ပံုဘယ္နည္း တတ္သည္က အေရးႀကီးသည္ မဟုတ္ေပ။ ထိုအတတ္ပညာကို ဘယ္ပံုဘယ္နည္း အသံုးက်ေအာင္ အသံုးခ်ျခင္းသည္သာလွ်င္ အေရးႀကီးေပသည္။ ဤသည္ကို ပန္းဘဲမင္းႀကီး၏ စြမ္းေဆာင္မႈ သက္ေသခံတို႔ျဖင့္ မယံုသူတို႔ကို ေမွာ္ဘီဆရာသိန္းႀကီးက စိန္ေခၚလုိက္ျခင္း ျဖစ္သည္။ ပန္းဘဲမင္းႀကီးသည္ အတတ္ပညာရွိ၏။ သူ႔အတတ္ပညာသည္ သူ၏လွ်ိဳ႕၀ွက္ခ်က္ပင္ျဖစ္၏။ သို႔ေသာ္ သူ႔အတတ္ပညာ၏ အသံုးခ်မႈတို႔ကိုကား လွ်ဳိ႕၀ွက္ထား၍ မရ။ ျမင္ေနေတြ႕ေနရ၍ မယံုစရာကား မရွိေပ။

ပန္းဘဲမင္းႀကီး၏ ဤစာတမ္းငယ္သည္ သုတပညာကို ေပးသလုိ ရသခံစားမႈကိုလည္း ေပါင္းစပ္ဖြဲ႕စည္းေပးသည္။ ျမန္မာတို႔၏ ဗိသုကာအတတ္ပညာကို ပန္းဘဲမင္းႀကီး၏ ထုဆစ္သြန္းလုပ္ အားထုတ္တည္ေဆာက္မႈတို႔ေၾကာင့္ အံ့ၾသရသည္။ ဂုဏ္ယူရသည္။ အလွ်ံမစဲ ပီတိျဖာေ၀ရသည္။ ထိုမွ်မက ပန္းဘဲမင္းႀကီး ဖန္တီးစြမ္းေဆာင္ေပးခဲ့သည့္ ကံုလံုၾကြယ္၀ေသာ ျမန္မာ့အလွတို႔ကိုလည္း စြဲလမ္းေႏွာင္ဖြဲ႕စြာပင္ ယေန႔ထက္တုိင္ ႐ႈျမင္ေတြ႕ျမင္ ေနႏုိင္ေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမွာ္ဘီဆရာသိန္း၏ ပန္းဘဲမင္းႀကီး

#Unicode Version#
ပန်းဘဲမင်းကြီးသည် စိတ်ခက်ထန်၏။ မင်းယောက်ဖ၊ မိဖုရားမောင်ကအစ အပြစ်ရှိလျှင် ရှိသလို ဆုံးမထုထောင်းသည်။ မင်းကိုလည်း ရဲဝံ့စွာ လျှောက်တင်တတ်သည်။ ရာထူးမမက်၊ မဟုတ်မခံ သတ္တိရှိသည်၊ ရဲရင့်သည်။ အပြစ်ရှိသူကို ရိုက်နှက်ဆုံးမလျှင် ဝင်ရောက်တားမြစ်ခြင်း မရှိ။ ကြည့်နေတတ်သည်။ အရိုက်ခံရသူပြေးလျှင် ချမ်းသာပေးသည်။ ထိုအခါမှ ရယ်မောတော့သည်။

ပန်းဘဲမင်းကြီး၏ ငယ်မည်သည် ဦးမှိုဖြစ်သည်။ အင်းဝသားဇာတိ မှူးရိုးမတ်ရိုးဖြစ်သည်။ ဘကြီးတော်လက်ထက်တွင် လက်သုံးတော်ကြီးကိုင် ရာထူးကို ရသည်။ စရွံမြို့ကို စားသည်။ ရွှေဘိုမင်း ပုဂံမင်းတို့ လက်ထက်တွင် ပန်းဘဲဝန်၊ အတွင်းဝန်ကြီး၊ သေနတ်ဝန်ကြီး၊ ဆောက်လုပ်ရေးဌာနဝန်ကြီး စစ်ဝန်ကြီးတို့အဖြစ် ဆောင်ရွက်ခဲ့သည်။ ပန်းဘဲမင်းကြီးသည် မန္တလေးနန်းတော် မြို့တော်ကို ဦးစီးတည်ဆောက်ခဲ့သည်။ လုပ်သားပေါင်းမြောက်မြားစွာဖြင့် နန်းမြို့နေရာကို ခုတ်ထွင်ရှင်းလင်းသည်။ ပြကြီး၊ ပြငယ်၊ ကျုံးတော်၊ အုတ်မြို့ရိုး စသည်ဖြင့် ပိုင်းခြားရာတွင် ခြေလှမ်းကို အတိုင်းအတာထား၍ ငုတ်တိုင်စိုက်သည်။ နန်းမြို့တော်ကို မြင်းမိုရ်တောင်သဏ္ဌာန်နဲ့ ဖန်ဆင်းဆောက်လုပ်သည်။နန်းတော်ကို အမရပူရနန်းတော်ပုံအတိုင်း ဆောက်သည်။ နန်းတော်ဟောင်းက အချို့ကို မန္တလေးနန်းတော်သစ်တွင် အသုံးပြုသည်။ ခြေလှမ်းဖြင့် တိုင်းတာပြီး ပန္နက်ချတွင်းတူးသည်။

နန်းတော်အထက်ဆင့်ရှိ ပြာသာဒ်၊ ထုပိကာ၊ စုလစ်မွမ်းချွန်တို့ကိုလည်း မျက်စိဖြင့် တိုင်းထွာစီမံသည်။ ခန့်ခွဲဆောက်လုပ်စေသည်။ မင်းကြီးသည် မြေကြီးပေါ်မှာရပ်၍ မျက်စိတစ်ဖက်မှိတ်ကာ အထက်ဆင့်ကို မော့ကြည့်သည်။ လက်နှင့် အတိုင်းအထွာပြုသည်။ အတိုအရှည် အပိုအလိုတို့ကို မျက်စိဖြင့်ကြည့် မှန်းချက်အတိုင်း ညွှန်ကြားစေခိုင်းသည်။ သို့ဖြင့် ပုံစံကျ နန်းမြို့တော်ကြီး ဖြစ်လာသည်။ ပန်းဘဲမင်းကြီး၏ အတိုင်းအထွာ အမှတ်အသားသည် သူ့ခြေနှင့် သူ့မျက်စိတွင်သာ ထားသည်။ ခြေဖြင့်ထွာသည်။ မျက်စိဖြင့် ကြည့်မှန်းတိုင်းဆသည်။ သို့ဖြင့် လိုရာအတိုင်း မစောင်းမရွဲ့ အတိအကျရသည်။ တည်ဆဲနန်းမြို့တော်နှင့် ကျုံးတို့သည် ပန်းဘဲမင်းကြီး၏ ခြေလှမ်းကိုတာဖွဲ့၍ တည်ခဲ့ခြင်းဖြစ်သည်။ ဤနည်းအတိုင်း မြို့တွင်းတွင် ပြကွက်ချ၍ ရာထူးကြီးငယ်အလိုက် အကွက်ရိုက်ကာ ဝင်းတော်အိမ်တော်များကို ဆောက်လုပ်စေသည်။

အိမ်တော်ရာဘုရား၊ လောကမာရဇိန်စေတီ၊ မြောက်ပြင်စံကျောင်း သာသနာပိုင်တိုက်တို့ကို ပန်းဘဲမင်းကြီးပင်လျှင် စီမံဆောက်လုပ်သည်။ ၁၂၃၃ ခုနှစ်တွင် ပန်းဘဲမင်းကြီးသည် မင်းတုန်းမင်းကိုယ်စား ရွှေတိဂုံစေတီတော်ကို ထီးတော်တင်ရန် ရန်ကုန်မြို့သို့ ရောက်လာသည်။ ထိုအချိန်က ရန်ကုန်သည် အင်္ဂလိပ်လက်အောက်တွင်ရှိ၍ အင်္ဂလိပ်ကို ခွင့်တောင်းရသည်။ အင်္ဂလိပ်က ထီးတင်ရက်ကို တနင်္ဂနွေနေ့ ပေးသည်။ မင်းတုန်းမင်းက အင်္ဂါနေ့ကို လိုချင်သည်။ ပန်းဘဲမင်းကြီးသည် တနင်္ဂနွေနေ့တွင် ထီးတော်မတင်ဖြစ်အောင် သူ့အတတ်ပညာဖြင့် စီမံသည်။ အင်္ဂါနေ့ကျမှ ထီးတော်တင်ဖြစ်အောင် ဆောင်ရွက်ပေးသည်။

ပန်းဘဲမင်းကြီး၏ ဦးနှောက်ထဲတွင် ပုံသေနည်းတို့ ရှိနေသည်လားမသိ။ စေတီတည်လိုလျှင်၊ ကျောင်းဆောက်လိုလျှင်၊ ဖိနပ်တော် အဆောင်မည်မျှခင်းလျှင်၊ ဉာဏ်တော်မည်မျှ ပြာသာဒ်ဘုံဘယ်နှဆင့်ထားလျှင် ကျောင်းတိုင်အကွာအဝေး ဘယ်လောက် စသဖြင့် အသေးစိတ်ကို ပြောပြနိုင်၏။ သူ့တွင် စာရွက်ပြာ (Blue Print) အဆောက်အအုံပုံစံ မရှိ။ အတိုင်းအထွာ ကိရိယာမရှိ။ စိတ်မှတ်ပညာဖြင့် နှုတ်ကအလျင်အမြန် ပြောပြနိုင်ခြင်းဖြစ်၏။ ပုံသေနည်းအတိုင်း နှုတ်တိုက်ရနေလို့သာ ပြောပြနိုင်ခြင်း ဖြစ်သည်ဟု ယူဆရ၏။ အတိုင်းအထွာ ကိရိယာပစ္စည်း ပုံသေနည်း သက်သေခံတို့ မကျန်၍ မြန်မာလူမျိုးတို့ ညံ့ဖျင်းသည်ဟု ပြောလိုလျှင် သက်သေပြစရာများကား များလှသည်။ မန်းနန်းမြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ ဘုရားဂူကျောင်းတန်ဆောင်း ပြာသာဒ်တို့ကိုကြည့်လျှင် သိနိုင်တော့၏။

မှော်ဘီဆရာသိန်းကြီးသည် မြန်မာမှု အမျိုးသားပညာရှိ တစ်ဦးဖြစ်၏။ မြန်မာမှု ရှေးဟောင်းနှောင်းဖြစ်တို့ကို လေ့လာလိုက်စားသည်။ သိသမျှကို စိစစ်ဖော်ထုတ်သည်။ ပန်းဘဲမင်းကြီး စာတမ်းငယ် (essay) သည် မှော်ဘီဆရာသိန်း စုဆောင်းထားသော အတ္ထုပ္ပတ္ထိတစ်ခု ဖြစ်၏။ မြန်မာတို့၏ အတတ်ပညာစွမ်းရည်ကို ဖော်ထုတ်ပြသသည်။ မြန်မာတို့အပေါ် အထင်သေးသူတို့ကို စိန်ခေါ်သည်။ အားရနှစ်သက်ဖွယ် လှုပ်ရှားတက်ကြွဖွယ် ကောင်းသည်။ အတတ်ပညာဟူသည် ဘယ်ပုံဘယ်နည်း တတ်သည်က အရေးကြီးသည် မဟုတ်ပေ။ ထိုအတတ်ပညာကို ဘယ်ပုံဘယ်နည်း အသုံးကျအောင် အသုံးချခြင်းသည်သာလျှင် အရေးကြီးပေသည်။ ဤသည်ကို ပန်းဘဲမင်းကြီး၏ စွမ်းဆောင်မှု သက်သေခံတို့ဖြင့် မယုံသူတို့ကို မှော်ဘီဆရာသိန်းကြီးက စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ပန်းဘဲမင်းကြီးသည် အတတ်ပညာရှိ၏။ သူ့အတတ်ပညာသည် သူ၏လျှို့ဝှက်ချက်ပင်ဖြစ်၏။ သို့သော် သူ့အတတ်ပညာ၏ အသုံးချမှုတို့ကိုကား လျှို့ဝှက်ထား၍ မရ။ မြင်နေတွေ့နေရ၍ မယုံစရာကား မရှိပေ။

ပန်းဘဲမင်းကြီး၏ ဤစာတမ်းငယ်သည် သုတပညာကို ပေးသလို ရသခံစားမှုကိုလည်း ပေါင်းစပ်ဖွဲ့စည်းပေးသည်။ မြန်မာတို့၏ ဗိသုကာအတတ်ပညာကို ပန်းဘဲမင်းကြီး၏ ထုဆစ်သွန်းလုပ် အားထုတ်တည်ဆောက်မှုတို့ကြောင့် အံ့သြရသည်။ ဂုဏ်ယူရသည်။ အလျှံမစဲ ပီတိဖြာဝေရသည်။ ထိုမျှမက ပန်းဘဲမင်းကြီး ဖန်တီးစွမ်းဆောင်ပေးခဲ့သည့် ကုံလုံကြွယ်ဝသော မြန်မာ့အလှတို့ကိုလည်း စွဲလမ်းနှောင်ဖွဲ့စွာပင် ယနေ့ထက်တိုင် ရှုမြင်တွေ့မြင် နေနိုင်ပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မှော်ဘီဆရာသိန်း၏ ပန်းဘဲမင်းကြီး


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top