ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မြန္ျပည္နယ္ ေပါင္ျမဳိ ့တြင္ ေအာက္တုိဘာလ ၉ ရက္ေန ့ညက သူငယ္​တန္​းတက္​​ေနသည့္ ၅ နွစ္​အ႐ြယ္​ မိန္​းက​ေလးအား မုံ႔၀ယ္​​ေက်ြးမည္​ဟု ​ေခၚသြားၿပီး မုဒိမ္​းက်င္​့ခဲ့သူ တစ္​ဦးကို ဖမ္​းဆီးရမိ အ​ေရးယူထားေၾကာင္း သိရပါသည္။

​ေပါင္​ၿမိဳ႕ ​ေပါင္​းရပ္​ကြက္​ ၀င္​းခလုံးပိုင္​း​ေန (ဘ)××(မိ)××တို႔၏သမီးျဖစ္​သူ အမက၀င္​းခလုံး၌သူငယ္​တန္​းတက္​​ေနသည့္ အသက္​ ၅ နွစ္​အ႐ြယ္​ မ××ကို ေအာက္တုိဘာလ ၉ ရက္ေန ့ ည ၇ နာရီအခ်ိန္​ခန္​႔က အိမ္​နီးခ်င္​း​ေနထိုင္​သည့္ ​ေအာင္​မ်ိဳးထြန္​း (ခ)သ​ေခါ ၂၅နွစ္​(ဘ)ဦးတက္​တိုး ဆိုသူမွ မုံ႔၀ယ္​​ေက်ြးမည္​ဟု​ေျပာဆို​ေခၚသြားၿပီး မိုးနိႈင္​းရပ္​ကြက္ ​စမ္​းညီ​ေနာင္​​ေခ်ာင္​း​ေဘးမွ ​ေမွာင္​​ေန​ေသာ ​ေဈးဆိုင္​​ေပၚတြင္​ တစ္​ႀကိမ္​ မုဒိမ္​းျပဳက်င္​့ခဲ့သည္​။

မ××သည္​ မုံ႔ထုတ္​တစ္​ထုတ္​ကိုင္​ကာ ငိုၿပီး အိမ္​သို႔ျပန္​လာသျဖင့္ မိခင္​ ျဖစ္​သူက အက်ိဳးအ​ေၾကာင္​း​ေမးျမန္​းရာမွ သ​ေခါ မုဒိမ္​းက်င္​့သည့္ ကိစၥ​ေျပာျပခဲ့သည္​ဟုဆိုသည္​။

"က​ေလးက ငိုၿပီးျပန္​လာလို႔ သူ႔အ​ေမက​ေမး​ေတာ့ သ​ေခါ သူ႔ကို ××တယ္​လို႔​ေျပာတယ္​ အဲ့ဒါနဲ႔႐ြာကလူ​ေတြ​ေခၚၿပီး ရဲစခန္​းကိုလာတိုင္​တာ "ဟု က​ေလး၏ဖခင္​ ဦး ××က ​ေျပာျပခဲ့သည္​။

တရားခံ​ေအာင္​မ်ိဳးထြန္​း (ခ)သ​ေခါ ဆိုသူကို ဖမ္​းမိခဲ့ၿပီး​ေဆးရုံ၌ ​ေဆးစစ္​မႈျပဳလုပ္​​ေနစဥ္​သြား​ေရာက္​​ေတြ႕ဆုံ​ေမးျမန္​းခဲ့ရာ "မုံ႔စားမယ္​ဆိုၿပီး သူကလိုက္​လာတယ္​ အ​ေမွာင္​ထဲက​ေနဆို​ေတာ့ ​ေဈးဆိုင္​​ေပၚမွာ တစ္​ခါ လုပ္​လိုက္​မိတယ္​"ဟု ၀န္​ခံ​ေျပာဆိုခဲ့သည္​။

ည ၁၀ နာရီခြဲအခ်ိန္​အထိ​ေတာ့ က်ဳးလြန္​ခံရသူ မိန္​းက​ေလးနွင့္ တရားခံ တို႔ကို ရဲတပ္​ဖြဲ႕မွ ​ေပါင္​ၿမိဳ႕ျပည္​သူ႔​ေဆးရုံ၌ ​ေဆးစစ္​မႈျပဳလုပ္​​ေနဆဲျဖစ္​ၿပီး ​ေပါင္​ရဲစခန္​းမွ ရာဇသတ္​ႀကီးဥပ​ေဒပုဒ္​မ ၃၇၆ အရ သက္​ငယ္​မုဒိမ္​းမႈ အျဖစ္​သတ္​မွတ္​ အမႈဖြင့္ လွစ္​စစ္​​ေဆး​ေန​ေၾကာင္​း သိရသည္​။

Paung Daily
https://www.facebook.com/paungdaily/
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
မွန်ပြည်နယ် ပေါင်မြို့တွင် အောက်တိုဘာလ ၉ ရက်နေ့ညက သူငယ်တန်းတက်နေသည့် ၅ နှစ်အရွယ် မိန်းကလေးအား မုံ့ဝယ်ကျွေးမည်ဟု ခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့သူ တစ်ဦးကို ဖမ်းဆီးရမိ အရေးယူထားကြောင်း သိရပါသည်။

ပေါင်မြို့ ပေါင်းရပ်ကွက် ဝင်းခလုံးပိုင်းနေ (ဘ)××(မိ)××တို့၏သမီးဖြစ်သူ အမကဝင်းခလုံး၌သူငယ်တန်းတက်နေသည့် အသက် ၅ နှစ်အရွယ် မ××ကို အောက်တိုဘာလ ၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အိမ်နီးချင်းနေထိုင်သည့် အောင်မျိုးထွန်း (ခ)သခေါ ၂၅နှစ်(ဘ)ဦးတက်တိုး ဆိုသူမှ မုံ့ဝယ်ကျွေးမည်ဟုပြောဆိုခေါ်သွားပြီး မိုးနှိုင်းရပ်ကွက် စမ်းညီနောင်ချောင်းဘေးမှ မှောင်နေသော ဈေးဆိုင်ပေါ်တွင် တစ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့သည်။

မ××သည် မုံ့ထုတ်တစ်ထုတ်ကိုင်ကာ ငိုပြီး အိမ်သို့ပြန်လာသဖြင့် မိခင် ဖြစ်သူက အကျိုးအကြောင်းမေးမြန်းရာမှ သခေါ မုဒိမ်းကျင့်သည့် ကိစ္စပြောပြခဲ့သည်ဟုဆိုသည်။

"ကလေးက ငိုပြီးပြန်လာလို့ သူ့အမေကမေးတော့ သခေါ သူ့ကို ××တယ်လို့ပြောတယ် အဲ့ဒါနဲ့ရွာကလူတွေခေါ်ပြီး ရဲစခန်းကိုလာတိုင်တာ "ဟု ကလေး၏ဖခင် ဦး ××က ပြောပြခဲ့သည်။

တရားခံအောင်မျိုးထွန်း (ခ)သခေါ ဆိုသူကို ဖမ်းမိခဲ့ပြီးဆေးရုံ၌ ဆေးစစ်မှုပြုလုပ်နေစဉ်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ "မုံ့စားမယ်ဆိုပြီး သူကလိုက်လာတယ် အမှောင်ထဲကနေဆိုတော့ ဈေးဆိုင်ပေါ်မှာ တစ်ခါ လုပ်လိုက်မိတယ်"ဟု ဝန်ခံပြောဆိုခဲ့သည်။

ည ၁၀ နာရီခွဲအချိန်အထိတော့ ကျုးလွန်ခံရသူ မိန်းကလေးနှင့် တရားခံ တို့ကို ရဲတပ်ဖွဲ့မှ ပေါင်မြို့ပြည်သူ့ဆေးရုံ၌ ဆေးစစ်မှုပြုလုပ်နေဆဲဖြစ်ပြီး ပေါင်ရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ သက်ငယ်မုဒိမ်းမှု အဖြစ်သတ်မှတ် အမှုဖွင့် လှစ်စစ်ဆေးနေကြောင်း သိရသည်။

Paung Daily
https://www.facebook.com/paungdaily/

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top