Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သည္းေျခအိတ္ ေက်ာက္ ပိတ္ေန၍ ခြဲစိတ္ရမည္ျဖစ္ေသာ ေၾကာင့္ လက္ခံထားသည့္ ႐ုပ္ရွင္ မ်ား ျငင္းဆိုခဲ့ရေၾကာင္း သ႐ုပ္ ေဆာင္ ဇာဂနာက ေျပာသည္။

‘‘လက္ခံထားတဲ့ ႏွစ္ကား စလံုး ျငင္းလိုက္ရတာ’’ဟု ၎က ေျပာသည္။ သို႔ေသာ္ ဒီဇင္ဘာ တြင္ ႐ိုက္ကူးမည့္ ‘အေနအထိုင္ မတတ္ၾကသူမ်ား’ ႐ုပ္ရွင္ဇာတ္ ကားတြင္ ၎မပါလွ်င္ မျဖစ္ဟုဆိုေသာေၾကာင့္ ရက္ေရႊ႕ေပးခဲ့ ေၾကာင္း ဆုိသည္။

ထို႔ေၾကာင့္ ယင္းဇာတ္ကား တြင္ တြဲဖက္သ႐ုပ္ေဆာင္မည့္သူ မ်ားအေနျဖင့္ အျခားအလုပ္မ်ား လက္ခံႏုိင္ရန္ဆိုကာ ဇာဂနာက ေအာက္တိုဘာ ၃၀ ရက္၌ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာမွ   တစ္ဆင့္ အသိေပးထားသည္။

ထို႔အျပင္ ႏိုဝင္ဘာ ၁၃ ရက္ တြင္ ကေလာၿမိဳ႕၌ ဒါ႐ိုက္တာ ေနပိုင္ ႐ိုက္ကူးမည့္ ႐ုပ္ရွင္ႏွင့္ ပတ္သက္၍လည္း က်န္းမာေရး ေၾကာင့္ မပါဝင္ႏိုင္ေတာ့ေၾကာင္း ေအာက္တုိဘာ ၂၈ ရက္က ေဖ့စ္ ဘြတ္ခ္၌ ေရးသားထားသည္။

‘‘ခြဲလုိ႔မရေသးဘးူ။ ကြၽန္ ေတာ့္ သည္းေျခအိတ္က ႏွစ္ထပ္ ျဖစ္ေနတာရယ္၊ ေရာင္တာမက် ေသးတာရယ္ေၾကာင့္ ေနာက္ထပ္ ၁၀ ရက္ေလာက္ ေဆးထိုး၊ ေဆး စားေနရဦးမယ္’’ဟု လက္ရွိ က်န္း မာေရးအေျခအေနႏွင့္ပတ္သက္ ၍ ၎က ေျပာသည္။

သ႐ုပ္ေဆာင္ ဇာဂနာသည္ ၂၀၀၅ တြင္ ဇာတ္ကား႐ိုက္ကူးခြင့္ ပိတ္ပင္ခံခဲ့ရၿပီး ၂၀၁၄ ၌   ‘ေအာ္တိုဘုရင္’ ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့ သည္။ ယင္းဇာတ္ကားကို ၂၀၁၇ ေအာက္တုိဘာ ၂၀ ရက္တြင္ စတင္႐ံုတင္ျပသၿပီး ရန္ကုန္ႏွင့္ မႏၲေလး၌ ပရိသတ္မ်ားႏွင့္ ေတြ႕ ဆံုပြဲမ်ား ျပဳလုပ္ခဲ့သည္။

သ႐ုပ္ေဆာင္အေနျဖင့္ ၿပီးခဲ့ သည့္ႏွစ္က ဒါ႐ိုက္တာမီးပြား ႐ိုက္ကူးသည့္ ‘ျပႆနာ’ ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ သည္။

ထို႔အျပင္ ဒါ႐ိုက္တာအေန ျဖင့္ ‘ေနာ္ပဲေလွာ္’ဇာတ္ကား႐ိုက္ ကူးရန္ အစီအစဥ္ရွိၿပီး လာမည့္ ႏွစ္အတြင္း ႐ိုက္ကူးမည္ဟု ဇာဂနာက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
သည်းခြေအိတ် ကျောက် ပိတ်နေ၍ ခွဲစိတ်ရမည်ဖြစ်သော ကြောင့် လက်ခံထားသည့် ရုပ်ရှင် များ ငြင်းဆိုခဲ့ရကြောင်း သရုပ် ဆောင် ဇာဂနာက ပြောသည်။

‘‘လက်ခံထားတဲ့ နှစ်ကား စလုံး ငြင်းလိုက်ရတာ’’ဟု ၎င်းက ပြောသည်။ သို့သော် ဒီဇင်ဘာ တွင် ရိုက်ကူးမည့် ‘အနေအထိုင် မတတ်ကြသူများ’ ရုပ်ရှင်ဇာတ် ကားတွင် ၎င်းမပါလျှင် မဖြစ်ဟုဆိုသောကြောင့် ရက်ရွှေ့ပေးခဲ့ ကြောင်း ဆိုသည်။

ထို့ကြောင့် ယင်းဇာတ်ကား တွင် တွဲဖက်သရုပ်ဆောင်မည့်သူ များအနေဖြင့် အခြားအလုပ်များ လက်ခံနိုင်ရန်ဆိုကာ ဇာဂနာက အောက်တိုဘာ ၃၀ ရက်၌ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ   တစ်ဆင့် အသိပေးထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက် တွင် ကလောမြို့၌ ဒါရိုက်တာ နေပိုင် ရိုက်ကူးမည့် ရုပ်ရှင်နှင့် ပတ်သက်၍လည်း ကျန်းမာရေး ကြောင့် မပါဝင်နိုင်တော့ကြောင်း အောက်တိုဘာ ၂၈ ရက်က ဖေ့စ် ဘွတ်ခ်၌ ရေးသားထားသည်။

‘‘ခွဲလို့မရသေးဘးူ။ ကျွန် တော့် သည်းခြေအိတ်က နှစ်ထပ် ဖြစ်နေတာရယ်၊ ရောင်တာမကျ သေးတာရယ်ကြောင့် နောက်ထပ် ၁၀ ရက်လောက် ဆေးထိုး၊ ဆေး စားနေရဦးမယ်’’ဟု လက်ရှိ ကျန်း မာရေးအခြေအနေနှင့်ပတ်သက် ၍ ၎င်းက ပြောသည်။

သရုပ်ဆောင် ဇာဂနာသည် ၂၀၀၅ တွင် ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၄ ၌   ‘အော်တိုဘုရင်’ ရုပ်ရှင်ကို ရိုက်ကူးခဲ့ သည်။ ယင်းဇာတ်ကားကို ၂၀၁၇ အောက်တိုဘာ ၂၀ ရက်တွင် စတင်ရုံတင်ပြသပြီး ရန်ကုန်နှင့် မန္တလေး၌ ပရိသတ်များနှင့် တွေ့ ဆုံပွဲများ ပြုလုပ်ခဲ့သည်။

သရုပ်ဆောင်အနေဖြင့် ပြီးခဲ့ သည့်နှစ်က ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ‘ပြဿနာ’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ သည်။

ထို့အပြင် ဒါရိုက်တာအနေ ဖြင့် ‘နော်ပဲလှော်’ဇာတ်ကားရိုက် ကူးရန် အစီအစဉ်ရှိပြီး လာမည့် နှစ်အတွင်း ရိုက်ကူးမည်ဟု ဇာဂနာက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top