Golden City Promotion
×

Instagram မှာ တင်ဖို့ပဲဖြစ်ဖြစ် Facebook Profile ပြောင်းဖို့ဖြစ်ဖြစ် ဘဝရဲ့ အမှတ်တရေ လေးတွေကို ပုံဖော်နိုင်ဖို့ဖြစ်ဖြစ် ဓာတ်ပုံ လှလှလေးတွေ ရိုက်ကူး တော့မယ်ဆိုရင် ဒီ နည်းလမ်း လေးတွေ အသုံးပြုနိုင်ပါတယ်။

ကတ်ထူစက္ကူ

Vaseline

Wallpaper

ဖန်ခွက်

Ground


Unicode ဖြင့်ဖတ်ရန်
ဖုန်းကင်မရာနဲ့ ဓာတ်ပုံအလန်းလေးတွေ ရိုက်နိုင်ဖို့
READ  ဇနီးသည် ဒေါ်ရွှေဇီးကွက် နဲ့ ခိုးပြေးခဲ့တဲ့ အကြောင်း ပြောပြတဲ့ ဦးကျော်သူ


Instagram မှာ တင်ဖို့ပဲဖြစ်ဖြစ် Facebook Profile ပြောင်းဖို့ဖြစ်ဖြစ် ဘဝရဲ့ အမှတ်တရလေးတွေကို ပုံဖော်နိုင်ဖို့ဖြစ်ဖြစ် ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးတော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေ အသုံးပြုနိုင်ပါတယ်။

ကတ်ထူစက္ကူ
ကတ်ထူစက္ကူကို အပေါက်သေးသေးဖောက်ပြီး ဖုန်းကင်မရာရဲ့ Lens ရှေ့မှာ ထားပြီး ရိုက်ပေးမယ်ဆိုရင် သင် focus ထားချင်တဲ့ မြင်ကွင်းမျိုး ရရှိမှာပါ။

Vaseline
ကင်မရာမှန်ကို Vaseline အနည်းငယ်ပွတ်ပေးခြင်းဖြင့် အိပ်မက်ထဲက မြင်ကွင်းလို မှုန်ရီဝိုးတဝါး ပုံစံမျိုး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Wallpaper
သင့်ရဲ့ Computer ဒါမှမဟုတ် Tablet ထဲက နောက်ခံ Background တောက်တောက်ပပလေး ဖွင့်ထားပြီး သင်ရိုက်ချင်တဲ့ ပစ္စည်းလေးတွေကို လှပစွာ ဖန်တီးနိုင်မှာပါ။

ဖန်ခွက်
ရေကူးကန်ထဲက ပုံကိုမှ ရိုက်ချင်ပါတယ်ဆိုရင် ဖုန်းကို ဖန်ခွက်ထဲ ထည့်ထားဖို့ လိုပါမယ်။
Timer ပေးပြီးတော့ တခြားတစ်ယောက်ကို ဖန်ခွက်ကို ငြိမ်အောင်ကိုင်ခိုင်းထားပါ။

Ground
ဖုန်းကို မြေကြီးပေါ်မှာ ထောင်ပြီး Timer ပေးရိုက်တာက ထူးခြားတဲ့ပုံလေးတွေကို ရရှိစေမှာပါ။ အောက်ကနေ ပင့်ရိုက်တဲ့ မြင်ကွင်းကလည်း တခြားသူတွေနဲ့မတူဘဲ ကွဲထွက်တဲ့ အသွင် ဖြစ်စေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myteachmyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top