Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဖားကန္႔တြင္ က်ပ္သိန္း ႏွစ္ေသာင္းသံုးေထာင္ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းမိခဲ့ၿပီး အမ်ိဳးသားႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက ေအာက္တုိဘာ ၂၄ ရက္တြင္ သတင္းထုတ္ျပန္သည္။
ဖားကန္႔ၿမိဳ႕နယ္ လံုးခင္း ေက်းရြာအုပ္စု၊ လယ္ျပင္ေက်းရြာ စစ္ေဆးေရးဂိတ္တြင္ မူးယစ္ရဲ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူး ေပါင္းအဖြဲ႕က စစ္ေဆးေနစဥ္ယာဥ္အတြင္း အံဝွက္ျပဳလုပ္၍စိတ္ႂကြေဆးျပားမ်ားႏွင့္ ဘိန္းျဖဴ မ်ား သယ္ေဆာင္လာသည့္ အမ်ိဳးသားႏွစ္ဦးကို ေအာက္တိုဘာ ၂၂ ရက္က ဖမ္းမိခဲ့သည္။ ယာဥ္ေပၚ တြင္ စိတ္ႂကြေဆးျပား အေရအ တြက္ ႏွစ္သိန္းသံုးေသာင္းေလး ေထာင္ႏွင့္ ဘိန္းျဖဴအခ်ိဳ႕ ဖမ္းမိခဲ့ သည္။
အဆုိပါအမႈ၏ ကြင္းဆက္ အျဖစ္ လံုးခင္းေက်းရြာအုပ္စု၊ ဆြတ္ေအာင္ေက်းရြာရွိ အိမ္တစ္ အိမ္ကို ေအာက္တုိဘာ ၂၃ ရက္ တြင္ ထပ္မံရွာေဖြခဲ့ရာ စိတ္ႂကြ ေဆးျပားမ်ား ထပ္မံဖမ္းမိခဲ့ ေၾကာင္း ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕ မွ ရဲအရာရွိတစ္ဦးက ေျပာသည္။ ဖမ္းဆီးမႈ ႏွစ္ခုတြင္ စုစုေပါင္း စိတ္ႂကြေဆးျပားအေရအတြက္ သံုးသိန္းသံုးေသာင္းႏွင့္ ဘိန္းျဖဴခြက္ ၂၀၀ ေက်ာ္ ဖမ္းမိခဲ့ၿပီး တန္ဖိုး ပမာဏ က်ပ္ ၂၃,၄၇၅ ဒသမ ၆ သိန္းရွိေၾကာင္း ျပည္ထဲေရးဝန္ ႀကီးဌာနက သတင္းထုတ္ျပန္ သည္။
ကခ်င္ျပည္နယ္ ဖားကန္႔ ေဒသသည္ မူးယစ္ေဆးေဈးကြက္ ႀကီးမားစြာရွိေနၿပီး ကခ်င္ျပည္ နယ္ႏွင့္ ထိစပ္ေနေသာ စစ္ကိုင္း တုိင္းေဒသႀကီးတြင္ ယခုလအ တြင္း စီမံခ်က္ျဖင့္ မူးယစ္ေဆးဝါး ဖမ္းဆီးေနစဥ္ ပမာဏမ်ားေသာ မူးယစ္ေဆးဝါးမ်ားကို ဖားကန္႔ ေဒသ၌ ဖမ္းမိျခင္းျဖစ္သည္။
ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး အျဖစ္ ေျပာင္းေရႊ႕တာဝန္ထမ္း ေဆာင္ရန္ ျပည္ထဲေရးဝန္ႀကီး ဌာန၏ ၫႊန္ၾကားစာထြက္ထား သည့္ ေနျပည္ေတာ္တုိင္းရဲတပ္ဖြဲ႕ မွဴး ရဲမွဴးႀကီး ေဇာ္ခင္ေအာင္သည္ ယေန႔ (ေအာက္တုိဘာ ၂၅ ရက္) ကစ၍ ကခ်င္ျပည္နယ္တြင္ တာဝန္ထမ္းေဆာင္မည္ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဖားကန့်တွင် ကျပ်သိန်း နှစ်သောင်းသုံးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် မူးယစ်ရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူး ပေါင်းအဖွဲ့က စစ်ဆေးနေစဉ်ယာဉ်အတွင်း အံဝှက်ပြုလုပ်၍စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူ များ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို အောက်တိုဘာ ၂၂ ရက်က ဖမ်းမိခဲ့သည်။ ယာဉ်ပေါ် တွင် စိတ်ကြွဆေးပြား အရေအ တွက် နှစ်သိန်းသုံးသောင်းလေး ထောင်နှင့် ဘိန်းဖြူအချို့ ဖမ်းမိခဲ့ သည်။

အဆိုပါအမှု၏ ကွင်းဆက် အဖြစ် လုံးခင်းကျေးရွာအုပ်စု၊ ဆွတ်အောင်ကျေးရွာရှိ အိမ်တစ် အိမ်ကို အောက်တိုဘာ ၂၃ ရက် တွင် ထပ်မံရှာဖွေခဲ့ရာ စိတ်ကြွ ဆေးပြားများ ထပ်မံဖမ်းမိခဲ့ ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ဖမ်းဆီးမှု နှစ်ခုတွင် စုစုပေါင်း စိတ်ကြွဆေးပြားအရေအတွက် သုံးသိန်းသုံးသောင်းနှင့် ဘိန်းဖြူခွက် ၂၀၀ ကျော် ဖမ်းမိခဲ့ပြီး တန်ဖိုး ပမာဏ ကျပ် ၂၃,၄၇၅ ဒသမ ၆ သိန်းရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။

ကချင်ပြည်နယ် ဖားကန့် ဒေသသည် မူးယစ်ဆေးဈေးကွက် ကြီးမားစွာရှိနေပြီး ကချင်ပြည် နယ်နှင့် ထိစပ်နေသော စစ်ကိုင်း တိုင်းဒေသကြီးတွင် ယခုလအ တွင်း စီမံချက်ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးနေစဉ် ပမာဏများသော မူးယစ်ဆေးဝါးများကို ဖားကန့် ဒေသ၌ ဖမ်းမိခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရန် ပြည်ထဲရေးဝန်ကြီး ဌာန၏ ညွှန်ကြားစာထွက်ထား သည့် နေပြည်တော်တိုင်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ဇော်ခင်အောင်သည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) ကစ၍ ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top