Golden City Promotion
×

နံနက္စာမစားဘဲ ေနသူမ်ားသည္ နံနက္စာစားသူမ်ားထက္ ႏွလံုး ေသြးေၾကာ က်ဥ္းေျမာင္းျခင္း (သို႔မဟုတ္) ႏွလံုးေသြးေၾကာမ်ား မာေက်ာျခင္းတို႔ ပိုမိုျဖစ္ပြားဖြယ္ရွိေၾကာင္း ေလ့လာမႈအသစ္တစ္ခု က ေဖာ္ျပသည္။

သုေတသီမ်ားက စားေသာက္ေသာ အစားအစာႏွင့္ ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္ေသာ အျခားေသာ အႏၲရာယ္ျဖစ္ေစသည့္ အေၾကာင္းရင္းမ်ားကို ထည့္သြင္းတြက္ခ်က္ၿပီးေနာက္ နံနက္စာမစားဘဲ ေနျခင္းေၾကာင့္ ပံုမွန္ နံနက္စာစားသူမ်ားထက္ ႏွလံုးေသြးေၾကာက်ဥ္းေျမာင္းမႈ ပိုမိုျဖစ္ပြားႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိသည္။ နံနက္ေစာေစာပိုင္း စြမ္းအင္မ်ား ပိုမိုစားသံုးျခင္းက ႏွလံုးေသြးေၾကာဆိုင္ရာ က်န္းမာေရးကို အေထာက္အကူျပဳႏိုင္ေၾကာင္း နယူးေယာက္စီးတီးၿမိဳ႕ ေမာင့္ဆိုင္းႏိုင္း ႏွလံုးေရာဂါကုေဆး႐ံုမွ သုေတ သီမ်ားက ေျပာသည္။

ယခင္က ေလ့လာမႈမ်ားတြင္ နံနက္စာမစားဘဲေနျခင္းေၾကာင့္ အဝလြန္ျခင္း၊ ဆီးခ်ိဳေရာဂါႏွင့္ ကိုယ္လက္စထေရာျမင့္မားျခင္းတို႔ ကဲ့သို႔ ႏွလံုးေရာဂါဆီသို႔ ဦးတည္ႏိုင္ေသာ ျပႆနာမ်ား ျဖစ္ပြား ႏိုင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။

သုေတသီမ်ား ေလ့လာမႈအတြင္း နံနက္စာမစားဘဲ ေနေလ့ရွိ သူမ်ားသည္ အမ်ိဳးသားမ်ား၊ ေဆးလိပ္ေသာက္သူမ်ားႏွင့္ အစား ေရွာင္သူမ်ားျဖစ္ေၾကာင္း ေတြ႕ရွိသည္။

နံနက္စာမစားဘဲ ေနသူမ်ားသည္ ႏွလံုးေသြးေၾကာ က်ဥ္း ေျမာင္းျခင္းအျပင္ ခါးတုတ္ျခင္း၊ ခႏၶာကိုယ္ၫႊန္းကိန္း (BMI) ျမင့္မားျခင္း၊ ေသြးေပါင္ျမင့္မားျခင္း၊ ကိုယ္လက္စထေရာႏွင့္ ေသြးထဲ၌ သၾကားဓာတ္ျမင့္မားျခင္းတို႔လည္း ႀကံဳေတြ႕ႏိုင္သည္။

ကိုယ္အေလးခ်ိန္ ပိုမ်ားေနသူမ်ားသည္ နံနက္စာႏွင့္ အျခားအစားအစာမ်ားကို ၎တို႔ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစရန္ ေမွ်ာ္လင့္၍ မစားဘဲေနေလ့ရွိသျဖင့္ ၎တို႔ ေမွ်ာ္လင့္ထားသည္ႏွင့္ ေျပာင္းျပန္ျဖစ္ႏိုင္သည္ကို သတိျပဳသင့္ေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပေနသည္ဟု သုေတသီမ်ားကေျပာသည္။

ယင္းကဲ့သို႔ေသာ အေလ့အထမ်ားေၾကာင့္ ဇီဝျဖစ္စဥ္ဆိုင္ရာ ေရာဂါႏွင့္ ဆီးခ်ိဳေရာဂါမ်ား ျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ပိုမ်ားျခင္း အပါအဝင္ ခႏၶာကိုယ္၏ဇီဝျဖစ္စဥ္ကို မူမမွန္ျဖစ္ေစႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
နံနက်စာမစားဘဲ နေသူများသည် နံနက်စာစားသူများထက် နှလုံး သွေးကြော ကျဉ်းမြောင်းခြင်း (သို့မဟုတ်) နှလုံးသွေးကြောများ မာကျောခြင်းတို့ ပိုမိုဖြစ်ပွားဖွယ်ရှိကြောင်း လေ့လာမှုအသစ်တစ်ခု က ဖော်ပြသည်။

သုတေသီများက စားသောက်သော အစားအစာနှင့် နှလုံးရောဂါ ဖြစ်ပွားနိုင်သော အခြားသော အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းများကို ထည့်သွင်းတွက်ချက်ပြီးနောက် နံနက်စာမစားဘဲ နေခြင်းကြောင့် ပုံမှန် နံနက်စာစားသူများထက် နှလုံးသွေးကြောကျဉ်းမြောင်းမှု ပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိသည်။ နံနက်စောစောပိုင်း စွမ်းအင်များ ပိုမိုစားသုံးခြင်းက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း နယူးယောက်စီးတီးမြို့ မောင့်ဆိုင်းနိုင်း နှလုံးရောဂါကုဆေးရုံမှ သုတေ သီများက ပြောသည်။

ယခင်က လေ့လာမှုများတွင် နံနက်စာမစားဘဲနေခြင်းကြောင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် ကိုယ်လက်စထရောမြင့်မားခြင်းတို့ ကဲ့သို့ နှလုံးရောဂါဆီသို့ ဦးတည်နိုင်သော ပြဿနာများ ဖြစ်ပွား နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့သည်။

သုတေသီများ လေ့လာမှုအတွင်း နံနက်စာမစားဘဲ နေလေ့ရှိ သူများသည် အမျိုးသားများ၊ ဆေးလိပ်သောက်သူများနှင့် အစား ရှောင်သူများဖြစ်ကြောင်း တွေ့ရှိသည်။

နံနက်စာမစားဘဲ နေသူများသည် နှလုံးသွေးကြော ကျဉ်း မြောင်းခြင်းအပြင် ခါးတုတ်ခြင်း၊ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) မြင့်မားခြင်း၊ သွေးပေါင်မြင့်မားခြင်း၊ ကိုယ်လက်စထရောနှင့် သွေးထဲ၌ သကြားဓာတ်မြင့်မားခြင်းတို့လည်း ကြုံတွေ့နိုင်သည်။

ကိုယ်အလေးချိန် ပိုများနေသူများသည် နံနက်စာနှင့် အခြားအစားအစာများကို ၎င်းတို့ကိုယ်အလေးချိန် လျော့ကျစေရန် မျှော်လင့်၍ မစားဘဲနေလေ့ရှိသဖြင့် ၎င်းတို့ မျှော်လင့်ထားသည်နှင့် ပြောင်းပြန်ဖြစ်နိုင်သည်ကို သတိပြုသင့်ကြောင်း ယခုလေ့လာမှုက ဖော်ပြနေသည်ဟု သုတေသီများကပြောသည်။

ယင်းကဲ့သို့သော အလေ့အထများကြောင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါနှင့် ဆီးချိုရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများခြင်း အပါအဝင် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်ကို မူမမှန်ဖြစ်စေနိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top