Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

'ကုိ... ကုိ ့သမီးကုိေျပာဦး ရွစ္တန္းပဲရွိေသးတယ္ ရည္းစားစာအေပးခံေနရျပီ''

''ဟ အဲ့ဒါ ကေလးက ဘာမွားလုိ ့လဲ''

''ဘာမွားရမွာလဲ ဒီအရြယ္ေလးနဲ ့ပဲမ်ားတာကုိး ေပးမွာေပါ့''

''ဟ သူလွခ်င္တာ အျပစ္လားဟ''

''ကုိမေျပာရင္ ေမေျပာလုိက္မယ္
ကုိ ကစကားပုိေပါက္လုိ ့'

''ေနေန ငါ ပဲေျပာလုိက္မယ္''

'သမီး''

''ရွင္ ေဖေဖ''

''ေက်ာင္းမွာအဆင္ေျပလား''

''ေျပတယ္ေဖေဖ''

''သမီးကုိေမေမဘာေျပာေသးလဲ''

''ဒီအရြယ္ေလးနဲ ့ပဲသိပ္မ်ားနဲ ့တဲ့ သူတုိ ့တုန္းက ဒီအရြယ္ကေလးလုိေနတာတဲ့''

''သမီး ကေလးဟုတ္လားမဟုတ္လား သမီးအသိဆုံးပဲ
ေဖေဖတုိ ့မ်က္လုံးထဲမွာေတာ့ သမီးကကေလးပဲ...
ဒါေပမယ့္ သမီးက ၁၃ႏွစ္သမီးျဖစ္ေန ျပီ... သမီးအပ်ိဳေဖာ္ဝင္ေနျပီ''

''ဟာ ေဖေဖကလည္း သမီးက ကေလးပဲရွိေသးတာ''

က်ေနာ္ရယ္မိတယ္
ကေလးေတြကလည္း
အေဖအေမကုိ ဒီလုိဂ်င္းထည့္တတ္သား...

''သမီး လွခ်င္တာကုိ ေဖေဖသေဘာက်တယ္...
လွတယ္ဆုိတာလည္း အားသာခ်က္ တစ္ခုပဲ လွတဲ့မိန္းကေလးက
အလွတရားနဲ ့ဆုိင္တဲ့က႑မွာ ယုံႀကည္ခ်က္ရွိတယ္
သမီးလွခ်င္တာကုိ ေဖေဖသေဘာက်တယ္... တစ္ခုပဲ...
ဘာေႀကာင့္လွသင့္တယ္ဆုိတာကုိ သမီးသေဘာေပါက္ရမယ္...''

''ရွင္''

''လွခ်င္တယ္ဆုိတာ မိမိကုိယ္မိမိ တင့္တယ္ေအာင္ျပင္ဆင္ျခင္းပဲသမီး
သမီးက ျခံေလးကုိလွေအာင္ျပင္တယ္ဆုိပါဆုိ ့ သမီးျခံေလးကုိ
လူတုိင္းကေငးမယ္ သေဘာက်မယ္ ဆုိ သမီးမေပ်ာ္ဘူးလား''

''ေပ်ာ္မွာေပါ့ ေဖေဖ''

''အဲ့ဒိျခံလွလွေလးထဲကုိ ေတြ ့သမ်ွ လူအဝင္ခံမလား'

''အဝင္မခံဘူးေဖေဖ''

''ဘာလုပ္သင့္လဲ''

''ျခံစည္းရုိးကာရမယ္ ''

''ဒီသေဘာပဲ  သမီး ျခံေလးကုိ လွေအာင္ျပင္သလုိ သမီးကုိယ္သမီး
လွေအာင္ျပင္ပါ...  ျခံလွလွေလးကုိေငးသလုိ  သမီးကုိေငးတဲ့အခါ ေက်နပ္ပါ
ဂုဏ္ယူပါ... ေတြ ့သမ်ွလူေတာ့ သမီးနားကုိမကပ္ ေစနဲ ့သမီး...
အိေျႏၵကုိ ျခံစည္းရုိးလုိကာထားပါ
ေဖေဖေျပာတာ သေဘာေပါက္ရဲ့လား''

''ဟုတ္ကဲ့ပါေဖေဖ''

''သမီးစာေပးခံရတယ္ဆုိ''

''ဟုတ္တယ္''

''ဘယ္လုိခံစားရလဲ''

''ရွက္လည္းရွက္တယ္
ေႀကာက္လည္းေႀကာက္တယ္''

''မယုံႀကည္မႈဟာ ရွက္ျခင္းကုိုျဖစ္ေစတယ္သမီး
သမီးကုိယ္သမီးယုံႀကည္မႈမရွိ လုိ ့သမီးရွက္ေနတာ...
သမီးစာေပးခံရတာကုိ သမီးက ဘာမွားလုိ ့ရွက္ေနတာလဲ''
သမီးယူခဲ့လား''

''မယူခဲ့ဘူးေဖေဖ ထြက္ေျပးလာတာ''

''သတၱိဟာ ကာယခြန္အားမွာမတည္ ဘူးသမီး ယုံႀကည္ခ်က္မွာတည္တယ္
သမီးမမွားဘူးဆုိရင္ ရင္ဆုိင္ရဲရမယ္ ထြက္ေျပးလာစရာမလုိဘူး
အဲ့ဒါက ပါးရုိက္ဖုိ ့ဆဲဆုိဖုိ ့ေျပာတာမဟုတ္ဘူး...
အိေျႏၵ႐ရျငင္းရဲဖုိ ့ပဲ  မေအာ္ဘူး မေငါက္ဘူး..
sorryပါေလာက္ကုိ ခပ္တည္တည္ ေျပာျပီး ထြက္လာခဲ့သမီး...
ကုိယ္ထိလက္ေရာက္ျဖစ္ရင္ေတာ့ ေဖေဖတုိ ့ပါရွင္းေပးမယ္... ''

''ရွင္ကလည္း ဒီစကားေတြေျပာ ဖုိ ့ကေလးက ငယ္မေနဘူးလား''

''ေအး မိန္းမေရ ... ငါရွစ္တန္းတုန္းက ေတာ့ ရွစ္တန္းေက်ာင္းသူေတြကုိ ကေလးလုိ ့မျမင္ခဲ့တာေတာ့ အမွန္ပဲ''

သမီးက ဒီစကားႀကားေတာ့ရယ္တယ္
သမီးစိတ္ကုိ က်ေနာ္ျမင္ေနရပါတယ္
ေဆးပညာအရလည္း ေဟာ္မုန္းေတြ ေျပာင္းလာရင္ စိတ္ကစားတတ္လာ တာ က်ေနာ္သိေနုျပီးသားပဲ
ဒါဟာ အျပစ္မဟုတ္ဘူး
ဒါဟာ သဘာဝ...
သမီးအေပၚကုိ က်ေနာ္နားလည္ႏုိင္ ေအာင္ႀကိဳးစားရမယ္...

''သမီး သမီး အုိးပုတ္ဂ်ိဳးရုပ္ ကစားခ်င္ ေသးလား... ''

''ဟင့္အင္းေဖေဖ ပ်င္းစရာႀကီးကုိ''

''သမီးငယ္ငယ္တုန္းကေတာ့ ေတာ္ေတာ္ေဆာ့ပါတယ္
ေဖေဖဖြက္ထားလုိ ့ေတာင္ သမီးငုိေသးတယ္...
မွတ္မိလား''

'မွတ္မိတာေပါ့ ေဖေဖကလည္း
သမီးေတာင္ငုိေသးတဲ့ဟာကုိ''

''ေအး သမီး အဲ့ဒါေဖေဖ ရည္ရြယ္ခ်က္ရွိရွိဖြက္ခဲ့တာ...'
အဲ့ဒိတုန္းကေတာ့ အုိးပုတ္ေတြကသာ
ေပ်ာ္စရာလုိ ့သမီးကထင္ခဲ့တယ္
သမီးကကေလးပဲရွိေသးတာကုိး
ဥာဏ္ရည္နိမ့္ေသးတာကုိး
ေဖေဖတုိ ့အတြက္ အဓိပၸယ္မရွိတဲ့
အုိးပုတ္ေလးက သမီးအတြက္ အဓိပၸယ္ရွိခဲ့ဖူးတယ္...
ဒီအရြယ္မွာ ေဆာ့ဆုိရင္ သမီးေဆာ့မွာမဟုတ္ေတာ့ဘူး...
အဲ့ဒိအရြယ္တုန္းကေတာ့
ဖြက္ခဲ့တဲ့ေဖေဖ့ကုိသမီးစိတ္တုိခဲ့တယ္ေလ...'

''ေဖေဖက ဘာေျပာခ်င္တာလဲ''

''လာမယ္ေလ...
အခုသမီး ဒီအရြယ္ အပ်ိ ဳေဖာ္ဝင္စ အရြယ္... သမီးရင္ခုန္တတ္လာမယ္
ေကာင္ေလးေတြေခ်ာရင္ သေဘာက် တတ္လာမယ္...
သမီးအသက္အရြယ္မွာေတာ့
အဲ့ဒါဟာ သိပ္ေပ်ာ္စရာပဲ....
ေဖေဖတုိ ့ကတားရင္ သမီးအုိးပုတ္ေလးကုိ ဖြက္ခဲ့သလုိ
သမီးေဖေဖ့ကုိစိတ္တုိမယ္

သမီး ငယ္ငယ္က သမီးေဆာ့ခဲ့တဲ့
အုိးပုတ္ဂ်ိ ဳးရုပ္က သမီးကုိ ဒုကၡမေပး
ဘူး... အဓိပၸာယ္မရွိမွန္းသိရက္နဲ ့
သမီးေပ်ာ္ပါေစဆုိျပီး...
ေဖေဖတုိ ့ခြင့္ျပဳ ခဲ့တယ္...

အခုဒီအရြယ္မွာ သမီးရဲ့
အုိးပုတ္ဂ်ိဳးရုပ္ေလးကုိ ဖြက္ရလိမ့္ဦးမယ္
ဒီအရြယ္မွာ ေဆာ့ခ်ငိမယ့္ အုိးပုတ္ဂိ် ဳးရုပ္က
အႏၲရာယ္ရွိတယ္''

''ရွင္''

''ေဖေဖမႀကိဳက္တဲ့ ေခါက္ရုိးက်ိ ဳး
စကားလုံးေတြရွိတယ္ ကေလးလုိပဲေန
ရည္းစားမထားနဲ ့ စိတ္မကစားနဲ ့စတဲ့စကားေတြေပါ့

ေခတ္အဆက္ဆက္ေျပာခဲ့
ေခတ္အဆက္ဆက္ဖီဆန္ခဲ့...

ေဖေဖကေတာ့ ေဖာက္ထြက္မယ္
သမီးကုိ ရည္းစားမထားနဲ ့လုိ ့
မေျပာဘူး ဒီအရြယ္မွာ ရည္းစားထားရင္
မွားတယ္လုိ ့ေျပာမယ္
သမီးကုိအမိနိ ့မေပးဘူး
ပညာပဲေပးမယ္...
သမီးကုိ ေဖေဖယုံႀကည္ေနသ၍
အမိန္ ့မေပးဘူး
အႀကံပဲေပးမယ္...

သမီးသိမွာပါ
ေဖေဖက သမီးစာႀကည့္လုိ ့
အမိန္ ့မေပးခဲ့ဘူး
သမီးကုိစာႀကည့္သင့္ေႀကာင္းပဲ
ေျပာခဲ့တာ...
သမီးနားလည္ရဲ့လား''

''ဟုတ္ကဲ့ေဖေဖ''

''သမီးက ေဖေဖတုိ ့အတြက္ ကေလးပါ
ဒါေပမယ့္ လူ ့ပါတ္ဝန္းက်င္မွာ
သမီးကကေလးမဟုတ္ေတာ့ဘူး
ဒီေတာ့ ယုံႀကည္ရဲရင့္ပါ
အိေျႏၵရပါ... သမီးအပ်ိ ဳျဖစ္ေနျပီ...''

''ဟာ ေဖေဖကလည္း''

''ေအ့ေလ ကုိကလည္းသမီးေလးကုိ''

''ငါတုိ ့အတြက္ ကေလးေလးပါပဲ
ဒါေပမယ့္ သမီးက ငါ့တုိ ့အတြက္ခ်ည္း
ျဖစ္လာတာမဟုတ္ဘူး
သူ ့အတြက္သူျဖစ္လာတာ...
ဒါငါ့တုိ ့အတြက္ အသက္သိစရာမလုိတဲ့
ကေလး လူ ့အဖြဲ ့အစည္းအတြက္ ၁၃ ႏွစ္အရြယ္
အပ်ိ ဳေပါက္မေလး...''

*************************
ဒီစကားေတြဟာ တစ္ထုိင္တည္း
ေျပာဖုိ ့ေတာ့ အဆင္မေျပေလာက္ဘူး
ဒါေပမယ့္... ဖခင္တစ္ေယာက္အျဖစ္ သမီးအေပၚမွာ ပြင့္လင္းရဲရင့္သင့္ တယ္... သဘာဝဟာအျပစ္မဟုတ္ဘူး ဒါကုိလည္း နားလည္ေပးရမယ္
အဲ့ဒိသဘာဝဟာ မထိန္းေႀကာင္းႏုိင္ ရင္ အဲ့ဒိသဘာဝေလဒဏ္ကုိ မခံႏုိင္
ရင္ ေလွကေလးေမွာက္သြားလိမ့္
မယ္... ေလကုိမတုိက္နဲ ့တားမရလုိ ့
ေလွကုိပဲ မေမွာက္ေအာင္ထိန္းရ
မယ္..

''သမီးေလးေရ... လူဆုိတာ
ေလာကဓံလႈိင္းခ်က္ေတြအေပၚက
ေလွကေလးပါ လူးမယ္လြန္ ့မယ္
ေလွေလးမေမွာက္ဖုိ ့
မိမိမွာသာတာဝန္ရွိတယ္..."

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader

# Unicode Version ျဖင့္ ဖတ္ပါ #
'ကို ကို့သမီးကိုပြောဦး ရှစ်တန်းပဲရှိသေးတယ်
ရည်းစားစာအပေးခံနေရပြီ''

''ဟ အဲ့ဒါ ကလေးက ဘာမှားလို့လဲ''

''ဘာမှားရမှာလဲ ဒီအရွယ်လေးနဲ့ပဲများတာကိုး ပေးမှာပေါ့''

''ဟ သူလှချင်တာ အပြစ်လားဟ''

''ကိုမပြောရင် မေပြောလိုက်မယ်
ကို ကစကားပိုပေါက်လို့'

''နေနေ ငါ ပဲပြောလိုက်မယ်''

'သမီး''

''ရှင် ဖေဖေ''

''ကျောင်းမှာအဆင်ပြေလား''

''ပြေတယ်ဖေဖေ''

''သမီးကိုမေမေဘာပြောသေးလဲ''

''ဒီအရွယ်လေးနဲ့ပဲသိပ်များနဲ့တဲ့ သူတို့တုန်းက ဒီအရွယ်ကလေးလိုနေတာတဲ့''

''သမီး ကလေးဟုတ်လားမဟုတ်လား သမီးအသိဆုံးပဲ
ဖေဖေတို့မျက်လုံးထဲမှာတော့ သမီးကကလေးပဲ...
ဒါပေမယ့် သမီးက ၁၃နှစ်သမီးဖြစ်နေ ပြီ... သမီးအပျိုဖော်ဝင်နေပြီ''

''ဟာ ဖေဖေကလည်း သမီးက ကလေးပဲရှိသေးတာ''

ကျနော်ရယ်မိတယ်
ကလေးတွေကလည်း
အဖေအမေကို ဒီလိုဂျင်းထည့်တတ်သား...

''သမီး လှချင်တာကို ဖေဖေသဘောကျတယ်...
လှတယ်ဆိုတာလည်း အားသာချက် တစ်ခုပဲ လှတဲ့မိန်းကလေးက
အလှတရားနဲ့ဆိုင်တဲ့ကဏ္ဍမှာ ယုံကြည်ချက်ရှိတယ်
သမီးလှချင်တာကို ဖေဖေသဘောကျတယ်... တစ်ခုပဲ...
ဘာကြောင့်လှသင့်တယ်ဆိုတာကို သမီးသဘောပေါက်ရမယ်...''

''ရှင်''

''လှချင်တယ်ဆိုတာ မိမိကိုယ်မိမိ တင့်တယ်အောင်ပြင်ဆင်ခြင်းပဲသမီး
သမီးက ခြံလေးကိုလှအောင်ပြင်တယ်ဆိုပါဆို့ သမီးခြံလေးကို
လူတိုင်းကငေးမယ် သဘောကျမယ် ဆို သမီးမပျော်ဘူးလား''

''ပျော်မှာပေါ့ ဖေဖေ''

''အဲ့ဒိခြံလှလှလေးထဲကို တွေ့သမျှ လူအဝင်ခံမလား'

''အဝင်မခံဘူးဖေဖေ''

''ဘာလုပ်သင့်လဲ''

''ခြံစည်းရိုးကာရမယ် ''

''ဒီသဘောပဲ  သမီး ခြံလေးကို လှအောင်ပြင်သလို သမီးကိုယ်သမီး
လှအောင်ပြင်ပါ...  ခြံလှလှလေးကိုငေးသလို  သမီးကိုငေးတဲ့အခါ ကျေနပ်ပါ
ဂုဏ်ယူပါ... တွေ့သမျှလူတော့ သမီးနားကိုမကပ် စေနဲ့သမီး...
အိနြေ္ဒကို ခြံစည်းရိုးလိုကာထားပါ
ဖေဖေပြောတာ သဘောပေါက်ရဲ့လား''

''ဟုတ်ကဲ့ပါဖေဖေ''

''သမီးစာပေးခံရတယ်ဆို''

''ဟုတ်တယ်''

''ဘယ်လိုခံစားရလဲ''

''ရှက်လည်းရှက်တယ်
ကြောက်လည်းကြောက်တယ်''

''မယုံကြည်မှုဟာ ရှက်ခြင်းကိုဖြစ်စေတယ်သမီး
သမီးကိုယ်သမီးယုံကြည်မှုမရှိ လို့သမီးရှက်နေတာ...
သမီးစာပေးခံရတာကို သမီးက ဘာမှားလို့ရှက်နေတာလဲ''
သမီးယူခဲ့လား''

''မယူခဲ့ဘူးဖေဖေ ထွက်ပြေးလာတာ''

''သတ္တိဟာ ကာယခွန်အားမှာမတည် ဘူးသမီး ယုံကြည်ချက်မှာတည်တယ်
သမီးမမှားဘူးဆိုရင် ရင်ဆိုင်ရဲရမယ် ထွက်ပြေးလာစရာမလိုဘူး
အဲ့ဒါက ပါးရိုက်ဖို့ဆဲဆိုဖို့ပြောတာမဟုတ်ဘူး...
အိနြေ္ဒရရငြင်းရဲဖို့ပဲ  မအော်ဘူး မငေါက်ဘူး..
sorryပါလောက်ကို ခပ်တည်တည် ပြောပြီး ထွက်လာခဲ့သမီး...
ကိုယ်ထိလက်ရောက်ဖြစ်ရင်တော့ ဖေဖေတို့ပါရှင်းပေးမယ်... ''

''ရှင်ကလည်း ဒီစကားတွေပြော ဖို့ကလေးက ငယ်မနေဘူးလား''

''အေး မိန်းမရေ ... ငါရှစ်တန်းတုန်းက တော့ ရှစ်တန်းကျောင်းသူတွေကို ကလေးလို့မမြင်ခဲ့တာတော့ အမှန်ပဲ''

သမီးက ဒီစကားကြားတော့ရယ်တယ်
သမီးစိတ်ကို ကျနော်မြင်နေရပါတယ်
ဆေးပညာအရလည်း ဟော်မုန်းတွေ ပြောင်းလာရင် စိတ်ကစားတတ်လာ တာ ကျနော်သိနေုပြီးသားပဲ
ဒါဟာ အပြစ်မဟုတ်ဘူး
ဒါဟာ သဘာဝ...
သမီးအပေါ်ကို ကျနော်နားလည်နိုင် အောင်ကြိုးစားရမယ်...

''သမီး သမီး အိုးပုတ်ဂျိုးရုပ် ကစားချင် သေးလား... ''

''ဟင့်အင်းဖေဖေ ပျင်းစရာကြီးကို''

''သမီးငယ်ငယ်တုန်းကတော့ တော်တော်ဆော့ပါတယ်
ဖေဖေဖွက်ထားလို့တောင် သမီးငိုသေးတယ်...
မှတ်မိလား''

'မှတ်မိတာပေါ့ ဖေဖေကလည်း
သမီးတောင်ငိုသေးတဲ့ဟာကို''

''အေး သမီး အဲ့ဒါဖေဖေ ရည်ရွယ်ချက်ရှိရှိဖွက်ခဲ့တာ...'
အဲ့ဒိတုန်းကတော့ အိုးပုတ်တွေကသာ
ပျော်စရာလို့သမီးကထင်ခဲ့တယ်
သမီးကကလေးပဲရှိသေးတာကိုး
ဉာဏ်ရည်နိမ့်သေးတာကိုး
ဖေဖေတို့အတွက် အဓိပ္ပယ်မရှိတဲ့
အိုးပုတ်လေးက သမီးအတွက် အဓိပ္ပယ်ရှိခဲ့ဖူးတယ်...
ဒီအရွယ်မှာ ဆော့ဆိုရင် သမီးဆော့မှာမဟုတ်တော့ဘူး...
အဲ့ဒိအရွယ်တုန်းကတော့
ဖွက်ခဲ့တဲ့ဖေဖေ့ကိုသမီးစိတ်တိုခဲ့တယ်လေ...'

''ဖေဖေက ဘာပြောချင်တာလဲ''

''လာမယ်လေ...
အခုသမီး ဒီအရွယ် အပျိ ုဖော်ဝင်စ အရွယ်... သမီးရင်ခုန်တတ်လာမယ်
ကောင်လေးတွေချောရင် သဘောကျ တတ်လာမယ်...
သမီးအသက်အရွယ်မှာတော့
အဲ့ဒါဟာ သိပ်ပျော်စရာပဲ....
ဖေဖေတို့ကတားရင် သမီးအိုးပုတ်လေးကို ဖွက်ခဲ့သလို
သမီးဖေဖေ့ကိုစိတ်တိုမယ်

သမီး ငယ်ငယ်က သမီးဆော့ခဲ့တဲ့
အိုးပုတ်ဂျိ ုးရုပ်က သမီးကို ဒုက္ခမပေး
ဘူး... အဓိပ္ပာယ်မရှိမှန်းသိရက်နဲ့
သမီးပျော်ပါစေဆိုပြီး...
ဖေဖေတို့ခွင့်ပြု ခဲ့တယ်...

အခုဒီအရွယ်မှာ သမီးရဲ့
အိုးပုတ်ဂျိုးရုပ်လေးကို ဖွက်ရလိမ့်ဦးမယ်
ဒီအရွယ်မှာ ဆော့ချငိမယ့် အိုးပုတ်ဂျိ ုးရုပ်က
အန္တရာယ်ရှိတယ်''

''ရှင်''

''ဖေဖေမကြိုက်တဲ့ ခေါက်ရိုးကျိ ုး
စကားလုံးတွေရှိတယ် ကလေးလိုပဲနေ
ရည်းစားမထားနဲ့ စိတ်မကစားနဲ့စတဲ့စကားတွေပေါ့

ခေတ်အဆက်ဆက်ပြောခဲ့
ခေတ်အဆက်ဆက်ဖီဆန်ခဲ့...

ဖေဖေကတော့ ဖောက်ထွက်မယ်
သမီးကို ရည်းစားမထားနဲ့လို့
မပြောဘူး ဒီအရွယ်မှာ ရည်းစားထားရင်
မှားတယ်လို့ပြောမယ်
သမီးကိုအမိနိ့မပေးဘူး
ပညာပဲပေးမယ်...
သမီးကို ဖေဖေယုံကြည်နေသ၍
အမိန့်မပေးဘူး
အကြံပဲပေးမယ်...

သမီးသိမှာပါ
ဖေဖေက သမီးစာကြည့်လို့
အမိန့်မပေးခဲ့ဘူး
သမီးကိုစာကြည့်သင့်ကြောင်းပဲ
ပြောခဲ့တာ...
သမီးနားလည်ရဲ့လား''

''ဟုတ်ကဲ့ဖေဖေ''

''သမီးက ဖေဖေတို့အတွက် ကလေးပါ
ဒါပေမယ့် လူ့ပါတ်ဝန်းကျင်မှာ
သမီးကကလေးမဟုတ်တော့ဘူး
ဒီတော့ ယုံကြည်ရဲရင့်ပါ
အိနြေ္ဒရပါ... သမီးအပျိ ုဖြစ်နေပြီ...''

''ဟာ ဖေဖေကလည်း''

''အေ့လေ ကိုကလည်းသမီးလေးကို''

''ငါတို့အတွက် ကလေးလေးပါပဲ
ဒါပေမယ့် သမီးက ငါ့တို့အတွက်ချည်း
ဖြစ်လာတာမဟုတ်ဘူး
သူ့အတွက်သူဖြစ်လာတာ...
ဒါငါ့တို့အတွက် အသက်သိစရာမလိုတဲ့
ကလေး လူ့အဖွဲ့အစည်းအတွက် ၁၃ နှစ်အရွယ်
အပျိ ုပေါက်မလေး...''

*************************
ဒီစကားတွေဟာ တစ်ထိုင်တည်း
ပြောဖို့တော့ အဆင်မပြေလောက်ဘူး
ဒါပေမယ့်... ဖခင်တစ်ယောက်အဖြစ် သမီးအပေါ်မှာ ပွင့်လင်းရဲရင့်သင့် တယ်... သဘာဝဟာအပြစ်မဟုတ်ဘူး ဒါကိုလည်း နားလည်ပေးရမယ်
အဲ့ဒိသဘာဝဟာ မထိန်းကြောင်းနိုင် ရင် အဲ့ဒိသဘာဝလေဒဏ်ကို မခံနိုင်
ရင် လှေကလေးမှောက်သွားလိမ့်
မယ်... လေကိုမတိုက်နဲ့တားမရလို့
လှေကိုပဲ မမှောက်အောင်ထိန်းရ
မယ်..

''သမီးလေးရေ... လူဆိုတာ
လောကဓံလှိုင်းချက်တွေအပေါ်က
လှေကလေးပါ လူးမယ်လွန့်မယ်
လှေလေးမမှောက်ဖို့
မိမိမှာသာတာဝန်ရှိတယ်..."

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top