ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လုပ္ငန္းခြင္ စိတ္ဖိစီးမႈေၾကာင္႔ပဲျဖစ္ျဖစ္၊ အသည္းကြဲလို႔ပဲျဖစ္ျဖစ္ ညဘက္အိပ္မရဘဲ လူကဂိေနတဲ႔အခါ ေနာက္တစ္ေန႕မွာ အလုပ္လုပ္ရတာလည္း စိတ္မပါ၊ လူကလည္း အားအင္ခ်ိနဲ႔ၿပီး ေနမထိ ထိုင္မသာ ျဖစ္ေနတတ္ပါတယ္။

ညအိပ္မေပ်ာ္ျခင္းရဲ႕ အက်ိဳးဆက္ေတြအျဖစ္ ျပင္းထန္တဲ႔ ေခါင္းကိုက္ခဲျခင္း ေဝဒနာကိုလည္း ခံစားေနရတတ္ပါတယ္။ အဲဒီလိုမ်ိဳး ျဖစ္ေနရင္ေတာ႔ မပူပါနဲ႔ဦး။ အစာစားျခင္းဟာ လူကိုေပ်ာ္ရႊင္ေစတဲ႔အတြက္ ဒီအစားအစာေလးေတြကို ထည္႔သြင္းစားသံုးေပးရံုပါပဲ။
၁။ ၾကက္ဥ
Related image
ၾကက္ဥေတြဟာ ပရိုတိန္းဓာတ္ၾကြယ္ဝတဲ႔အတြက္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ အားအင္ေတြကို အလ်င္အျမန္ ျဖည္႔ဆည္းေပးႏိုင္ပါတယ္။ ညဘက္ အိပ္မေပ်ာ္ဘဲ ေနာက္ေန႔ ဂိေနရင္ မနက္စာထဲမွာ ၾကက္ဥကို ထည္႔သြင္းစားသံုးဖို႔ အသင္႔ေတာ္ဆံုးပါပဲ။
၂။ ငွက္ေပ်ာသီး
Related image
အားလံုးလည္း သိထားၾကၿပီး ျဖစ္တဲ႔အတိုင္း ငွက္ေပ်ာသီးစားျခင္းဟာ အားအင္ကုန္ခမ္းေမာပန္းျခင္းကို ေလ်ာ႔ပါးေစႏိုင္ပါတယ္။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ႔ အမွ်င္ဓာတ္နဲ႔ ဗိုက္တာမင္ေတြဟာ အိပ္ေရးပ်က္ျခင္းေၾကာင္႔ ကုန္ခမ္းသြားတဲ႔ အားအင္ေတြကို ျပန္လည္ျဖည္႔တင္းေပးႏိုင္ပါတယ္။ ငွက္ေပ်ာသီးထဲမွာမွ ဖီးၾကမ္းငွက္ေပ်ာသီးက အေကာင္းဆံုး အာနိသင္ကို ေပးစြမ္းႏိုင္ပါတယ္။
၃။ ဒိန္ခ်ဥ္
Image result for yogurt with fruit
ဒိန္ခ်ဥ္ထဲမွာမွ မလိုင္ေတြ၊ အႏွစ္ေတြ မ်ားလြန္းတဲ႔ ဒိန္ခ်ဥ္ထက္ သကာရည္ထုတ္ၿပီးသား ဂရိဒိန္ခ်ဥ္မ်ိဳးကို ဦးစားေပးေရြးခ်ယ္သင္႔ပါတယ္။ ဂရိဒိန္ခ်ဥ္ေလးကို သစ္သီးေလးေတြအုပ္ၿပီး စားေပးလိုက္မယ္ဆိုရင္ အိပ္ေရးပ်က္ျခင္းေၾကာင္း ညီးစီစီျဖစ္ေနမႈကို ေပ်ာက္ကင္းသက္သာေစပါတယ္။

၄။ ငါး
Image result for fish cooked
ငါးတိုင္းေတာ႔ မဟုတ္ပါဘူး။ အသားနဲ႔ အဆီဓာတ္ ၾကြယ္ဝတဲ႔ ငါးေတြျဖစ္တဲ႔ တူနာတို႔၊ ဆယ္လ္မြန္တို႔လို ငါးေတြဟာ ခႏၶာကိုယ္အတြက္ ကုန္ခမ္းသြားတဲ႔ စြမ္းအင္ေတြနဲ႔ အိပ္ေရးပ်က္ျခင္းကို ျပန္လည္ အစားထိုးႏိုင္ပါတယ္။ ဒါ႔အျပင္ အဲဒီငါးေတြဟာ ဗိုက္တာမင္ဘီစစ္လို ဗိုက္တာမင္ေတြလည္း ၾကြယ္ဝတဲ႔အတြက္ ခႏၶာကိုယ္အတြက္ အထူးေကာင္းမြန္ပါတယ္။
၅။ ခ်ယ္ရီသီး
Image result for cherry fruit
ခ်ယ္ရီသီး နီနီရဲရဲေလးေတြမွာလည္း အရသာေကာင္းမြန္ျခင္းအျပင္ အားအင္ျပန္လည္ျပည္႔ဝေစျခင္းေတြပါ ပါရွိေနပါတယ္။ ဒါ႔အျပင္ ခ်ယ္ရီသီးမွာ melatonin ၾကြယ္ဝစြာ ပါဝင္တဲ႔အတြက္ ညအိပ္ယာမဝင္ခင္ ခ်ယ္ရီသီးေဖ်ာ္ရည္တစ္ခြက္ ေသာက္သံုးေပးမယ္ဆိုရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေစမွာပါ။
၆။ ဖရဲသီး
Related image
ကမၻာေပၚမွာ ေရဓာတ္ပါဝင္မႈ အမ်ားဆံုးသီးႏွံတစ္မ်ိဳးျဖစ္တဲ႔ ဖရဲသီးဟာ အိပ္ေရးပ်က္ျခင္းေၾကာင္႔ ေခါင္းကိုက္ခဲမႈ ေဝဒနာကို သက္သာေလ်ာ႔ပါးေစႏိုင္ပါတယ္။ ညဘက္ အိပ္ေရးပ်က္ရင္ ဦးေႏွာက္ထဲကို ေအာက္ဆီဂ်င္လံုေလာက္စြာ မရရွိတဲ႔အတြက္ ေခါင္းကိုက္ေခါင္းခဲျခင္း ေဝဒနာကို ခံစားရတာပါ။ ေအာက္ဆီဂ်င္မလံုေလာက္တဲ႔အတြက္ ေရဓာတ္ခမ္းေျခာက္ျခင္းလည္း ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ ေရဓာတ္ၾကြယ္ဝတဲ႔သီးႏွံေလးေတြ ျပန္စားေပးျခင္းက ျပႆနာကို ေျဖရွင္းေပးႏိုင္မွာပါ။
၇။ သခြားသီး
Image result for cucumber
သခြားသီးကိုလည္း အထင္မေသးလိုက္ပါနဲ႔ဦး။ ဖရဲသီးလိုပဲ သခြားသီးဟာလည္း ေရဓာတ္ၾကြယ္ဝတဲ႔ သီးႏွံတစ္မ်ိဳးပါ။ တိတိက်က်ေျပာရရင္ သခြားသီးရဲ႕ (၉၇) ရာခိုင္ႏႈန္းေလာက္က ေရဓာတ္ျဖစ္တဲ႔အတြက္ ေခါင္းကိုက္ျခင္းကို တစ္ခဏအတြင္း သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ သခြားသီးကို ဒီတုိင္း အစိမ္းစားလို႔ရသလို သံလြင္ဆီ၊ ရွာလကာရည္၊ ငရုပ္ေကာင္းမႈန္႔တို႔နဲ႔လည္း ေရာၿပီးသုတ္စားလို႔ ရပါေသးတယ္။

Source: Youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လုပ်ငန်းခွင် စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊ အသည်းကွဲလို့ပဲဖြစ်ဖြစ် ညဘက်အိပ်မရဘဲ လူကဂိနေတဲ့အခါ နောက်တစ်နေ့မှာ အလုပ်လုပ်ရတာလည်း စိတ်မပါ၊ လူကလည်း အားအင်ချိနဲ့ပြီး နေမထိ ထိုင်မသာ ဖြစ်နေတတ်ပါတယ်။

ညအိပ်မပျော်ခြင်းရဲ့ အကျိုးဆက်တွေအဖြစ် ပြင်းထန်တဲ့ ခေါင်းကိုက်ခဲခြင်း ဝေဒနာကိုလည်း ခံစားနေရတတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်နေရင်တော့ မပူပါနဲ့ဦး။ အစာစားခြင်းဟာ လူကိုပျော်ရွှင်စေတဲ့အတွက် ဒီအစားအစာလေးတွေကို ထည့်သွင်းစားသုံးပေးရုံပါပဲ။
၁။ ကြက်ဥ

ကြက်ဥတွေဟာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ညဘက် အိပ်မပျော်ဘဲ နောက်နေ့ ဂိနေရင် မနက်စာထဲမှာ ကြက်ဥကို ထည့်သွင်းစားသုံးဖို့ အသင့်တော်ဆုံးပါပဲ။
၂။ ငှက်ပျောသီး

အားလုံးလည်း သိထားကြပြီး ဖြစ်တဲ့အတိုင်း ငှက်ပျောသီးစားခြင်းဟာ အားအင်ကုန်ခမ်းမောပန်းခြင်းကို လျော့ပါးစေနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်တွေဟာ အိပ်ရေးပျက်ခြင်းကြောင့် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောသီးထဲမှာမှ ဖီးကြမ်းငှက်ပျောသီးက အကောင်းဆုံး အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။
၃။ ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာမှ မလိုင်တွေ၊ အနှစ်တွေ များလွန်းတဲ့ ဒိန်ချဉ်ထက် သကာရည်ထုတ်ပြီးသား ဂရိဒိန်ချဉ်မျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ ဂရိဒိန်ချဉ်လေးကို သစ်သီးလေးတွေအုပ်ပြီး စားပေးလိုက်မယ်ဆိုရင် အိပ်ရေးပျက်ခြင်းကြောင်း ညီးစီစီဖြစ်နေမှုကို ပျောက်ကင်းသက်သာစေပါတယ်။

၄။ ငါး

ငါးတိုင်းတော့ မဟုတ်ပါဘူး။ အသားနဲ့ အဆီဓာတ် ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ တူနာတို့၊ ဆယ်လ်မွန်တို့လို ငါးတွေဟာ ခန္ဓာကိုယ်အတွက် ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေနဲ့ အိပ်ရေးပျက်ခြင်းကို ပြန်လည် အစားထိုးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီငါးတွေဟာ ဗိုက်တာမင်ဘီစစ်လို ဗိုက်တာမင်တွေလည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။
၅။ ချယ်ရီသီး

ချယ်ရီသီး နီနီရဲရဲလေးတွေမှာလည်း အရသာကောင်းမွန်ခြင်းအပြင် အားအင်ပြန်လည်ပြည့်ဝစေခြင်းတွေပါ ပါရှိနေပါတယ်။ ဒါ့အပြင် ချယ်ရီသီးမှာ melatonin ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ညအိပ်ယာမဝင်ခင် ချယ်ရီသီးဖျော်ရည်တစ်ခွက် သောက်သုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာပါ။
၆။ ဖရဲသီး

ကမ္ဘာပေါ်မှာ ရေဓာတ်ပါဝင်မှု အများဆုံးသီးနှံတစ်မျိုးဖြစ်တဲ့ ဖရဲသီးဟာ အိပ်ရေးပျက်ခြင်းကြောင့် ခေါင်းကိုက်ခဲမှု ဝေဒနာကို သက်သာလျော့ပါးစေနိုင်ပါတယ်။ ညဘက် အိပ်ရေးပျက်ရင် ဦးနှောက်ထဲကို အောက်ဆီဂျင်လုံလောက်စွာ မရရှိတဲ့အတွက် ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားရတာပါ။ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ကြွယ်ဝတဲ့သီးနှံလေးတွေ ပြန်စားပေးခြင်းက ပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ။
၇။ သခွားသီး


သခွားသီးကိုလည်း အထင်မသေးလိုက်ပါနဲ့ဦး။ ဖရဲသီးလိုပဲ သခွားသီးဟာလည်း ရေဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုးပါ။ တိတိကျကျပြောရရင် သခွားသီးရဲ့ (၉၇) ရာခိုင်နှုန်းလောက်က ရေဓာတ်ဖြစ်တဲ့အတွက် ခေါင်းကိုက်ခြင်းကို တစ်ခဏအတွင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သခွားသီးကို ဒီတိုင်း အစိမ်းစားလို့ရသလို သံလွင်ဆီ၊ ရှာလကာရည်၊ ငရုပ်ကောင်းမှုန့်တို့နဲ့လည်း ရောပြီးသုတ်စားလို့ ရပါသေးတယ်။

Source: Youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top