ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မည္သည့္ေခတ္က မည္သည့္ပုဂၢိဳလ္က စတင္၍ သံုးႏႈန္းခဲ့သည္ဟု မသိပါ။
 ျမန္မာဗုဒၶဘာသာ၀င္မ်ားအၾကားတြင္ အမွန္တရားပမာ လက္ဆင့္ကမ္းေျပာဆို သံုးႏႈန္းေရးသားေနေသာ စကားတစ္ခုရွိသည္။ ယင္းကား -
 " ဘုရားရွင္ေသာ္မွ ႏို႕တစ္လံုးဖိုးသာေက် "  ဟူ၍ျဖစ္သည္။
မိခင္ေမတၱာဖြဲ႔ သီခ်င္းတို႕တြင္လည္း သည္စကားကို ၾကားရဖူးပါသည္။
မိဘေမတၱာဖြဲ႔ စာစီစာကံုးတို႔တြင္လည္း သည္စာသားကို ေတြ႕ျမင္ရဖူးသည္။
လူၾကီးမိဘတို႔က သားသမီးတို႔ကို မိဘေက်းဇူးသိရန္ ဆိုဆံုးမသည့္ အခါတြင္လည္း
"သည္အသံုးအႏႈန္း" ကို ကိုးကားေျပာဆိုတတ္ၾက၏။
ေကာင္းျပီ။
(၁) ဘုရားရွင္ေသာ္မွ မိခင္၏ ေက်းဇူးကို ႏို႔တစ္လံုးဖိုးသာ ေက်ေအာင္ ဆပ္ႏို္င္ေတာ္မူသည္မွာ "အမွန္တရား" ေပေလာ။
(၂) ဘုရားရွင္ကိုယ္ေတာ္တိုင္က "သူသည္ မိခင္၏ ေက်းဇူးကို ႏို႔တစ္လံုးဖိုးသာေက်ေအာင္ ဆပ္ႏိုင္သည္" ဟုမိန္႔ေတာ္မူခဲ့၍ေလာ။
(၃) မယ္ေတာ္ "မာယာ" ႏွင့္ မိေထြးေတာ္ "ေဂါတမီ" တို႔က ဘုရားရွင္သည္ သူတို႔အေပၚ ႏုိ႔တစ္လံုးဖိုးသာ ေက်ေအာင္ ဆပ္ႏိုင္သည္ဟု ေျပာခဲ့၍ေလာ။
(၄) ေထရ၀ါဒ ပိဋကတ္ေတာ္မ်ားတြင္ "ဘုရားရွင္ေသာ္မွ ႏို႔တစ္လံုးဖိုးေက်" ဟူေသာ စာသားပါ၀င္ပါ၏ေလာ။ ဤသို႔ဆန္းစစ္ေလ့လာသင့္သည္။
စင္စစ္ေသာ္ "ဘုရားရွင္ေသာ္မွ ႏို႔တစ္လံုးဖိုးသာေက်" ဟူေသာအသံုးအႏႈန္းမွာ
ေထရ၀ါဒပိဋကတ္ေတာ္တြင္ လံုး၀မပါ၀င္ပါ။

ယင္းစကားမွန္၏ - မွား၏ ဟူသည္ကို မိေထြးေတာ္ ေဂါတမီ၏ ျမတ္စြာဘုရားထံ
ေလွ်ာက္ထားခ်က္ကို ေလ့လာၾကည့္ရံုမွ်ႏွင့္ အေျဖမွန္ကို ေတြ႕ႏိုင္ပါသည္။
မိေထြးေတာ္ ေဂါတမီက ဘုရားရွင္အား ဤသို႔ေလွ်ာက္ထားခဲ့ပါ၏။
 " သားေတာ္ ဘုရား၊ သားေတာ္ဘုရားကို မယ္ေတာ္က တိုက္ေကၽြးခဲ့တဲ့ ပကတိႏို႔ရည္က သားေတာ္ရဲ ႔ပကတိ ကိုယ္ခႏၶာ ၾကီးထြားျပီး အို၊ နာ၊ ေသ ကိုပဲ ေပးစြမ္းႏိုင္ပါတယ္။ သားေတာ္ဘုရားက မယ္ေတာ္ကို တိုက္ေကၽြးတဲ့ ဓမၼႏို႔ရည္က မယ္ေတာ္ရဲ႔တရားခႏၶာကိုယ္ၾကီးကို ၾကီးထြားေစျပီး မအို၊ မနာ၊ မေသရာ ျမတ္နိဗၺာန္ကို ေပးပါတယ္။
သားေတာ္ ဘုရားကို မယ္ေတာ္က တိုက္ေကၽြးခဲ့တဲ့ ပကတိႏို႔ရည္ထက္
သားေတာ္ဘုရားက တိုက္ေကၽြးခဲ့တဲ့ ဓမၼႏို႔ရည္က တန္ဖိုးၾကီးလွပါတယ္။
သားေတာ္ဘုရားသည္ မယ္ေတာ္အေပၚမွာ ႏို႔ဖိုးအေၾကြးမရွိေတာ့ပါ။
ႏို႔ဖိုးေၾကြးေက်ပါျပီ "

မိေထြးေတာ္ "ေဂါတမီ" ကိုယ္ေတာ္တိုင္က ဘုရားရွင္အား ႏုိ႔ဖိုးေၾကြးမရွိေတာ့ပါဟု ေလွ်ာက္ထားခဲ့ပါလ်က္
ဘုရားရွင္ေသာ္မွ ႏို႔တစ္လံုးဖိုးေက် ဟူေသာ စကားကို စတင္၍ ျဖန္႔ျဖဴးသူက ျဖန္႔ျဖဴးျပီး
မေ၀ဖန္ မစိစစ္မူလ်က္ လြယ္လြယ္ပင္ ႏို႔သက္ခံျခင္း၊ ယူငင္သိမ္းပိုက္လက္ခံျခင္းမွာ
မ်ားစြာ ၀မ္းနည္းဖြယ္ေကာင္းလွပါ၏။

ေကာင္းျပီ။ ဘုရားရွင္သည္ မိေထြးေတာ္ "ေဂါတမီ" အေပၚတြင္သာ
ေက်းဇူးကို ေက်ျပြန္ေအာင္ ေပးဆပ္ႏိုင္ပါ၏ေလာ။ ေမြးမယ္ေတာ္ျဖစ္ေသာ "မယ္ေတာ္မာယာ" အေပၚတြင္လည္း ေမြးေက်းဇူးကို ေက်ေအာင္ဆပ္ႏိုင္ပါ၏ေလာ။
ဆန္းစစ္ေသာ္ - ျမတ္စြာဘုရားသည္ မယ္ေတာ္ရင္းကိုလည္း နတ္ျပည္တက္၍
အဘိဓမၼာတရားေဟာၾကားျပီး ေက်းဇူးဆပ္ေတာ္မူခဲ့ပါ၏။

ဘုရားရွင္၏ အဘိဓမၼာတရားကို နာၾကားျပီးေသာအခါ "မယ္ေတာ္မိ နတ္သား" မွာ
ေသာတာပန္ျဖစ္သြားျပီး "ဘံုစဥ္စံ အရိယာ" ျဖစ္သြားေသာေၾကာင့္
"အပါယ္ေဘး" မွ လြတ္ေျမာက္သြားခဲ့ပါသည္။

ဤသို႕ျဖင့္ ဘုရားရွင္သည္ "မိခင္ရင္း" အေပၚတြင္လည္းေကာင္း၊
"မိေထြးေတာ္ ေဂါတမီ" အေပၚတြင္လည္းေကာင္း၊ မိခင္ေက်းဇူးမ်ားကုိ ေက်ေျပေစရန္
အျမတ္ဆံုးေသာ ေလာကုတၱရာနည္းအားျဖင့္ ေက်းဇူးဆပ္ေတာ္မူခဲ့ပါ၏။

မိခင္ေက်းဇူးကို ဖြဲ႕ဆိုရာတြင္ အသံုးျပဳေသာ
"ဘုရားရွင္ေသာ္မွ ႏို႔တစ္လံုးဖိုးသာေက်" ဟူေသာစကားေၾကာင့္-
(၁) ဤေလာက၌ သူတစ္ထူး၏ ေက်းဇူးကို သိေတာ္မူရ၌ အႏိႈင္းမဲ့ျဖစ္ေတာ္မူေသာ "ဘုရားရွင္" အား ျပစ္မွား ေစာ္ကားရာ ေရာက္ျခင္း။
(၂) ဘုရားရွင္ေသာ္မွ မိခင္ေက်းဇူးကို ႏို႔တစ္လံုးဖိုးသာ ေက်ေအာင္ဆပ္ႏိုင္ရာ သာမန္ပုထုဇဥ္လူသားတို႕အဖို႔ မိခင္ေက်းဇူးကို ေက်ေျပေအာင္ မဆပ္ႏိုင္သည္မွာ အျပစ္ေျပာဖြယ္မလုိဟူ၍ ခံယူၾကျခင္း၊ မိခင္ေက်းဇူးကို ဆပ္ရေကာင္းမွန္း မသိသူတို႔အဖို႔ ဆင္ေျခတက္စရာ၊ ေစာဒကတက္စရာ "စကား" တစ္ခုအျဖစ္ အသံုးခ်ႏိုင္ျခင္း။
(၃) "မိခင္ေက်းဇူး ေက်ေျပေအာင္ဆပ္နည္း" ရုွိသည္ဟုပင္ မသိေတာ့ျခင္း။..... ဟူေသာ "ရလဒ္ဆိုးမ်ား" ထြက္ေပၚလာပါသည္။
ေက်းဇူးေတာ္ရွင္ ျမတ္စြာဘုရားသည္ မိဘ၏ ေက်းဇူးကို အထူးအသိအမွတ္ျပဳေတာ္မူပါ၏။
တိကအဂၤုတၱိဳရ္၊ ၄-ေဒ၀၏ႏုတ၀ဂ္၊ ၅-၁၁ ျဗဟၼကသုတ္တြင္ မိဘေက်းဇူးကို
ဤသို႔ ေဖာ္က်ဴးျမြက္ၾကားေတာ္မူခဲ့ပါ၏။

" ရဟန္းတို႔၊ မိမိအိမ္၌ မိဘတို႔ကို ေကၽြးေမြးျပဳစု ေစာင့္ေရွာက္ထားေသာ သားသမီးတို႔သည္ ျဗဟၼာ ႏွင့္ အတူေနထိုင္သည္မည္၏။ မိမိအိမ္၌ မိဘတို႕ကို ေကၽြးေမြးျပဳစု ေစာင့္ေရွာက္ထားေသာ သားသမီးတို႔သည္
လက္ဦးဆရာႏွင့္ အတူ ေနထိုင္သည္မည္၏။

ရဟန္းတို႔၊ ျဗဟၼာဆိုသည္ကား အမိ အဖ တို႔ကိုေခၚေသာ အမည္တည္း။
လက္ဦးဆရာ ဆိုသည္ကား အမိ အဖ တို႔ကိုေခၚေသာ အမည္တည္း။
အေ၀းမွ သယ္ပိုးလာရေသာ ပစၥည္းကိုပင္ ခံယူထိုက္သည့္ အလွဴခံပုဂၢိဳလ္ျမတ္ဆိုသည္ကား အမိ အဖ တို႔ကိုေခၚေသာ အမည္တည္း။
အဘယ့္ေၾကာင့္နည္းဟူမူကား အမိအဖတို႔သည္ သားသမီးတို႔အား အလြန္ေက်းဇူးမ်ားေသာ ပုဂၢိဳလ္၊ ၾကီးျပင္းေအာင္ ေစာင့္ေရွာက္ေသာ ပုဂိၢဳလ္၊ ရင္ေသြးကို ႏုိ႔တိုက္၍ ေမြးျမဴျပဳစုေသာ ပုဂၢိဳလ္တုိ႔ ျဖစ္ၾကေသာေၾကာင့္တည္း "

ဘုရားရွင္သည္ "မိဘတို႔၏ ေက်းဇူး" ကို အထက္ပါအတိုင္း
အသိအမွတ္ျပဳ ေဖာ္ညႊန္းေတာ္မူခဲ့ျပီး မိဘေက်းဇူးကို ေက်ေျပေအာင္ တံု႔ဆပ္နည္းကိုလည္း
(ဒုကအဂၤုတၱိရ္။ ၄-သမစိတၱ၀ဂ္၊ ဒုတိယသုတ္) တြင္
ေအာက္ပါအတိုင္း နည္းေပးညႊန္ျပ ၾသ၀ါဒေပးေတာ္မူခဲ့ပါ၏။

 "ရဟန္းတို႔၊ ပုဂၢိဳလ္ႏွစ္ဦးကို လြယ္ကူစြာ ေက်းဇူးတုန္႔ျပန္ဆပ္ႏိုင္သည္ဟု ငါမေဟာေပ။ အဘယ္ပုဂိၢဳလ္ႏွစ္ဦးဟူမူ ေမြးသည့္မိခင္ ႏွင့္ ေမြးသည့္ ဖခင္တို႕ ျဖစ္၏။
ရဟန္းတို႕ အသက္တစ္ရာတမ္း၌ျဖစ္၍ အသက္တစ္ရာရွည္ေသာသူသည္ (အသက္ထက္ဆံုး)
အမိကို လက္်ာပခံုးထက္၌ ထား၍ အဖကိုလက္၀ဲ ပခံုးထက္၌ ထား၍
ထိုပခံုးထက္၌ပင္ အမိအဖတို႔အား မေကာင္းေသာ အနံ႔အသက္ကင္းေအာင္
အေမႊးအၾကိဳင္ လိမ္းေပးျခင္း၊ ေညာင္းညာပင္ပန္းျခင္း မရွိေအာင္ ႏွိပ္နယ္ေပးျခင္း၊
ေရးေႏြးတန္လွ်င္ ေရေႏြး၊ ေရေအးတန္လွ်င္ ေရေအး ခ်ိဳးေပးျခင္း၊
ေျခဆုပ္လက္နယ္ ျပဳလုပ္ေပးျခင္းျဖင့္ လုပ္ေကၽြးျပဳစုရာ၏။
အမိအဖတို႔ကိုလည္း ထိုပခံုးထက္တြင္ပင္ က်င္ၾကီးက်င္ငယ္စြန္႕ျခင္းကို ျပဳကုန္ရာ၏။
ရဟန္းတို႔၊ ဤသို႕ပင္ လုပ္ေကၽြးျပဳစုေသာ္လည္း အမိအဖတို႔အေပၚ၌
လုပ္သင့္လုပ္ထိုက္သည္ကို ျပဳလုပ္ေပးသည္ မမည္ေသး။
အမိအဖတို႕အား ေက်းဇူးတုံ႔ျပန္ဆပ္သည္ မမည္ေသးေပ။

ရဟန္းတို႔၊ အမွန္စင္စစ္အားျဖင့္ အၾကင္သူသည္ သဒၶါတရား ေခါင္းပါးေသာ
မိဘတို႔ကို သဒၶါတရား ရွိေအာင္ ေဆာင္ရြက္ေပး၏။
သီလမရွိေသာ မိဘတို႔ကို သီလရွိေအာင္ ေဆာင္ရြက္ေပး၏။
ႏွေျမာ၀န္တို ေသာ မိဘတို႔ကို စြန္႔ၾကဲလွဴဒါန္းေအာင္ေဆာင္ရြက္ေပး၏။
ပညာမရွိေသာ မိဘတို႔ကို ပညာရွိေအာင္ ေဆာင္ရြက္ေပး၏။
ဤသို႕ ျပဳလုပ္ေဆာင္ရြက္ျခင္းအားျဖင့္
အမိအဖတို႔အေပၚ၌ လုပ္သင့္လုပ္ထိုက္သည္ကို လုပ္သည္ မည္၏။ "

ေက်းဇူးေတာ္ရွင္ ျမတ္ဘုရားသည္ ေလာကုတၱရာနည္းအားျဖင့္ မိခင္ေက်းဇူးကို ေက်ေျပေအာင္ ေပးဆပ္ေတာ္မူခဲ့ျပီးျဖစ္ေသာေၾကာင့္

"ဘုရားရွင္ေသာ္မွ ႏို႕တစ္လံုးဖိုးေက်" ဟူေသာ "ၾကီးမားေသာ အမွား" အား
ဆန္႕က်င္ၾကပါစို႕။
ဖိုးသူေတာ္(www.phothutaw.com)
Credit:buddhismbeams

#Unicode Version#
 မည်သည့်ခေတ်က မည်သည့်ပုဂ္ဂိုလ်က စတင်၍ သုံးနှုန်းခဲ့သည်ဟု မသိပါ။
 မြန်မာဗုဒ္ဓဘာသာဝင်များအကြားတွင် အမှန်တရားပမာ လက်ဆင့်ကမ်းပြောဆို သုံးနှုန်းရေးသားနေသော စကားတစ်ခုရှိသည်။ ယင်းကား -
 " ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ "  ဟူ၍ဖြစ်သည်။
မိခင်မေတ္တာဖွဲ့ သီချင်းတို့တွင်လည်း သည်စကားကို ကြားရဖူးပါသည်။
မိဘမေတ္တာဖွဲ့ စာစီစာကုံးတို့တွင်လည်း သည်စာသားကို တွေ့မြင်ရဖူးသည်။
လူကြီးမိဘတို့က သားသမီးတို့ကို မိဘကျေးဇူးသိရန် ဆိုဆုံးမသည့် အခါတွင်လည်း
"သည်အသုံးအနှုန်း" ကို ကိုးကားပြောဆိုတတ်ကြ၏။
ကောင်းပြီ။
(၁) ဘုရားရှင်သော်မှ မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်တော်မူသည်မှာ "အမှန်တရား" ပေလော။
(၂) ဘုရားရှင်ကိုယ်တော်တိုင်က "သူသည် မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာကျေအောင် ဆပ်နိုင်သည်" ဟုမိန့်တော်မူခဲ့၍လော။
(၃) မယ်တော် "မာယာ" နှင့် မိထွေးတော် "ဂေါတမီ" တို့က ဘုရားရှင်သည် သူတို့အပေါ် နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ပြောခဲ့၍လော။
(၄) ထေရဝါဒ ပိဋကတ်တော်များတွင် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော စာသားပါဝင်ပါ၏လော။ ဤသို့ဆန်းစစ်လေ့လာသင့်သည်။
စင်စစ်သော် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရဝါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။

ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
 " သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက်
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။
နို့ဖိုးကြွေးကျေပါပြီ "

မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါဟု လျှောက်ထားခဲ့ပါလျက်
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး
မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ
များစွာ ဝမ်းနည်းဖွယ်ကောင်းလှပါ၏။

ကောင်းပြီ။ ဘုရားရှင်သည် မိထွေးတော် "ဂေါတမီ" အပေါ်တွင်သာ
ကျေးဇူးကို ကျေပြွန်အောင် ပေးဆပ်နိုင်ပါ၏လော။ မွေးမယ်တော်ဖြစ်သော "မယ်တော်မာယာ" အပေါ်တွင်လည်း မွေးကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါ၏လော။
ဆန်းစစ်သော် - မြတ်စွာဘုရားသည် မယ်တော်ရင်းကိုလည်း နတ်ပြည်တက်၍
အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါ၏။

ဘုရားရှင်၏ အဘိဓမ္မာတရားကို နာကြားပြီးသောအခါ "မယ်တော်မိ နတ်သား" မှာ
သောတာပန်ဖြစ်သွားပြီး "ဘုံစဉ်စံ အရိယာ" ဖြစ်သွားသောကြောင့်
"အပါယ်ဘေး" မှ လွတ်မြောက်သွားခဲ့ပါသည်။

ဤသို့ဖြင့် ဘုရားရှင်သည် "မိခင်ရင်း" အပေါ်တွင်လည်းကောင်း၊
"မိထွေးတော် ဂေါတမီ" အပေါ်တွင်လည်းကောင်း၊ မိခင်ကျေးဇူးများကို ကျေပြေစေရန်
အမြတ်ဆုံးသော လောကုတ္တရာနည်းအားဖြင့် ကျေးဇူးဆပ်တော်မူခဲ့ပါ၏။

မိခင်ကျေးဇူးကို ဖွဲ့ဆိုရာတွင် အသုံးပြုသော
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောစကားကြောင့်-
(၁) ဤလောက၌ သူတစ်ထူး၏ ကျေးဇူးကို သိတော်မူရ၌ အနှိုင်းမဲ့ဖြစ်တော်မူသော "ဘုရားရှင်" အား ပြစ်မှား စော်ကားရာ ရောက်ခြင်း။
(၂) ဘုရားရှင်သော်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ရာ သာမန်ပုထုဇဉ်လူသားတို့အဖို့ မိခင်ကျေးဇူးကို ကျေပြေအောင် မဆပ်နိုင်သည်မှာ အပြစ်ပြောဖွယ်မလိုဟူ၍ ခံယူကြခြင်း၊ မိခင်ကျေးဇူးကို ဆပ်ရကောင်းမှန်း မသိသူတို့အဖို့ ဆင်ခြေတက်စရာ၊ စောဒကတက်စရာ "စကား" တစ်ခုအဖြစ် အသုံးချနိုင်ခြင်း။
(၃) "မိခင်ကျေးဇူး ကျေပြေအောင်ဆပ်နည်း" ရုှိသည်ဟုပင် မသိတော့ခြင်း။..... ဟူသော "ရလဒ်ဆိုးများ" ထွက်ပေါ်လာပါသည်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် မိဘ၏ ကျေးဇူးကို အထူးအသိအမှတ်ပြုတော်မူပါ၏။
တိကအင်္ဂုတ္တိုရ်၊ ၄-ဒေဝ၏နုတဝဂ်၊ ၅-၁၁ ဗြဟ္မကသုတ်တွင် မိဘကျေးဇူးကို
ဤသို့ ဖော်ကျူးမြွက်ကြားတော်မူခဲ့ပါ၏။

" ရဟန်းတို့၊ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည် ဗြဟ္မာ နှင့် အတူနေထိုင်သည်မည်၏။ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည်
လက်ဦးဆရာနှင့် အတူ နေထိုင်သည်မည်၏။

ရဟန်းတို့၊ ဗြဟ္မာဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
လက်ဦးဆရာ ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဝေးမှ သယ်ပိုးလာရသော ပစ္စည်းကိုပင် ခံယူထိုက်သည့် အလှူခံပုဂ္ဂိုလ်မြတ်ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဘယ့်ကြောင့်နည်းဟူမူကား အမိအဖတို့သည် သားသမီးတို့အား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်၊ ကြီးပြင်းအောင် စောင့်ရှောက်သော ပုဂ္ဂိုလ်၊ ရင်သွေးကို နို့တိုက်၍ မွေးမြူပြုစုသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသောကြောင့်တည်း "

ဘုရားရှင်သည် "မိဘတို့၏ ကျေးဇူး" ကို အထက်ပါအတိုင်း
အသိအမှတ်ပြု ဖော်ညွှန်းတော်မူခဲ့ပြီး မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်းကိုလည်း
(ဒုကအင်္ဂုတ္တိရ်။ ၄-သမစိတ္တဝဂ်၊ ဒုတိယသုတ်) တွင်
အောက်ပါအတိုင်း နည်းပေးညွှန်ပြ သြဝါဒပေးတော်မူခဲ့ပါ၏။

 "ရဟန်းတို့၊ ပုဂ္ဂိုလ်နှစ်ဦးကို လွယ်ကူစွာ ကျေးဇူးတုန့်ပြန်ဆပ်နိုင်သည်ဟု ငါမဟောပေ။ အဘယ်ပုဂ္ဂိုလ်နှစ်ဦးဟူမူ မွေးသည့်မိခင် နှင့် မွေးသည့် ဖခင်တို့ ဖြစ်၏။
ရဟန်းတို့ အသက်တစ်ရာတမ်း၌ဖြစ်၍ အသက်တစ်ရာရှည်သောသူသည် (အသက်ထက်ဆုံး)
အမိကို လက်ျာပခုံးထက်၌ ထား၍ အဖကိုလက်ဝဲ ပခုံးထက်၌ ထား၍
ထိုပခုံးထက်၌ပင် အမိအဖတို့အား မကောင်းသော အနံ့အသက်ကင်းအောင်
အမွှေးအကြိုင် လိမ်းပေးခြင်း၊ ညောင်းညာပင်ပန်းခြင်း မရှိအောင် နှိပ်နယ်ပေးခြင်း၊
ရေးနွေးတန်လျှင် ရေနွေး၊ ရေအေးတန်လျှင် ရေအေး ချိုးပေးခြင်း၊
ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်းဖြင့် လုပ်ကျွေးပြုစုရာ၏။
အမိအဖတို့ကိုလည်း ထိုပခုံးထက်တွင်ပင် ကျင်ကြီးကျင်ငယ်စွန့်ခြင်းကို ပြုကုန်ရာ၏။
ရဟန်းတို့၊ ဤသို့ပင် လုပ်ကျွေးပြုစုသော်လည်း အမိအဖတို့အပေါ်၌
လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။
အမိအဖတို့အား ကျေးဇူးတုံ့ပြန်ဆပ်သည် မမည်သေးပေ။

ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တို သော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။ "

ကျေးဇူးတော်ရှင် မြတ်ဘုရားသည် လောကုတ္တရာနည်းအားဖြင့် မိခင်ကျေးဇူးကို ကျေပြေအောင် ပေးဆပ်တော်မူခဲ့ပြီးဖြစ်သောကြောင့်

"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော "ကြီးမားသော အမှား" အား
ဆန့်ကျင်ကြပါစို့။
ဖိုးသူတော်(www.phothutaw.com)
Credit:buddhismbeams
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top