Golden City Promotion
×

ဘယ္ႏွမ်ိဳးေလာက္ ၾကံဳခဲ့ရၿပီးၿပီလဲ...
အရမ္းခ်စ္တဲ့ သူငယ္ခ်င္း၊ ေမာင္ႏွမေဆြမ်ိဳး၊ ခ်စ္သူနဲ႔ အိပ္ရာတစ္ခုတည္း တူတူအိပ္တယ္ဆုိတာ လြယ္လွတဲ့ကိစၥမဟုတ္ဘူးေနာ္။ တစ္ရက္တစ္ေလဆို သည္းခံႏိုင္ေပမဲ့ ရက္ဆက္လာရင္ေတာ့ သည္းခံႏိုင္ဖုိ႔ မလြယ္ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ အႀကိဳက္ခ်င္းမတူ၊ အက်င့္ခ်င္းမတူေတာ့ အိပ္ရာေလးတစ္ခုမွာ ႏွစ္ေယာက္တူတူ ေဘးခ်င္းကပ္အိပ္ရတာ ခက္ပါတယ္။
၁။ ေဟာက္တယ္
ေဘးကေန တခူးခူး တေခါေခါ ေဟာက္ေနမွေတာ့ ကိုယ္က ဘယ္လိုလုပ္ အိပ္ေပ်ာ္ႏုိင္မလဲ။ တစ္ညလံုး မ်က္ႏွာၾကက္ကိုၾကည့္ရင္း မိုးလင္းသြားရေတာ့မွာေလ။ တစ္ခါတစ္ခါဆို ေဒါသထြက္ၿပီး ေတြ႕ရာန႔ဲပါ ေကာက္ထုပလိုက္ခ်င္တာ။
၂။ အခန္းအပူခ်ိန္
ကိုယ္က ေအးတာႀကိဳက္လုိ႔ အဲကြန္းဖြင့္အိပ္တယ္။ သူက ေအးတဲ့ဒဏ္မခံႏုိင္လုိ႔ အဲကြန္းပိတ္ခိုင္းတယ္။ ကိုယ္က ပူရင္မအိပ္တတ္၊ သူက ေအးရင္မအိပ္တတ္။ ဒိုးခပဲ။
၃။ အိပ္ခ်ိန္၊ ႏိုးခ်ိန္ မတူဘူး
တူတူအိပ္ေပ်ာ္... အတူတူ တၿပိဳင္နက္တည္းႏိုးဆုိတာ ျဖစ္ေတာင့္ျဖစ္ခဲ အေျခအေနပါေနာ္။ သူက ေစာေစာအိပ္ ေစာေစာထသမား။ ကိုယ္က ညဥ္႔နက္မွအိပ္လို႔ ေနျမင့္မွထတဲ့လူ ျဖစ္ေနရင္လည္း အဆင္မေျပျပန္ဘူး။
၄။ အလင္းအေမွာင္
မီးလင္းလို႔ မအိပ္တတ္သူနဲ႔ မီးေလးဖြင့္ထားမွ အိပ္တတ္တဲ့သူနဲ႔ဆုိရင္ ျပႆနာက ညႇိမရေတာ့ဘူး။ မီးအလင္းေၾကာက္ရင္ ေစာင္ျခံဳအိပ္ေလလို႔ မေျပာနဲ႔ေနာ္။ အသက္႐ႈၾကပ္ရၾကပ္နဲ႔။
၅။ လူဖက္လံုး
အမေလးးး ကိုယ့္မွာ လန္႔ေတာင္ႏုိးတယ္။ အိပ္ေနရင္း ေျခေထာက္ႀကီးက ဗိုက္ေပၚေရာက္လာၿပီး လူကို ဖက္လံုးလို သေဘာထားတာ။ ဖက္လည္းဖက္ေသး၊ ခြလည္း ခြထားေသး။ အသက္႐ႈလို႔ကိုမရေတာ့ဘူး။
၆။ ေစာင္လုတယ္
အိပ္ရင္ ေစာင္နဲ႔တစ္ကိုယ္လံုးကိုပတ္အိပ္တဲ့လူမ်ိဳးလည္း ႐ွိေသးတယ္။ ေစာင္က အႀကီးႀကီးကို သူက တမင္ဆြဲယူသြားတာ။ ႏုိးေနတာလည္းမဟုတ္ဘူး အိပ္ေနရင္းေတာင္ ေမာင္ပိုင္စီးခ်င္တာမ်ိဳးေလ။
၇။ ေယာင္တတ္သူ

အိပ္ေနရင္းနဲ႔ ဟိုဘက္လွည့္လုိက္၊ ဒီဘက္လွည့္လိုက္၊ ေျခဆန္႔လက္ဆန္႔လုပ္လိုက္နဲ႔ ေတာက္ေလွ်ာက္ လႈပ္ေနတာ။ ကိုယ္က အအိပ္ဆတ္ေတာ့ ႏိုးေရာ။ ေယာင္ၿပီး လည္ပင္းထညႇစ္တတ္ရင္ ပိုေတာင္ဆိုးေသးတယ္။ ေၾကာက္စရာႀကီး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဘယ်နှမျိုးလောက် ကြုံခဲ့ရပြီးပြီလဲ...
အရမ်းချစ်တဲ့ သူငယ်ချင်း၊ မောင်နှမဆွေမျိုး၊ ချစ်သူနဲ့ အိပ်ရာတစ်ခုတည်း တူတူအိပ်တယ်ဆိုတာ လွယ်လှတဲ့ကိစ္စမဟုတ်ဘူးနော်။ တစ်ရက်တစ်လေဆို သည်းခံနိုင်ပေမဲ့ ရက်ဆက်လာရင်တော့ သည်းခံနိုင်ဖို့ မလွယ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူ၊ အကျင့်ချင်းမတူတော့ အိပ်ရာလေးတစ်ခုမှာ နှစ်ယောက်တူတူ ဘေးချင်းကပ်အိပ်ရတာ ခက်ပါတယ်။
၁။ ဟောက်တယ်
ဘေးကနေ တခူးခူး တခေါခေါ ဟောက်နေမှတော့ ကိုယ်က ဘယ်လိုလုပ် အိပ်ပျော်နိုင်မလဲ။ တစ်ညလုံး မျက်နှာကြက်ကိုကြည့်ရင်း မိုးလင်းသွားရတော့မှာလေ။ တစ်ခါတစ်ခါဆို ဒေါသထွက်ပြီး တွေ့ရာနဲ့ပါ ကောက်ထုပလိုက်ချင်တာ။
၂။ အခန်းအပူချိန်

ကိုယ်က အေးတာကြိုက်လို့ အဲကွန်းဖွင့်အိပ်တယ်။ သူက အေးတဲ့ဒဏ်မခံနိုင်လို့ အဲကွန်းပိတ်ခိုင်းတယ်။ ကိုယ်က ပူရင်မအိပ်တတ်၊ သူက အေးရင်မအိပ်တတ်။ ဒိုးခပဲ။
၃။ အိပ်ချိန်၊ နိုးချိန် မတူဘူး

တူတူအိပ်ပျော်... အတူတူ တပြိုင်နက်တည်းနိုးဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါနော်။ သူက စောစောအိပ် စောစောထသမား။ ကိုယ်က ညဉ့်နက်မှအိပ်လို့ နေမြင့်မှထတဲ့လူ ဖြစ်နေရင်လည်း အဆင်မပြေပြန်ဘူး။
၄။ အလင်းအမှောင်

မီးလင်းလို့ မအိပ်တတ်သူနဲ့ မီးလေးဖွင့်ထားမှ အိပ်တတ်တဲ့သူနဲ့ဆိုရင် ပြဿနာက ညှိမရတော့ဘူး။ မီးအလင်းကြောက်ရင် စောင်ခြုံအိပ်လေလို့ မပြောနဲ့နော်။ အသက်ရှုကြပ်ရကြပ်နဲ့။
၅။ လူဖက်လုံး
အမလေးးး ကိုယ့်မှာ လန့်တောင်နိုးတယ်။ အိပ်နေရင်း ခြေထောက်ကြီးက ဗိုက်ပေါ်ရောက်လာပြီး လူကို ဖက်လုံးလို သဘောထားတာ။ ဖက်လည်းဖက်သေး၊ ခွလည်း ခွထားသေး။ အသက်ရှုလို့ကိုမရတော့ဘူး။
၆။ စောင်လုတယ်

အိပ်ရင် စောင်နဲ့တစ်ကိုယ်လုံးကိုပတ်အိပ်တဲ့လူမျိုးလည်း ရှိသေးတယ်။ စောင်က အကြီးကြီးကို သူက တမင်ဆွဲယူသွားတာ။ နိုးနေတာလည်းမဟုတ်ဘူး အိပ်နေရင်းတောင် မောင်ပိုင်စီးချင်တာမျိုးလေ။
၇။ ယောင်တတ်သူ
အိပ်နေရင်းနဲ့ ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်၊ ခြေဆန့်လက်ဆန့်လုပ်လိုက်နဲ့ တောက်လျှောက် လှုပ်နေတာ။ ကိုယ်က အအိပ်ဆတ်တော့ နိုးရော။ ယောင်ပြီး လည်ပင်းထညှစ်တတ်ရင် ပိုတောင်ဆိုးသေးတယ်။ ကြောက်စရာကြီး။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top