Golden City Promotion
×

အခ်ိန္ တစ္ရက္ ေဒၚလာ တစ္သန္း (ဒီ POST ေလးဖတ္ျပီး မနက္ျဖန္ ကစျပီး ဘဝ မွာ ဘာေတြ အေရးၾကီး လဲ ျမင္ႏိုင္ၾကပါေစ)

လူတစ္ေယာက္ဟာ ငယ္စဥ္ ကတဲက ပိုက္ဆံ ကို မစားရက္ မေသာက္ရက္ စုေဆာင္းတယ္။ အသက္ ၄၀ ျပည့္တဲ့အခါ သူ႕႔လက္ထဲမွာ ေဒၚလာ တစ္သန္းစုမိေနျပီ။သူ နွစ္ေပါင္းမ်ားစြာ ၾကိတ္ျပီး ၾကိဳက္ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ကို လက္ထပ္ခြင့္ေတာင္းလိုက္တယ္။ အမ်ိဳးသမီး က လည္း သေဘာတူလို႔ မနက္ျဖန္မွာ လက္ထပ္ၾကေတာ့မယ္။ တစ္သက္လံုး စုေဆာင္းလာခဲ့တဲ့ ပိုက္ဆံ နဲ႔ သူ႔ဘ၀ကို ေပ်ာ္ရႊင္စြာ ေနသြားေတာ့မယ္ဆိုျပီး သူဟာ အရမ္း ေပ်ာ္ေနတယ္။

အရမ္းေပ်ာ္ျပီး စိတ္လႈပ္ရွားေနလို႔ ညနက္မွ အိပ္ေပ်ာ္ သြားတယ္။ သူဟာ အိပ္ေနရင္းကေန လန္႔နိူးလာတယ္။ အနက္ေရာင္ ၀တ္စံု ရွည္ၾကီးရံုထားျပီး ေခါင္ျမီးျခံဳထားတဲ့ လူတစ္ေယာက္ဟာ သူအိပ္ေနတဲ့ ကုတင္ နားမွာ လာရပ္ေနတာကို ျပတင္းေပါက္က ၀င္လာတဲ့ လေရာင္ ေအာက္မွာ သူေတြ႔လိုက္ရတယ္။ အဲဒီလူဟာ ဓါးေကာက္ၾကီး တတ္ထားတဲ့ တုတ္ရွည္ၾကီး ကိုင္ထားတယ္။ ေခါင္းျမီးျခံဳေအာက္မွာ ေပၚေနတဲ့ သူ႔ မ်က္နွာ ဟာလည္း အရိုးေခါင္းခြံနဲ႔ တူေနတယ္။

သူလည္း အရမ္းေၾကာက္သြားျပီး ရုတ္တရက္ စကား မေျပာနို္င္ျဖစ္ေနတယ္။ ေနာက္မွ သူက အရဲစြန္႔ျပီး အဲဒီလူကို ‘ခင္ဗ်ား ဘယ္သူလဲ’ လို႔ ေမးလိုက္တယ္။ ဟိုလူက ‘ငါ ေသမင္း ပဲကြ။ မင္း လူ႔ျပည္ မွာ ေနတာ အခ်ိန္ေစ့သြားလို႔ အခု လာေခၚတာ။ လိုက္ခဲ့ေတာ့’ ဆိုျပီး သူ႔လက္ကို ဆြဲပါေတာ့တယ္။

သူလည္း မလိုက္ခ်င္လို႔ အတင္း ရုန္းေပမယ့္ ေသမင္း က အားသန္လြန္းလို႔ သူ႔ဆြဲေခၚရာကို ပါေနတယ္။ သူဟာ ရုန္းလို႔ ရမွာမဟုတ္ဘူးဆိုတာကို သိလိုက္လို႔ ေသမင္း ကို ခုလို ေတာင္းပန္ေျပာလိုက္တယ္။ “ကၽြန္ေတာ့္ကို လူ႔ေလာကမွာ ၃ ရက္ ဆက္ေနဖို႔ ခြင့္ျပဳပါလား ခင္ဗ်ား။ ကၽြန္ေတာ္ မနက္ျဖန္ လက္ထပ္ ေတာ့မွာမို႔ ကၽြန္ေတာ့္ မိန္းမ နဲ႔ ၃ ရက္ေလာက္ အတူ ေနပါရေစပါ။ ကၽြန္ေတာ္စုထားတဲ့ ေဒၚလာ တစ္သန္းရဲ႕ ၃ ပံု ၁ ပံုကို ေပးပါမယ္”

ေသမင္း က ခြင့္မျပဳဘူးဆိုျပီး သူ႔လက္ကို ဆက္ဆြဲတယ္။ ဒီေတာ့ သူက ခုလို ေသမင္း ကို ေျပာလိုက္ျပန္တယ္။“၃ ရက္ေနခြင့္ မရရင္လည္း ၂ ရက္ေလာက္ေတာ့ ခြင့္ျပဳပါလားဗ်ာ။ အဲဒီအတြက္ ေဒၚလာ တစ္သန္း ရဲ႕ တစ္၀က္ကို ေပးပါမယ္။ လူ႔ဘ၀ရဲ႕ စည္းစိမ္ ကို မေသခင္ ခံစားသြားခ်င္လို႔ပါ”

ဒါလည္း ေသမင္း က ခြင့္မျပဳဘူးဆိုျပီး ဆက္ျပီး သူ႔လက္ကို ဆြဲေနတယ္။ ဒီေတာ့ သူက ခုလို ေသမင္း ကို ေျပာလိုက္ျပန္တယ္။ ေနာက္ဆံုး သူဟာ သူ႔ရဲ႕ ေဒၚလာ တစ္သန္း အားလံုးကို ေပးပါမယ္။ လူ႔ေလာကမွာ တစ္ရက္ေလးပဲ ေနခြင့္ေပးပါတဲ့။ ေသမင္းက မရဘူးလို႔ အျပတ္ေျပာလိုက္တယ္။

ဒီေတာ့ သူ သိလိုက္ျပီ။ ေသမင္း ကို ဘယ္လိုမွ ေစ်းဆစ္လို႔ ရမွာ မဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ သူက ေသမင္း ကို စာေလးတစ္ေစာင္ေတာ့ ေရးခဲ့ပါရေစလို႔ ခြင့္ေတာင္းလိုက္တယ္။ ဒါကိုေတာ့ ေသမင္း က ခြင့္ျပဳေပးလိုက္တယ္။သူလည္း ကုတင္ေဘး က စားပြဲေပၚက စာရြက္ တစ္ရြက္ေပၚမွာ စာကို ကမန္းကတန္း ေရးလိုက္တယ္။ သူေရးလိုက္တာက . . .

“မိတ္ေဆြတို႔၊ လူ႔ေလာကမွာ ေနရတဲ့ အခိုက္အတန္႔ေလးမွာ သင့္ ဘ၀ ကို အက်ိဳးရွိေအာင္ လုပ္ပါ။ ကၽြန္ေတာ္ တစ္ရက္ေလးဆက္ေနခ်င္လို႔ ေဒၚလာ တစ္သန္း ေပးတာေတာင္ ေနခြင့္မရပါဘူး။ ကၽြန္ေတာ့္အျဖစ္အပ်က္ကို ၾကည့္ျပီး အခ်ိန္ဆိုတာ ဘယ္ေလာက္အဖိုးတန္တယ္ဆိုတာကို မိတ္ေဆြတို႔ သိေလာက္ပါျပီ”

အင္တာနက္မွာ ရွာေတြ႔တဲ့ ပံုျပင္ေလးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗန္းေမာ္သိန္းေဖ

# Unicode Version #
အချိန် တစ်ရက် ဒေါ်လာ တစ်သန်း (ဒီ POST လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ)

လူတစ်ယောက်ဟာ ငယ်စဉ် ကတဲက ပိုက်ဆံ ကို မစားရက် မသောက်ရက် စုဆောင်းတယ်။ အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တစ်သန်းစုမိနေပြီ။သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။ အမျိုးသမီး က လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။ တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံ နဲ့ သူ့ဘဝကို ပျော်ရွှင်စွာ နေသွားတော့မယ်ဆိုပြီး သူဟာ အရမ်း ပျော်နေတယ်။

အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှ အိပ်ပျော် သွားတယ်။ သူဟာ အိပ်နေရင်းကနေ လန့်နိူးလာတယ်။ အနက်ရောင် ဝတ်စုံ ရှည်ကြီးရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတစ်ယောက်ဟာ သူအိပ်နေတဲ့ ကုတင် နားမှာ လာရပ်နေတာကို ပြတင်းပေါက်က ဝင်လာတဲ့ လရောင် အောက်မှာ သူတွေ့လိုက်ရတယ်။ အဲဒီလူဟာ ဓါးကောက်ကြီး တတ်ထားတဲ့ တုတ်ရှည်ကြီး ကိုင်ထားတယ်။ ခေါင်းမြီးခြုံအောက်မှာ ပေါ်နေတဲ့ သူ့ မျက်နှာ ဟာလည်း အရိုးခေါင်းခွံနဲ့ တူနေတယ်။

သူလည်း အရမ်းကြောက်သွားပြီး ရုတ်တရက် စကား မပြောနိုင်ဖြစ်နေတယ်။ နောက်မှ သူက အရဲစွန့်ပြီး အဲဒီလူကို ‘ခင်ဗျား ဘယ်သူလဲ’ လို့ မေးလိုက်တယ်။ ဟိုလူက ‘ငါ သေမင်း ပဲကွ။ မင်း လူ့ပြည် မှာ နေတာ အချိန်စေ့သွားလို့ အခု လာခေါ်တာ။ လိုက်ခဲ့တော့’ ဆိုပြီး သူ့လက်ကို ဆွဲပါတော့တယ်။

သူလည်း မလိုက်ချင်လို့ အတင်း ရုန်းပေမယ့် သေမင်း က အားသန်လွန်းလို့ သူ့ဆွဲခေါ်ရာကို ပါနေတယ်။ သူဟာ ရုန်းလို့ ရမှာမဟုတ်ဘူးဆိုတာကို သိလိုက်လို့ သေမင်း ကို ခုလို တောင်းပန်ပြောလိုက်တယ်။ “ကျွန်တော့်ကို လူ့လောကမှာ ၃ ရက် ဆက်နေဖို့ ခွင့်ပြုပါလား ခင်ဗျား။ ကျွန်တော် မနက်ဖြန် လက်ထပ် တော့မှာမို့ ကျွန်တော့် မိန်းမ နဲ့ ၃ ရက်လောက် အတူ နေပါရစေပါ။ ကျွန်တော်စုထားတဲ့ ဒေါ်လာ တစ်သန်းရဲ့ ၃ ပုံ ၁ ပုံကို ပေးပါမယ်”

သေမင်း က ခွင့်မပြုဘူးဆိုပြီး သူ့လက်ကို ဆက်ဆွဲတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။“၃ ရက်နေခွင့် မရရင်လည်း ၂ ရက်လောက်တော့ ခွင့်ပြုပါလားဗျာ။ အဲဒီအတွက် ဒေါ်လာ တစ်သန်း ရဲ့ တစ်ဝက်ကို ပေးပါမယ်။ လူ့ဘဝရဲ့ စည်းစိမ် ကို မသေခင် ခံစားသွားချင်လို့ပါ”

ဒါလည်း သေမင်း က ခွင့်မပြုဘူးဆိုပြီး ဆက်ပြီး သူ့လက်ကို ဆွဲနေတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။ နောက်ဆုံး သူဟာ သူ့ရဲ့ ဒေါ်လာ တစ်သန်း အားလုံးကို ပေးပါမယ်။ လူ့လောကမှာ တစ်ရက်လေးပဲ နေခွင့်ပေးပါတဲ့။ သေမင်းက မရဘူးလို့ အပြတ်ပြောလိုက်တယ်။

ဒီတော့ သူ သိလိုက်ပြီ။ သေမင်း ကို ဘယ်လိုမှ ဈေးဆစ်လို့ ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူက သေမင်း ကို စာလေးတစ်စောင်တော့ ရေးခဲ့ပါရစေလို့ ခွင့်တောင်းလိုက်တယ်။ ဒါကိုတော့ သေမင်း က ခွင့်ပြုပေးလိုက်တယ်။သူလည်း ကုတင်ဘေး က စားပွဲပေါ်က စာရွက် တစ်ရွက်ပေါ်မှာ စာကို ကမန်းကတန်း ရေးလိုက်တယ်။ သူရေးလိုက်တာက . . .

“မိတ်ဆွေတို့၊ လူ့လောကမှာ နေရတဲ့ အခိုက်အတန့်လေးမှာ သင့် ဘ၀ ကို အကျိုးရှိအောင် လုပ်ပါ။ ကျွန်တော် တစ်ရက်လေးဆက်နေချင်လို့ ဒေါ်လာ တစ်သန်း ပေးတာတောင် နေခွင့်မရပါဘူး။ ကျွန်တော့်အဖြစ်အပျက်ကို ကြည့်ပြီး အချိန်ဆိုတာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို မိတ်ဆွေတို့ သိလောက်ပါပြီ”

အင်တာနက်မှာ ရှာတွေ့တဲ့ ပုံပြင်လေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗန်းမော်သိန်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top